သူ့ကိုမွေးစားအောင်လို့ ဖြတ်သွားတဲ့လူတိုင်းကို လိုက်ပြုံးပြနေတဲ့ ခွေးလေး

ရှစ်ပတ်သား အရွယ်ရှိတဲ့ Labrador အမျိုးအစား ခွေးကလေးဟာ အမွေးစားခံချင်လို့ သူ့နားက ဖြတ်သွားတဲ့ လူတိုင်းကို လိုက်ပြုံးပြပြီး အသည်းတွေကို ဖမ်းစားနေခဲ့ပါတယ်။ Burreaux လို့ခေါ်တဲ့ ခွေးလေးဟာ တစ်စုံတစ်ယောက်က သူ့ကိုချစ်ဖို့ကောင်းတယ် ပြောရင် သူ့ရဲ့ အဖြူရောင် သွားလေးတွေ အကုန်ပေါ်တဲ့အထိ ပြုံးပြပါတယ်။

ခွေးလေးရဲ့ ဒီလိုအပြုအမှုတွေကို Sarah Walton လို့ခေါ်တဲ့ အမျိုးသမီးက သတိထားမိ သွားပြီးတော့ အရမ်းကို ချစ်ဖို့ကောင်းနေတယ် ဆိုတဲ့ အကြောင်းကို ပြောပြခဲ့ပါတယ်။ စားစရာတစ်ခုခု ပေးလိုက်တိုင်းလည်း ခွေးလေးက ပြန်ပြီးတော့ ပြုံးပြလေ့ ရှိပါတယ်။

Burreaux ရဲ့ ဒီလိုချစ်စရာ ကောင်းတဲ့ အပြုံးလေးကို အနောက်မြောက်ဘက် Louisiana မှာရှိတဲ့ Humane Society က ၀န်ထမ်းတွေက သတိထားမိပြီးတော့ အလွန်အမင်းကို စိတ်ဝင်စားခဲ့ပါတယ်။

စွဲမက်ဖွယ်ကောင်းတဲ့ အပြုံးတစ်ခုကြောင့် သူ့ကို လူတိုင်းက ချစ်ကြပါတယ်။ တစ်နေ့မှာတော့ Burreaux ဟာ အအေးမိခဲ့ပါတယ်။ ခွေးလေးက အရမ်းကို နေမကောင်း ဖြစ်နေတာကြောင့် သူ့အသက်ကို စိုးရိမ်ရတဲ့အတွက် ဒေသခံတိရိစ္ဆာန်ဆေးရုံဆီ အလျင်အမြန် ခေါ်သွားခဲ့ပါတယ်။

ဆေးစစ်ချက်တွေအရ ခွေးတွေမှာ အလွန်ကူးစက်တတ်ပြီး သေစေနိုင်တဲ့ Parvo လို့ခေါ်တဲ့ ရောဂါလက္ခဏာကို တွေ့ရှိခဲ့ပါတယ်။ ကံကောင်းတာ တစ်ခုကတော့ ခွေးလေးက အချိန်ခဏလေးအတွင်းမှာ ပြန်သက်သာလာပြီးတော့ သူ့ကို မွေးစားဖို့ လူတွေလည်း ပေါ်လာခဲ့ပါတယ်။


“ Burreaux က အရမ်းချစ်ဖို့ ကောင်းပါတယ်။ အမြဲတမ်း ပြုံးနေတာပါ။ သူ့ကို ချစ်အောင်လည်း တစ်နည်းမဟုတ်တစ်နည်းနဲ့ ကြိုးစားတယ်။ သူ့ကို ဗီဒီယို ရိုက်ပေးတာကနေ အခုလိုပြန့်သွားတာ” လို့ Sarah က ခွေးလေးပြုံးနေတဲ့ ဗီဒီယိုနဲ့ တင်ထားပါတယ်။






Burreaux နဲ့သူရဲ့ ချစ်စဖွယ် အပြုံးတို့ကြောင့် ကြည့်ရှုသူ ထောင်ပေါင်းများစွာရဲ့ နှလုံးသားတွေကို အရည်ပျော်စေခဲ့ပြီးတော့ အင်တာနက်ပေါ်မှာလည်း အရမ်းကို နာမည်ကြီးနေပါတယ်။ Burreaux ရဲ့ အပြုံးလေးကြောင့် လူတိုင်းက သူ့ကို မွေးစားချင်နေပါတယ်။


