သိုးလိုနေခွေးလိုမနေနဲ့

တနေ့သောအခါ တောကစားထွက်လာတဲ့ ဘုရင်က ရွာအနီး မြက်ခင်းတွင် သိုးအုပ်ကြီးကို တွေ့လိုက်ရ သဖြင့် သူနှင့်အတူ မြင်းစီးကာ ဘေးချင်းယှဉ်လိုက်လာသော ပညာရှိ အမတ်ကြီးကို မေးလိုက်လေသည်။

" အမတ်ကြီး ဘယ်မှာကြည့်လိုက် ကြည့်လိုက် သိုးတွေက အုပ်စုလိုက် တွေ့ရတယ်နော် "

" ခွေးတွေ ကိုတော့ ဘာဖြစ်လို့ အဲဒီလို အုပ်စုလိုက် မတွေ့ရတာလဲ "

" မှန်လှပါ အရှင်မင်းကြီးရဲ့ မေးခွန်းကို မနက်ဖြန်မှ ဖြေပါရစေဘုရား "

" ကောင်းပြီလေ "

ထိုနေ့ နန်းတော်ကို ပြန်ရောက်လာသည့် ညနေတွင် အမတ်ကြီးက အခန်းနှစ်ခန်းကို ပြင်ဆင်စေသည် ။ အခန်း တခန်းထဲတွင် အသားပုံကြီးတပုံကို ချထားပြီး ခွေး အကောင် ၂၀ ကို ထည့်ကာ သော့ပိတ်ထား လိုက်သည် ။ အခြားအခန်းထဲတွင် မြက်ထုံးများကို ချကာ သိုးအကောင် ၂၀ ကို အခန်းအတွင်း မောင်းသွင်းပြီး တံခါးပိတ်ထား လိုက်လေသည်။

နောက်တနေ့ မနက်တွင် အမတ်ကြီးက သူစီမံထားသည့် အကြောင်းအရာကို မင်းကြီးအား လျှောက်တင်ကာ အခန်းများဆီသို့ ခေါ်လာလေသည် ။

ခွေးတွေ ထည့်ထားသည့် ပထမ အခန်းကို ဖွင့်လိုက်သည် ဘုရင်ကြီးက အံ့အားသင့် သွားသည် ။ ခွေးတွေ အားလုံး အသက်ပျောက် နေသည်။ အခန်းအလယ်တွင် ချထားသည့် အသားပုံကြီးကား နေရာမပျက် ရှိနေသည် ခွေးတကောင်မျှ အသားပုံကို စားသွားသည့်ပုံမ ပေါ်။

နောက်တခန်းကို ဘုရင်အား ခေါ်ပြီး ဖွင့်ကြည့်ကြသည် သိုးတွေ အားလုံး လှဲလျောင်းကာ အိပ်စက်နေ ကြသည်။ အခန်းအလယ်တွင် ချပေးထားသည့် မြက်တွေလည်း မရှိတော့ပေ။

ထိုအဖြစ်အပျက်များကို ဘုရင်ကြီးအား အမတ်ကြီးက ပြသပြီးနောက် " ခွေးတွေဟာ သူတို့ကို ကျွေးထားတဲ့ အသားတွေကို တစက်မျှ မစားရဘဲ သေကုန်ကြရ ခြင်းမှာ တကောင်နှင့် တကောင် တိုက်ခိုက်ကာ တကိုယ်ကောင်းဆန်ခြင်းကြောင့် ပါဘုရား ၊ သိုးတွေကတော့ အေးချမ်းစွာ မျှ ဝေစားသောက်တတ်သည့် အလေ့အထကြောင့် အသက်ရှင်ကာ နေထိုင်နိုင်ခြင်း ဖြစ်ကြောင်းပါဘုရား " ဟု လျှောက်တင်လေသည်။

ခွေးများသည် အုပ်စုလိုက်ဖွဲ့ကာ နေထိုင်တတ်သော အလေ့အထ နည်းလေသည် ။ အကောင်နည်းနည်း စုမိလျှင်ပင် ပြဿနာရှာကာ မာန်ဖီတတ်သည် အစားအစာ နှင့် ကာမ အတွက်ဆိုလျှင် ခွေးများသည် တကောင်နှင့် တကောင် မညှာမတာ ကိုက်ကြ မာန်ဖီတတ်ကြသည် ။

ရှေးလူကြီးများက ခွေးလို မနေနှင့် သိုးတွေလိုနေ ဟု ဆုံးမကြခြင်းမှာ တကောင်နှင့်တကောင် မကိုက်ဘဲ ငြိမ်ချမ်းစွာဖြင့် အတူတကွ မျှဝေတတ်သော စိတ်ရှိသည့် လူ့ဘောင်အဖွဲ့အစည်း သည်သာ တိုးတက်စည်ပင် ဖွံ့ဖြိုးမည်ဖြစ်ကြောင်းကို ပြဆိုခြင်းဖြစ်သည်။ ခွေးတွေလို ငါ့တွက် ငါ့ဟာ ငါ့ဥစ္စာ ဆိုပြီး လောဘတက် ကိုက်လျှင် သေကြမည် ။

အတ္တ လောဘ နဲ့ တကိုယ်ကောင်းစိတ် မွေးသူများသည် ခွေးသဏ္ဍန် နှင့် တူပေသည် ။ သိုးတွေလို မျှဝေစိတ်ထားလျှင် ရှင်ကြမည် ။ သူ့ဖက် ကိုယ့်ဖက် သူ့အတွက် ကိုယ်အတွက် မျှတစွာ နေထိုင်သူသည် သိုးသဏ္ဍန်နှင့် တူပေသည် ။

တင်ညွန့်

Zawgyi

သိုးလိုေနေခြးလိုမေနနဲ႔

တေန႔ေသာအခါ ေတာကစားထြက္လာတဲ့ ဘုရင္က ႐ြာအနီး ျမက္ခင္းတြင္ သိုးအုပ္ႀကီးကို ေတြ႕လိုက္ရ သျဖင့္ သူႏွင့္အတူ ျမင္းစီးကာ ေဘးခ်င္းယွဥ္လိုက္လာေသာ ပညာရွိ အမတ္ႀကီးကို ေမးလိုက္ေလသည္

" အမတ္ႀကီး ဘယ္မွာၾကည့္လိုက္ ၾကည့္လိုက္ သိုးေတြက အုပ္စုလိုက္ ေတြ႕ရတယ္ေနာ္ "

" ေခြးေတြ ကိုေတာ့ ဘာျဖစ္လို႔ အဲဒီလို အုပ္စုလိုက္ မေတြ႕ရတာလဲ "

" မွန္လွပါ အရွင္မင္းႀကီးရဲ႕ ေမးခြန္းကို မနက္ျဖန္မွ ေျဖပါရေစဘုရား "

" ေကာင္းၿပီေလ "

ထိုေန႔ နန္းေတာ္ကို ျပန္ေရာက္လာသည့္ ညေနတြင္ အမတ္ႀကီးက အခန္းႏွစ္ခန္းကို ျပင္ဆင္ေစသည္ ။ အခန္း တခန္းထဲတြင္ အသားပုံႀကီးတပုံကို ခ်ထားၿပီး ေခြး အေကာင္ ၂၀ ကို ထည့္ကာ ေသာ့ပိတ္ထား လိုက္သည္ ။ အျခားအခန္းထဲတြင္ ျမက္ထုံးမ်ားကို ခ်ကာ သိုးအေကာင္ ၂၀ ကို အခန္းအတြင္း ေမာင္းသြင္းၿပီး တံခါးပိတ္ထား လိုက္ေလသည္။

ေနာက္တေန႔ မနက္တြင္ အမတ္ႀကီးက သူစီမံထားသည့္ အေၾကာင္းအရာကို မင္းႀကီးအား ေလွ်ာက္တင္ကာ အခန္းမ်ားဆီသို႔ ေခၚလာေလသည္ ။

ေခြးေတြ ထည့္ထားသည့္ ပထမ အခန္းကို ဖြင့္လိုက္သည္ ဘုရင္ႀကီးက အံ့အားသင့္ သြားသည္ ။ ေခြးေတြ အားလုံး အသက္ေပ်ာက္ ေနသည္။ အခန္းအလယ္တြင္ ခ်ထားသည့္ အသားပုံႀကီးကား ေနရာမပ်က္ ရွိေနသည္ ေခြးတေကာင္မွ် အသားပုံကို စားသြားသည့္ပုံမ ေပၚ။

ေနာက္တခန္းကို ဘုရင္အား ေခၚၿပီး ဖြင့္ၾကည့္ၾကသည္ သိုးေတြ အားလုံး လွဲေလ်ာင္းကာ အိပ္စက္ေန ၾကသည္။ အခန္းအလယ္တြင္ ခ်ေပးထားသည့္ ျမက္ေတြလည္း မရွိေတာ့ေပ။

ထိုအျဖစ္အပ်က္မ်ားကို ဘုရင္ႀကီးအား အမတ္ႀကီးက ျပသၿပီးေနာက္ " ေခြးေတြဟာ သူတို႔ကို ေကြၽးထားတဲ့ အသားေတြကို တစက္မွ် မစားရဘဲ ေသကုန္ၾကရ ျခင္းမွာ တေကာင္ႏွင့္ တေကာင္ တိုက္ခိုက္ကာ တကိုယ္ေကာင္းဆန္ျခင္းေၾကာင့္ ပါဘုရား ၊ သိုးေတြကေတာ့ ေအးခ်မ္းစြာ မွ် ေဝစားေသာက္တတ္သည့္ အေလ့အထေၾကာင့္ အသက္ရွင္ကာ ေနထိုင္ႏိုင္ျခင္း ျဖစ္ေၾကာင္းပါဘုရား " ဟု ေလွ်ာက္တင္ေလသည္။

ေခြးမ်ားသည္ အုပ္စုလိုက္ဖြဲ႕ကာ ေနထိုင္တတ္ေသာ အေလ့အထ နည္းေလသည္ ။ အေကာင္နည္းနည္း စုမိလွ်င္ပင္ ျပႆနာရွာကာ မာန္ဖီတတ္သည္ အစားအစာ ႏွင့္ ကာမ အတြက္ဆိုလွ်င္ ေခြးမ်ားသည္ တေကာင္ႏွင့္ တေကာင္ မညႇာမတာ ကိုက္ၾက မာန္ဖီတတ္ၾကသည္ ။

ေရွးလူႀကီးမ်ားက ေခြးလို မေနႏွင့္ သိုးေတြလိုေန ဟု ဆုံးမၾကျခင္းမွာ တေကာင္ႏွင့္တေကာင္ မကိုက္ဘဲ ၿငိမ္ခ်မ္းစြာျဖင့္ အတူတကြ မွ်ေဝတတ္ေသာ စိတ္ရွိသည့္ လူ႔ေဘာင္အဖြဲ႕အစည္း သည္သာ တိုးတက္စည္ပင္ ဖြံ႕ၿဖိဳးမည္ျဖစ္ေၾကာင္းကို ျပဆိုျခင္းျဖစ္သည္။ ေခြးေတြလို ငါ့တြက္ ငါ့ဟာ ငါ့ဥစၥာ ဆိုၿပီး ေလာဘတက္ ကိုက္လွ်င္ ေသၾကမည္ ။

အတၱ ေလာဘ နဲ႔ တကိုယ္ေကာင္းစိတ္ ေမြးသူမ်ားသည္ ေခြးသ႑န္ ႏွင့္ တူေပသည္ ။ သိုးေတြလို မွ်ေဝစိတ္ထားလွ်င္ ရွင္ၾကမည္ ။ သူ႔ဖက္ ကိုယ့္ဖက္ သူ႔အတြက္ ကိုယ္အတြက္ မွ်တစြာ ေနထိုင္သူသည္ သိုးသ႑န္ႏွင့္ တူေပသည္ ။

တင္ၫြန႔္

Post a Comment

0 Comments