သင်သာ ခေတ်နောက်ကျနေတာ မဟုတ်ရင် လတ်တလော ခေတ်စားနေတဲ့ တောင်ကိုရီးယား ရုပ်သံဇာတ်လမ်းတွဲ‌ ဖြစ်တဲ့ Squid Game ကို ကြည့်ဖူးပြီးသား ဖြစ်မှာပါ။ ဒီဇာတ်ကားဟာ Netflix ရဲ့ အကြီးမားဆုံးနဲ့ အအောင်မြင်ဆုံး စီးရီးတွေထဲမှာ တစ်ခုအပါအဝင် ဖြစ်လာပြီး နိုင်ငံပေါင်း ၉၀ ကျော်ရဲ့ ထိပ်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။

ဒါပေမယ့်လည်း ဘယ်လောက်ပဲ အသေးစိတ်ကျကျ ရိုက်ထားပါစေ မထင်မှတ်တဲ့ အမှားသေးသေးလေးတွေ ဆိုတာ ရှိပါတယ်။ ဒါကြောင့် ဘယ်လိုအမှားတွေဖြစ်မလဲ ဆိုတာကို “Squid Game” ထဲကိုသွားပြီး love media နဲ့အတူ ရှာကြည့်လိုက်ရအောင်။

၁။ ကစားသမားတွေရဲ့ နံပါတ်တွေဟာ ရောထွေးနေတယ်။

ဂိမ်းအစမှာ ကစားသမား ၄၅၆ ဦး ရှိခဲ့ပြီးတော့ သူတို့တွေဟာ အထက်ကနေ ချပေးတဲ့ နံပါတ်တွေကို ယူခဲ့ကြရပါတယ်။ အဓိက ဇာတ်ကောင်တွေရဲ့ ကိုယ်ပိုင်နံပါတ်တွေကသာ တသမတ်တည်း ရှိခဲ့ပေမယ့် ကျန်တဲ့လူတွေရဲ့ နံပါတ်ကတော့ ဖြစ်ချင်သလိုတွေဖြစ်ပြီး ရောထွေးနေခဲ့ပါတယ်။ ထုတ်လုပ်သူတွေကလည်း ကစားသမား အကုန်လုံးရဲ့ အသေးစိတ် အချက်အလက်တွေကို အာရုံစိုက်ဖို့ အားနည်းသွားတာလည်း ဖြစ်နိုင်ပါတယ်။

ပုံမှာပြထားတဲ့အတိုင်း နံပါတ် 061 ဟာ အမျိုးသမီးတစ်ယောက်ရဲ့ နံပါတ်ဖြစ်ပါတယ်။ ဒါပေမယ့် ဖယ်ရှားခံရသူ စာရင်းထဲမှာ ပြထားတဲ့ နံပါတ် 061 ဟာ အမျိုးသားတစ်ယောက် ဖြစ်နေခဲ့ပါတယ်။ သူတို့တွေမကပဲ ကျန်တဲ့သူတွေလည်း နံပါတ်တွေ လွဲမှားခဲ့ပါသေးတယ်။

၂။ ကစားသမားတစ်ယောက်ရဲ့ အသက်က (၁၀၀) ကျော် ဖြစ်နေတယ်။

ကစားသမား 017 ဟာ (၅) ခုမြောက် ဂိမ်းဖြစ်တဲ့ မှန်တံတားပေါ်မှာ လမ်းလျှောက်ရတဲ့ အခန်းမှာ အားသာချက်တွေ ရှိခဲ့ပါတယ်။ ဘယ်အကန့်တွေက ခိုင်သလဲ၊ ဘယ်အကန့်တွေက ကွဲသွားမယ် ဆိုတာ သူပြောပြနိုင်ခဲ့ပါတယ်။ ဒါဟာလည်း သူမှန်စက်ရုံမှာ လုပ်ခဲ့တဲ့ အတွေ့အကြုံတွေကြောင့်ပါ။ ဒီလောက်ထိ အသေးစိတ်ကျကျ ရိုက်တဲ့အခါမှာမှ လွဲသွားတာလေး ရှိပါတယ်။ ဘာလဲ ဆိုတော့ သူ့ရဲ့မွေးသက္ကရာစ်က မှားယွင်းနေခဲ့တာပါ။

