အစာ မစားတဲ့ မြွေကြီး

တခါက အသက် ၂၅ နှစ် အရွယ် အမျိုးသမီး တဦးဟာ စပါးကြီးမြွေ တကောင်ကို အိမ်မွေး တိရိစ္ဆာန်အဖြစ် မွေးထားပါတယ်။ ၄ မီတာလောက် ရှည်တဲ့ ထိုမြွေကြီးဟာ တနေ့မှာတော့ လုံးဝ အစာ မစားတော့ပါဘူး။ ဒီလိုနဲ့ မြွေကြီးက အစာ မစားတာ တပတ်လောက် ရှိလာတော့ အမျိုးသမီးကြီးက စိတ်ပူပြီး မြွေကြီးကို တိရိစ္ဆာန်ဆေးကုခန်းကို ခေါ်သွားပါတယ်။

ထိုအမျိုးသမီးကြီးရဲ့ ပြောပြချက်ကို နားးထောင်ပြီးနောက် တိရိစ္ဆာန် ဆရာဝန်က..

” အမနဲ့သူ ညဘက်အတူတူ အိပ်လား၊ အိပ်တဲ့အခါ အစ်မ တကိုယ်လုံးကို သူ့ခန္ဓာကိုယ်နဲ့ ပတ်ပြီး အိပ်လား ” လို့ မေးတယ်။ အဲ့ဒါနဲ့ အမျိုးသမီးကြီး ကလည်း..

" ဟုတ်ပါတယ်။ ညတိုင်း အဲ့ဒီလိုပဲ အိပ်တယ် ။ သူ တစ်ခုခုကို တောင်းဆိုချင်နေတယ်တော့ ကျမ ထင်တာပဲ။ ဒါပေမယ့် သူ တောင်းဆိုတာ ဘာမှန်းမသိတော့ ကျမလည်း မလုပ်ပေးနိုင် ဘူးလေ ။ အဲ့အတွက်ကြောင့် အရမ်းကို စိတ်မကောင်း ဖြစ်ရတယ် " လို့ ပြန်ပြောတယ် ။

ဒါနဲ့ ဆရာဝန်က ” အမကြီးမြွေက နေမကောင်းတာ မဟုတ်ပါဘူး။ အစ်မကြီးကို စားဖို့ ရည်ရွယ်နေ တာပါ။ အစ်မကြီး ခန္ဓာကိုယ် တခုလုံးကို သူပတ်လိုက်တိုင်း အမကြီး ကိုယ်လုံးအလေးချိန် ဘယ်လောက် ရှိမလဲ၊ အစ်မကြီးကို မြိုဖို့၊ မြိုပြီးရင် အစာချေဖို့ အတွက် သူ့ဝမ်းဗိုက်ကို ရှင်းနေတာ၊ အစာ မစားတော့တာ ကလည်း အမကြီးကို စားဖို့ ကြိုတင် ပြင်ဆင်နေတာ ” လို့ ပြန်ပြောခဲ့ ပါတယ် ။

ဒီအဖြစ်အပျက်ရဲ့ သင်ခန်းစာ ကတော့ လူတွေမှာလည်း မိမိအနီး ပတ်ဝန်းကျင်မှာ ရှိတဲ့ သူတွေကို သတိထားသင့် ပါတယ် ။ သင်နဲ့ အရမ်း ရင်းနှီးပြီး မကြာခဏ သင့်ကို ပွေ့ဖက်၊ အားပေးတိုင်း သူ့ရည်ရွယ်ချက် တွေက ကောင်းတယ်လို့ သတ်မှတ်လို့ မရပါဘူး ။

ဘဝဆိုတာ ကိုယ်မသိသေးတဲ့ ငိုကြွေးခြင်း၊ မျှော်လင့်ခြင်း၊ ပျော်ရွင်ခြင်းများနဲ့ ပြည့်နေတာပါ ။ ကိုယ့်မိသားစုတောင် တခါတလေ ကိုယ့်ကို ဒုက္ခလာပေးတာ မျိုးလည်း ရှိတတ်တယ် ။

