ပိုသန်မာတဲ့ သစ်ပင်

တစ်ခါတုန်းက ဘဏ်မန်နေဂျာဟောင်း တစ်ယောက်နဲ့ အငြိမ်းစား ကျောင်းဆရာ တစ်ယောက်တို့ အိမ်နီးချင်းတွေ ဖြစ်ကြသတဲ့။ အလုပ်ကလည်း အနားယူပြီးပြီဖြစ်လို့ နှစ်ယောက်စလုံးက အမျိုးအစားတူ သစ်ပင်လေးတစ်ပင် ခြံထဲ ကိုယ်စီစိုက်ဖို့ စိတ်ကူးရကြတယ်။

ကျောင်းဆရာ ဟောင်းကတော့ သူ့ရဲ့ပျိုးပင်လေးကို ပုံမှန်ရေလေး နည်းနည်းလောက်ပဲ လောင်းပြီး ဂရုတစိုက် ပြုစုလေ့ မရှိဘူး။ နည်းပညာ အားကိုးတဲ့ ဘဏ်မန်နေဂျာဟောင်းကတော့ သူ့ပျိုးပင်လေးကို မြေသြဇာတွေ ကောင်းကောင်းကျွေး၊ ရေတွေလည်း အမြဲပုံမှန်လောင်းနဲ့ အရိပ်တကြည့်ကြည့် ပျိုးထောင်လာ ခဲ့ပါတယ်။

ဒီလိုနဲ့ပဲ သူတို့ရဲ့ သစ်ပင်လေးတွေဟာ ပြိုင်တူ ကြီးထွားလာကြတယ်။ ကျောင်းဆရာရဲ့ သစ်ပင်ကတော့ ရိုးရိုးသာမန် ပါပဲ။ ဘဏ်မန်နေဂျာရဲ့ သစ်ပင်ကတော့ သူ့ရဲ့ဂရုတစိုက် ပြုစုမှုအကျိုးနဲ့ ပိုပီး လှပဝေဆာတဲ့ သစ်ပင်လေးတစ်ပင် ဖြစ်လာတယ်။ ညတစ်ညမှာတော့ သူတို့မြို့လေးကို လေပြင်းမုန်တိုင်း အသေးစားလေး တစ်ခု ဝင်ရောက်တိုက်ခတ် ခံလိုက်ရတယ်။ အဲ့ဒီညက မိုးတွေကြီး လေတွေထန်လို့ အသည်းအသန်ပဲပေါ့။

မနက် မိုးလင်းလင်းချင်းပဲ သစ်ပင် စိုက်ထားသူ နှစ်ယောက် သူတို့ရဲ့ သစ်ပင်တွေကို ထွက်ကြည့်ကြတယ်။ အဲ့ဒီမှာတွေ့လိုက်ရတာကတော့ ဘဏ်မန်နေဂျာရဲ့ သစ်ပင်က အမြစ်ကနေ ကျွတ်ထွက်နေပြီး ကျောင်းဆရာရဲ့ သစ်ပင်ကတော့ ပုံစံမပျက်ဘဲ မားမားမတ်မတ် ရှင်ကျန်နေတာကို အံ့အားသင့်ဖွယ် တွေ့လိုက်ရပါတော့တယ်။

အဲ့ဒါနဲ့ ဘဏ်မန်နေဂျာလည်း အံ့သြတကြီးနဲ့ ကျောင်းဆရာကို လှမ်းမေးတယ်။

" ကျွန်တော်တို့ နှစ်ယောက် အမျိုးအစားတူ သစ်ပင် တစ်မျိုးထဲကိုပဲ တစ်ချိန်ထဲ အတူတူ စိုက်ခဲ့ကြတယ်လေ။ ကျွန်တော်က ခင်ဗျားထက်တောင် ဒီအပင်ကို ပိုဂရုစိုက်ခဲ့သေးတာ။ အခုသေချာပြုစုထားတဲ့ အပင်က အမြစ်က ကျွတ်ထွက်သွားပြီး ခင်ဗျား ဂရုမစိုက်ခဲ့တဲ့ အပင်ကျတော့ အကောင်းအတိုင်း ကျန်နေခဲ့တာ ဘာကြောင့်လဲဗျ "

" မှန်ပါတယ်။ ခင်ဗျားက ငွေလည်း တတ်နိုင်နေတာ ဆိုတော့ အပင်လေးကို မြေသြဇာပုံမှန်ကျွေး၊ ရေသေချာလောင်းနဲ့ ဂရုတစိုက် ပြုစုခဲ့တော့ ခင်ဗျား အပင်လေးက ဘာမွ အခက်အခဲ မရှိဘဲ ကြီးထွားလာနိုင်တာပေါ့။ သူ့ခမျာ ရှင်သန်ကြီးထွားဖို့ ဘာမှတောင် ပင်ပင်ပမ်းပမ်း မကြိုးစား လိုက်ရဘူးလေ။ ကျွန်တော့်အပင် လေးကိုတော့ ဘာမှထွေထွေထူးထူး လုပ်မပေးခဲ့ဘူး။ သူ့အတွက် လိုအပ်တဲ့ ရေလေးလောက် လောင်းပေးပြီး ကျန်တာကို သူ့အစွမ်းအစနဲ့သူ ရှာဖွေဖို့ လွှတ်ပေးခဲ့တယ်။ "

" ဒီတော့ ကျွန်တော့် အပင်လေးက သူ့အတွက် မြေသြဇာ ကောင်းကောင်းရဖို့၊ သူရှင်သန်နိုင်ဖို့ မြေအောက်ကို သူ့အမြစ်တွေနဲ့ ဆက်ထိုးဖောက်ရတယ်။ ဒီလိုရုန်း ကန်ရင်းနဲ့ပဲ ဒီအပင်လေးက ပိုပြီးသန်မာလာတော့ အခုလို အခြေအနေ ဖြစ်သွားတော့တာပါပဲ "

သင်ခန်းစာလေး ကတော့ အခက်အခဲတွေကပဲ လူတစ်ယောက်ကို ပိုမို သန်မာအောင် ကူညီပေးနိုင်ပါတယ်။ သင့်ဘဝမှာ အခက်အခဲတွေ ကြုံနေရလို့ ဘာမှ စိတ်မပျက်ပါနဲ့။ ကြိုးစားရင်း သင်ပိုမို သန်မာတဲ့ လူတစ်ယောက် ဖြစ်လာပါလိမ့်မယ်။

ဒါကြောင့်လဲ သူဌေးမိသားစုက လာလို့ ကြံ့ကြံ့ခိုင် ရှင်သန်လိမ့်မယ် ဆိုတာလည်း အမြဲအမှန် မဟုက်ပါဘူး။ ဒီအဖိုးကြီး နှစ်ယောက်ရဲ့ မတူညီတဲ့ သစ်ပင်ပျိူးပုံနဲ့ မတူညီတဲ့ ရလဒ်နှစ်ခုကို အမြဲတမ်း သတိရပါ။ ကြိုးစားနေကြသူတိုင်းး အားမလျှော့ကြပါနဲ့ ဇွဲမလျှော့ကြပါနဲ့။

ဒီစာသားကို ဖတ်ရှုရသူများအားလုံး လိုအင်ဆန္ဒ ပြည့်ဝနိုင်ကြပြီး စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာ ရှိကာ အလုပ်အကိုင် စီးပွားရေး အစစအရာရာ အဆင်ပြေကြပါစေ။

crd

for zawgyi

ပိုသန္မာတဲ့ သစ္ပင္

တစ္ခါတုန္းက ဘဏ္မန္ေနဂ်ာေဟာင္း တစ္ေယာက္နဲ႔ အၿငိမ္းစား ေက်ာင္းဆရာ တစ္ေယာက္တို႔ အိမ္နီးခ်င္းေတြ ျဖစ္ၾကသတဲ့။ အလုပ္ကလည္း အနားယူၿပီးၿပီျဖစ္လို႔ ႏွစ္ေယာက္စလုံးက အမ်ိဳးအစားတူ သစ္ပင္ေလးတစ္ပင္ ၿခံထဲ ကိုယ္စီစိုက္ဖို႔ စိတ္ကူးရၾကတယ္။

ေက်ာင္းဆရာ ေဟာင္းကေတာ့ သူ႔ရဲ႕ပ်ိဳးပင္ေလးကို ပုံမွန္ေရေလး နည္းနည္းေလာက္ပဲ ေလာင္းၿပီး ဂ႐ုတစိုက္ ျပဳစုေလ့ မရွိဘူး။ နည္းပညာ အားကိုးတဲ့ ဘဏ္မန္ေနဂ်ာေဟာင္းကေတာ့ သူ႔ပ်ိဳးပင္ေလးကို ေျမၾသဇာေတြ ေကာင္းေကာင္းေကြၽး၊ ေရေတြလည္း အၿမဲပုံမွန္ေလာင္းနဲ႔ အရိပ္တၾကည့္ၾကည့္ ပ်ိဳးေထာင္လာ ခဲ့ပါတယ္။

ဒီလိုနဲ႔ပဲ သူတို႔ရဲ႕ သစ္ပင္ေလးေတြဟာ ၿပိဳင္တူ ႀကီးထြားလာၾကတယ္။ ေက်ာင္းဆရာရဲ႕ သစ္ပင္ကေတာ့ ႐ိုး႐ိုးသာမန္ ပါပဲ။ ဘဏ္မန္ေနဂ်ာရဲ႕ သစ္ပင္ကေတာ့ သူ႔ရဲ႕ဂ႐ုတစိုက္ ျပဳစုမႈအက်ိဳးနဲ႔ ပိုပီးလွပေဝဆာတဲ့ သစ္ပင္ေလးတစ္ပင္ ျဖစ္လာတယ္။ ညတစ္ညမွာေတာ့ သူတို႔ၿမိဳ႕ေလးကို ေလျပင္းမုန္တိုင္း အေသးစားေလး တစ္ခု ဝင္ေရာက္တိုက္ခတ္ ခံလိုက္ရတယ္။ အဲ့ဒီညက မိုးေတြႀကီး ေလေတြထန္လို႔ အသည္းအသန္ပဲေပါ့။

မနက္ မိုးလင္းလင္းခ်င္းပဲ သစ္ပင္ စိုက္ထားသူ ႏွစ္ေယာက္ သူတို႔ရဲ႕ သစ္ပင္ေတြကို ထြက္ၾကည့္ၾကတယ္။ အဲ့ဒီမွာေတြ႕လိုက္ရတာကေတာ့ ဘဏ္မန္ေနဂ်ာရဲ႕ သစ္ပင္က အျမစ္ကေန ကြၽတ္ထြက္ေနၿပီး ေက်ာင္းဆရာရဲ႕ သစ္ပင္ကေတာ့ ပုံစံမပ်က္ဘဲ မားမားမတ္မတ္ ရွင္က်န္ေနတာကို အံ့အားသင့္ဖြယ္ ေတြ႕လိုက္ရပါေတာ့တယ္။

အဲ့ဒါနဲ႔ ဘဏ္မန္ေနဂ်ာလည္း အံ့ၾသတႀကီးနဲ႔ ေက်ာင္းဆရာကို လွမ္းေမးတယ္။

" ကြၽန္ေတာ္တို႔ ႏွစ္ေယာက္ အမ်ိဳးအစားတူ သစ္ပင္ တစ္မ်ိဳးထဲကိုပဲ တစ္ခ်ိန္ထဲ အတူတူ စိုက္ခဲ့ၾကတယ္ေလ။ ကြၽန္ေတာ္က ခင္ဗ်ားထက္ေတာင္ ဒီအပင္ကို ပိုဂ႐ုစိုက္ခဲ့ေသးတာ။ အခုေသခ်ာျပဳစုထားတဲ့ အပင္က အျမစ္က ကြၽတ္ထြက္သြားၿပီး ခင္ဗ်ား ဂ႐ုမစိုက္ခဲ့တဲ့ အပင္က်ေတာ့ အေကာင္းအတိုင္း က်န္ေနခဲ့တာ ဘာေၾကာင့္လဲဗ် "

" မွန္ပါတယ္။ ခင္ဗ်ားက ေငြလည္း တတ္ႏိုင္ေနတာ ဆိုေတာ့ အပင္ေလးကို ေျမၾသဇာပုံမွန္ေကြၽး၊ ေရေသခ်ာေလာင္းနဲ႔ ဂ႐ုတစိုက္ ျပဳစုခဲ့ေတာ့ ခင္ဗ်ား အပင္ေလးက ဘာမြ အခက္အခဲ မရွိဘဲ ႀကီးထြားလာႏိုင္တာေပါ့။ သူ႔ခမ်ာ ရွင္သန္ႀကီးထြားဖို႔ ဘာမွေတာင္ ပင္ပင္ပမ္းပမ္း မႀကိဳးစား လိုက္ရဘူးေလ။ ကြၽန္ေတာ့္အပင္ ေလးကိုေတာ့ ဘာမွေထြေထြထူးထူး လုပ္မေပးခဲ့ဘူး။ သူ႔အတြက္ လိုအပ္တဲ့ ေရေလးေလာက္ ေလာင္းေပးၿပီး က်န္တာကို သူ႔အစြမ္းအစနဲ႔သူ ရွာေဖြဖို႔ လႊတ္ေပးခဲ့တယ္။ "

" ဒီေတာ့ ကြၽန္ေတာ့္ အပင္ေလးက သူ႔အတြက္ ေျမၾသဇာ ေကာင္းေကာင္းရဖို႔၊ သူရွင္သန္ႏိုင္ဖို႔ ေျမေအာက္ကို သူ႔အျမစ္ေတြနဲ႔ ဆက္ထိုးေဖာက္ရတယ္။ ဒီလို႐ုန္း ကန္ရင္းနဲ႔ပဲ ဒီအပင္ေလးက ပိုၿပီးသန္မာလာေတာ့ အခုလို အေျခအေန ျဖစ္သြားေတာ့တာပါပဲ "

သင္ခန္းစာေလး ကေတာ့ အခက္အခဲေတြကပဲ လူတစ္ေယာက္ကို ပိုမို သန္မာေအာင္ ကူညီေပးႏိုင္ပါတယ္။ သင့္ဘဝမွာ အခက္အခဲေတြ ႀကဳံေနရလို႔ ဘာမွ စိတ္မပ်က္ပါနဲ႔။ ႀကိဳးစားရင္း သင္ပိုမို သန္မာတဲ့ လူတစ္ေယာက္ ျဖစ္လာပါလိမ့္မယ္။

ဒါေၾကာင့္လဲ သူေဌးမိသားစုက လာလို႔ ႀကံ့ႀကံ့ခိုင္ ရွင္သန္လိမ့္မယ္ ဆိုတာလည္း အၿမဲအမွန္ မဟုက္ပါဘူး။ ဒီအဖိုးႀကီး ႏွစ္ေယာက္ရဲ႕ မတူညီတဲ့ သစ္ပင္ပ်ိဴးပုံနဲ႔ မတူညီတဲ့ ရလဒ္ႏွစ္ခုကို အၿမဲတမ္း သတိရပါ။ ႀကိဳးစားေနၾကသူတိုင္းး အားမေလွ်ာ့ၾကပါနဲ႔ ဇြဲမေလွ်ာ့ၾကပါနဲ႔။

ဒီစာသားကို ဖတ္ရႈရသူမ်ားအားလုံး လိုအင္ဆႏၵ ျပည့္ဝႏိုင္ၾကၿပီး စိတ္ခ်မ္းသာ ကိုယ္က်န္းမာစြာ ရွိကာ အလုပ္အကိုင္ စီးပြားေရး အစစအရာရာ အဆင္ေျပၾကပါေစ။

crd

Post a Comment

0 Comments