သူ့ရဲ့မွေးနှစ်ကို ၁၈၉၇ ခုနှစ်လို့ ရေးထားခဲ့တာကြောင့် အခုအချိန်မှာ သူ့ရဲ့ အသက်ဟာ ၁၂၄ နှစ်တောင် ရှိနေပါပြီ။ ဒါပေမယ့်လည်း Netflix ကတော့ ၁၉၈၇ ခုနှစ်လို့ ပြန်လည်ပြင်ဆင် ခဲ့ပါတယ်။

၃။ နံရံမှာ ရှိနေတဲ့ ထီးပုံစံဟာ ပြောင်းလဲသွားတယ်။

ဒုတိယဂိမ်းမှာတော့ ကစားသမားတွေကို စက်ဝိုင်း၊ တြိဂံ၊ ကြယ် ဒါမှမဟုတ် ထီးပုံစံ (၄) မျိုးထဲကမှ ကြိုက်တဲ့ပုံကို ရွေးဖို့ အခွင့်အရေး ပေးခဲ့ပါတယ်။ ပြီးတော့ သူတို့ရွေးယူတဲ့ ပုံစံအတိုင်း ပုံစံလောင်းထားတဲ့ သကြားပြားလေးတွေကို ထုတ်ပေးခဲ့ပါတယ်။

သတိမထားမိပဲ ပြောင်းလဲသွားခဲ့တာက နံရံပေါ်က ထီးပုံစံလေးပါပဲ။ အစပိုင်းမှာတော့ ထီးက မျဉ်းဖြောင့်ပုံစံ အတန်းလေး ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ အတွန့်အတက်တွေနဲ့ ဖြစ်သွားခဲ့ပါတယ်။

၄။ Seong Gi-hun ဟာ အစားကို စားချင်ယောင်ပဲ ဆောင်ခဲ့တယ်။

ဒါကတော့ ရယ်ချင်စရာ အပိုင်းလေးပါပဲ။ သူတို့ကို အစားအစာတွေပေးတဲ့အခါမှာ အေးနေတာကြောင့် ပူနေတာလေး မရနိုင်ဘူးလားလို့ မေးခဲ့ပါတယ်။ ပြီးတော့ ဗိုက်အရမ်း ဆာနေတာကြောင့် ဒါကိုပဲ ကြိတ်မှိတ်စားတော့မယ် လို့ ပြောခဲ့ပါတယ်။ သေချာလေး ကြည့်ရင်တော့ သူတကယ်မစားပဲ စားချင်ယောင် ဆောင်နေခဲ့တာကို တွေ့ရပါလိမ့်မယ်။

၅။ အင်္ဂလိပ်လို ဘာသာပြန်တာတွေက မှားနေတယ်။

Twitter အသုံးပြုသူတစ်ဦးဟာ သူသတိထားမိတဲ့ အချက်တစ်ချက်ကို အကုန်လုံးဆီကို ပြန်လည်မျှဝေပေးခဲ့ပါတယ်။ ဥပမာပြောရရင် Han Mi-nyeo (ကစားသမား 212) ဟာ သူမကို သူတို့ရဲ့ အဖွဲ့ထဲကို ရွေးချယ်ဖို့ စည်းရုံးသိမ်းသွင်းခဲ့တဲ့ အခန်းပါ။ ဒီနေရာမှာ ဘာသာပြန်သူက “ ငါကဉာဏ်ကြီးရှင်တော့ မဟုတ်ဘူး၊ ဒါပေမယ့် ငါအောင်မြင်နိုင်တယ်” လို့ပြန်ခဲ့ပါတယ်။

တကယ့် တကယ်တမ်းကျတော့ “ ငါက အရမ်းတော်တယ်။ ငါက ဒီလိုမျိုးတွေ မကြုံဖူးပေမယ့် အရမ်းတော်တာ”လို့ ဖြစ်ရမှာပါ။ သူမက ပါးနပ်ပေမယ့် သနားစရာကောင်းတယ် ဆိုတဲ့ ဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ရတာ ဖြစ်ကြောင်း၊ ဇာတ်ကားရဲ့ အရေးပါတဲ့ ဇာတ်ကောင်တစ်ယောက် ဖြစ်ကြောင်း ကိုလည်း တောင်ကိုရီးယားက မီဒီယာတွေမှာ ပြောကြားခဲ့ပါတယ်။

