သင့်ကို တကယ်ချစ်တဲ့သူတစ်ယောက်ရဲ့ ထင်ရှားတဲ့ အပြုအမူ (၇) ခု

ခန္ဓာကိုယ် အမူအရာကနေလည်း လူတစ်ယောက်ရဲ့ စိတ်ကို သိနိုင်ပါတယ်။ သင့်အပေါ် ချစ်နေတဲ့သူ အကြောင်းကိုလည်း သူ့ရဲ့ ခန္ဓာကိုယ် အမူအရာကနေ သိနိုင်ပါတယ်။ အဲဒါကြောင့် သင့်ချစ်သူက သင့်ကို တကယ်ချစ်ရဲ့လားလို့ သိချင်ရင် သူ့ရဲ့အမူအရာတွေကို သတိထား ကြည့်ကြည့်ပါနော်။

၁။ ပေါ့ပါးသည့်ဟန်

သင့်ကို သဘောကျနေသူက သင့်အနားကို ရောက်တဲ့အခါ သူ့ပုံစံက ပေါ့ပေါ့ပါးပါးနဲ့ ပျော်ရွှင်တဲ့ပုံ ပေါ်နေပါလိမ့်မယ်။ "လူတစ်ယောက်က ချစ်ဖို့ အဆင်သင့်ဖြစ်နေရင်၊ အချစ်ခံရဖို့ အဆင်သင့်ဖြစ်နေရင် သူ့နှလုံးသားတွေကို ကျယ်ကျယ် ဖွင့်ထားလိမ့်မယ်" လို့ စိတ်ပညာရှင် ပါရဂူဘွဲ့ရ ဒေါက်တာ Carla Marie Manly က ပြောပါတယ်။

၂။ မျက်လုံး

ခိုင်မာတဲ့စုံတွဲတွေမှာ မျက်လုံးချင်း ဆက်သွယ်မှုကို မကြာခဏ တွေ့ရကြောင်း၊ အဓိပ္ပါယ်ပြည့်ဝတဲ့ ဆက်သွယ်မှုဟာ မျက်လုံးချင်း ဆက်သွယ်မှု ဖြစ်ကြောင်း စိတ်ပညာရှင် Rubin က ၁၉၇၀ ခုနှစ်မှာ တွေ့ရှိခဲ့ပါတယ်။ သင့်ရဲ့ ဖျတ်ခနဲအကြည့်ကို စောင့်နေသူဟာ သင့်ကို သိပ်ချစ်နေလို့ပါ။

၃။ အနာဂတ် အစီအစဉ်များအကြောင်း ပြောခြင်း

သင့်ကို ချစ်နေတဲ့သူက သူ့ရဲ့အနာဂတ် အစီအစဉ်တွေမှာ သင်အမြဲ ပါဝင်ပါတယ်။ သူ့ဘေးမှာ သင်အမြဲ ရှိနေစေချင်ပါတယ်။ သင့်ရဲ့သဘောထားတွေကို မကြာခဏ မေးနေပါလိမ့်မယ်။

၄။ မိဘ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးခြင်း

မိဘတွေ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးတာကနေ သင်တို့ရဲ့ relationship ကို ဘယ်လောက် အလေးထားလဲ ဆိုတာ သိနိုင်ပါတယ်။ မိဘတွေ၊ သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးလို့ သင့်ပုံစံက စိတ်မပါဘူးဆိုရင် သူက ရှေ့ဆက်ချင်တော့မှာ မဟုတ်ပါဘူး။

၅။ ပိုမိုနီးကပ်လာခြင်း

သင့်ကို တကယ်ချစ်သူက သင်နဲ့ အနီးဆုံးနေရာမှာ နေချင်ပါလိမ့်မယ်။ သင့်ရဲ့ဆံပင်တွေကို ကိုင်နေတတ်တာ၊ သူ့ရဲ့ဖုန်းကို သင့်ဘေးနား ယုံယုံကြည်ကြည်ချထားတာ၊ စကားပြောတဲ့အခါ သင့်အနားကို တိုးတိုးလာတာ၊ လမ်းလျှောက်တဲ့အခါ သင့်နားကို ကပ်ပြီးလျှောက်တာက တကယ်ချစ်တဲ့သူရဲ့ အပြုအမူတွေပါ။

၆။ သင်စိတ်ဝင်စားတဲ့ အရာတွေနဲ့ အလိုက်သင့် နေထိုင်ခြင်း

လူတစ်ယောက်နဲ့ တစ်ယောက် အပြုအမူချင်း မတူနိုင်ပါဘူး။ သင်ကြိုက်တဲ့ မုန့်တွေကို နည်းနည်းလေး လိုက်စားပေးတာ၊ သင်ကြိုက်တဲ့ စာအုပ်တွေကို ဝယ်ရင် လိုက်ပို့ပေးတာ၊ သင်ပြောပြတဲ့ အရာတွေကို စိတ်ရှည်ရှည် နားထောင်ပေးတာက တကယ်ချစ်တဲ့သူမှ လုပ်ပေးနိုင်တာပါ။

၇။ စပ်စုခြင်း

တကယ်ချစ်တဲ့သူက တစ်နေ့တာ အလုပ်တွေကအစ သိချင်နေပါလိမ့်မယ်။ ဒါပေမယ့် လူတစ်ယောက်နဲ့ တစ်ယောက်တော့ မတူနိုင်ပါဘူး။ တချို့ကလည်း ပေါ်တင်စပ်စုသလို တချို့ကလည်း မသိအောင် စပ်စုတတ်ပါတယ်။

Zombie (Lovemedia)

for zawgyi

သင့္ကို တကယ္ခ်စ္တဲ့သူတစ္ေယာက္ရဲ႕ ထင္ရွားတဲ့ အျပဳအမူ (၇) ခု

ခႏၶာကိုယ္ အမူအရာကေနလည္း လူတစ္ေယာက္ရဲ႕စိတ္ကို သိႏိုင္ပါတယ္။ သင့္အေပၚ ခ်စ္ေနတဲ့သူ အေၾကာင္းကိုလည္း သူ႔ရဲ႕ ခႏၶာကိုယ္ အမူအရာကေန သိႏိုင္ပါတယ္။ အဲဒါေၾကာင့္ သင့္ခ်စ္သူက သင့္ကို တကယ္ခ်စ္ရဲ႕လားလို႔ သိခ်င္ရင္ သူ႔ရဲ႕အမူအရာေတြကို သတိထား ၾကည့္ၾကည့္ပါေနာ္။

၁။ ေပါ့ပါးသည့္ဟန္

သင့္ကို သေဘာက်ေနသူက သင့္အနားကို ေရာက္တဲ့အခါ သူ႔ပုံစံက ေပါ့ေပါ့ပါးပါးနဲ႔ ေပ်ာ္႐ႊင္တဲ့ပုံ ေပၚေနပါလိမ့္မယ္။ "လူတစ္ေယာက္က ခ်စ္ဖို႔ အဆင္သင့္ျဖစ္ေနရင္၊ အခ်စ္ခံရဖို႔ အဆင္သင့္ျဖစ္ေနရင္ သူ႔ႏွလုံးသားေတြကို က်ယ္က်ယ္ ဖြင့္ထားလိမ့္မယ္" လို႔ စိတ္ပညာရွင္ ပါရဂူဘြဲ႕ရ ေဒါက္တာ Carla Marie Manly က ေျပာပါတယ္။

၂။ မ်က္လုံး

ခိုင္မာတဲ့စုံတြဲေတြမွာ မ်က္လုံးခ်င္း ဆက္သြယ္မႈကို မၾကာခဏ ေတြ႕ရေၾကာင္း၊ အဓိပၸါယ္ျပည့္ဝတဲ့ ဆက္သြယ္မႈဟာ မ်က္လုံးခ်င္း ဆက္သြယ္မႈ ျဖစ္ေၾကာင္း စိတ္ပညာရွင္ Rubin က ၁၉၇၀ ခုႏွစ္မွာ ေတြ႕ရွိခဲ့ပါတယ္။ သင့္ရဲ႕ ဖ်တ္ခနဲအၾကည့္ကို ေစာင့္ေနသူဟာ သင့္ကို သိပ္ခ်စ္ေနလို႔ပါ။

၃။ အနာဂတ္ အစီအစဥ္မ်ားအေၾကာင္း ေျပာျခင္း

သင့္ကို ခ်စ္ေနတဲ့သူက သူ႔ရဲ႕အနာဂတ္ အစီအစဥ္ေတြမွာ သင္အၿမဲ ပါဝင္ပါတယ္။ သူ႔ေဘးမွာ သင္အၿမဲ ရွိေနေစခ်င္ပါတယ္။ သင့္ရဲ႕သေဘာထားေတြကို မၾကာခဏ ေမးေနပါလိမ့္မယ္။

၄။ မိဘ၊ သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးျခင္း

မိဘေတြ၊ သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးတာကေန သင္တို႔ရဲ႕ relationship ကို ဘယ္ေလာက္ အေလးထားလဲ ဆိုတာ သိႏိုင္ပါတယ္။ မိဘေတြ၊ သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးလို႔ သင့္ပုံစံက စိတ္မပါဘူးဆိုရင္ သူက ေရွ႕ဆက္ခ်င္ေတာ့မွာ မဟုတ္ပါဘူး။

၅။ ပိုမိုနီးကပ္လာျခင္း

သင့္ကို တကယ္ခ်စ္သူက သင္နဲ႔ အနီးဆုံးေနရာမွာ ေနခ်င္ပါလိမ့္မယ္။ သင့္ရဲ႕ဆံပင္ေတြကို ကိုင္ေနတတ္တာ၊ သူ႔ရဲ႕ဖုန္းကို သင့္ေဘးနား ယုံယုံၾကည္ၾကည္ခ်ထားတာ၊ စကားေျပာတဲ့အခါ သင့္အနားကို တိုးတိုးလာတာ၊ လမ္းေလွ်ာက္တဲ့အခါ သင့္နားကို ကပ္ၿပီးေလွ်ာက္တာက တကယ္ခ်စ္တဲ့သူရဲ႕အျပဳအမူေတြပါ။

၆။ သင္စိတ္ဝင္စားတဲ့ အရာေတြနဲ႔ အလိုက္သင့္ ေနထိုင္ျခင္း

လူတစ္ေယာက္နဲ႔ တစ္ေယာက္ အျပဳအမူခ်င္း မတူႏိုင္ပါဘူး။ သင္ႀကိဳက္တဲ့ မုန႔္ေတြကို နည္းနည္းေလး လိုက္စားေပးတာ၊ သင္ႀကိဳက္တဲ့ စာအုပ္ေတြကို ဝယ္ရင္ လိုက္ပို႔ေပးတာ၊ သင္ေျပာျပတဲ့ အရာေတြကို စိတ္ရွည္ရွည္ နားေထာင္ေပးတာက တကယ္ခ်စ္တဲ့သူမွ လုပ္ေပးႏိုင္တာပါ။

၇။ စပ္စုျခင္း

တကယ္ခ်စ္တဲ့သူက တစ္ေန႔တာ အလုပ္ေတြကအစ သိခ်င္ေနပါလိမ့္မယ္။ ဒါေပမယ့္ လူတစ္ေယာက္နဲ႔ တစ္ေယာက္ေတာ့ မတူႏိုင္ပါဘူး။ တခ်ိဳ႕ကလည္း ေပၚတင္စပ္စုသလို တခ်ိဳ႕ကလည္း မသိေအာင္ စပ္စုတတ္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments