ထိုင်ထအခေါက် (၁၅၀) လုပ်ခိုင်းပြီး အပြစ်​ပေးတာကြောင့် တစ်သက်လုံး မသန်စွမ်းဖြစ်သွားခဲ့တဲ့ ကျောင်းသူ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း၊ စီချွမ်ပြည်နယ်မှာရှိတဲ့ အသက် (၁၄) နှစ်အရွယ် ကျောင်းသူတစ်ဦးဟာ ဆရာမရဲ့ လုပ်ခိုင်းတဲ့ ထိုင်ထအပြစ်ပေးမှုကြောင့် တစ်သက်လုံး မသန်စွမ်းဖြစ်သွားတဲ့ အခြေအနေမျိုးကို ရောက်ရှိသွားပါတယ်။ ဒီအဖြစ်အပျက်ဟာ လွန်ခဲ့တဲ့ ဇွန်လတုန်းက ဖြစ်ပျက်ခဲ့တာပါ။

ဖော်ပြချက်တွေ အရကတော့ Xianshi Vocational Senior High School မှာ Mu လို့ခေါ်တဲ့ ကျောင်းသားခေါင်းဆောင် တစ်ဦးက Ren လို့ခေါ်တဲ့ ကျောင်းသူလေးတစ်ဦးကို အပြစ်ပေးခဲ့ရာကနေ စတယ်လို့ ပြောပါတယ်။ Ren ဟာ အိပ်ဆောင်ထဲကို မုန့်တွေ ခိုးယူလာတာဟာ အိပ်ဆောင်ရဲ့ စည်းကမ်းကို ဖောက်ဖျက်တာလို့ ဆိုပါတယ်။

အဲဒီအချိန်မှာ အိပ်ဆောင်ကို စောင့်ကြပ်တဲ့ ဆရာမက Ren ကို အပြစ်ပေးခဲ့တာပါ။ Ren ရဲ့ အမေဖြစ်သူ Zhou ရဲ့ ပြောပြချက်အရကတော့ အရင်နှစ် ဇွန်လ (၁၀) ရက်၊ ည (၁၀) နာရီလောက်မှာ Mu နဲ့ Liu တို့ဟာ Ren ရဲ့အိပ်ဆောင်ကို စစ်ဆေးတဲ့ အချိန်မှာ တစ်စုံတစ်ဦးရဲ့ ခွင့်ပြုချက် မပါပဲနဲ့ သူတို့သဘောနဲ့ သူတို့စစ်ဆေးခဲ့ကြတာပါ။

Mu ဟာ Ren ရဲ့ အိပ်ယာပေါ်မှာ မုန့်ထုပ်ကို တွေ့ခဲ့တာကြောင့် ပြစ်ဒဏ်အနေနဲ့ ထိုင်ထ (၃၀၀) လုပ်ခိုင်းခဲ့ပါတယ်။ Ren ကလည်း သူ့ရဲ့မုန့်ထုတ် မဟုတ်ဘူးဆိုတာကို ပြန်လည်ပြောပါတယ်။ ဒါကြောင့် ထိုင်ထအခေါက်ရေ (၁၅၀) ထိ လုပ်ခိုင်းခဲ့ပါတယ်။

ဒီအဖြစ်အပျက် ပြီးသွားတဲ့အခါမှာ Ren ရဲ့ခြေထောက်ဟာ ဝေဒနာကို အပြင်းအထန် ခံစားခဲ့ရပြီး ဆေးရုံမှာ ဆေးကုသမှုတွေများစွာ လုပ်ခဲ့ရသလို ခွဲစိတ်မှုတွေလည်း လုပ်ခဲ့ရပါတယ်။ ကံမကောင်းစွာနဲ့ပဲ ထိုင်ထရဲ့ဒဏ်တွေကြောင့် သူမရဲ့ခြေထောက်ဟာ လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါဘူး။ ချိုင်းထောက်ရဲ့ အကူအညီနဲ့သာ သွားလာနေရပါတယ်။

သူမဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ရုံသာမကပဲ စိတ်ဓာတ်တွေပါ ထိုးကျခဲ့ရပါတယ်။ ကျောင်းက ဆရာတစ်ဦးရဲ့ ပြောကြားချက်အရ Rem နဲ့ Mu ကြားမှာလည်း ပြဿနာ ကြီးကြီးကျယ်ကျယ် တက်ဖူးတာမျိုးတွေ မရှိဖူးပါဘူး။

Ren ရဲ့မိဘတွေဟာ ကျောင်းကို ဆေးကုသစရိတ်နဲ့ နောက်ဆက်တွဲဖြစ်လာမယ့် အရာတွေအတွက် လျော်ကြေး တောင်းခဲ့ပေမယ့်လည်း အခုထိ ဖြေရှင်းပေးမှုမရှိကြောင်း သတင်းတွေ ထွက်ခဲ့ပါတယ်။ ပြီးတော့ ဆေးကုသစရိတ် (၁၀၉,၇၇၄) ယွမ် ကိုလည်း ကျောင်းက ဖုံးကွယ်ထားပါသေးတယ်။ အပြစ်ပေးတဲ့ဆရာမကိုလည်း ကျောင်းကနေ အလုပ်ထုတ်ခဲ့ပါတယ်။

Zombie (Lovemedia)

for zawgyi

ထိုင္ထအေခါက္ (၁၅၀) လုပ္ခိုင္းၿပီး အျပစ္​ေပးတာေၾကာင့္ တစ္သက္လုံး မသန္စြမ္းျဖစ္သြားခဲ့တဲ့ ေက်ာင္းသူ