၆။ Gi-hun ရဲ့ ဖုန်းဟာ ပြောင်းသွားခဲ့တယ်။

ဇာတ်ကားဆုံးခါနီးမှာ Gi-hun ဟာ သူ့ရဲ့သမီးနဲ့ ရထားဘူတာရုံမှာ ဖုန်းပြောနေခဲ့ပါတယ်။ ဖုန်းက Samsung S7 ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ ဒါပေမယ့် လေဆိပ်ကို ရောက်သွားတဲ့အခါမှာ Samsung S3 ဖြစ်သွားတာကို တွေ့ရပါလိမ့်မယ်။ သူအသွားအလာ လုပ်တဲ့အချိန်မှာ ဖုန်းကို ပြောင်းလဲခဲ့တာ ဖြစ်နိုင်ပါတယ်။

၇။ Hwang Jun-hoရဲ့ ဖုန်းဟာ အားမကုန်ဘူး။

ရဲအဖြစ် သရုပ်ဆောင်ခဲ့တဲ့ Hwang Jun-ho ဟာ သူ့အစ်ကိုကို ရှာဖွေဖို့အတွက် ကျွန်းကို လိုက်သွားခဲ့ပါတယ်။ ဒီလို လိုက်သွားတဲ့အခါမှာ ဖုန်းနဲ့မှတ်တမ်းတွေ အများကြီး တင်ခဲ့ပါတယ်။ ဒီလို အများအပြား ရိုက်ခဲ့ပေမယ့်လည်း သူ့ရဲ့ဖုန်းဟာ အားကုန်မသွားခဲ့ပါဘူး။

တစ်ပတ်လောက် ကြာတဲ့အထိ Jun-ho ဟာ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေနှင့် မှတ်စုတွေရေးဖို့ gadget ကို သုံးခဲ့ပါတယ်။ Jun-ho ဟာ သူ့အစ်ကိုရဲ့ ပစ်ခတ်မှုကနေ လွတ်မြောက်ခဲ့သလား ဆိုတာ မသေချာပေမယ့် သူ့ကို ပြန်လည် ပါဝင်နိုင်တယ်လို့ ထင်ကြေးတွေ ပေးနေကြပါတယ်။

၈။ Squid Game ရဲ့ business card မှာပါတဲ့ ဖုန်းနံပါတ်က အပြင်မှာ တကယ်ရှိနေတယ်။

ဇာတ်ကားထဲမှာတော့ စိတ်ဝင်စားတဲ့ သူတွေဆီကို ကဒ်လေးတစ်ခု ပေးခဲ့ပါတယ်။ တကယ်လို့ ကစားချင်တယ် ဆိုရင် ကဒ်ထဲမှာပါတဲ့ ဖုန်းနံပါတ်လေးကို ဆက်လိုက်ရုံပါပဲ။ ဖြစ်ချင်တော့ ဇာတ်ကားထဲမှာပါတဲ့ ဖုန်းနံပါတ်ဟာ အပြင်မှာ တကယ် ရှိနေပါတယ်။ ကိုင်ဆောင်သူကတော့ အမျိုးသမီးတစ်ဦး ဖြစ်ပြီးတော့

နေ့စဉ်နေ့တိုင်း နောက်ပြောင်တာတွေ၊ ဂိမ်းထဲမှာ ပါဝင်ချင်လို့ ဆက်တာပါဆိုပြီး နှောင့်ယှက်တာတွေ ခံနေရပါတယ်။ အဲဒါကြောင့် ဇာတ်ကားထဲမှာ ပါဝင်တဲ့ ဖုန်းနံပါတ်ပေါ်နေတဲ့အခန်းကို ပြန်လည် တည်းဖြတ်မယ်လို့တော့ Netflix ကပြောထားပါတယ်။

၉။ Kang Sae-byeok က မြောက်ကိုရီးယား အသံထွက် ဖြစ်နေတယ်။

ကိုရီးယားလူမျိုး မဟုတ်တဲ့ တခြားသူများကတော့ လေသံကို ခွဲခြားတတ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် Reddit သုံးစွဲသူ တစ်ဦးကတော့ Sae-byeok ဟာ မြောက်ကိုရီးယား လေသံရကြောင်း ထောက်ပြခဲ့ပါတယ်။ Sae-byeok ဟာ တခြားကစားသမားတွေနဲ့ ရှိနေတဲ့အချိန်မှာ သူမ မြောက်ကိုရီးယားက လာမှန်းမသိအောင် စကားတွေ သိပ်မပြောပဲ တစ်ယောက်တည်း ခွဲနေခဲ့ပါတယ်။ ပွဲစားနဲ့ စကားပြောတဲ့ အခါမှသာ လေယူလေသိမ်းက ထွက်လာတာပါ။

