အလည်လွန်တဲ့ မြွေဟောက်လေး

ဟိုးရှေးရှေးတုန်းက တောအုပ်ကြီးတခုရဲ့ တောင်ပို့တခုထဲမှာ မြွေဟောက်မကြီးနှင့် သားငယ် မြွေဟောက်လေးတို့ ရှိကြသတဲ့ ။ မိခင်မြွေဟောက်မကြီးဟာ သားငယ် မြွေ ဟောက်ကလေးကို သိပ်ချစ်တာကြောင့် မျက်စိအောက်က အပျောက်မခံဘဲ ဂရု တစိုက်နဲ့ ထိန်းကျောင်းစောင့်ရှောက်ပေး တယ်ကွယ့်။

မြွေဟောက်လေးကတော့ အင်မတန်မှ အလည်အပတ် ထွက်ချင်နေတယ်။ ဒါပေမဲ့ မိခင်ကြီးက အမြဲမပြတ် စောင့်ကြည့် နေလေတော့ အပြင်ထွက်လည်ဖို့ရာ အခြေ အနေ မပေးဘူး ဖြစ်နေတာပေါ့။ ဒီတော့ မိခင်မြွေဟောက်မကြီးက " အင်း တနေ့မဟုတ် တနေ့တော့ ငါ့ရဲ့ အလစ်အငိုက်မှာ သားကလေးဟာ အလည် ထွက်မှာပဲ။ အလည်လွန်ခဲ့ရင် ဘေးအန္တရာယ် ဆိုတာ တွေ့ရတတ်တယ်။ သတိပေးဆုံးမ ထားမှ ကောင်းမယ် " လို့ တွေးမိပြီး..

" သားလေးရေ ၊ အမေ မင်းကို မှာထားချင် တယ်။ အမေမှာတဲ့ စကားကို မြေဝယ်မကျ နားထောင်မယ် ဆိုရင် သားအဖို့ အကျိုး မယုတ်ပါဘူးကွယ် " လို့ ပြောဆိုတော့ မြွေကလေးလည်း " ဟုတ်ကဲ့ ၊ ပြောပါ အမေ၊ သား မေ့မသွား အောင် စွဲစွဲမြဲမြဲ မှတ်သားထားပါ့မယ် " လို့ ကတိပေးလိုက်တယ်။

" ဟုတ်ပြီ သား၊ သား မှတ်ထားရမှာက ဘေးအန္တရာယ် တခုခုနဲ့ ကြုံတွေ့လာရပြီ ဆိုရင် စားစရာတခုခု ကိုယ်ရှေ့ရောက် လာပြီ ဆိုပါစို့ ။ အလောတကြီး မစားလိုက် ပါနဲ့။ စားသင့်လား မစားသင့်ဘူးလား ဆိုတာ ကို ဆင်ခြင်တိုင်းထွာပါ။ နောက်တခုက အအိပ်အနေ မမက်ဖို့ သတိပြုပါ ။

အဲ နောက်ဆုံးတချက် ကတော့ ဘယ်အခြေအနေ ဘယ်အချိန်အခါ အမှုမဲ့ မနေဘဲ ဘေးရန်ကနေ လွတ်ကင်းရအောင် စဉ်းစားဆင်ခြင် လုပ်ဆောင်ဖို့ပါပဲ ။ အခု အမေပြောတဲ့ အချက် ၃ ချက်ကို လိုက် နာနိုင်ရင် ဘေးအန္တရာယ်ကနေ ကင်း လွတ်ပါလိမ့်မယ်

မိခင်မြွေဟောက်မကြီး စိုးရိမ်တဲ့ အတိုင်းပါပဲ။ တနေ့မှာတော့ မိခင်မြွေဟောက်မကြီး အ စာရှာထွက်နေတုန်း မြွေဟောက်လေးဟာ တောင်ပို့ထဲကနေ ထွက်လာခဲ့ပါတယ်။ " ဟား ၊ အင်မတန် လွတ်လွတ်လပ်လပ် ရှိလှပါကလား။ သည်လိုမျိုး အခွင့်အရေး ရတုန်းကလေးမှာ စိတ်တိုင်းကျ ကောင်း ကောင်းကြီးကို အလည်အပတ် ထွက်ပစ် လိုက်မယ် ။ ဖားကလေးတွေ တွေ့ရင်လည်း လျှာရင်း မြက်ရတာပေါ့ "

ဒီလိုနဲ့ အလည်လွန်လာ လိုက်တာ မိခင်ကြီးဆီ ပြန်သွားဖို့ သတိတောင် မရတော့ဘူး၊ သည်အချိန်မှာ မြွေဖမ်းထွက်လာတဲ့ မြွေအလမ္မာယ်ဆရာနဲ့ တွေ့ပြီး မြွေဟောက်ကလေးဟာ မြွေဆရာရဲ့ ပခြုပ်တွင်းကို ရောက်ရှိသွားပါ တော့တယ်။

" ငါတော့ ဒုက္ခပဲ၊ အမေ့ကို အသိမပေးဘဲ အလည်လွန်လို့ ဒုက္ခရောက်တော့မှာ ပါလား။ အမေရေ အမေ့စကား နားမထောင် လို့ သားတော့ ဘေးတွေ့နေရပြီ အမေ " မြွေဟောက်ကလေးအဖို့ မိခင်ဖြစ်သူကို ဘယ်လောက်ပဲ တိုင်တည် တမ်းတနေပါစေ မြွေဆရာရဲ့ ပခြုပ်ထဲကနေ လွတ်လမ်း မမြင်တော့ပါဘူး။

ဒါနဲ့ပဲ မြွေဟောက်ကလေးဟာ အစွယ်တွေ အချိုးခံရပြီး မြွေဆရာရဲ့ အလမ္ပာယ်ပြစားခြင်း ခံရပါတော့တယ်။ သူ့လိုပဲ အလမ္ပာယ် ပြခံစားရတဲ့ မြွေတွေဟာ အစုံအလင်ပါပဲ။ ငန်းမြွေ၊ စပါးကြီးမြွေ၊ မြွေပွေး၊ ငန်းတော် ကြား၊ မြွေစိမ်းမီးခြောက် စသဖြင့် စုံလင်လှ တာမို့ မြွေပွဲကြည့်ပရိတ်သတ် အများအပြား ကြောင့် မြွေဆရာအဖို့ စီးပွား အတော်ဖြစ်တာပေါ့။

အလမ္ပာယ်ပြပွဲ ပြီးသွားတဲ့အခါ ကျရင် မြွေဆရာဟာ တကောင်ချင်းကို ပခြုပ်တခုစီမှာ ထည့်ပြီး ငါးပေါက်စ၊ ဖားပေါက်စလေးတွေ အစာအဖြစ် ကျွေးမွေးပါတယ်။ မြွေဟောက်ကလေးလည်း မြွေဆရာကျွေးမွေး တဲ့အစာတွေနဲ့ အသက်ဆက်ရင်း လွတ်မြောက် ရာ လွတ်မြောက်ကြောင်း လမ်းစကို ကြံဆတွေး တော့နေတော့တယ်။

တနေ့မှာတော့ အစာကျွေးချိန် ကျရောက်လာတာမို့ မြွေဆရာက မြွေဟောက်ကလေးရဲ့ ပခြုပ်ထဲကို ကြွက်အရှင်လေးတကောင် ထည့်ပေးလာပါတယ်။ သည်အခါ မြွေဟောက်ကလေးလည်း ဝမ်းဟာနေပြီ ဖြစ်လို့ ကြွက်အရှင်ကလေးကို စားတော့မယ် ကြံကာမှ မိခင်မြွေဟောက်မကြီး ဆုံးမသွန်သင်ခဲ့တဲ့ စကားတွေကို ကြားယောင် မိပြီး စားရင်း ကောင်းမလား၊ မစားဘဲ စောင့် ဆိုင်းနေရင် ကောင်းမလား ဆိုပြီး တွေဝေနေ မိပါတယ်။