Crd bahututa

Zawgyi

အစာ မစားတဲ့ ေႁမြႀကီး

တခါက အသက္ ၂၅ ႏွစ္ အ႐ြယ္ အမ်ိဳးသမီး တဦးဟာ စပါးႀကီးေႁမြ တေကာင္ကို အိမ္ေမြး တိရိစာၦန္အျဖစ္ ေမြးထားပါတယ္။ ၄ မီတာေလာက္ ရွည္တဲ့ ထိုေႁမြႀကီးဟာ တေန႔မွာေတာ့ လုံးဝ အစာ မစားေတာ့ပါဘူး။ ဒီလိုနဲ႔ ေႁမြႀကီးက အစာ မစားတာ တပတ္ေလာက္ ရွိလာေတာ့ အမ်ိဳးသမီးႀကီးက စိတ္ပူၿပီး ေႁမြႀကီးကို တိရိစာၦန္ေဆးကုခန္းကို ေခၚသြားပါတယ္။

ထိုအမ်ိဳးသမီးႀကီးရဲ႕ ေျပာျပခ်က္ကို နားးေထာင္ၿပီးေနာက္ တိရိစာၦန္ ဆရာဝန္က

”အမနဲ႔သူ ညဘက္အတူတူ အိပ္လား ၊အိပ္တဲ့အခါ အစ္မ တကိုယ္လုံးကို သူ႔ခႏၶာကိုယ္နဲ႔ ပတ္ၿပီး အိပ္လား” လို႔ ေမးတယ္။ အဲ့ဒါနဲ႔ အမ်ိဳးသမီးႀကီး ကလည္း

" ဟုတ္ပါတယ္။ ညတိုင္း အဲ့ဒီလိုပဲ အိပ္တယ္ ။ သူ တစ္ခုခုကို ေတာင္းဆိုခ်င္ေနတယ္ေတာ့ က်မ ထင္တာပဲ။ ဒါေပမယ့္ သူ ေတာင္းဆိုတာ ဘာမွန္းမသိေတာ့ က်မလည္း မလုပ္ေပးႏိုင္ ဘူးေလ ။ အဲ့အတြက္ေၾကာင့္ အရမး္ကို စိတ္မေကာင္း ျဖစ္ရတယ္ " လို႔ ျပန္ေျပာတယ္ ။

ဒါနဲ႔ ဆရာဝန္က ”အမႀကီးေႁမြက ေနမေကာင္းတာ မဟုတ္ပါဘူး။ အစ္မႀကီးကို စားဖို႔ ရည္႐ြယ္ေန တာပါ။ အစ္မႀကီး ခႏၶာကိုယ္ တခုလုံးကို သူပတ္လိုက္တိုင္း အမႀကီး ကိုယ္လုံးအေလးခ်ိန္ ဘယ္ေလာက္ ရွိမလဲ၊ အစ္မႀကီးကို ၿမိဳဖို႔၊ ၿမိဳၿပီးရင္ အစာေခ်ဖို႔ အတြက္ သူ႔ဝမ္းဗိုက္ကို ရွင္းေနတာ၊ အစာ မစားေတာ့တာ ကလည္း အမႀကီးကို စားဖို႔ ႀကိဳတင္ ျပင္ဆင္ေနတာ” လို႔ ျပန္ေျပာခဲ့ ပါတယ္ ။

ဒီအျဖစ္အပ်က္ရဲ႕ သင္ခန္းစာ ကေတာ့ လူေတြမွာလည္း မိမိအနီး ပတ္ဝန္းက်င္မွာ ရွိတဲ့ သူေတြကို သတိထားသင့္ ပါတယ္ ။ သင္နဲ႔ အရမ္း ရင္းႏွီးၿပီး မၾကာခဏ သင့္ကို ေပြ႕ဖက္၊ အားေပးတိုင္း သူ႔ရည္႐ြယ္ခ်က္ ေတြက ေကာင္းတယ္လို႔ သတ္မွတ္လို႔ မရပါဘူး ။

ဘဝဆိုတာ ကိုယ္မသိေသးတဲ့ ငိုေႂကြးျခင္း၊ ေမွ်ာ္လင့္ျခင္း၊ ေပ်ာ္႐ြင္ျခင္းမ်ားနဲ႔ ျပည့္ေနတာပါ ။ ကိုယ့္မိသားစုေတာင္ တခါတေလ ကိုယ့္ကို ဒုကၡလာေပးတာ မ်ိဳးလည္း ရွိတတ္တယ္ ။

Crd bahututa

Post a Comment

0 Comments