ဆားတဇွန်းစာ

ဟိုးရှေးရှေးတုန်းက သူဌေးကြီးတဦးမှာ သမီး သုံးယောက် ရှိပါတယ်။ တနေ့မှာ ဖခင်သူဌေးကြီးက သမီးသုံးယောက်ကို သူ့အား ဘယ်လောက်ချစ်သလဲ လို့ မေးပါတယ်။ အဓိက ကတော့ သူပိုင်ဆိုင်တဲ့ အမွေတွေကို ခွဲပေးဖို့ ပါဘဲ ။

ပထမသမီးက သူ့ဖခင်ကို လမင်းကြီးလောက် ချစ်ပါတယ် လို့ ဆိုပါတယ် ။ ဒုတိယသမီး ကလည်း သူ့ဖခင်ကို နေမင်းကြီးလောက် ချစ်ပါတယ်တဲ့ ။ အငယ်ဆုံး သမီးလေး ကတော့ ဖခင်ကြီးကို ဆားတဇွန်းစာလောက် ချစ်ပါတယ် လို့ ဆိုပါတယ်။

ထိုအခါ ဖခင်ကြီးက သူ့ကို တကယ်ချစ်တဲ့ သမီးကြီး နဲ့ သမီးလတ်ကို အမွေ အများဆုံး ခွဲဝေပေး ခဲ့ပြီး ဆားတဇွန်းစာသာ ချစ်သော သမီးငယ်ကိုတော့ အနည်းဆုံး ဝေစုကိုသာ အမွေပေးခဲ့ ပါတယ် ။

သူဌေးကြီးဟာ သူပိုင်ဆိုင်တဲ့ အမွေတွေ အားလုံးကို ခွဲဝေပေးပြီးတဲ့ အခါမှာတော့ သူဌေးကြီးဟာ သူ့သမီးတွေဆီကို အလှည့်ကျ သွားရောက် လည်ပတ်လို့ နေပါတော့တယ် ။ သမီးတွေလည်း အိမ်ထောင်ရက်သား ကျကုန်လို့ သားသမီးတွေလည်း ထွန်းကားကြပါတယ်။

ဒီလိုနဲ့ အချိန်တွေ ကြာလာတဲ့ အခါမှာတော့ သမီးကြီး နဲ့ သမီးလတ်ဟာ ဖခင် လာရောက်တာကို မကြည်ဖြူကြတော့ ပါဘူး။ အလုပ်ကြီး တခု ပိုလာတယ်လို့ မြင်လာပါတယ်။ ဖခင်ကြီးကလည်း သူ့ကိုပိုချစ်တဲ့ သမီးနှစ်ယောက်ဆီ ကိုဘဲ အများဆုံး သွားရောက်နေတာကိုး ။ နောက်ဆုံးမျာတော့ သူ့ရဲ့သမီးနှစ်ယောက်ဟာ သူ့ကို နှင်လွှတ်တဲ့ အထိ ဖြစ်လာတော့တာ ပါဘဲ။

သူဌေးကြီးလည်း စိတ်ပျက်လက်ပျက်နဲ့ သူ့သမီးငယ်ဆီ ရောက်လာပါတယ်။ သမီးငယ်က သူ့ကို ခရီးဦးကြိုဆိုပြီး စားဖွယ် သောက်ဖွယ်များ ကျွေးမွေးပါတယ်။ သူလည်း ဗိုက်ဆာဆာနဲ့ စားတဲ့အခါမှာ ဟင်းတွေအားလုံးဟာ ပေါ့ရွှတ်လို့ နေပါတယ်။

ဒီတော့မှ သမီးငယ်လေးဟာ ဖခင်အား " ဆားမပါသောဟင်းဟာ ဘယ်လိုပင် ကောင်းကောင်း အရသာ မရှိပါဘူး ။ ပြီးတော့ ဆားလေးတဇွန်းဆိုပေမယ့် အထဲမှာ ဆားပွင့်လေးပေါင်း မရေမတွက် နိုင်အောင် များပြားပါတယ် ။ သမီးက အဖေ့ကို အဲ့ဒီဆားပွင့်လေးတွေလောက် မရေမတွက်နိုင်အောင် ချစ်တာပါ " လို့ ပြောလိုက်ပါတယ် ။

ပြီးတော့မှ ဆားထည့်ပြီး ချက်ပြုတ်ထားတဲ့ ဟင်းလျှာများကို လဲလှည်ပြီး ဖခင်ကြီးအား သက်ဆုံးတိုင် ပြုစု စောင့်ရှောက် သွားပါတော့တယ် ။ ဆားလေးတဇွန်းဟာ ဟင်းလျှာများရဲ့ အရသာကို ပြည့်စုံစေသလို ဖြူစင်တဲ့ မေတ္တာတရား ဟာလည်း လောကရဲ့ အရသာကို ပြီးပြည့်စုံစေပါတယ် ။

Crd



Zawgyi

ဆားတဇြန္းစာ

ဟိုးေရွးေရွးတုန္းက သူေဌးႀကီးတဦးမွာ သမီး သုံးေယာက္ ရွိပါတယ္။ တေန႔မွာ ဖခင္သူေဌးႀကီးက သမီးသုံးေယာက္ကို သူ႔အား ဘယ္ေလာက္ခ်စ္သလဲ လို႔ ေမးပါတယ္။ အဓိက ကေတာ့ သူပိုင္ဆိုင္တဲ့ အေမြေတြကို ခြဲေပးဖို႔ ပါဘဲ ။