ဒီအချိန်မှာ ကြွက်ကလေး လည်း သေဘေးနီးနေပြီ ဖြစ်တဲ့အတွက် လွတ်မြောက်ရာ လွတ်မြောက်ကြောင်း လမ်းကို ရှာနေပြီ။ " အင်း ကြွက်ဆိုတဲ့ သတ္တဝါမျိုးဟာ သူ့ရဲ့ ချွန်မြတဲ့ သွားတွေကို အားကိုးအားထား ပြုတဲ့ သတ္တဝါပေပဲ။ ဘယ်အရာဝတ္ထုမျိုးကို မဆို၊ ဘယ်လောက်ပဲ မာကျော၊ မာကျော ကိုက် ဖြတ် ထိုးဖောက်နိုင်စွမ်း ရှိတယ်။

ဒီကြွက်ကလေးဟာ ငါ့ကိုမြင်လို့ ကြောက် လန့်တကြား ဖြစ်နေပြီ။ သူ့အသက်ရှင်နိုင်ရေး အတွက် ပခြုပ်ကို ကိုက်ပစ်မှာ အမှန်ပဲ။ ဒါကို ငါဟာ စိတ်ရှည်ရှည်နဲ့ စောင့်ဖို့ လိုတယ်။ အစာကလေးတနပ် မစားလိုက်တာနဲ့ ငါဟာ သေမသွားနိုင်ဘူး။ သည်တော့ ငါ့အမေသင်ပေးတဲ့ စကားအတိုင်း အရိပ်အခြေကို စောင့် ကြည့်ရမယ် "

ဒီလို အတွေးဝင်ပြီး တချက်ကလေး လူးလွန့်လိုက်တဲ့အခါ ကြွက်ကလေးလည်း ငါ့ကို ပေါက်တော့မယ်၊ ငါ့ကို စားတော့မယ် ဆိုပြီး ကြောက်အားလန့်အားနဲ့ ပခြုပ်ရဲ့ အောက်ခြေ ထောင့်စွန်းကို ကိုက်ဖြတ်ပါ တော့တယ်။ ထက်သန်တဲ့ဇောနဲ့ မနားမနေ ကိုက်ဖြတ်လိုက်တာ သိပ်မကြာပါဘူး။ ပခြုပ်ထောင့်ဟာ အပေါက် ဖြစ်သွားပါ တော့တယ်။

မကြာခင် ကြွက်ကလေးရဲ့ ကိုယ်လုံး ထွက်နိုင်အောင် အပေါက်ကျယ် သွားတော့ ဘာပြောကောင်းမလဲ၊ ကြွက်ကလေးလည်း လွတ်ပြီ ကျွတ်ပြီ ဆိုပြီး ထွက်ပြေးသွားတော့တာ ပေါ့ကွယ်။

" ကြွက်ကလေးရေ ကျေးဇူးပဲကွာ၊ မင်း ကြောင့် ငါလည်းပဲ မကြာခင် လွတ်မြောက် တော့မှာပါ။ တကယ်လို့သာ အသာငမ်းငမ်း နဲ့ မင်းကို သတ်ဖြတ်စားသောက်မိရင်း ငါ လည်း ဘယ်နည်းနဲ့မှ လွတ်လမ်းရှိတော့မှာ မဟုတ်ဘူး။ အမေ ဆုံးမထားသလို အစား အသောက်ကို ငမ်းငမ်း မတက်တော့ ငါ့ခန္ဓာဟာ မဖွံ့ထွား မကြီးမားတော့ဘူးပေါ့။

နေဦး အခြေအနေ အချိန်အခါကို စောင့်ရဦးမယ်။ ဒီအချိန် ငါထွက်သွားရင် လူတွေမြင် သွားပြီး ပြန်အဖမ်းခံရမှာ သေချာတယ်။ ဒီတော့ အပေါက်ဝကို ပိတ်ထားပြီး အိပ်နေသလိုမျိုး ခွေထားရမယ် " အကြံအစည်ရှိရှိနဲ့ မြွေဟောက်ကလေးဟာ ပခြုပ်အပေါက်ကို ကိုယ်လုံးနဲ့ ပိတ်ကွယ်ထား ပြီး ခွေနေပါတော့တယ် ။