တ႐ုတ္ႏိုင္ငံ အေနာက္ေတာင္ပိုင္း၊ စီခြၽမ္ျပည္နယ္မွာရွိတဲ့ အသက္ (၁၄) ႏွစ္အ႐ြယ္ ေက်ာင္းသူတစ္ဦးဟာ ဆရာမရဲ႕ လုပ္ခိုင္းတဲ့ ထိုင္ထအျပစ္ေပးမႈေၾကာင့္ တစ္သက္လုံး မသန္စြမ္းျဖစ္သြားတဲ့ အေျခအေနမ်ိဳးကို ေရာက္ရွိသြားပါတယ္။ ဒီအျဖစ္အပ်က္ဟာ လြန္ခဲ့တဲ့ ဇြန္လတုန္းက ျဖစ္ပ်က္ခဲ့တာပါ။

ေဖာ္ျပခ်က္ေတြ အရကေတာ့ Xianshi Vocational Senior High School မွာ Mu လို႔ေခၚတဲ့ ေက်ာင္းသားေခါင္းေဆာင္ တစ္ဦးက Ren လို႔ေခၚတဲ့ ေက်ာင္းသူေလးတစ္ဦးကို အျပစ္ေပးခဲ့ရာကေန စတယ္လို႔ ေျပာပါတယ္။ Ren ဟာ အိပ္ေဆာင္ထဲကို မုန္႔ေတြ ခိုးယူလာတာဟာ အိပ္ေဆာင္ရဲ႕ စည္းကမ္းကိုေဖာက္ဖ်က္တာလို႔ ဆိုပါတယ္။

အဲဒီအခ်ိန္မွာ အိပ္ေဆာင္ကို ေစာင့္ၾကပ္တဲ့ ဆရာမက Ren ကို အျပစ္ေပးခဲ့တာပါ။ Ren ရဲ႕ အေမျဖစ္သူ Zhou ရဲ႕ ေျပာျပခ်က္အရကေတာ့ အရင္ႏွစ္ ဇြန္လ (၁၀) ရက္၊ ည (၁၀) နာရီေလာက္မွာ Mu နဲ႔ Liu တို႔ဟာ Ren ရဲ႕အိပ္ေဆာင္ကို စစ္ေဆးတဲ့ အခ်ိန္မွာ တစ္စုံတစ္ဦးရဲ႕ ခြင့္ျပဳခ်က္ မပါပဲနဲ႔ သူတို႔သေဘာနဲ႔ သူတို႔စစ္ေဆးခဲ့ၾကတာပါ။

Mu ဟာ Ren ရဲ႕ အိပ္ယာေပၚမွာ မုန္႔ထုပ္ကို ေတြ႕ခဲ့တာေၾကာင့္ ျပစ္ဒဏ္အေနနဲ႔ ထိုင္ထ (၃၀၀) လုပ္ခိုင္းခဲ့ပါတယ္။ Ren ကလည္း သူ႔ရဲ႕မုန္႔ထုတ္ မဟုတ္ဘူးဆိုတာကို ျပန္လည္ေျပာပါတယ္။ ဒါေၾကာင့္ ထိုင္ထအေခါက္ေရ (၁၅၀) ထိ လုပ္ခိုင္းခဲ့ပါတယ္။

ဒီအျဖစ္အပ်က္ ၿပီးသြားတဲ့အခါမွာ Ren ရဲ႕ေျခေထာက္ဟာ ေဝဒနာကို အျပင္းအထန္ ခံစားခဲ့ရၿပီး ေဆး႐ုံမွာ ေဆးကုသမႈေတြမ်ားစြာ လုပ္ခဲ့ရသလို ခြဲစိတ္မႈေတြလည္း လုပ္ခဲ့ရပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ ထိုင္ထရဲ႕ဒဏ္ေတြေၾကာင့္ သူမရဲ႕ေျခေထာက္ဟာ လမ္းေကာင္းေကာင္း မေလွ်ာက္ႏိုင္ေတာ့ပါဘူး။ ခ်ိဳင္းေထာက္ရဲ႕ အကူအညီနဲ႔သာ သြားလာေနရပါတယ္။

သူမဟာ ႐ုပ္ပိုင္းဆိုင္ရာ ထိခိုက္႐ုံသာမကပဲ စိတ္ဓာတ္ေတြပါ ထိုးက်ခဲ့ရပါတယ္။ ေက်ာင္းက ဆရာတစ္ဦးရဲ႕ ေျပာၾကားခ်က္အရ Rem နဲ႔ Mu ၾကားမွာလည္း ျပႆနာ ႀကီးႀကီးက်ယ္က်ယ္ တက္ဖူးတာမ်ိဳးေတြ မရွိဖူးပါဘူး။

Ren ရဲ႕မိဘေတြဟာ ေက်ာင္းကို ေဆးကုသစရိတ္နဲ႔ ေနာက္ဆက္တြဲျဖစ္လာမယ့္ အရာေတြအတြက္ ေလ်ာ္ေၾကး ေတာင္းခဲ့ေပမယ့္လည္း အခုထိ ေျဖရွင္းေပးမႈမရွိေၾကာင္း သတင္းေတြ ထြက္ခဲ့ပါတယ္။ ၿပီးေတာ့ ေဆးကုသစရိတ္ (၁၀၉,၇၇၄) ယြမ္ ကိုလည္း ေက်ာင္းက ဖုံးကြယ္ထားပါေသးတယ္။ အျပစ္ေပးတဲ့ဆရာမကိုလည္း ေက်ာင္းကေန အလုပ္ထုတ္ခဲ့ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments