ဝံပုလွေနဲ့ သိုးငယ်

ရှေးရှေးတုန်းက ရေစီးနေသော ချောင်းငယ် တခုတွင် ဝံပုလွေ တကောင်က အထက်ဘက်က ရေသောက် နေ၏။ ထိုအချိန် သိုးငယ် တကောင်ကလည်း ချောင်းအောက်ဘက် အတန်ကွာကွာမှာ ရေသောက်နေ၏။

ဝံပုလွေသည် သိုးငယ်ကို မြင်သော် မိမိဝမ်းကို ဖြည့်တင်းရန် အတွက် ကိုက်သတ် စားချင်လာ၏ ။ ဒီအတိုင်း ဖမ်းစားလျှင် မိမိကို မတရားဘူးဟု ပြောကြမည်။ ထို့ကြောင့် သိုးငယ် ရှိရာသို့ မျက်မှောင်ကြုတ်၍ ကြည့်လိုက်သည် ။

" ဟေ့ သိုးငယ်ကောင် ဒီမှာ ငါ ရေသောက်နေတယ် ၊ မင်းဘာလို့ ငါ့ရေကို နှောက်ရတာလဲ "

သိုးငယ်လေးက ပြန်ဖြေတယ်

" ကျနော် နှောက်၍ မရပါ ၊ ရေဟာ အရှင် ဝံပုလွေကြီး ဆီက ကျနော်ဆီကို စီးဆင်းနေရသည့် အတွက် ကျနော့်ဆီ မှာသာ ရေတွေ နောက်လာနိုင်ပါတယ် "

ဝံပုလွေက တွေ၍ စဉ်းစားပြီးနောက် သိုးငယ်ဘက်သို့ ရန်လိုသော ဟန်ပန်ဖြင့် ရှေးရှု၍ ရပ်လိုက်၏ ။

" အေး အဲဒါ ထားလိုက်အုံး ၊ မင်း မနှစ်က ဆိုရင် ငါ့အကြောင်းကို မကောင်းကြောင်း လျှောက်ပြောနေတာပဲ မဟုတ်လား "

သိုးငယ်လေးကလည်း

" မဟုတ်ရပါဘူး ခင်ဗျာ ၊ ကျနော် မနှစ်က မမွေးသေး ပါဘူး ။ အခုမှ ကျနော့် အသက် ၃ လ သားပဲ ရှိပါသေးတယ် "

ထိုအခါ ဝံပုလွေက

" မင်း မနှစ်က မမွေးသေးဘူး ဆိုရင်လည်း မင်းအဖေ ဖြစ်မှာပေါ့ ။ မင်းတို့ သိုးကောင်တွေဟာ အတူတူ ချည်းပဲ ၊ နောင် ငါ့အကြောင်း မကောင်း ပြောချင်ကြအုံး ကဲ "

ဝံပုလွေကြီးသည် သိုးငယ်ကို ကိုက်သတ် စားလိုက်၏ ။ ဒီပုံပြင်လေးကို ကြားဖူးကြမှာပါ။ ဘဝမှာ ပုံပြင်ထဲက ဝံပုလွေလို အတန်းစားတွေနဲ့ နယ်ပယ် အသီးသီးမှာ တွေ့နိုင်တယ် ။

အကျင့်ယုတ်တဲ့ သူဟာ အကျင့်ယုတ်ဖို့ကိုပဲ ချောင်းနေမှာပါ ။ သူတို့နဲ့ ညှိနှိုင်းဖို့ မဖြစ်နိုင်ပါ ။

Crd

Zawgyi

ဝံပုေလြနဲ႔ သိုးငယ္

ေရွးေရွးတုန္းက ေရစီးေနေသာ ေခ်ာင္းငယ္ တခုတြင္ ဝံပုေလြ တေကာင္က အထက္ဘက္က ေရေသာက္ ေန၏။ ထိုအခ်ိန္ သိုးငယ္ တေကာင္ကလည္း ေခ်ာင္းေအာက္ဘက္ အတန္ကြာကြာမွာ ေရေသာက္ေန၏။

ဝံပုေလြသည္ သိုးငယ္ကို ျမင္ေသာ္ မိမိဝမ္းကို ျဖည့္တင္းရန္ အတြက္ ကိုက္သတ္ စားခ်င္လာ၏ ။ ဒီအတိုင္း ဖမ္းစားလွ်င္ မိမိကို မတရားဘူးဟု ေျပာၾကမည္။ ထို႔ေၾကာင့္ သိုးငယ္ ရွိရာသို႔ မ်က္ေမွာင္ၾကဳတ္၍ ၾကည့္လိုက္သည္ ။

" ေဟ့ သိုးငယ္ေကာင္ ဒီမွာ ငါ ေရေသာက္ေနတယ္ ၊ မင္းဘာလို႔ ငါ့ေရကို ေႏွာက္ရတာလဲ "

သိုးငယ္ေလးက ျပန္ေျဖတယ္

" က်ေနာ္ ေႏွာက္၍ မရပါ ၊ ေရဟာ အရွင္ ဝံပုေလြႀကီး ဆီက က်ေနာ္ဆီကို စီးဆင္းေနရသည့္ အတြက္ က်ေနာ့္ဆီ မွာသာ ေရေတြ ေနာက္လာႏိုင္ပါတယ္ "

ဝံပုေလြက ေတြ၍ စဥ္းစားၿပီးေနာက္ သိုးငယ္ဘက္သို႔ ရန္လိုေသာ ဟန္ပန္ျဖင့္ ေရွးရႈ၍ ရပ္လိုက္၏ ။

" ေအး အဲဒါ ထားလိုက္အုံး ၊ မင္း မႏွစ္က ဆိုရင္ ငါ့အေၾကာင္းကို မေကာင္းေၾကာင္း ေလွ်ာက္ေျပာေနတာပဲ မဟုတ္လား "

သိုးငယ္ေလးကလည္း

" မဟုတ္ရပါဘူး ခင္ဗ်ာ ၊ က်ေနာ္ မႏွစ္က မေမြးေသး ပါဘူး ။ အခုမွ က်ေနာ့္ အသက္ ၃ လ သားပဲ ရွိပါေသးတယ္ "

ထိုအခါ ဝံပုေလြက

" မင္း မႏွစ္က မေမြးေသးဘူး ဆိုရင္လည္း မင္းအေဖ ျဖစ္မွာေပါ့ ။ မင္းတို႔ သိုးေကာင္ေတြဟာ အတူတူ ခ်ည္းပဲ ၊ ေနာင္ ငါ့အေၾကာင္း မေကာင္း ေျပာခ်င္ၾကအုံး ကဲ "

ဝံပုေလြႀကီးသည္ သိုးငယ္ကို ကိုက္သတ္ စားလိုက္၏ ။ ဒီပုံျပင္ေလးကို ၾကားဖူးၾကမွာပါ။ ဘဝမွာ ပုံျပင္ထဲက ဝံပုေလြလို အတန္းစားေတြနဲ႔ နယ္ပယ္ အသီးသီးမွာ ေတြ႕ႏိုင္တယ္ ။

အက်င့္ယုတ္တဲ့ သူဟာ အက်င့္ယုတ္ဖို႔ကိုပဲ ေခ်ာင္းေနမွာပါ ။ သူတို႔နဲ႔ ညႇိႏႈိင္းဖို႔ မျဖစ္ႏိုင္ပါ ။

Crd

Post a Comment

0 Comments