ဒီအချိန်မှာ အလင်းရောင် မှိန်ဖျော့လာ ပါပြီ။ မြွေဆရာဟာ အစာ စား မစား ပခြုပ်ဝကို ဖွင့်ကြည့်တဲ့အခါ ကြွက်ကို မတွေ့တာနဲ့ စားပြီး အိပ်နေပြီလို့ ထင်မှတ်သွားတယ်။ သူလည်းပဲ အိပ်စက်ဖို့ အိပ်ရာဝင်သွားတယ်။

ဒီအချိန်ကျမှ အခွင့်အခါကို မျှော်လင့် စောင့်စားနေတဲ့ မြွေဟောက်ကလေးဟာ ကြွက်ကလေး ဖောက်ထွက်သွားတဲ့ အပေါက်က တဆင့် လွတ်မြောက်ရာလမ်း ကြောင်းပေါ် ရောက်ရှိသွားပါတော့တယ်။ ဒါဟာ မိခင်ရဲ့ ဆိုဆုံးမစကားကို မြေဝယ် မကျ နားထောင် လိုက်နာခြင်းရဲ့ အကျိုး ရလာဒ်ပဲ ပေါ့ကွယ် ။

crd

Zawgyi

အလည္လြန္တဲ့ ေႁမြေဟာက္ေလး

ဟိုးေရွးေရွးတုန္းက ေတာအုပ္ႀကီးတခုရဲ႕ ေတာင္ပို႔တခုထဲမွာ ေႁမြေဟာက္မႀကီးႏွင့္ သားငယ္ ေႁမြေဟာက္ေလးတို႔ ရွိၾကသတဲ့ ။ မိခင္ေႁမြေဟာက္မႀကီးဟာ သားငယ္ ေႁမြ ေဟာက္ကေလးကို သိပ္ခ်စ္တာေၾကာင့္ မ်က္စိေအာက္က အေပ်ာက္မခံဘဲ ဂ႐ု တစိုက္နဲ႔ ထိန္းေက်ာင္းေစာင့္ေရွာက္ေပး တယ္ကြယ့္။

ေႁမြေဟာက္ေလးကေတာ့ အင္မတန္မွ အလည္အပတ္ ထြက္ခ်င္ေနတယ္။ ဒါေပမဲ့ မိခင္ႀကီးက အၿမဲမျပတ္ ေစာင့္ၾကည့္ ေနေလေတာ့ အျပင္ထြက္လည္ဖို႔ရာ အေျခ အေန မေပးဘူး ျဖစ္ေနတာေပါ့။ ဒီေတာ့ မိခင္ေႁမြေဟာက္မႀကီးက " အင္း တေန႔မဟုတ္ တေန႔ေတာ့ ငါ့ရဲ႕ အလစ္အငိုက္မွာ သားကေလးဟာ အလည္ ထြက္မွာပဲ။ အလည္လြန္ခဲ့ရင္ ေဘးအႏၲရာယ္ ဆိုတာ ေတြ႕ရတတ္တယ္။ သတိေပးဆုံးမ ထားမွ ေကာင္းမယ္ " လို႔ ေတြးမိၿပီး

" သားေလးေရ ၊ အေမ မင္းကို မွာထားခ်င္ တယ္။ အေမမွာတဲ့ စကားကို ေျမဝယ္မက် နားေထာင္မယ္ ဆိုရင္ သားအဖို႔ အက်ိဳး မယုတ္ပါဘူးကြယ္ " လို႔ ေျပာဆိုေတာ့ ေႁမြကေလးလည္း " ဟုတ္ကဲ့ ၊ ေျပာပါ အေမ၊ သား ေမ့မသြား ေအာင္ စြဲစြဲၿမဲၿမဲ မွတ္သားထားပါ့မယ္ " လို႔ ကတိေပးလိုက္တယ္။

