ကင်းမြီးကောက်လို သားသမီး

ကင်းမြီးကောက် မိခင်တွေရဲ့ သဘော သဘာဝက ကလေး မွေးဖွားပြီးတဲ့ နောက်မှာ ကိုယ့် ကလေးတွေကို ကိုယ့် ခန္ဓာကိုယ်မှာ တက်နေခိုင်းတာပါပဲ ။

ကင်းမြီးကောက် အပေါက်ကလေးတွေဟာ ကင်းမြီးကောက် မိခင်ကြီးရဲ့ ကိုယ်ပေါ်မှာ နေရင်းနဲ့ ကင်းမြီးကောက် မိခင်ရဲ့ ကိုယ်က အသားတွေကိုပါ တဖြည်းဖြည်း စားလိုက် ကြပါတယ် ။ သူတို့ အမေလည်း သေရော သူတို့ လေးတွေ ကြီးလာရော ပေါ့ ။

သူတို့ ကိုယ်တိုင် လည်း သွားနိုင် လာနိုင်ရုံ မက ရှာဖွေ စားသောက်နိုင် ပြီပေါ့ ။ ဘယ်လောက် အထိ ကင်းမြီးကောက်မကြီးရဲ့ ကိုယ်က အသားတွေကို စားလည်း ဆိုရင် ကင်းမြီးကောက်မကြီး သေဆုံး သွားတဲ့ အထိ ပေါ့ ။

ယနေ့ ကျွန်တော်တို့ရဲ့ အခြေအနေ ကလည်း အဲဒီ ကင်းမြီးကောက်လေး တွေလို ဖြစ်နေတယ် ။ မိဘဖြစ်သူက ဘဝ တလျှောက်လုံး ကိုယ့်သားတွေ သမီးတွေ အတွက် မိမိတို့ ဘဝ ကို သွေး ချွေး ရင်းပြီး ပြုစု ပျိုးထောင် ကြတယ် ။

ဒါပေမယ့် သားသမီးက ကြီးလာတဲ့ အခါ ကိုယ်စီ ကိုယ်စီ အိပ်ထောင် ပြုလိုက်ကြတယ် ။ အဲဒီအချိန် မိဘတွေက အိုနေပြီလေ ။

အဲ့ဒီအခါမှာ တောင် တချို့ သားသမီးတွေက မိဘကို ပြောကြသေးတယ် ။ အမေတို့ အသုံး မကျလို့ ၊အဖေတို့ အသုံး မကျလို့ ကျွန်တော် ၊ ကျွန်မတို့ ဘဝ ဒီလိုဖြစ်နေတာတဲ့ ။

သနားစရာ အသက်အရွယ် ကြီးလာတဲ့ မိဘတွေကို မစောင့်ရှောက်တဲ့ အပြင် ပစ်ထားလိုက် ကြတယ် ။ အဲ့ဒီလို သားသမီးတွေဟာ ကင်းမြီးကောက် တွေနဲ့ ပမာ တူညီပါတယ် ။ ဒါ့ကြောင့် ကင်းမြီးကောက်လို သားသမီးများ မဖြစ်ကြ ပါစေနဲ့ ။

Crd

Zawgyi

ကင္းၿမီးေကာက္လို သားသမီး

ကင္းၿမီးေကာက္ မိခင္ေတြရဲ႕ သေဘာ သဘာဝက ကေလး ေမြးဖြားၿပီးတဲ့ ေနာက္မွာ ကိုယ့္ ကေလးေတြကို ကိုယ့္ ခႏၶာကိုယ္မွာ တက္ေနခိုင္းတာပါပဲ ။

ကင္းၿမီးေကာက္ အေပါက္ကေလးေတြဟာ ကင္းၿမီးေကာက္ မိခင္ႀကီးရဲ႕ ကိုယ္ေပၚမွာ ေနရင္းနဲ႔ ကင္းၿမီးေကာက္ မိခင္ရဲ႕ ကိုယ္က အသားေတြကိုပါ တျဖည္းျဖည္း စားလိုက္ ၾကပါတယ္ ။ သူတို႔ အေမလည္း ေသေရာ သူတို႔ ေလးေတြ ႀကီးလာေရာ ေပါ့ ။

သူတို႔ ကိုယ္တိုင္ လည္း သြားႏိုင္ လာႏိုင္႐ုံ မက ရွာေဖြ စားေသာက္ႏိုင္ ၿပီေပါ့ ။ ဘယ္ေလာက္ အထိ ကင္းၿမီးေကာက္မႀကီးရဲ႕ ကိုယ္က အသားေတြကို စားလည္း ဆိုရင္ ကင္းၿမီးေကာက္မႀကီး ေသဆုံး သြားတဲ့ အထိ ေပါ့ ။

ယေန႔ ကြၽန္ေတာ္တို႔ရဲ႕ အေျခအေန ကလည္း အဲဒီ ကင္းၿမီးေကာက္ေလး ေတြလို ျဖစ္ေနတယ္ ။ မိဘျဖစ္သူက ဘဝ တေလွ်ာက္လုံး ကိုယ့္သားေတြ သမီးေတြ အတြက္ မိမိတို႔ ဘဝ ကို ေသြး ေခြၽး ရင္းၿပီး ျပဳစု ပ်ိဳးေထာင္ ၾကတယ္ ။

ဒါေပမယ့္ သားသမီးက ႀကီးလာတဲ့ အခါ ကိုယ္စီ ကိုယ္စီ အိပ္ေထာင္ ျပဳလိုက္ၾကတယ္ ။ အဲဒီအခ်ိန္ မိဘေတြက အိုေနၿပီေလ ။

အဲ့ဒီအခါမွာ ေတာင္ တခ်ိဳ႕ သားသမီးေတြက မိဘကို ေျပာၾကေသးတယ္ ။ အေမတို႔ အသုံး မက်လို႔ ၊အေဖတို႔ အသုံး မက်လို႔ ကြၽန္ေတာ္ ၊ ကြၽန္မတို႔ ဘဝ ဒီလိုျဖစ္ေနတာတဲ့ ။

သနားစရာ အသက္အ႐ြယ္ ႀကီးလာတဲ့ မိဘေတြကို မေစာင့္ေရွာက္တဲ့ အျပင္ ပစ္ထားလိုက္ ၾကတယ္ ။ အဲ့ဒီလို သားသမီးေတြဟာ ကင္းၿမီးေကာက္ ေတြနဲ႔ ပမာ တူညီပါတယ္ ။ ဒါ့ေၾကာင့္ ကင္းၿမီးေကာက္လို သားသမီးမ်ား မျဖစ္ၾက ပါေစနဲ႔ ။

Crd

Post a Comment

0 Comments