ဒူးနဲ့ တံတောင်ဆစ်မှာရှိတဲ့ အသားအရေတွေ ဖြူလာစေမယ့် သဘာဝနည်းလမ်း (၈) ခု

ဒူးနဲ့တံတောင်မှာရှိတဲ့ အသားအရေတွေက တခြားနေရာတွေထက် ပိုထူပါတယ်။ ပြီးတော့ ခြောက်သွေ့ပြီး ကွဲအက်နေတတ်တဲ့အပြင် မည်းလည်း မည်းနေတတ်ပါတယ်။ ဒါပေမယ့် အစားအသောက်ကိုသာ သေချာစားသုံးပြီး နည်းနည်းလောက် ဂရုစိုက်လိုက်တာနဲ့ ဖြူလာတဲ့ နည်းလမ်းတွေ ရှိပါတယ်။ တချို့ အစားအစာတွေက ခန္ဒာကိုယ်ကို အကျိူးရှိစေတဲ့အပြင် အသားအရေပါ စိုပြေစေပါတယ်။

၁။ သခွားသီး

သခွားသီးမှာ ရေဓာတ် (၉၆) ရာခိုင်နှုန်း ပါဝင်တာကြောင့် အရေပြားကို အစိုဓာတ် ပေးတဲ့အချိန်မှာ အကောင်းဆုံးပါပဲ။ ဒူးနဲ့ တံတောင်လို နေရာမျိုးတွေက ဆဲလ်သေတွေ စုနေတာကြောင့် မည်းနေရခြင်းပဲ ဖြစ်ပါတယ်။ သခွားသီးကို ထူထူလေးလှီးပြီး ဒူးနဲ့တံတောင်နေရာမှာ (၁၀) မိနစ်လောက် ပွတ်ပါ။ ပြီးရင် ခြောက်သွားတဲ့အထိ ကပ်ထားလိုက်ပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။ ဒါကို နေ့တိုင်းလုပ်လို့ ရပါတယ်။

၂။ နနွင်းနဲ့ ပျားရည်

နနွင်းကတော့ အိန္ဒိယရိုးရာဆေးတွေမှာ မပါမဖြစ် ပါပါတယ်။ နနွင်းကို အသားအရေ စိုပြေအောင် လုပ်ဖို့အတွက်လည်း အသုံးပြုလို့ ရပါတယ်။ အပင်မှာပါတဲ့ Curcumin ဓာတ်ကအကျိူးရှိစေတာပါ။ သူ့ကို ပျားရည် (ဒါမှမဟုတ်) ဒိန်ချဉ်နဲ့တွဲပြီး သုံးလို့ရပါသေးတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတော့ နနွင်း လက်ဖက်ရည် ဇွန်းတစ်ဝက်နဲ့ ပျားရည်တစ်ဇွန်းတို့ကို ရောလိုက်ပါ။ ပြီးရင် ဒူးနဲ့တံတောင်ပေါ်မှာ ၁၀-၁၅ မိနစ်လောက် ကပ်ထားပေးလိုက်ပါ။ နည်းနည်းကြာရင် ရေနဲ့ဆေးချလိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ်မှာ ၂ ကြိမ်ကနေ ၃ကြိမ်အထိ ပြုလုပ်နိုင်ပါတယ်။

၃။ သံလွင်ဆီနှင့် သကြား

သံလွင်ဆီမှာ အာဟာရဓာတ်တွေ များစွာပါဝင်ပြီး သကြားမှာတော့ exfoliant ဓာတ်ပါဝင်ပါတယ်။ ဒါကြောင့် ဒီနှစ်မျိုးကို ရောစပ်ထားတဲ့ အရောဟာ အသားအရေကို အလွန်အကျိုးရှိ စေပါတယ်။ သကြားနဲ့ သံလွင်ဆီတို့ကို ပျစ်ပျစ်လေးရောပြီး မွှေလိုက်ပါ။ ပြီးရင် ဒူးနဲ့တံတောင်ဆစ်နေရာမှာ စက်ဝိုင်းပုံစံ (၅) မိနစ်လောက် ကပ်ထားပေးပါ။ ပြီးရင်တော့ ရေနွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။