" ဟုတ္ၿပီ သား၊ သား မွတ္ထားရမွာက ေဘးအႏၲရာယ္ တခုခုနဲ႔ ႀကဳံေတြ႕လာရၿပီ ဆိုရင္ စားစရာတခုခု ကိုယ္ေရွ႕ေရာက္ လာၿပီ ဆိုပါစို႔ ။ အေလာတႀကီး မစားလိုက္ ပါနဲ႔။ စားသင့္လား မစားသင့္ဘူးလား ဆိုတာ ကို ဆင္ျခင္တိုင္းထြာပါ။ ေနာက္တခုက အအိပ္အေန မမက္ဖို႔ သတိျပဳပါ ။

အဲ ေနာက္ဆုံးတခ်က္ ကေတာ့ ဘယ္အေျခအေန ဘယ္အခ်ိန္အခါ အမႈမဲ့ မေနဘဲ ေဘးရန္ကေန လြတ္ကင္းရေအာင္ စဥ္းစားဆင္ျခင္ လုပ္ေဆာင္ဖို႔ပါပဲ ။ အခု အေမေျပာတဲ့ အခ်က္ ၃ ခ်က္ကို လိုက္ နာႏိုင္ရင္ ေဘးအႏၲရာယ္ကေန ကင္း လြတ္ပါလိမ့္မယ္ "

မိခင္ေႁမြေဟာက္မႀကီး စိုးရိမ္တဲ့ အတိုင္းပါပဲ။ တေန႔မွာေတာ့ မိခင္ေႁမြေဟာက္မႀကီး အ စာရွာထြက္ေနတုန္း ေႁမြေဟာက္ေလးဟာ ေတာင္ပို႔ထဲကေန ထြက္လာခဲ့ပါတယ္။ " ဟား ၊ အင္မတန္ လြတ္လြတ္လပ္လပ္ ရွိလွပါကလား။ သည္လိုမ်ိဳး အခြင့္အေရး ရတုန္းကေလးမွာ စိတ္တိုင္းက် ေကာင္း ေကာင္းႀကီးကို အလည္အပတ္ ထြက္ပစ္ လိုက္မယ္ ။ ဖားကေလးေတြ ေတြ႕ရင္လည္း လွ်ာရင္း ျမက္ရတာေပါ့ "

ဒီလိုနဲ႔ အလည္လြန္လာ လိုက္တာ မိခင္ႀကီးဆီ ျပန္သြားဖို႔ သတိေတာင္ မရေတာ့ဘူး၊ သည္အခ်ိန္မွာ ေႁမြဖမ္းထြက္လာတဲ့ ေႁမြအလမၼာယ္ဆရာနဲ႔ ေတြ႕ၿပီး ေႁမြေဟာက္ကေလးဟာ ေႁမြဆရာရဲ႕ ပျခဳပ္တြင္းကို ေရာက္ရွိသြားပါ ေတာ့တယ္။

" ငါေတာ့ ဒုကၡပဲ၊ အေမ့ကို အသိမေပးဘဲ အလည္လြန္လို႔ ဒုကၡေရာက္ေတာ့မွာ ပါလား။ အေမေရ အေမ့စကား နားမေထာင္ လို႔ သားေတာ့ ေဘးေတြ႕ေနရၿပီ အေမ " ေႁမြေဟာက္ကေလးအဖို႔ မိခင္ျဖစ္သူကို ဘယ္ေလာက္ပဲ တိုင္တည္ တမ္းတေနပါေစ ေႁမြဆရာရဲ႕ ပျခဳပ္ထဲကေန လြတ္လမ္း မျမင္ေတာ့ပါဘူး။

ဒါနဲ႔ပဲ ေႁမြေဟာက္ကေလးဟာ အစြယ္ေတြ အခ်ိဳးခံရၿပီး ေႁမြဆရာရဲ႕ အလမၸာယ္ျပစားျခင္း ခံရပါေတာ့တယ္။ သူ႔လိုပဲ အလမၸာယ္ ျပခံစားရတဲ့ ေႁမြေတြဟာ အစုံအလင္ပါပဲ။ ငန္းေႁမြ၊ စပါးႀကီးေႁမြ၊ ေႁမြေပြး၊ ငန္းေတာ္ ၾကား၊ ေႁမြစိမ္းမီးေျခာက္ စသျဖင့္ စုံလင္လွ တာမို႔ ေႁမြပြဲၾကည့္ပရိတ္သတ္ အမ်ားအျပား ေၾကာင့္ ေႁမြဆရာအဖို႔ စီးပြား အေတာ္ျဖစ္တာေပါ့။