၁၀။ ဂိမ်းတွေရဲ့ သဲလွန်စကို အိပ်ဆောင်နံရံတွေမှာ ပြထားတယ်။

စီးရီးထဲမှာ အကြီးကျယ်ဆုံးနဲ့ အမြင်ရဆုံးဖြစ်တဲ့ သဲလွန်စပါပဲ။ ကစားသမားတွေ ဘယ်လိုကစားရမယ် ဆိုတာကို သူတို့ရှေ့မှာပဲ ပြထားခဲ့ပါတယ်။ အိပ်ဆောင်နံရံတွေပေါ်က သရုပ်ဖော်ပုံတွေဟာ Red Light, Green Light ကနေ Squid Game ရဲ့ နောက်ဆုံးပွဲစဉ်အထိ ပြသထားပါတယ်။ ဒါတွေကို ကုတင်တွေနောက်မှာ ဖွက်ထားတာကြောင့် ကစားသမားတွေ သေဆုံးလို့ သူတို့ ကုတင်တွေထုတ်မှ မြင်ခဲ့ရတာပါ။

Zombie (Lovemedia)

for zawgyi

သင္သတိမထားမိတဲ့ Squid Game ဇာတ္လမ္းက အမွား (၁၀) ခု

သင္သာ ေခတ္ေနာက္က်ေနတာ မဟုတ္ရင္ လတ္တေလာ ေခတ္စားေနတဲ့ ေတာင္ကိုရီးယား ႐ုပ္သံဇာတ္လမ္းတြဲ‌ ျဖစ္တဲ့ Squid Game ကို ၾကည့္ဖူးၿပီးသား ျဖစ္မွာပါ။ ဒီဇာတ္ကားဟာ Netflix ရဲ႕ အႀကီးမားဆုံးနဲ႔ အေအာင္ျမင္ဆုံး စီးရီးေတြထဲမွာ တစ္ခုအပါအဝင္ ျဖစ္လာၿပီး ႏိုင္ငံေပါင္း ၉၀ ေက်ာ္ရဲ႕ ထိပ္ဆုံးေနရာမွာ ရပ္တည္ေနပါတယ္။ ဒါေပမယ့္လည္း ဘယ္ေလာက္ပဲ အေသးစိတ္က်က် ႐ိုက္ထားပါေစ မထင္မွတ္တဲ့ အမွားေသးေသးေလးေတြ ဆိုတာ ရွိပါတယ္။ ဒါေၾကာင့္ ဘယ္လိုအမွားေတြျဖစ္မလဲ ဆိုတာကို “Squid Game” ထဲကိုသြားၿပီး love media နဲ႔အတူ ရွာၾကည့္လိုက္ရေအာင္။

၁။ ကစားသမားေတြရဲ႕ နံပါတ္ေတြဟာ ေရာေထြးေနတယ္။

ဂိမ္းအစမွာ ကစားသမား ၄၅၆ ဦး ရွိခဲ့ၿပီးေတာ့ သူတို႔ေတြဟာ အထက္ကေန ခ်ေပးတဲ့ နံပါတ္ေတြကို ယူခဲ့ၾကရပါတယ္။ အဓိက ဇာတ္ေကာင္ေတြရဲ႕ ကိုယ္ပိုင္နံပါတ္ေတြကသာ တသမတ္တည္း ရွိခဲ့ေပမယ့္ က်န္တဲ့လူေတြရဲ႕ နံပါတ္ကေတာ့ ျဖစ္ခ်င္သလိုေတြျဖစ္ၿပီး ေရာေထြးေနခဲ့ပါတယ္။ ထုတ္လုပ္သူေတြကလည္း ကစားသမားအကုန္လုံးရဲ႕ အေသးစိတ္ အခ်က္အလက္ေတြကို အာ႐ုံစိုက္ဖို႔ အားနည္းသြားတာလည္း ျဖစ္ႏိုင္ပါတယ္။ ပုံမွာျပထားတဲ့အတိုင္း နံပါတ္ 061 ဟာ အမ်ိဳးသမီးတစ္ေယာက္ရဲ႕ နံပါတ္ျဖစ္ပါတယ္။ ဒါေပမယ့္ ဖယ္ရွားခံရသူ စာရင္းထဲမွာ ျပထားတဲ့ နံပါတ္ 061 ဟာ အမ်ိဳးသားတစ္ေယာက္ ျဖစ္ေနခဲ့ပါတယ္။ သူတို႔ေတြမကပဲ က်န္တဲ့သူေတြလည္း နံပါတ္ေတြ လြဲမွားခဲ့ပါေသးတယ္။