ပထမသမီးက သူ႔ဖခင္ကို လမင္းႀကီးေလာက္ ခ်စ္ပါတယ္ လို႔ ဆိုပါတယ္ ။ ဒုတိယသမီး ကလည္း သူ႔ဖခင္ကို ေနမင္းႀကီးေလာက္ ခ်စ္ပါတယ္တဲ့ ။ အငယ္ဆုံး သမီးေလး ကေတာ့ ဖခင္ႀကီးကို ဆားတဇြန္းစာေလာက္ ခ်စ္ပါတယ္ လို႔ ဆိုပါတယ္။

ထိုအခါ ဖခင္ႀကီးက သူ႔ကို တကယ္ခ်စ္တဲ့ သမီးႀကီး နဲ႔ သမီးလတ္ကို အေမြ အမ်ားဆုံး ခြဲေဝေပး ခဲ့ၿပီး ဆားတဇြန္းစာသာ ခ်စ္ေသာ သမီးငယ္ကိုေတာ့ အနည္းဆုံး ေဝစုကိုသာ အေမြေပးခဲ့ ပါတယ္ ။

သူေဌးႀကီးဟာ သူပိုင္ဆိုင္တဲ့ အေမြေတြ အားလုံးကို ခြဲေဝေပးၿပီးတဲ့ အခါမွာေတာ့ သူေဌးႀကီးဟာ သူ႔သမီးေတြဆီကို အလွည့္က် သြားေရာက္ လည္ပတ္လို႔ ေနပါေတာ့တယ္ ။ သမီးေတြလည္း အိမ္ေထာင္ရက္သား က်ကုန္လို႔ သားသမီးေတြလည္း ထြန္းကားၾကပါတယ္။

ဒီလိုနဲ႔ အခ်ိန္ေတြ ၾကာလာတဲ့ အခါမွာေတာ့ သမီးႀကီး နဲ႔ သမီးလတ္ဟာ ဖခင္ လာေရာက္တာကို မၾကည္ျဖဴၾကေတာ့ ပါဘူး။ အလုပ္ႀကီး တခု ပိုလာတယ္လို႔ ျမင္လာပါတယ္။ ဖခင္ႀကီးကလည္း သူ႔ကိုပိုခ်စ္တဲ့ သမီးႏွစ္ေယာက္ဆီ ကိုဘဲ အမ်ားဆုံး သြားေရာက္ေနတာကိုး ။ ေနာက္ဆုံးမ်ာေတာ့ သူ႔ရဲ႕သမီးႏွစ္ေယာက္ဟာ သူ႔ကို ႏွင္လႊတ္တဲ့ အထိ ျဖစ္လာေတာ့တာ ပါဘဲ။

သူေဌးႀကီးလည္း စိတ္ပ်က္လက္ပ်က္နဲ႔ သူ႔သမီးငယ္ဆီ ေရာက္လာပါတယ္။ သမီးငယ္က သူ႔ကို ခရီးဦးႀကိဳဆိုၿပီး စားဖြယ္ ေသာက္ဖြယ္မ်ား ေကြၽးေမြးပါတယ္။ သူလည္း ဗိုက္ဆာဆာနဲ႔ စားတဲ့အခါမွာ ဟင္းေတြအားလုံးဟာ ေပါ့႐ႊတ္လို႔ ေနပါတယ္။

ဒီေတာ့မွ သမီးငယ္ေလးဟာ ဖခင္အား " ဆားမပါေသာဟင္းဟာ ဘယ္လိုပင္ ေကာင္းေကာင္း အရသာ မရွိပါဘူး ။ ၿပီးေတာ့ ဆားေလးတဇြန္းဆိုေပမယ့္ အထဲမွာ ဆားပြင့္ေလးေပါင္း မေရမတြက္ ႏိုင္ေအာင္ မ်ားျပားပါတယ္ ။ သမီးက အေဖ့ကို အဲ့ဒီဆားပြင့္ေလးေတြေလာက္ မေရမတြက္ႏိုင္ေအာင္ ခ်စ္တာပါ " လို႔ ေျပာလိုက္ပါတယ္ ။

ၿပီးေတာ့မွ ဆားထည့္ၿပီး ခ်က္ျပဳတ္ထားတဲ့ ဟင္းလွ်ာမ်ားကို လဲလွည္ၿပီး ဖခင္ႀကီးအား သက္ဆုံးတိုင္ ျပဳစု ေစာင့္ေရွာက္ သြားပါေတာ့တယ္ ။ ဆားေလးတဇြန္းဟာ ဟင္းလွ်ာမ်ားရဲ႕ အရသာကို ျပည့္စုံေစသလို ျဖဴစင္တဲ့ ေမတၱာတရား ဟာလည္း ေလာကရဲ႕ အရသာကို ၿပီးျပည့္စုံေစပါတယ္ ။

Crd

Post a Comment

1 Comments

  1. တင်ထားပေးသူ ကျေးဇူး။ သတ်ပုံလည်းမှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။

    ပုဒ်မ၊ ပုဒ်ထီးကို ဆိုရှယ်မီဒီယာမှာတော့ သိပ်အလေးမထားကြပါ။ ပုဒ်မနဲ့ ပုဒ်ထီးကို စာလုံးနဲ့ မခြာဘဲ ရိုက်ရတယ်။ ပုဒ်မနဲ့ ပုဒ်ထီးပြီးရင် တကွက်ခြာရတယ်။ ကော်မာတခု၊ ကော်မာနှစ်ခုလည်း ဒီအတိုင်းပဲ။ စာလုံးနဲ့ မခြာရ။ ကော်မာတွေနောက်မှာ တကွက်ခြာရမယ်။ လိုတာကို ပြင်လိုက်တယ်။ ဆောရီး။

    ReplyDelete