အလမၸာယ္ျပပြဲ ၿပီးသြားတဲ့အခါ က်ရင္ ေႁမြဆရာဟာ တေကာင္ခ်င္းကို ပျခဳပ္တခုစီမွာ ထည့္ၿပီး ငါးေပါက္စ၊ ဖားေပါက္စေလးေတြ အစာအျဖစ္ ေကြၽးေမြးပါတယ္။ ေႁမြေဟာက္ကေလးလည္း ေႁမြဆရာေကြၽးေမြး တဲ့အစာေတြနဲ႔ အသက္ဆက္ရင္း လြတ္ေျမာက္ ရာ လြတ္ေျမာက္ေၾကာင္း လမ္းစကို ႀကံဆေတြး ေတာ့ေနေတာ့တယ္။

တေန႔မွာေတာ့ အစာေကြၽးခ်ိန္ က်ေရာက္လာတာမို႔ ေႁမြဆရာက ေႁမြေဟာက္ကေလးရဲ႕ ပျခဳပ္ထဲကို ႂကြက္အရွင္ေလးတေကာင္ ထည့္ေပးလာပါတယ္။ သည္အခါ ေႁမြေဟာက္ကေလးလည္း ဝမ္းဟာေနၿပီ ျဖစ္လို႔ ႂကြက္အရွင္ကေလးကို စားေတာ့မယ္ ႀကံကာမွ မိခင္ေႁမြေဟာက္မႀကီး ဆုံးမသြန္သင္ခဲ့တဲ့ စကားေတြကို ၾကားေယာင္ မိၿပီး စားရင္း ေကာင္းမလား၊ မစားဘဲ ေစာင့္ ဆိုင္းေနရင္ ေကာင္းမလား ဆိုၿပီး ေတြေဝေန မိပါတယ္။

ဒီအခ်ိန္မွာ ႂကြက္ကေလး လည္း ေသေဘးနီးေနၿပီ ျဖစ္တဲ့အတြက္ လြတ္ေျမာက္ရာ လြတ္ေျမာက္ေၾကာင္း လမ္းကို ရွာေနၿပီ။ " အင္း ႂကြက္ဆိုတဲ့ သတၱဝါမ်ိဳးဟာ သူ႔ရဲ႕ ခြၽန္ျမတဲ့ သြားေတြကို အားကိုးအားထား ျပဳတဲ့ သတၱဝါေပပဲ။ ဘယ္အရာဝတၳဳမ်ိဳးကို မဆို၊ ဘယ္ေလာက္ပဲ မာေက်ာ၊ မာေက်ာ ကိုက္ ျဖတ္ ထိုးေဖာက္ႏိုင္စြမ္း ရွိတယ္။

ဒီႂကြက္ကေလးဟာ ငါ့ကိုျမင္လို႔ ေၾကာက္ လန႔္တၾကား ျဖစ္ေနၿပီ။ သူ႔အသက္ရွင္ႏိုင္ေရး အတြက္ ပျခဳပ္ကို ကိုက္ပစ္မွာ အမွန္ပဲ။ ဒါကို ငါဟာ စိတ္ရွည္ရွည္နဲ႔ ေစာင့္ဖို႔ လိုတယ္။ အစာကေလးတနပ္ မစားလိုက္တာနဲ႔ ငါဟာ ေသမသြားႏိုင္ဘူး။ သည္ေတာ့ ငါ့အေမသင္ေပးတဲ့ စကားအတိုင္း အရိပ္အေျခကို ေစာင့္ ၾကည့္ရမယ္ "

