ရိုနယ်ဒို နဲ့ ရွန်းနီ

" ကလေးတို့ရေ.. ဒီမှာဘာတွေလဲ လာကြည့်ကြအုံး "

အဖေ့ရဲ့တပည့် တစ်ယောက်က ကျနော်တို့ ညီအစ်ကို နှစ်ယောက်ကို ထွန်စက်ပေါ်က ဆင်းလာရင်း ပုဆိုးနဲ့ ထုပ်လာတဲ့ တစ်စုံ တစ်ခုကို ဖွင့်ပြ ပါတယ်။ ကျနော်နဲ့ ကျနော့ညီ ညဘက်ကြီး ဓာတ်မီးလေး ကိုင်လို့ အမောတကော ပြေးကြည့်တဲ့ အခါ တွေ့လိုက်ရတာက..

" ဟာ ယုန်ပေါက်စလေးတွေ "

" ဟုတ်တယ် တောယုန်ပေါက်လေး နှစ်ကောင်လေ ထွန်စက် မောင်းနေရင်း တွေ့လို့ ဖမ်းလာ ခဲ့တာ။ ကြည့်ရတာ သူ့အမေကြီးနဲ့ ကွဲသွားတယ် ထင်တယ် "

ယုန်လေး နှစ်ကောင်က တကယ့်ကို သေးသေးလေးတွေနဲ့ ချစ်စရာလေး တွေပါ။ ကြောက်လို့လား၊ ချမ်းလို့လားမသိ တုန်လည်း တုန်နေကြလေရဲ့။ နောက်ပြီး ယုန်ပေါက်လေး နှစ်ကောင်လုံးရဲ့ အရောင်လေးတွေ ကလည်း အတူတူပါပဲ။ မီးခိုးရောင်လေးတွေပေါ့။ အဲ့ဒီညက ကျနော်တို့ တော်တော်နဲ့ အိပ်မပျော်ပါဘူး။

ယုန်ပေါက်လေး တွေကို ဘယ်လို ထားရမှန်း မသိလို့ပါ။ တိရစ္ဆာန်ရုံနဲ့ pet shop တွေမှာ ယုန်တွေကို တွေ့နေ မြင်နေကျ ဆိုပေမယ့် အခုလို သဘာဝ အတိုင်း ဖမ်းမိလာတာ ကတော့ ကျနော်တို့အတွက် တော်တော် ထူးဆန်း ပါတယ်။

" မနက်ဖြန် မနက်ကျရင် ပြန်လွှတ်ပေး လိုက်ပါကွယ်။ သူတို့ ဘာသာသူတို့ တောထဲမှာပဲ နေကြပါစေ"

အဖေက အမြော်အမြင် ကြီးကြီးနဲ့ ဝင်ပြောပါတယ်။ ဒါပေမဲ့ ကျနော်တို့ နားမထောင် ဖြစ်ပါဘူး။

" ဟာဗျာ.. ဖေကြီး ကလည်း တောထဲ ပြန်လွှတ်လိုက်ရင် သေမှာပေါ့။ ငယ်ငယ်လေး တွေပဲ ရှိသေး တာကို။ ဒီလောက် ချစ်စရာ လေးတွေ ရအောင် မွေးမယ် "

ဒါကတော့ ကျနော်တို့ ညီအစ်ကိုနှစ်ယောက်ရဲ့ သန္နိဋ္ဌာန်။ မြို့ပေါ်မှာ ကျောင်းတက်ပြီး ကျောင်းပိတ်တဲ့ အခါ အဖေ့ အလုပ် ရှိရာကို လိုက်လည်ကြတဲ့ ကျနော်တို့ ညီအစ်ကို နှစ်ယောက်မှာ အဲ့ဒီတုန်းက ကျနော်က ခုနစ်တန်း ကျောင်းသားပေါ့။ မြို့ကြီး ပြကြီးမှာ နေပြီး တစ်နေ့တစ်နေ့ မြေကြီးနဲ့တောင် ကောင်းကောင်း မထိတွေ့ ရ တဲ့ ကျနော်တို့အတွက် တောတွေ တောင်တွေ ချောင်းတွေ မြောင်းတွေနဲ့ စိုက်ခင်း တွေဟာ တကယ့် သုခဘုံတွေ ပါပဲ။

တခါတလေ သမင်၊ တခါတလေ ယုန်၊ တခါတလေ ကြက်တူရွေး၊ တခါတလေ မြွေ၊ တခါတလေေ တာကြောင် စသဖြင့် အခါ အားလျော်စွာ တွေ့ရမြင်ရ တတ်ပါတယ်။ တွေ့တဲ့ အခါတိုင်းလည်း ကျနော်တို့က ဖမ်းလို့ ရရင် ဖမ်းချင်ပြီး မွေးထား ချင်စိတ် ဖြစ်မိတာပါပဲ။ ချစ်တာကိုး။ သို့သော် မြွေတော့ မပါဘူးပေါ့။

ဒီလိုနဲ့ ယုန်လေးတွေ မိပြီး နောက်နေ့မနက် ရောက်တဲ့ အခါ ပြဿနာ စတက်ပါတယ်။ သူတို့နှစ်ကောင်ကို နာမည် ဘယ်လို ပေးရင် ကောင်းမလဲ ဆိုပြီးတော့ပါ။ နောက်ဆုံးတော့ အခုစာလေးရဲ့ခေါင်းစဉ်ဖြစ်တဲ့ ရွန်းနီနဲ့ ရိုနယ်ဒို ဆိုပြီးတော့ပဲ ပေးလိုက် ပါတယ်။ ဘောလုံး အသင်းက ကစားသမား နှစ်ယောက် နာမည်ပေါ့။

" မင်းက ရွန်းနီ၊ မင်းက ရိုနယ်ဒို "

မြက် ကျွေးကြည့်တယ် သိပ်မစားဘူး၊ ကန်စွန်းရွက် ကျွေးကြည့်တယ် နည်းနည်းပဲ စားတယ်၊ မုန်လာဥ ကျွေးတယ် ဒါလည်း သိပ်မစားဘူး။ ဟူး.. ခေါင်းခြောက်ရပါလား ရွန်းနီနဲ့ ရိုနယ်ဒိုရယ်။

ဒီလိုနဲ့ သူတို့ကို သူတို့သဘာဝ တောနဲ့ တူအောင်ဆိုပြီး ရေချိုးရင် ရေဆင်းတဲ့ မြောင်းလေးကို ခွပြီး ဝါးတွေနဲ့ ခြံကာတယ်။ အထဲမှာ စားစရာတွေ၊ အပင်လေးတွေ ထည့်ပေးပြီး ပျော်အောင် ထားတယ်။ ဒါပေမဲ့ ကိုယ်ဘယ်လောက် ကြိုးစား ကြိုးစား သူတို့ကြည့်ရတာ ပျော်ပုံ မရပါဘူး။ အမြဲတမ်း တမှိုင်မှိုင် တတွေတွေနဲ့။ ဒီလိုနဲ့ သုံးရက်လောက် ကြာတဲ့အခါ..

" ဟာ ရွန်းနီ ဘာဖြစ် နေတာလဲ ငြိမ်နေလိုက်တာ ဖျားနေတာ များလား "

ကျနော်တို့ မနက်မိုးလင်းလို့ ရွန်းနီတို့ကို သွားကြည့်တဲ့အခါ အရမ်း နောက်ကျသွားပါပြီ။ ရွန်းနီ အသက် မရှိတော့ ပါဘူး။ ရွန်းနီလေး ဆုံးသွားပါပြီ။ ရိုနယ်ဒိုလေး ကတော့ ဘေးနားမှာ ကုပ်လို့။ ကျနော်တို့ တော်တော်လေးကို စိတ်မကောင်း ဖြစ်ရပါတယ်။ အရမ်းလည်း ဝမ်းနည်းမိပါတယ်။ ကျနော်တို့ သူတို့ကို ချစ်လွန်းလို့ ခေါ်ထားခဲ့မိတာပါ။

သူတို့ခင်ဗျာ ကျနော်တို့နဲ့ နေရင် ကောင်းကောင်း စားရပြီး ကောင်းကောင်း နေရလို့ ပျော်ကြမယ်လို့ ထင်မိလို့ပါ။ အခုတော့ ရွန်းနီလေး ခင်ဗျာ ပုံ့ပုံ့လေးနဲ့ အသက်ထွက် သွားရှာပါပြီ။ ကျနော်တို့မှာ ရွေးစရာလမ်း မရှိတော့ပါဘူး။ ကျန်နေသေးတဲ့ ရိုနယ်ဒိုလေးကို သူ့နေရာ သူ့သဘာဝ အတိုင်း ပြန်ပို့ဖို့ပဲ တတ်နိုင် ပါတော့တယ်။

" ပြန်လွှတ်ပေး လိုက်ပါ သားတို့ရယ်။ တောယုန်လေးတွေ ဆိုတာ တောထဲမှာပဲ နေမှ ပျော်မှာပေါ့ကွယ် "

အဖေ့ရဲ့ ဒုတိယအကြိမ် မေတ္တာရပ်ခံခြင်း ဖြစ်ပါတယ်။ ကျနော်တို့ ဒီတစ်ခါ ထပ်ငြင်းဖို့ အင်းအား မရှိတော့ပါဘူး။

" ရိုနယ်ဒို မင်းနေရာ မင်းပြန်တော့နော်။ ငါတို့နဲ့ ရွန်းနီကို မင်းဘယ်တော့မှ မမေ့ရဘူး။ ဟုတ်ပြီလား ကဲသွားတော့ "

ကျနော်တို့ ညီအစ်ကိုနှစ်ယောက် ရိုနယ်ဒိုနဲ့ ရွန်းနီကို မိလာခဲ့တယ် ဆိုတဲ့ စိုက်ခင်း နေရာကို ခေါ်သွားပြီး ရိုနယ်ဒိုလေး ကို ပြန်လွှတ်ပေး လိုက်ပါတယ်။ ဖမ်းထားတုန်းက ငြိမ်ချက်သား အင်မတန် ကောင်းတဲ့ ရိုနယ်ဒို တစ်ယောက် သူ့နေရာလည်း ရောက်ရော လစ်ခနဲ ထွက်သွားလိုက်တာ တော်တော် ဝေးဝေး ရောက်တော့ တချက် ပြန်လှည့်ကြည့် ပါတယ်။ ကျနော်တို့ ညီအစ်ကိုနှစ်ယောက်ကို နှုတ်ဆက်တယ် ထင်ပါရဲ့။

"ရိုနယ်ဒိုရေ တာ့တာ၊ တစ်နေ့ မင်းကြီးလာရင် ပြန်တွေ့ကြမယ်နော်"

သို့သော် အခု ဒီစာကို ရေးနေတဲ့ အချိန်အထိ ရိုနယ်ဒိုလေးကို ကျနော်တို့ ပြန်မတွေ့တော့ပါဘူး။ ကျနော်တို့ လူသားတွေဟာ တစ်စုံ တစ်ယောက်ကို ချစ်ခင် မိတဲ့ အခါ၊ မြတ်နိုးမိတဲ့အခါ၊ တွယ်တာမိတဲ့အခါ အတ္တကြီးတတ် ကြပါတယ်။ လောဘကြီး တတ်ကြပါတယ်။ ငါ့အနားမှာပဲ နင်နေ။ ငါ့ဘေးမှာ နင်ရှိနေမှဖြစ်မယ်။ ငါနင်နဲ့ မခွဲနိုင်ဘူး။ နင်နဲ့ငါ အတူ နေပါရစေ။ နင်ကို့ငါ အမြဲတမ်း စောင့်ရှောက်မယ်။ ဘာပဲဖြစ်ဖြစ် ပိုင်ဆိုင်ရရင် အတူ ရှိနေ ရရင် သူရော ကိုယ်ရော ပျော်ရွှင်ပြီလို့ ခုနစ်တန်း ကျောင်းသား ဘဝက ထင်ခဲ့မိတာ တကယ်တော့ မဟုတ်ပါဘူး။

တခါတလေ ကျနော်တို့က ချစ်နေတာပဲ ဆိုပြီး တဖက်သားကို ထည့်စဉ်းစားဖို့ မေ့နေတတ် ပါတယ်။ ကိုယ့်အချစ်ကြောင့် တဖက်သားဟာ မွန်းကြပ် နေလား၊ ကိုယ့်အတ္တကြောင့် တဖက်သားဟာ ပိတ်လှောင်နေလား၊ ကိုယ့်လောဘကြောင့် တဖက်သားဟာ နာကျင်နေလား စသဖြင့်ပေါ့။ တခါတလေမှာ ကိုယ့်ဘက်က ချစ်နေရုံနဲ့ လက်ဝယ် ပိုင်ဆိုင်ထားနိုင် ရုံနဲ့ မပြည့်စုံပါဘူး။ ကိုယ်ချစ်တဲ့ သူတွေဟာ ဘာကို လိုချင်တာလဲ၊ ဘာကို လိုအပ်တာလဲ၊ ဘာဆို သင့်တော်မှာလဲ ဆိုပြီး ထည့်တွေးပေး တတ်ဖို့ လိုမယ် ထင်ပါတယ်။

ကိုယ်ချစ်တဲ့ သူတွေ အတွက် ပျော်ရွှင်စေမယ့် အရာ၊ ပြည့်စုံ စေမယ့် အရာ၊ ကျေနပ်စေမယ့် အရာတွေကို အလိုက် တသိနဲ့ ဖြည့်ဆည်း ပေးခြင်းဟာလည်း မပိုင်ဆိုင် ရရင်တောင် တကယ် ချစ်ကြောင်းတော့ သက်သေ ပြရာ ရောက်ပါ လိမ့်မယ်။

ဖက်တွယ်ထား တာကိုမှ ချစ်တယ် ခေါ်တာ မဟုတ်ပါဘူး။ တခါတလေမှာ လွှတ်ပေး လိုက်တာ ဟာလည်း ချစ်ခြင်း တမျိုးပါပဲ။ လွမ်းလိုက်တာ ရွန်းနီနဲ့ ရိုနယ်ဒိုရယ်...

Wai Phyo Maung

for zawgyi

႐ိုနယ္ဒို နဲ႔ ႐ြန္းနီ

" ကေလးတို႔ေရ.. ဒီမွာဘာေတြလဲ လာၾကည့္ၾကအုံး "

အေဖ့ရဲ႕တပည့္ တစ္ေယာက္က က်ေနာ္တို႔ ညီအစ္ကို ႏွစ္ေယာက္ကို ထြန္စက္ေပၚက ဆင္းလာရင္း ပုဆိုးနဲ႔ ထုပ္လာတဲ့ တစ္စုံ တစ္ခုကို ဖြင့္ျပ ပါတယ္။ က်ေနာ္နဲ႔ က်ေနာ့ညီ ညဘက္ႀကီး ဓာတ္မီးေလး ကိုင္လို႔ အေမာတေကာ ေျပးၾကည့္တဲ့ အခါ ေတြ႕လိုက္ရတာက..

" ဟာ ယုန္ေပါက္စေလးေတြ "

" ဟုတ္တယ္ ေတာယုန္ေပါက္ေလး ႏွစ္ေကာင္ေလ ထြန္စက္ ေမာင္းေနရင္း ေတြ႕လို႔ ဖမ္းလာ ခဲ့တာ။ ၾကည့္ရတာ သူ႔အေမႀကီးနဲ႔ ကြဲသြားတယ္ ထင္တယ္ "

ယုန္ေလး ႏွစ္ေကာင္က တကယ့္ကို ေသးေသးေလးေတြနဲ႔ ခ်စ္စရာေလး ေတြပါ။ ေၾကာက္လို႔လား၊ ခ်မ္းလို႔လားမသိ တုန္လည္း တုန္ေနၾကေလရဲ႕။ ေနာက္ၿပီး ယုန္ေပါက္ေလး ႏွစ္ေကာင္လုံးရဲ႕ အေရာင္ေလးေတြ ကလည္း အတူတူပါပဲ။ မီးခိုးေရာင္ေလးေတြေပါ့။ အဲ့ဒီညက က်ေနာ္တို႔ ေတာ္ေတာ္နဲ႔ အိပ္မေပ်ာ္ပါဘူး။

ယုန္ေပါက္ေလး ေတြကို ဘယ္လို ထားရမွန္း မသိလို႔ပါ။ တိရစာၦန္႐ုံနဲ႔ pet shop ေတြမွာ ယုန္ေတြကို ေတြ႕ေန ျမင္ေနက် ဆိုေပမယ့္ အခုလို သဘာဝ အတိုင္း ဖမ္းမိလာတာ ကေတာ့ က်ေနာ္တို႔အတြက္ ေတာ္ေတာ္ ထူးဆန္း ပါတယ္။

" မနက္ျဖန္ မနက္က်ရင္ ျပန္လႊတ္ေပး လိုက္ပါကြယ္။ သူတို႔ ဘာသာသူတို႔ ေတာထဲမွာပဲ ေနၾကပါေစ"

အေဖက အေျမာ္အျမင္ ႀကီးႀကီးနဲ႔ ဝင္ေျပာပါတယ္။ ဒါေပမဲ့ က်ေနာ္တို႔ နားမေထာင္ ျဖစ္ပါဘူး။

" ဟာဗ်ာ.. ေဖႀကီး ကလည္း ေတာထဲ ျပန္လႊတ္လိုက္ရင္ ေသမွာေပါ့။ ငယ္ငယ္ေလး ေတြပဲ ရွိေသး တာကို။ ဒီေလာက္ ခ်စ္စရာ ေလးေတြ ရေအာင္ ေမြးမယ္ "

ဒါကေတာ့ က်ေနာ္တို႔ ညီအစ္ကိုႏွစ္ေယာက္ရဲ႕ သႏၷိ႒ာန္။ ၿမိဳ႕ေပၚမွာ ေက်ာင္းတက္ၿပီး ေက်ာင္းပိတ္တဲ့ အခါ အေဖ့ အလုပ္ ရွိရာကို လိုက္လည္ၾကတဲ့ က်ေနာ္တို႔ ညီအစ္ကို ႏွစ္ေယာက္မွာ အဲ့ဒီတုန္းက က်ေနာ္က ခုနစ္တန္း ေက်ာင္းသားေပါ့။ ၿမိဳ႕ႀကီး ျပႀကီးမွာ ေနၿပီး တစ္ေန႔တစ္ေန႔ ေျမႀကီးနဲ႔ေတာင္ေကာင္းေကာင္း မထိေတြ႕ ရ တဲ့ က်ေနာ္တို႔အတြက္ ေတာေတြ ေတာင္ေတြ ေခ်ာင္းေတြ ေျမာင္းေတြနဲ႔ စိုက္ခင္း ေတြဟာ တကယ့္ သုခဘုံေတြ ပါပဲ။

တခါတေလ သမင္၊ တခါတေလ ယုန္၊ တခါတေလ ၾကက္တူေ႐ြး၊ တခါတေလ ေႁမြ၊ တခါတေလေ တာေၾကာင္ စသျဖင့္ အခါ အားေလ်ာ္စြာ ေတြ႕ရျမင္ရ တတ္ပါတယ္။ ေတြ႕တဲ့ အခါတိုင္းလည္း က်ေနာ္တို႔က ဖမ္းလို႔ ရရင္ ဖမ္းခ်င္ၿပီး ေမြးထား ခ်င္စိတ္ ျဖစ္မိတာပါပဲ။ ခ်စ္တာကိုး။ သို႔ေသာ္ ေႁမြေတာ့ မပါဘူးေပါ့။

ဒီလိုနဲ႔ ယုန္ေလးေတြ မိၿပီး ေနာက္ေန႔မနက္ ေရာက္တဲ့ အခါ ျပႆနာ စတက္ပါတယ္။ သူတို႔ႏွစ္ေကာင္ကို နာမည္ ဘယ္လို ေပးရင္ ေကာင္းမလဲ ဆိုၿပီးေတာ့ပါ။ ေနာက္ဆုံးေတာ့ အခုစာေလးရဲ႕ေခါင္းစဥ္ျဖစ္တဲ့ ႐ြန္းနီနဲ႔ ႐ိုနယ္ဒို ဆိုၿပီးေတာ့ပဲ ေပးလိုက္ ပါတယ္။ ေဘာလုံး အသင္းက ကစားသမား ႏွစ္ေယာက္ နာမည္ေပါ့။

" မင္းက ႐ြန္းနီ၊ မင္းက ႐ိုနယ္ဒို "

ျမက္ ေကြၽးၾကည့္တယ္ သိပ္မစားဘူး၊ ကန္စြန္း႐ြက္ ေကြၽးၾကည့္တယ္ နည္းနည္းပဲ စားတယ္၊ မုန္လာဥ ေကြၽးတယ္ ဒါလည္း သိပ္မစားဘူး။ ဟူး.. ေခါင္းေျခာက္ရပါလား ႐ြန္းနီနဲ႔ ႐ိုနယ္ဒိုရယ္။

ဒီလိုနဲ႔ သူတို႔ကို သူတို႔သဘာဝ ေတာနဲ႔ တူေအာင္ဆိုၿပီး ေရခ်ိဳးရင္ ေရဆင္းတဲ့ ေျမာင္းေလးကို ခြၿပီး ဝါးေတြနဲ႔ ၿခံကာတယ္။ အထဲမွာ စားစရာေတြ၊ အပင္ေလးေတြ ထည့္ေပးၿပီး ေပ်ာ္ေအာင္ ထားတယ္။ ဒါေပမဲ့ ကိုယ္ဘယ္ေလာက္ ႀကိဳးစား ႀကိဳးစား သူတို႔ၾကည့္ရတာ ေပ်ာ္ပုံ မရပါဘူး။ အၿမဲတမ္း တမႈိင္မႈိင္ တေတြေတြနဲ႔။ ဒီလိုနဲ႔ သုံးရက္ေလာက္ ၾကာတဲ့အခါ..

