ချွေးနံ့ပျောက်ဆေးတွေကို လူတိုင်းနီးပါး အသုံးပြုကြပါတယ်။ ဒါပေမယ့် ချွေးနံ့ပျောက်ဆေးကို သုံးပါများတဲ့အခါ အင်္ကျီတွေမှာ အစွန်းတွေ စွဲလာပါတယ်။ အဲဒီ အစွန်းတွေကလည်း ချွတ်လို့ မပြောင်တော့ပါဘူး။ ဝါကျင်ကျင်ကြီး ဖြစ်နေတတ်ပါတယ်။
ဒါပေမယ့် စိတ်ပူစရာ မလိုတော့ပါဘူး။ ချွေးနံ့ပျောက်ဆေးကြောင့် အင်္ကျီမှာစွဲနေတဲ့ အစွန်းတွေကို အလွယ်တကူ ဖယ်ရှားလို့ရတဲ့ နည်းလမ်းလေးတွေ ရှိနေပါပြီ။
၁။ ရှာလကာရည်
- ရှာလကာရည် ၁ ခွက်နဲ့ ရေ ၄ ခွက်ကို ရောပါ။
- ရောထားတဲ့ရေထဲကို အဝတ်ထည့်ပြီး လက်နဲ့ပွတ်ပါ။
- အစွန်းတွေက မပြောင်သေးရင် တစ်နာရီကြာ စိမ်ထားလိုက်ပါ။
- ပြီးရင်တော့ ပုံမှန်လျှော်နေကျအတိုင်း လျှော်လို့ရပါပြီ။
၂။ နိုင်လွန်ခြေအိတ်
- သန့်ရှင်းတဲ့ နိုင်လွန်ခြေအိတ် အပိုင်းလေးတစ်ပိုင်း ယူပါ။
- အစွန်းတွေပေနေတဲ့ နေရာကို နိုင်လွန်ခြေအိတ် အပိုင်းလေးနဲ့ ပွတ်ပေးပါ။
- ဒီနည်းက လောလောဆယ် စွန်းထားတဲ့ အစွန်းကိုပဲ ကျွတ်စေတာပါ။
၃။ Baking soda
Baking soda နဲ့ ရေကို ၃:၁ အချိုးရောပါ။
- စွန်းနေတဲ့နေရာမှာ Baking soda ကို သွားတိုက်တံနဲ့ ပွတ်ပေးပါ။
- ၂နာရီကြာ ထားပါ။
- ပြီးရင် အဝတ်ကို ရေနွေးနဲ့ လျှော်ပါ။
Bonus
ချွေးနံ့ပျောက်ဆေး အစွန်းတွေ အင်္ကျီမှာ မစွဲစေမယ့် နည်းလမ်း
- Aluminum မပါဝင်တဲ့ ချွေးနံ့ပျောက်ဆေးကို သုံးပါ။
- ချွေးနံ့ပျောက်ဆေးကို ဂျိုင်းမှာ လိမ်းတဲ့အခါ ဂျိုင်းမှာ ခြောက်သွေ့သွားမှ အင်္ကျီဝတ်ပါ။ ဒီနည်းနဲ့ဆို ချည်သားအဖြူပေါ်မှာ ချွေးနံ့ပျောက်ဆေး အစွန်းတွေ စွန်းထင်းသွားမှာ စိတ်ပူစရာ မလိုတော့ပါဘူး။
Zombie (Lovemedia)
for zawgyi
အက်ႌမွာစြဲေနတဲ့ ေခြၽးနံ႔ေပ်ာက္ေဆးအစြန္းေတြကို အလြယ္တကူ ဖယ္ရွားႏိုင္မယ့္ နည္းလမ္း (၃) ခု
ေခြၽးနံ႔ေပ်ာက္ေဆးေတြကို လူတိုင္းနီးပါး အသုံးျပဳၾကပါတယ္။ ဒါေပမယ့္ ေခြၽးနံ႔ေပ်ာက္ေဆးကို သုံးပါမ်ားတဲ့အခါ အက်ႌေတြမွာ အစြန္းေတြ စြဲလာပါတယ္။ အဲဒီ အစြန္းေတြကလည္း ခြၽတ္လို႔ မေျပာင္ေတာ့ပါဘူး။ ဝါက်င္က်င္ႀကီး ျဖစ္ေနတတ္ပါတယ္။
ဒါေပမယ့္ စိတ္ပူစရာ မလိုေတာ့ပါဘူး။ ေခြၽးနံ႔ေပ်ာက္ေဆးေၾကာင့္ အက်ႌမွာစြဲေနတဲ့ အစြန္းေတြကို အလြယ္တကူ ဖယ္ရွားလို႔ရတဲ့ နည္းလမ္းေလးေတြ ရွိေနပါၿပီ။
၁။ ရွာလကာရည္
- ရွာလကာရည္ ၁ ခြက္နဲ႔ ေရ ၄ ခြက္ကို ေရာပါ။
- ေရာထားတဲ့ေရထဲကို အဝတ္ထည့္ၿပီး လက္နဲ႔ပြတ္ပါ။
- အစြန္းေတြက မေျပာင္ေသးရင္ တစ္နာရီၾကာ စိမ္ထားလိုက္ပါ။
- ၿပီးရင္ေတာ့ ပုံမွန္ေလွ်ာ္ေနက်အတိုင္း ေလွ်ာ္လို႔ရပါၿပီ။
၂။ ႏိုင္လြန္ေျခအိတ္
- သန႔္ရွင္းတဲ့ ႏိုင္လြန္ေျခအိတ္ အပိုင္းေလးတစ္ပိုင္း ယူပါ။
- အစြန္းေတြေပေနတဲ့ ေနရာကို ႏိုင္လြန္ေျခအိတ္ အပိုင္းေလးနဲ႔ ပြတ္ေပးပါ။
- ဒီနည္းက ေလာေလာဆယ္ စြန္းထားတဲ့ အစြန္းကိုပဲ ကြၽတ္ေစတာပါ။
၃။ Baking soda
Baking soda နဲ႔ ေရကို ၃:၁ အခ်ိဳးေရာပါ။
- စြန္းေနတဲ့ေနရာမွာ Baking soda ကို သြားတိုက္တံနဲ႔ ပြတ္ေပးပါ။
- ၂ နာရီၾကာ ထားပါ။
- ၿပီးရင္ အဝတ္ကို ေရေႏြးနဲ႔ ေလွ်ာ္ပါ။
Bonus
ေခြၽးနံ႔ေပ်ာက္ေဆး အစြန္းေတြ အက်ႌမွာ မစြဲေစမယ့္ နည္းလမ္း
- Aluminum မပါဝင္တဲ့ ေခြၽးနံ႔ေပ်ာက္ေဆးကို သုံးပါ။
- ေခြၽးနံ႔ေပ်ာက္ေဆးကို ဂ်ိဳင္းမွာ လိမ္းတဲ့အခါ ဂ်ိဳင္းမွာ ေျခာက္ေသြ႕သြားမွ အက်ႌဝတ္ပါ။ ဒီနည္းနဲ႔ဆို ခ်ည္သားအျဖဴေပၚမွာ ေခြၽးနံ႔ေပ်ာက္ေဆး အစြန္းေတြ စြန္းထင္းသြားမွာ စိတ္ပူစရာ မလိုေတာ့ပါဘူး။
Zombie (Lovemedia)
0 Comments