၂။ ကစားသမားတစ္ေယာက္ရဲ႕ အသက္က (၁၀၀) ေက်ာ္ ျဖစ္ေနတယ္။

ကစားသမား 017 ဟာ (၅) ခုေျမာက္ ဂိမ္းျဖစ္တဲ့ မွန္တံတားေပၚမွာ လမ္းေလွ်ာက္ရတဲ့ အခန္းမွာ အားသာခ်က္ေတြ ရွိခဲ့ပါတယ္။ ဘယ္အကန႔္ေတြက ခိုင္သလဲ၊ ဘယ္အကန႔္ေတြက ကြဲသြားမယ္ ဆိုတာ သူေျပာျပႏိုင္ခဲ့ပါတယ္။

ဒါဟာလည္း သူမွန္စက္႐ုံမွာ လုပ္ခဲ့တဲ့ အေတြ႕အႀကဳံေတြေၾကာင့္ပါ။ ဒီေလာက္ထိ အေသးစိတ္က်က် ႐ိုက္တဲ့အခါမွာမွ လြဲသြားတာေလး ရွိပါတယ္။ ဘာလဲ ဆိုေတာ့ သူ႔ရဲ႕ေမြးသကၠရာစ္က မွားယြင္းေနခဲ့တာပါ။ သူ႔ရဲ႕ေမြးႏွစ္ကို ၁၈၉၇ ခုႏွစ္လို႔ ေရးထားခဲ့တာေၾကာင့္ အခုအခ်ိန္မွာ သူ႔ရဲ႕ အသက္ဟာ ၁၂၄ ႏွစ္ေတာင္ ရွိေနပါၿပီ။ ဒါေပမယ့္လည္း Netflix ကေတာ့ ၁၉၈၇ ခုႏွစ္လို႔ ျပန္လည္ျပင္ဆင္ ခဲ့ပါတယ္။

၃။ နံရံမွာ ရွိေနတဲ့ ထီးပုံစံဟာ ေျပာင္းလဲသြားတယ္။

ဒုတိယဂိမ္းမွာေတာ့ ကစားသမားေတြကို စက္ဝိုင္း၊ ႀတိဂံ၊ ၾကယ္ ဒါမွမဟုတ္ ထီးပုံစံ (၄) မ်ိဳးထဲကမွ ႀကိဳက္တဲ့ပုံကို ေ႐ြးဖို႔ အခြင့္အေရး ေပးခဲ့ပါတယ္။ ၿပီးေတာ့ သူတို႔ေ႐ြးယူတဲ့ ပုံစံအတိုင္း ပုံစံေလာင္းထားတဲ့ သၾကားျပားေလးေတြကို ထုတ္ေပးခဲ့ပါတယ္။

သတိမထားမိပဲ ေျပာင္းလဲသြားခဲ့တာက နံရံေပၚက ထီးပုံစံေလးပါပဲ။ အစပိုင္းမွာေတာ့ ထီးက မ်ဥ္းေျဖာင့္ပုံစံ အတန္းေလး ရွိခဲ့ေပမယ့္ ေနာက္ပိုင္းမွာ အတြန႔္အတက္ေတြနဲ႔ ျဖစ္သြားခဲ့ပါတယ္။

၄။ Seong Gi-hun ဟာ အစားကို စားခ်င္ေယာင္ပဲ ေဆာင္ခဲ့တယ္။

ဒါကေတာ့ ရယ္ခ်င္စရာ အပိုင္းေလးပါပဲ။ သူတို႔ကို အစားအစာေတြေပးတဲ့အခါမွာ ေအးေနတာေၾကာင့္ ပူေနတာေလး မရႏိုင္ဘူးလားလို႔ ေမးခဲ့ပါတယ္။ ၿပီးေတာ့ ဗိုက္အရမ္း ဆာေနတာေၾကာင့္ ဒါကိုပဲ ႀကိတ္မွိတ္စားေတာ့မယ္ လို႔ ေျပာခဲ့ပါတယ္။ ေသခ်ာေလး ၾကည့္ရင္ေတာ့ သူတကယ္မစားပဲ စားခ်င္ေယာင္ ေဆာင္ေနခဲ့တာကို ေတြ႕ရပါလိမ့္မယ္။