ဒီလို အေတြးဝင္ၿပီး တခ်က္ကေလး လူးလြန႔္လိုက္တဲ့အခါ ႂကြက္ကေလးလည္း ငါ့ကို ေပါက္ေတာ့မယ္၊ ငါ့ကို စားေတာ့မယ္ ဆိုၿပီး ေၾကာက္အားလန႔္အားနဲ႔ ပျခဳပ္ရဲ႕ ေအာက္ေျခ ေထာင့္စြန္းကို ကိုက္ျဖတ္ပါ ေတာ့တယ္။ ထက္သန္တဲ့ေဇာနဲ႔ မနားမေန ကိုက္ျဖတ္လိုက္တာ သိပ္မၾကာပါဘူး။ ပျခဳပ္ေထာင့္ဟာ အေပါက္ ျဖစ္သြားပါ ေတာ့တယ္။

မၾကာခင္ ႂကြက္ကေလးရဲ႕ ကိုယ္လုံး ထြက္ႏိုင္ေအာင္ အေပါက္က်ယ္ သြားေတာ့ ဘာေျပာေကာင္းမလဲ၊ ႂကြက္ကေလးလည္း လြတ္ၿပီ ကြၽတ္ၿပီ ဆိုၿပီး ထြက္ေျပးသြားေတာ့တာ ေပါ့ကြယ္။

" ႂကြက္ကေလးေရ ေက်းဇူးပဲကြာ၊ မင္း ေၾကာင့္ ငါလည္းပဲ မၾကာခင္ လြတ္ေျမာက္ ေတာ့မွာပါ။ တကယ္လို႔သာ အသာငမ္းငမ္း နဲ႔ မင္းကို သတ္ျဖတ္စားေသာက္မိရင္း ငါ လည္း ဘယ္နည္းနဲ႔မွ လြတ္လမ္းရွိေတာ့မွာ မဟုတ္ဘူး။ အေမ ဆုံးမထားသလို အစား အေသာက္ကို ငမ္းငမ္း မတက္ေတာ့ ငါ့ခႏၶာဟာ မဖြံ႕ထြား မႀကီးမားေတာ့ဘူးေပါ့။

ေနဦး အေျခအေန အခ်ိန္အခါကို ေစာင့္ရဦးမယ္။ ဒီအခ်ိန္ ငါထြက္သြားရင္ လူေတြျမင္ သြားၿပီး ျပန္အဖမ္းခံရမွာ ေသခ်ာတယ္။ ဒီေတာ့ အေပါက္ဝကို ပိတ္ထားၿပီး အိပ္ေနသလိုမ်ိဳး ေခြထားရမယ္ " အႀကံအစည္ရွိရွိနဲ႔ ေႁမြေဟာက္ကေလးဟာ ပျခဳပ္အေပါက္ကို ကိုယ္လုံးနဲ႔ ပိတ္ကြယ္ထား ၿပီး ေခြေနပါေတာ့တယ္ ။

ဒီအခ်ိန္မွာ အလင္းေရာင္ မွိန္ေဖ်ာ့လာ ပါၿပီ။ ေႁမြဆရာဟာ အစာ စား မစား ပျခဳပ္ဝကို ဖြင့္ၾကည့္တဲ့အခါ ႂကြက္ကို မေတြ႕တာနဲ႔ စားၿပီး အိပ္ေနၿပီလို႔ ထင္မွတ္သြားတယ္။ သူလည္းပဲ အိပ္စက္ဖို႔ အိပ္ရာဝင္သြားတယ္။

ဒီအခ်ိန္က်မွ အခြင့္အခါကို ေမွ်ာ္လင့္ ေစာင့္စားေနတဲ့ ေႁမြေဟာက္ကေလးဟာ ႂကြက္ကေလး ေဖာက္ထြက္သြားတဲ့ အေပါက္က တဆင့္ လြတ္ေျမာက္ရာလမ္း ေၾကာင္းေပၚ ေရာက္ရွိသြားပါေတာ့တယ္။ ဒါဟာ မိခင္ရဲ႕ ဆိုဆုံးမစကားကို ေျမဝယ္ မက် နားေထာင္ လိုက္နာျခင္းရဲ႕ အက်ိဳး ရလာဒ္ပဲ ေပါ့ကြယ္ ။

crd

Post a Comment

0 Comments