မမေ့ပျောက်နိုင်သော အရာ

တခါတုန်းက လယ်သမားတဦးရဲ့ သားလေးဟာ မြွေတကောင်ကို မတော်တဆ တက်နင်းမိရာ မြွေက ထိုကောင်လေးအား ပေါက်သတ်လိုက် သဖြင့် ထိုကောင်လေး သေဆုံးသွားလေ၏။

သားလေး သေဆုံးသွားသဖြင့် ဒေါသထွက်နေသော ကောင်လေး၏ ဖခင်က ပုဆိန်တလက်ဖြင့် သူ၏သားကို ကိုက်သတ်သွားသော မြွေအား လိုက်လံ ရှာဖွေ၍ မြွေကို ခုတ်သတ်သောအခါ မြွေ၏ အမြီးကိုသာ ခုတ်ဖြတ်မိ လေသည် ။

ထို့နောက် မြွေက တဖန် လယ်သမားဖြစ်သူ အဆိုပါ ကောင်လေး၏ဖခင် ပိုင်ဆိုင်သော ကျွဲ နွား တိရစ္ဆာန်များ မြွေဆိပ်တက်၍ သေဆုံးသွားကြရန် လုပ်ဆောင် ပြန်၏။

ကောင်လေး၏ ဖခင်ဖြစ်သူက ဤမြွေနှင့် ညှိနှိုင်းခြင်း သည်သာ အကောင်းဆုံး ဖြေရှင်းနည်း ဖြစ်သည်ဟု ယူဆကာ အစားအစာများနှင့် ပျားရည်များကို ယူဆောင်လာပြီး..

“ အရာအားလုံးကို ခွင့်လွှတ်ပေးပြီး မေ့ပစ်လိုက် ကြစို့၊ မင်းက ငါ့သားကို အပြစ်ပေးတာ မှန်တယ်၊ ငါကျွဲနွားတိရစ္ဆာန်တွေကိုလည်း မင်းလက်စားချေ သင့်တယ်၊ ငါက မင်းအပေါ် လက်တုံ့ပြန် ခဲ့တာလည်း မှန်တာပဲ။ ဒီတော့ ငါတို့တွေ ကျေအေးပြီး ပြန်လည် သင့်သင့် မြတ်မြတ် နေကြရအောင် ” ဟု မြွေအား ပြောကြားခဲ့လေသည်။

ထိုအခါ မြွေက “ မဟုတ်ဘူး၊ သင့်လက်ဆောင် တွေကို ပြန်ယူ သွားလိုက်ပါ။ သင့်သား၏ သေဆုံးမှုကို သင်မေ့နိုင်မှာ မဟုတ်သလို ငါ့အမြီး ဆုံးရှုံးရမှု ကိုလည်း ငါမေ့နိုင်မှာ မဟုတ်ပါဘူး ” ဟု ပြန်လည် ပြောကြားလိုက် ပါသည်။

နာကျင်မှုဆိုသည်မှာ ခွင့်လွှတ်ပေးနိုင်သော်လည်း မမေ့ပျောက်နိုင်သော အရာဖြစ်လေသည်။

crd

Zawgyi

မေမ့ေပ်ာက္ႏိုင္ေသာ အရာ

တခါတုန္းက လယ္သမားတဦးရဲ႕ သားေလးဟာ ေႁမြတေကာင္ကို မေတာ္တဆ တက္နင္းမိရာ ေႁမြက ထိုေကာင္ေလးအား ေပါက္သတ္လိုက္ သျဖင့္ ထိုေကာင္ေလး ေသဆုံးသြားေလ၏။

သားေလး ေသဆုံးသြားသျဖင့္ ေဒါသထြက္ေနေသာ ေကာင္ေလး၏ ဖခင္က ပုဆိန္တလက္ျဖင့္ သူ၏သားကို ကိုက္သတ္သြားေသာ ေႁမြအား လိုက္လံ ရွာေဖြ၍ ေႁမြကို ခုတ္သတ္ေသာအခါ ေႁမြ၏ အၿမီးကိုသာ ခုတ္ျဖတ္မိ ေလသည္ ။

ထို႔ေနာက္ ေႁမြက တဖန္ လယ္သမားျဖစ္သူ အဆိုပါ ေကာင္ေလး၏ဖခင္ ပိုင္ဆိုင္ေသာ ကြၽဲ ႏြား တိရစာၦန္မ်ား ေႁမြဆိပ္တက္၍ ေသဆုံးသြားၾကရန္ လုပ္ေဆာင္ ျပန္၏။

ေကာင္ေလး၏ ဖခင္ျဖစ္သူက ဤေႁမြႏွင့္ ညႇိႏႈိင္းျခင္း သည္သာ အေကာင္းဆုံး ေျဖရွင္းနည္း ျဖစ္သည္ဟု ယူဆကာ အစားအစာမ်ားႏွင့္ ပ်ားရည္မ်ားကို ယူေဆာင္လာၿပီး

“ အရာအားလုံးကို ခြင့္လႊတ္ေပးၿပီး ေမ့ပစ္လိုက္ ၾကစို႔၊ မင္းက ငါ့သားကို အျပစ္ေပးတာ မွန္တယ္၊ ငါကြၽဲႏြားတိရစာၦန္ေတြကိုလည္း မင္းလက္စားေခ် သင့္တယ္၊ ငါက မင္းအေပၚ လက္တုံ႔ျပန္ ခဲ့တာလည္း မွန္တာပဲ။ ဒီေတာ့ ငါတို႔ေတြ ေက်ေအးၿပီး ျပန္လည္ သင့္သင့္ ျမတ္ျမတ္ ေနၾကရေအာင္ ” ဟု ေႁမြအား ေျပာၾကားခဲ့ေလသည္။

ထိုအခါ ေႁမြက “ မဟုတ္ဘူး၊ သင့္လက္ေဆာင္ ေတြကို ျပန္ယူ သြားလိုက္ပါ။ သင့္သား၏ ေသဆုံးမႈကို သင္ေမ့ႏိုင္မွာ မဟုတ္သလို ငါ့အၿမီးဆုံးရႈံးရမႈ ကိုလည္း ငါေမ့ႏိုင္မွာ မဟုတ္ပါဘူး ” ဟု ျပန္လည္ ေျပာၾကားလိုက္ ပါသည္။

နာက်င္မႈဆိုသည္မွာ ခြင့္လႊတ္ေပးႏိုင္ေသာ္လည္း မေမ့ေပ်ာက္ႏိုင္ေသာ အရာျဖစ္ေလသည္။

crd

Post a Comment

0 Comments