၅။ အဂၤလိပ္လို ဘာသာျပန္တာေတြက မွားေနတယ္။

Twitter အသုံးျပဳသူတစ္ဦးဟာ သူသတိထားမိတဲ့ အခ်က္တစ္ခ်က္ကို အကုန္လုံးဆီကို ျပန္လည္မွ်ေဝေပးခဲ့ပါတယ္။ ဥပမာေျပာရရင္ Han Mi-nyeo (ကစားသမား 212) ဟာ သူမကို သူတို႔ရဲ႕ အဖြဲ႕ထဲကို ေ႐ြးခ်ယ္ဖို႔ စည္း႐ုံးသိမ္းသြင္းခဲ့တဲ့ အခန္းပါ။ ဒီေနရာမွာ ဘာသာျပန္သူက “ ငါကဉာဏ္ႀကီးရွင္ေတာ့ မဟုတ္ဘူး၊ ဒါေပမယ့္ ငါေအာင္ျမင္ႏိုင္တယ္” လို႔ျပန္ခဲ့ပါတယ္။

တကယ့္ တကယ္တမ္းက်ေတာ့ “ ငါက အရမ္းေတာ္တယ္။ ငါက ဒီလိုမ်ိဳးေတြ မႀကဳံဖူးေပမယ့္ အရမ္းေတာ္တာ”လို႔ ျဖစ္ရမွာပါ။ သူမက ပါးနပ္ေပမယ့္ သနားစရာေကာင္းတယ္ ဆိုတဲ့ ဇာတ္ေကာင္ေနရာမွာ သ႐ုပ္ေဆာင္ရတာ ျဖစ္ေၾကာင္း၊ ဇာတ္ကားရဲ႕ အေရးပါတဲ့ ဇာတ္ေကာင္တစ္ေယာက္ ျဖစ္ေၾကာင္း ကိုလည္း ေတာင္ကိုရီးယားက မီဒီယာေတြမွာ ေျပာၾကားခဲ့ပါတယ္။

၆။ Gi-hun ရဲ႕ ဖုန္းဟာ ေျပာင္းသြားခဲ့တယ္။

ဇာတ္ကားဆုံးခါနီးမွာ Gi-hun ဟာ သူ႔ရဲ႕သမီးနဲ႔ ရထားဘူတာ႐ုံမွာ ဖုန္းေျပာေနခဲ့ပါတယ္။ ဖုန္းက Samsung S7 ျဖစ္ေနတာကို ေတြ႕ရပါလိမ့္မယ္။ ဒါေပမယ့္ ေလဆိပ္ကို ေရာက္သြားတဲ့အခါမွာ Samsung S3 ျဖစ္သြားတာကို ေတြ႕ရပါလိမ့္မယ္။ သူအသြားအလာ လုပ္တဲ့အခ်ိန္မွာ ဖုန္းကို ေျပာင္းလဲခဲ့တာ ျဖစ္ႏိုင္ပါတယ္။

၇။ Hwang Jun-hoရဲ႕ ဖုန္းဟာ အားမကုန္ဘူး။

ရဲအျဖစ္ သ႐ုပ္ေဆာင္ခဲ့တဲ့ Hwang Jun-ho ဟာ သူ႔အစ္ကိုကို ရွာေဖြဖို႔အတြက္ ကြၽန္းကို လိုက္သြားခဲ့ပါတယ္။ ဒီလို လိုက္သြားတဲ့အခါမွာ ဖုန္းနဲ႔မွတ္တမ္းေတြ အမ်ားႀကီး တင္ခဲ့ပါတယ္။ ဒီလို အမ်ားအျပား ႐ိုက္ခဲ့ေပမယ့္လည္း သူ႔ရဲ႕ဖုန္းဟာ အားကုန္မသြားခဲ့ပါဘူး။

တစ္ပတ္ေလာက္ ၾကာတဲ့အထိ Jun-ho ဟာ ဓာတ္ပုံေတြ၊ ဗြီဒီယိုေတြႏွင့္ မွတ္စုေတြေရးဖို႔ gadget ကို သုံးခဲ့ပါတယ္။ Jun-ho ဟာ သူ႔အစ္ကိုရဲ႕ ပစ္ခတ္မႈကေန လြတ္ေျမာက္ခဲ့သလား ဆိုတာ မေသခ်ာေပမယ့္ သူ႔ကို ျပန္လည္ ပါဝင္ႏိုင္တယ္လို႔ ထင္ေၾကးေတြ ေပးေနၾကပါတယ္။

၈။ Squid Game ရဲ႕ business card မွာပါတဲ့ ဖုန္းနံပါတ္က အျပင္မွာ တကယ္ရွိေနတယ္။

ဇာတ္ကားထဲမွာေတာ့ စိတ္ဝင္စားတဲ့ သူေတြဆီကို ကဒ္ေလးတစ္ခု ေပးခဲ့ပါတယ္။ တကယ္လို႔ ကစားခ်င္တယ္ ဆိုရင္ ကဒ္ထဲမွာပါတဲ့ ဖုန္းနံပါတ္ေလးကို ဆက္လိုက္႐ုံပါပဲ။ ျဖစ္ခ်င္ေတာ့ ဇာတ္ကားထဲမွာပါတဲ့ ဖုန္းနံပါတ္ဟာ အျပင္မွာ တကယ္ ရွိေနပါတယ္။ ကိုင္ေဆာင္သူကေတာ့ အမ်ိဳးသမီးတစ္ဦး ျဖစ္ၿပီးေတာ့

ေန႔စဥ္ေန႔တိုင္း ေနာက္ေျပာင္တာေတြ၊ ဂိမ္းထဲမွာ ပါဝင္ခ်င္လို႔ ဆက္တာပါဆိုၿပီး ေႏွာင့္ယွက္တာေတြ ခံေနရပါတယ္။ အဲဒါေၾကာင့္ ဇာတ္ကားထဲမွာ ပါဝင္တဲ့ ဖုန္းနံပါတ္ေပၚေနတဲ့အခန္းကို ျပန္လည္ တည္းျဖတ္မယ္လို႔ေတာ့ Netflix ကေျပာထားပါတယ္။

၉။ Kang Sae-byeok က ေျမာက္ကိုရီးယား အသံထြက္ ျဖစ္ေနတယ္။

ကိုရီးယားလူမ်ိဳး မဟုတ္တဲ့ တျခားသူမ်ားကေတာ့ ေလသံကို ခြဲျခားတတ္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ Reddit သုံးစြဲသူ တစ္ဦးကေတာ့ Sae-byeok ဟာ ေျမာက္ကိုရီးယား ေလသံရေၾကာင္း ေထာက္ျပခဲ့ပါတယ္။ Sae-byeok ဟာ တျခားကစားသမားေတြနဲ႔ ရွိေနတဲ့အခ်ိန္မွာ သူမ ေျမာက္ကိုရီးယားက လာမွန္းမသိေအာင္ စကားေတြ သိပ္မေျပာပဲ တစ္ေယာက္တည္း ခြဲေနခဲ့ပါတယ္။ ပြဲစားနဲ႔ စကားေျပာတဲ့ အခါမွသာ ေလယူေလသိမ္းက ထြက္လာတာပါ။

၁၀။ ဂိမ္းေတြရဲ႕ သဲလြန္စကို အိပ္ေဆာင္နံရံေတြမွာ ျပထားတယ္။

စီးရီးထဲမွာ အႀကီးက်ယ္ဆုံးနဲ႔ အျမင္ရဆုံးျဖစ္တဲ့ သဲလြန္စပါပဲ။ ကစားသမားေတြ ဘယ္လိုကစားရမယ္ ဆိုတာကို သူတို႔ေရွ႕မွာပဲ ျပထားခဲ့ပါတယ္။ အိပ္ေဆာင္နံရံေတြေပၚက သ႐ုပ္ေဖာ္ပုံေတြဟာ Red Light, Green Light ကေန Squid Game ရဲ႕ ေနာက္ဆုံးပြဲစဥ္အထိ ျပသထားပါတယ္။ ဒါေတြကို ကုတင္ေတြေနာက္မွာ ဖြက္ထားတာေၾကာင့္ ကစားသမားေတြ ေသဆုံးလို႔ သူတို႔ ကုတင္ေတြထုတ္မွ ျမင္ခဲ့ရတာပါ။

Zombie (Lovemedia)