၄။ နို့နှင့် မုန့်ဖုတ်ဆော်ဒါ

မုန့်ဖုတ်ဆော်ဒါမှာပါတဲ့ exfoliating ဓာတ်က အသားအရေကို ကြည်လင်စေပြီးတော့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒူးနဲ့တံတောင်မှာရှိတဲ့ အမာရွတ်တွေကိုလည်း လျော့နည်းစေပါတယ်။ နွားနို့မှာတော့ လက်တစ်အက်ဆစ်ပါဝင်ပြီး အသားအရေရဲ့ အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပါတယ်။ နွားနို့နဲ့ မုန့်ဖုတ်ဆော်ဒါတစ်ဇွန်းကို ရောပြီးမွှေလိုက်ပါ။ ပြီးရင် ဒူးနဲ့ တံတောင်နေရာမှာ ၂ မိနစ်ကနေ ၃ မိနစ်လောက်ထိ လိမ်းထားလိုက်ပါ။ အချိန်ပြည့်သွားရင် ရေနဲ့ဆေးချလိုက်ပါ။ ဒီနည်းလမ်းကို တစ်ရက်ခြားတစ်ခါ ပြုလုပ်နိုင်ပါတယ်။

၅။ ရှားစောင်းလက်ပတ်ဂျယ်

သုတေသန တွေ့ရှိချက်တွေအရ ရှားစောင်းလက်ပတ်ဟာ အသားအရေကို ညီညာစေပြီးတော့ နေရောင်ခြည်ကြောင့် ဆဲလ်တွေ ပျက်ဆီးတာကနေလည်း ကာကွယ်ပေးပါတယ်။ အစိုဓာတ်လဲ တော်တော်များများ ပါဝင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတော့ ရှားစောင်းလက်ပတ်ကို ချိုးပြီး အထဲက ဂျယ်လီတွေကို ယူပါ။ မိနစ် (၂၀) လောက် လိမ်းထားပြီး ရေအေးနဲ့ ဆေးချလိုက်ပါ။

၆။ ဒိန်ချဉ်နှင့် ပန်းသီးရှာလကာရည်

ဒိန်ချဉ်မှာ ပါဝင်တဲ့ ဗီတာမင် B12 ဟာ hyperpigmentation ကို တိုးတက်စေပါတယ်။ B2 ကတော့ အသားအရေစိုပြေစေပါတယ်။ ပန်းသီးရှာလကာရည်မှာပါတဲ့ acetic acid ဓာတ်ကလည်း အသားအရေကို လှပစေပါတယ်။ ဒိန်ချဉ်တစ်ဇွန်းနဲ့ ပန်းသီးရှာလကာရည် တစ်ဇွန်းတို့ကို ရောလိုက်ပါ။ ပြီးရင် ဒူးနဲ့တံတောင်ပေါ်မှာ လိမ်းလိုက်ပါ။ ၁၅-၂၀ မိနစ်လောက်ထားပြီး ရေနဲ့ဆေးချလိုက်ပါ။ ဒါကိုတော့ သင်လိုချင်တဲ့ အသားအရေအရောင် မရမချင်း နေ့တိုင်းလုပ်နိုင်ပါတယ်။

၇။ အုန်းဆီ

အုန်းဆီဟာ အသားအရေကို အစိုဓာတ် ထိန်းသိမ်းပေးပြီး အဖုအပိန့်တွေ ဝက်ခြံတွေကို ပျောက်ကင်းစေနိုင်ပါတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတော့ အုန်းဆီကို တံတောင်နဲ့ ဒူးနေရာမှာ သေချာလိမ်းပြီး ၂-၃ မိနစ်လောက် ညင်သာစွာ နှိပ်နယ်ပေးရုံပါပဲ။

၈။ သင်္ဘောသီးနှင့် ပျားရည်

သင်္သောသီးနှင့် ပျားရည်ကို အရေပြား ကုသဖို့၊ အစိုဓာတ်ထိန်းသိမ်းဖို့၊ ရောင်ရမ်းတာတွေ ကုသဖို့နဲ့ exfoliate လုပ်တဲ့နေရာတွေမှာ သုံးပါတယ်။ ဘယ်လိုလုပ်ရမလဲ ဆိုတော့ သင်္ဘောသီးကို သေးသေးလေးတွေ စိတ်ပြီးတော့ ပျားရည်နှင့်ရောပါ။ ကြေသွားအောင် ခက်ရင်းလေးနဲ့ မွှေပါ။ ပြီးရင် ခြောက်သွေ့နေတဲ့ အသားအရေပေါ်ကို လက်နဲ့ သေချာလေး လိမ်းပေးလိုက်ပါ။ ၁၀ မိနစ်လောက် ခြောက်အောင်ထားပြီး ရေနွေးနဲ့ ဆေးချလိုက်ပါ။

Zombie (Lovemedia)

for zawgyi

ဒူးနဲ႔ တံေတာင္ဆစ္မွာရွိတဲ့ အသားအေရေတြ ျဖဴလာေစမယ့္ သဘာဝနည္းလမ္း (၈) ခု

ဒူးနဲ႔တံေတာင္မွာရွိတဲ့ အသားအေရေတြက တျခားေနရာေတြထက္ ပိုထူပါတယ္။ ၿပီးေတာ့ ေျခာက္ေသြ႕ၿပီး ကြဲအက္ေနတတ္တဲ့အျပင္ မည္းလည္း မည္းေနတတ္ပါတယ္။ ဒါေပမယ့္ အစားအေသာက္ကိုသာ ေသခ်ာစားသုံးၿပီး နည္းနည္းေလာက္ ဂ႐ုစိုက္လိုက္တာနဲ႔ ျဖဴလာတဲ့ နည္းလမ္းေတြ ရွိပါတယ္။ တခ်ိဳ႕အစားအစာေတြက ခႏၵာကိုယ္ကို အက်ိဴးရွိေစတဲ့အျပင္ အသားအေရပါ စိုေျပေစပါတယ္။

၁။ သခြားသီး

သခြားသီးမွာ ေရဓာတ္ (၉၆) ရာခိုင္ႏႈန္း ပါဝင္တာေၾကာင့္ အေရျပားကို အစိုဓာတ္ ေပးတဲ့အခ်ိန္မွာ အေကာင္းဆုံးပါပဲ။ ဒူးနဲ႔ တံေတာင္လို ေနရာမ်ိဳးေတြက ဆဲလ္ေသေတြ စုေနတာေၾကာင့္ မည္းေနရျခင္းပဲ ျဖစ္ပါတယ္။ သခြားသီးကို ထူထူေလးလွီးၿပီး ဒူးနဲ႔တံေတာင္ေနရာမွာ (၁၀) မိနစ္ေလာက္ ပြတ္ပါ။ ၿပီးရင္ ေျခာက္သြားတဲ့အထိ ကပ္ထားလိုက္ၿပီး ေရေအးနဲ႔ ေဆးခ်လိုက္ပါ။ ဒါကို ေန႔တိုင္းလုပ္လို႔ ရပါတယ္။

၂။ နႏြင္းနဲ႔ ပ်ားရည္

နႏြင္းကေတာ့ အိႏၵိယ႐ိုးရာေဆးေတြမွာ မပါမျဖစ္ ပါပါတယ္။ နႏြင္းကို အသားအေရ စိုေျပေအာင္ လုပ္ဖို႔အတြက္လည္း အသုံးျပဳလို႔ ရပါတယ္။ အပင္မွာပါတဲ့ Curcumin ဓာတ္ကအက်ိဴးရွိေစတာပါ။ သူ႔ကို ပ်ားရည္ (ဒါမွမဟုတ္) ဒိန္ခ်ဥ္နဲ႔တြဲၿပီး သုံးလို႔ရပါေသးတယ္။ ဘယ္လိုလုပ္ရမလဲ ဆိုေတာ့ နႏြင္း လက္ဖက္ရည္ ဇြန္းတစ္ဝက္နဲ႔ ပ်ားရည္တစ္ဇြန္းတို႔ကို ေရာလိုက္ပါ။ ၿပီးရင္ ဒူးနဲ႔တံေတာင္ေပၚမွာ ၁၀-၁၅ မိနစ္ေလာက္ ကပ္ထားေပးလိုက္ပါ။ နည္းနည္းၾကာရင္ ေရနဲ႔ေဆးခ်လိုက္ပါ။ ဒီနည္းလမ္းကို တစ္ပတ္မွာ ၂ ႀကိမ္ကေန ၃ႀကိမ္အထိ ျပဳလုပ္ႏိုင္ပါတယ္။

၃။ သံလြင္ဆီႏွင့္ သၾကား

သံလြင္ဆီမွာ အာဟာရဓာတ္ေတြ မ်ားစြာပါဝင္ၿပီး သၾကားမွာေတာ့ exfoliant ဓာတ္ပါဝင္ပါတယ္။ ဒါေၾကာင့္ ဒီႏွစ္မ်ိဳးကို ေရာစပ္ထားတဲ့ အေရာဟာ အသားအေရကို အလြန္အက်ိဳးရွိ ေစပါတယ္။ သၾကားနဲ႔ သံလြင္ဆီတို႔ကို ပ်စ္ပ်စ္ေလးေရာၿပီး ေမႊလိုက္ပါ။ ၿပီးရင္ ဒူးနဲ႔တံေတာင္ဆစ္ေနရာမွာ စက္ဝိုင္းပုံစံ (၅) မိနစ္ေလာက္ ကပ္ထားေပးပါ။ ၿပီးရင္ေတာ့ ေရေႏြးေႏြးေလးနဲ႔ ေဆးခ်လိုက္ပါ။

၄။ ႏို႔ႏွင့္ မုန႔္ဖုတ္ေဆာ္ဒါ

မုန႔္ဖုတ္ေဆာ္ဒါမွာပါတဲ့ exfoliating ဓာတ္က အသားအေရကို ၾကည္လင္ေစၿပီးေတာ့ ဆဲလ္ေသေတြကို ဖယ္ရွားေပးႏိုင္ပါတယ္။ ဒူးနဲ႔တံေတာင္မွာရွိတဲ့ အမာ႐ြတ္ေတြကိုလည္း ေလ်ာ့နည္းေစပါတယ္။ ႏြားႏို႔မွာေတာ့ လက္တစ္အက္ဆစ္ပါဝင္ၿပီး အသားအေရရဲ႕ အစိုဓာတ္ကို ထိန္းသိမ္းေပးႏိုင္ပါတယ္။ ႏြားႏို႔နဲ႔ မုန႔္ဖုတ္ေဆာ္ဒါတစ္ဇြန္းကို ေရာၿပီးေမႊလိုက္ပါ။ ၿပီးရင္ ဒူးနဲ႔ တံေတာင္ေနရာမွာ ၂ မိနစ္ကေန ၃ မိနစ္ေလာက္ထိ လိမ္းထားလိုက္ပါ။ အခ်ိန္ျပည့္သြားရင္ ေရနဲ႔ေဆးခ်လိုက္ပါ။ ဒီနည္းလမ္းကို တစ္ရက္ျခားတစ္ခါ ျပဳလုပ္ႏိုင္ပါတယ္။

၅။ ရွားေစာင္းလက္ပတ္ဂ်ယ္

သုေတသန ေတြ႕ရွိခ်က္ေတြအရ ရွားေစာင္းလက္ပတ္ဟာ အသားအေရကို ညီညာေစၿပီးေတာ့ ေနေရာင္ျခည္ေၾကာင့္ ဆဲလ္ေတြ ပ်က္ဆီးတာကေနလည္း ကာကြယ္ေပးပါတယ္။ အစိုဓာတ္လဲ ေတာ္ေတာ္မ်ားမ်ား ပါဝင္ပါတယ္။ ဘယ္လိုလုပ္ရမလဲ ဆိုေတာ့ ရွားေစာင္းလက္ပတ္ကို ခ်ိဳးၿပီး အထဲက ဂ်ယ္လီေတြကို ယူပါ။ မိနစ္ (၂၀) ေလာက္ လိမ္းထားၿပီး ေရေအးနဲ႔ ေဆးခ်လိုက္ပါ။

၆။ ဒိန္ခ်ဥ္ႏွင့္ ပန္းသီးရွာလကာရည္

ဒိန္ခ်ဥ္မွာ ပါဝင္တဲ့ ဗီတာမင္ B12 ဟာ hyperpigmentation ကို တိုးတက္ေစပါတယ္။ B2 ကေတာ့ အသားအေရစိုေျပေစပါတယ္။ ပန္းသီးရွာလကာရည္မွာပါတဲ့ acetic acid ဓာတ္ကလည္း အသားအေရကို လွပေစပါတယ္။ ဒိန္ခ်ဥ္တစ္ဇြန္းနဲ႔ ပန္းသီးရွာလကာရည္ တစ္ဇြန္းတို႔ကို ေရာလိုက္ပါ။ ၿပီးရင္ ဒူးနဲ႔တံေတာင္ေပၚမွာ လိမ္းလိုက္ပါ။ ၁၅-၂၀ မိနစ္ေလာက္ထားၿပီး ေရနဲ႔ေဆးခ်လိုက္ပါ။ ဒါကိုေတာ့ သင္လိုခ်င္တဲ့ အသားအေရအေရာင္ မရမခ်င္း ေန႔တိုင္းလုပ္ႏိုင္ပါတယ္။

၇။ အုန္းဆီ

အုန္းဆီဟာ အသားအေရကို အစိုဓာတ္ ထိန္းသိမ္းေပးၿပီး အဖုအပိန႔္ေတြ ဝက္ၿခံေတြကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ဘယ္လိုလုပ္ရမလဲ ဆိုေတာ့ အုန္းဆီကို တံေတာင္နဲ႔ ဒူးေနရာမွာ ေသခ်ာလိမ္းၿပီး ၂-၃ မိနစ္ေလာက္ ညင္သာစြာ ႏွိပ္နယ္ေပး႐ုံပါပဲ။

၈။ သေဘၤာသီးႏွင့္ ပ်ားရည္

သေသၤာသီးႏွင့္ ပ်ားရည္ကို အေရျပား ကုသဖို႔၊ အစိုဓာတ္ထိန္းသိမ္းဖို႔၊ ေရာင္ရမ္းတာေတြ ကုသဖို႔နဲ႔ exfoliate လုပ္တဲ့ေနရာေတြမွာ သုံးပါတယ္။ ဘယ္လိုလုပ္ရမလဲ ဆိုေတာ့ သေဘၤာသီးကို ေသးေသးေလးေတြ စိတ္ၿပီးေတာ့ ပ်ားရည္ႏွင့္ေရာပါ။ ေၾကသြားေအာင္ ခက္ရင္းေလးနဲ႔ ေမႊပါ။ ၿပီးရင္ ေျခာက္ေသြ႕ေနတဲ့ အသားအေရေပၚကို လက္နဲ႔ ေသခ်ာေလး လိမ္းေပးလိုက္ပါ။ ၁၀ မိနစ္ေလာက္ ေျခာက္ေအာင္ထားၿပီး ေရေႏြးနဲ႔ ေဆးခ်လိုက္ပါ။

Zombie (Lovemedia)

Post a Comment

0 Comments