" ဟာ ႐ြန္းနီ ဘာျဖစ္ ေနတာလဲ ၿငိမ္ေနလိုက္တာ ဖ်ားေနတာ မ်ားလား "

က်ေနာ္တို႔ မနက္မိုးလင္းလို႔ ႐ြန္းနီတို႔ကို သြားၾကည့္တဲ့အခါ အရမ္း ေနာက္က်သြားပါၿပီ။ ႐ြန္းနီ အသက္ မရွိေတာ့ ပါဘူး။ ႐ြန္းနီေလး ဆုံးသြားပါၿပီ။ ႐ိုနယ္ဒိုေလး ကေတာ့ ေဘးနားမွာ ကုပ္လို႔။ က်ေနာ္တို႔ ေတာ္ေတာ္ေလးကို စိတ္မေကာင္း ျဖစ္ရပါတယ္။ အရမ္းလည္း ဝမ္းနည္းမိပါတယ္။ က်ေနာ္တို႔ သူတို႔ကို ခ်စ္လြန္းလို႔ ေခၚထားခဲ့မိတာပါ။

သူတို႔ခင္ဗ်ာ က်ေနာ္တို႔နဲ႔ ေနရင္ ေကာင္းေကာင္း စားရၿပီး ေကာင္းေကာင္း ေနရလို႔ ေပ်ာ္ၾကမယ္လို႔ ထင္မိလို႔ပါ။ အခုေတာ့ ႐ြန္းနီေလး ခင္ဗ်ာ ပုံ႔ပုံ႔ေလးနဲ႔ အသက္ထြက္ သြားရွာပါၿပီ။ က်ေနာ္တို႔မွာ ေ႐ြးစရာလမ္း မရွိေတာ့ပါဘူး။ က်န္ေနေသးတဲ့ ႐ိုနယ္ဒိုေလးကို သူ႔ေနရာ သူ႔သဘာဝ အတိုင္း ျပန္ပို႔ဖို႔ပဲ တတ္ႏိုင္ ပါေတာ့တယ္။

" ျပန္လႊတ္ေပး လိုက္ပါ သားတို႔ရယ္။ ေတာယုန္ေလးေတြ ဆိုတာ ေတာထဲမွာပဲ ေနမွ ေပ်ာ္မွာေပါ့ကြယ္ "

အေဖ့ရဲ႕ ဒုတိယအႀကိမ္ ေမတၱာရပ္ခံျခင္း ျဖစ္ပါတယ္။ က်ေနာ္တို႔ ဒီတစ္ခါ ထပ္ျငင္းဖို႔ အင္းအား မရွိေတာ့ပါဘူး။

" ႐ိုနယ္ဒို မင္းေနရာ မင္းျပန္ေတာ့ေနာ္။ ငါတို႔နဲ႔ ႐ြန္းနီကို မင္းဘယ္ေတာ့မွ မေမ့ရဘူး။ ဟုတ္ၿပီလား ကဲသြားေတာ့ "

က်ေနာ္တို႔ ညီအစ္ကိုႏွစ္ေယာက္ ႐ိုနယ္ဒိုနဲ႔ ႐ြန္းနီကို မိလာခဲ့တယ္ ဆိုတဲ့ စိုက္ခင္း ေနရာကို ေခၚသြားၿပီး ႐ိုနယ္ဒိုေလး ကို ျပန္လႊတ္ေပး လိုက္ပါတယ္။ ဖမ္းထားတုန္းက ၿငိမ္ခ်က္သား အင္မတန္ ေကာင္းတဲ့ ႐ိုနယ္ဒို တစ္ေယာက္ သူ႔ေနရာလည္း ေရာက္ေရာ လစ္ခနဲ ထြက္သြားလိုက္တာ ေတာ္ေတာ္ ေဝးေဝး ေရာက္ေတာ့ တခ်က္ ျပန္လွည့္ၾကည့္ ပါတယ္။ က်ေနာ္တို႔ ညီအစ္ကိုႏွစ္ေယာက္ကို ႏႈတ္ဆက္တယ္ ထင္ပါရဲ႕။

"႐ိုနယ္ဒိုေရ တာ့တာ၊ တစ္ေန႔ မင္းႀကီးလာရင္ ျပန္ေတြ႕ၾကမယ္ေနာ္"

သို႔ေသာ္ အခု ဒီစာကို ေရးေနတဲ့ အခ်ိန္အထိ ႐ိုနယ္ဒိုေလးကို က်ေနာ္တို႔ ျပန္မေတြ႕ေတာ့ပါဘူး။ က်ေနာ္တို႔ လူသားေတြဟာ တစ္စုံ တစ္ေယာက္ကို ခ်စ္ခင္ မိတဲ့ အခါ၊ ျမတ္ႏိုးမိတဲ့အခါ၊ တြယ္တာမိတဲ့အခါ အတၱႀကီးတတ္ ၾကပါတယ္။ ေလာဘႀကီး တတ္ၾကပါတယ္။ ငါ့အနားမွာပဲ နင္ေန။ ငါ့ေဘးမွာ နင္ရွိေနမွျဖစ္မယ္။ ငါနင္နဲ႔ မခြဲႏိုင္ဘူး။ နင္နဲ႔ငါ အတူ ေနပါရေစ။ နင္ကို႔ငါ အၿမဲတမ္း ေစာင့္ေရွာက္မယ္။ ဘာပဲျဖစ္ျဖစ္ ပိုင္ဆိုင္ရရင္ အတူ ရွိေန ရရင္ သူေရာ ကိုယ္ေရာ ေပ်ာ္႐ႊင္ၿပီလို႔ ခုနစ္တန္း ေက်ာင္းသား ဘဝက ထင္ခဲ့မိတာ တကယ္ေတာ့ မဟုတ္ပါဘူး။

တခါတေလ က်ေနာ္တို႔က ခ်စ္ေနတာပဲ ဆိုၿပီး တဖက္သားကို ထည့္စဥ္းစားဖို႔ ေမ့ေနတတ္ ပါတယ္။ ကိုယ့္အခ်စ္ေၾကာင့္ တဖက္သားဟာ မြန္းၾကပ္ ေနလား၊ ကိုယ့္အတၱေၾကာင့္ တဖက္သားဟာ ပိတ္ေလွာင္ေနလား၊ ကိုယ့္ေလာဘေၾကာင့္ တဖက္သားဟာ နာက်င္ေနလား စသျဖင့္ေပါ့။ တခါတေလမွာ ကိုယ့္ဘက္က ခ်စ္ေန႐ုံနဲ႔ လက္ဝယ္ ပိုင္ဆိုင္ထားႏိုင္ ႐ုံနဲ႔ မျပည့္စုံပါဘူး။ ကိုယ္ခ်စ္တဲ့ သူေတြဟာ ဘာကို လိုခ်င္တာလဲ၊ ဘာကို လိုအပ္တာလဲ၊ ဘာဆို သင့္ေတာ္မွာလဲ ဆိုၿပီး ထည့္ေတြးေပး တတ္ဖို႔ လိုမယ္ ထင္ပါတယ္။

ကိုယ္ခ်စ္တဲ့ သူေတြ အတြက္ ေပ်ာ္႐ႊင္ေစမယ့္ အရာ၊ ျပည့္စုံ ေစမယ့္ အရာ၊ ေက်နပ္ေစမယ့္ အရာေတြကို အလိုက္ တသိနဲ႔ ျဖည့္ဆည္း ေပးျခင္းဟာလည္း မပိုင္ဆိုင္ ရရင္ေတာင္ တကယ္ ခ်စ္ေၾကာင္းေတာ့ သက္ေသ ျပရာ ေရာက္ပါ လိမ့္မယ္။

ဖက္တြယ္ထား တာကိုမွ ခ်စ္တယ္ ေခၚတာ မဟုတ္ပါဘူး။ တခါတေလမွာ လႊတ္ေပး လိုက္တာ ဟာလည္း ခ်စ္ျခင္း တမ်ိဳးပါပဲ။ လြမ္းလိုက္တာ ႐ြန္းနီနဲ႔ ႐ိုနယ္ဒိုရယ္...

Wai Phyo Maung

Post a Comment

0 Comments