Zombie (Lovemedia)

for zawgyi

သူ႔ကိုေမြးစားေအာင္လို႔ ေဘးနားက ျဖတ္သြားတဲ့လူတိုင္းကို လိုက္ၿပဳံးျပေနတဲ့ ေခြးေလး

ရွစ္ပတ္သား အ႐ြယ္ရွိတဲ့ Labrador အမ်ိဳးအစား ေခြးကေလးဟာ အေမြးစားခံခ်င္လို႔ သူ႔နားက ျဖတ္သြားတဲ့ လူတိုင္းကို လိုက္ၿပဳံးျပၿပီး အသည္းေတြကို ဖမ္းစားေနခဲ့ပါတယ္။ Burreaux လို႔ေခၚတဲ့ ေခြးေလးဟာ တစ္စုံတစ္ေယာက္က သူ႔ကိုခ်စ္ဖို႔ေကာင္းတယ္ ေျပာရင္ သူ႔ရဲ႕ အျဖဴေရာင္ သြားေလးေတြ အကုန္ေပၚတဲ့အထိ ၿပဳံးျပပါတယ္။

ေခြးေလးရဲ႕ ဒီလိုအျပဳအမႈေတြကို Sarah Walton လို႔ေခၚတဲ့ အမ်ိဳးသမီးက သတိထားမိ သြားၿပီးေတာ့ အရမ္းကို ခ်စ္ဖို႔ေကာင္းေနတယ္ ဆိုတဲ့ အေၾကာင္းကို ေျပာျပခဲ့ပါတယ္။ စားစရာတစ္ခုခု ေပးလိုက္တိုင္းလည္း ေခြးေလးက ျပန္ၿပီးေတာ့ ၿပဳံးျပေလ့ရွိပါတယ္။

Burreaux ရဲ႕ ဒီလိုခ်စ္စရာ ေကာင္းတဲ့ အၿပဳံးေလးကို အေနာက္ေျမာက္ဘက္ Louisiana မွာရွိတဲ့ Humane Society က ၀န္ထမ္းေတြက သတိထားမိၿပီးေတာ့ အလြန္အမင္းကို စိတ္ဝင္စားခဲ့ပါတယ္။

စြဲမက္ဖြယ္ေကာင္းတဲ့ အၿပဳံးတစ္ခုေၾကာင့္ သူ႔ကို လူတိုင္းက ခ်စ္ၾကပါတယ္။ တစ္ေန႔မွာေတာ့ Burreaux ဟာ အေအးမိခဲ့ပါတယ္။ ေခြးေလးက အရမ္းကိုေနမေကာင္း ျဖစ္ေနတာေၾကာင့္ သူ႔အသက္ကို စိုးရိမ္ရတဲ့အတြက္ ေဒသခံတိရိစာၦန္ေဆး႐ုံဆီ အလ်င္အျမန္ ေခၚသြားခဲ့ပါတယ္။

ေဆးစစ္ခ်က္ေတြအရ ေခြးေတြမွာ အလြန္ကူးစက္တတ္ၿပီး ေသေစႏိုင္တဲ့ Parvo လို႔ေခၚတဲ့ ေရာဂါလကၡဏာကို ေတြ႕ရွိခဲ့ပါတယ္။ ကံေကာင္းတာ တစ္ခုကေတာ့ ေခြးေလးက အခ်ိန္ခဏေလးအတြင္းမွာ ျပန္သက္သာလာၿပီးေတာ့ သူ႔ကို ေမြးစားဖို႔ လူေတြလည္း ေပၚလာခဲ့ပါတယ္။

“ Burreaux က အရမ္းခ်စ္ဖို႔ ေကာင္းပါတယ္။ အၿမဲတမ္း ၿပဳံးေနတာပါ။ သူ႔ကို ခ်စ္ေအာင္လည္း တစ္နည္းမဟုတ္တစ္နည္းနဲ႔ ႀကိဳးစားတယ္။ သူ႔ကို ဗီဒီယို ႐ိုက္ေပးတာကေန အခုလိုျပန႔္သြားတာ” လို႔ Sarah က ေခြးေလးၿပဳံးေနတဲ့ ဗီဒီယိုနဲ႔ တင္ထားပါတယ္။

Burreaux နဲ႔သူရဲ႕ ခ်စ္စဖြယ္ အၿပဳံးတို႔ေၾကာင့္ ၾကည့္ရႈသူ ေထာင္ေပါင္းမ်ားစြာရဲ႕ ႏွလုံးသားေတြကို အရည္ေပ်ာ္ေစခဲ့ၿပီးေတာ့ အင္တာနက္ေပၚမွာလည္း အရမ္းကို နာမည္ႀကီးေနပါတယ္။ Burreaux ရဲ႕ အၿပဳံးေလးေၾကာင့္ လူတိုင္းက သူ႔ကို ေမြးစားခ်င္ေနပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments