သစ္စာရှိသော သူခိုး

ရှေးရှေးတုန်းက ရွာတရွာတွင် ချမ်းသာ ကြွယ်ဝသော သူဌေးတဦး ရှိတယ် ။ ထိုသူဌေး ကြီးမှာ သူပိုင်သော ဆန်စပါးများကို အိမ်ဘေး၌ ကျီများဖြင့် သိုလှောင် ထားတယ် ။

တညတွင် သူခိုးများသည် အဆိုပါ သူဌေးကြီး၏ စပါးကျီတိုက်ကို ဖောက်ထွင်းကာ ပါလာသော လုံချည်နှင့် ဆန်စပါးများကို သိမ်းကျုံး ထည့်ယူပြီး ပြန်သွားကြ၏။ တယောက်သော သူခိုးမှာမူ လက်၌ အနာရှိ၍ လုံချည်ထဲသို့ ဆန်စပါး ကျုံးထည့်စဉ် လက်မှ လက်သည်းခွံ ကျွတ်ကျလေ၏ ။

ထိုအခါ သူခိုးသည် လက်မှ လက်သည်းခွံ ကျွတ်ကျသောကြောင့် သူဌေးကြီး ချမ်းသာရာက မွဲတော့မည်ဟူ ၍ စိတ်မကောင်းဖြစ်ကာ သူ့ကို မိလိုက မိစေတော့ လက်သည်းခွံကို တွေ့အောင် ရှာမည်ဟု ဆုံးဖြတ်လိုက်၏ ။

သူခိုးသည် စပါးပုံထဲတွင် တညလုံး လက်သည်းခွံ ရှာဖွေသော်လည်း အရုဏ်တက်ခါနီး အထိ မတွေ့သေးချေ။ နေဝန်းကြီး ထွက်စ အချိန်တွင် လက်သည်းခွံကို တွေ့ရှိ၍ စပါးကျီက အထွက်၌ သူခိုးအား သူဌေးကြီး၏ တပည့်များက ဖမ်းဆီးပြီး သူဌေးကြီး လက်သို့ အပ်နှံလိုက်၏။

သူဌေးကြီးသည် သူခိုးအား " အဘယ်ကြောင့် မိုးလင်းသည် အထိ ခိုးယူရသနည်း " ဟူ၍ မေးမြန်း၏။ သူခိုးက ညဉ့်ဦးပိုင်း ကပင် ဆန်စပါး များကို သိမ်းကျုံး ယူငယ်ရာ၌ လက်သည်းခွံ ကျွတ်ကျသဖြင့် သူဌေးကြီး မမွဲစေလိုသော စေတနာကြောင့် တညလုံး လက်သည်းခွံ ရှာဖွေနေခြင်း ဖြစ်ကြောင်း ပြန်ကြား ပြောဆို လေ၏ ။

သူဌေးကြီးသည် သူခိုးပြောသော စကားကို ကြားလျှင် ဝမ်းမြောက် ဝမ်းသာဖြစ်၍ " ဤ သူခိုးကား သစ္စာရှိ သူခိုးဖြစ်သည် ၊ အချည်းနှီး မဖြစ်စေသင့် " ဟူ၍ ဆိုကာ အသပြာဆုလာဒ်များ ပေးပြီး ခြံစောင့်အလုပ် ပေးလိုက်လေ တော့သည် ။

ဆောင်ပုဒ် ' သစ္စာတန်ခိုး မေတ္တာကျိုး တန်ဖိုးမဆုံးရာ '

crd


Zawgyi

သစၥာရွိေသာ သူခိုး

ေရွးေရွးတုန္းက ႐ြာတ႐ြာတြင္ ခ်မ္းသာ ႂကြယ္ဝေသာ သူေဌးတဦး ရွိတယ္ ။ ထိုသူေဌး ႀကီးမွာ သူပိုင္ေသာ ဆန္စပါးမ်ားကို အိမ္ေဘး၌ က်ီမ်ားျဖင့္ သိုေလွာင္ ထားတယ္ ။

တညတြင္ သူခိုးမ်ားသည္ အဆိုပါ သူေဌးႀကီး၏ စပါးက်ီတိုက္ကို ေဖာက္ထြင္းကာ ပါလာေသာ လုံခ်ည္ႏွင့္ ဆန္စပါးမ်ားကို သိမ္းက်ဳံး ထည့္ယူၿပီး ျပန္သြားၾက၏။ တေယာက္ေသာ သူခိုးမွာမူ လက္၌ အနာရွိ၍ လုံခ်ည္ထဲသို႔ ဆန္စပါး က်ဳံးထည့္စဥ္ လက္မွ လက္သည္းခြံ ကြၽတ္က်ေလ၏ ။

ထိုအခါ သူခိုးသည္ လက္မွ လက္သည္းခြံ ကြၽတ္က်ေသာေၾကာင့္ သူေဌးႀကီး ခ်မ္းသာရာက မြဲေတာ့မည္ဟူ ၍ စိတ္မေကာင္းျဖစ္ကာ သူ႔ကို မိလိုက မိေစေတာ့ လက္သည္းခြံကို ေတြ႕ေအာင္ ရွာမည္ဟု ဆုံးျဖတ္လိုက္၏ ။

သူခိုးသည္ စပါးပုံထဲတြင္ တညလုံး လက္သည္းခြံ ရွာေဖြေသာ္လည္း အ႐ုဏ္တက္ခါနီး အထိ မေတြ႕ေသးေခ်။ ေနဝန္းႀကီး ထြက္စ အခ်ိန္တြင္ လက္သည္းခြံကို ေတြ႕ရွိ၍ စပါးက်ီက အထြက္၌ သူခိုးအား သူေဌးႀကီး၏ တပည့္မ်ားက ဖမ္းဆီးၿပီး သူေဌးႀကီး လက္သို႔ အပ္ႏွံလိုက္၏။

သူေဌးႀကီးသည္ သူခိုးအား " အဘယ္ေၾကာင့္ မိုးလင္းသည္ အထိ ခိုးယူရသနည္း " ဟူ၍ ေမးျမန္း၏။ သူခိုးက ညဥ့္ဦးပိုင္း ကပင္ ဆန္စပါး မ်ားကို သိမ္းက်ဳံး ယူငယ္ရာ၌ လက္သည္းခြံ ကြၽတ္က်သျဖင့္ သူေဌးႀကီး မမြဲေစလိုေသာ ေစတနာေၾကာင့္ တညလုံး လက္သည္းခြံ ရွာေဖြေနျခင္း ျဖစ္ေၾကာင္း ျပန္ၾကား ေျပာဆို ေလ၏ ။

သူေဌးႀကီးသည္ သူခိုးေျပာေသာ စကားကို ၾကားလွ်င္ ဝမ္းေျမာက္ ဝမ္းသာျဖစ္၍ " ဤ သူခိုးကား သစၥာရွိ သူခိုးျဖစ္သည္ ၊ အခ်ည္းႏွီး မျဖစ္ေစသင့္ " ဟူ၍ ဆိုကာ အသျပာဆုလာဒ္မ်ား ေပးၿပီး ၿခံေစာင့္အလုပ္ ေပးလိုက္ေလ ေတာ့သည္ ။

ေဆာင္ပုဒ္ ' သစၥာတန္ခိုး ေမတၱာက်ိဳး တန္ဖိုးမဆုံးရာ '

crd

Post a Comment

1 Comments

  1. တင်ထားပေးသူ ကျေးဇူး။ သတ်ပုံလည်းမှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

    မြန်မာစာရေးသာသူတွေလည်း ရှိကြတယ်။ သင်ဆရာ မြင်ဆရာတွေအပေါ်မှာ သစ္စာရှိကြတယ်။ ဆရာက (တ) ဆို (တ)။ စာက (တစ်) ဆို (တစ်) ကြတယ်။

    ဆုလာဘ်လို့ ရေးတာက ပိုမှန်တယ်။ လာဘ်၊ လာဘ။

    ပုဒ်မ၊ ပုဒ်ထီးကို ဆိုရှယ်မီဒီယာမှာတော့ သိပ်အလေးမထားကြပါ။ ပုဒ်မနဲ့ ပုဒ်ထီးကို စာလုံးနဲ့ မခြာဘဲ ရိုက်ရတယ်။ ပုဒ်မနဲ့ ပုဒ်ထီးပြီးရင် တကွက်ခြာရတယ်။ ကော်မာတခု၊ ကော်မာနှစ်ခုလည်း ဒီအတိုင်းပဲ။ စာလုံးနဲ့ မခြာရ။ ကော်မာတွေနောက်မှာ တကွက်ခြာရမယ်။ လိုတာကို ပြင်လိုက်တယ်။ ဆောရီး။

    ReplyDelete