မိတ်ဆွေစစ်

ဆိတ်ကလေး တကောင်ဟာ ညနေခင်းတခုမှာ တောင်ကုန်းတခုပေါ် ပြေးလွှား ဆော့ကစားနေ ပါတယ်။ ဝံပုလွေ တကောင်ဟာ ချုံတောထဲကနေ ခုန်ထွက်လာပြီး တောဆိတ်ကို ကိုက်စားဖို့ ခုန်အုပ် တိုက်ခိုက်လိုက် ပါတယ် ။

တောဆိတ်ဟာ ကြောက်ကြောက်လှန့်လှန့် ပြေးလွှားရင်း အော်ဟစ်အကူအညီ တောင်းပါတော့တယ်။ တောထဲက နွားထွက်လာပါတယ်။ ဒါပေမယ့် ဝံပုလွေကို တွေ့တော့ ထွက်ပြေးသွားပါတယ်။

ကုန်းပေါ်မှာ ရှိတဲ့ မြင်းကလည်း လှမ်းကြည့်လိုက်တယ်။ ဝံပုလွေမှန်း သိလိုက်တာနဲ့ တန်းပြီး ရှောင်ထွက်သွားတယ်။ တောဝက်က လမ်းကြုံလို့ တွေ့လိုက်တယ်။ ချက်ချင်းပဲ ကုန်းအောက်ကို ပြေးဆင်းသွားတယ်။

ယုန်လည်း အော်သံကြားလိုက်တယ်။ ချက်ချင်းဆိုသလိုပဲ အသားကုန် ဝေးရာကို ထွက်ပြေးသွားတယ်။

ကုန်းအောက်မှာ ရှိတဲ့ ခွေးက ကယ်ကြပါအုံး ဆိုတဲ့ အသံကို ကြားတာနဲ့ ကုန်းပေါ်ကို ပြေးတက်လာပြီး ဝံပုလွေရဲ့ လည်ချောင်းကို အသားကုန် ခုန်ကိုက်လိုက်တယ်။ ဝံပုလွေ ထွက်ပြေးသွားပါတယ်။ ဆိတ် အကယ်ခံလိုက်ရတယ်။

ဆိတ်ကလေး အိမ်ပြန်ရောက်သွားတယ်။ သတင်းကြားတော့ မေးကြ မြန်းကြနဲ့ စည်ကားနေပါတယ်။

နွားက ပြောတယ်။ “ ငါ့ကိုဘာလို့ မပြောပြတာလဲ၊ ငါ့ဂျိုနဲ့ ခတ်လိုက်ရင် ဒီဝံပုလွေ အူတောင်ပွင့်သွားမှာ ”

မြင်းက ပြောတယ်။ “ ငါအနားမှာ မရှိလို့ပေါ့၊ နောက်ချေနဲ့ စုံကန်လိုက်ရင်တော့ ဦးနောက်ပါ ပွင့်သွားမယ်။

တောဝက်က ပြောတယ်။ “ ငါမရှိလို့ပေါ့၊ ငါ့အစွယ် အကြောင်း ကောင်းကောင်း သိသွားစေရမယ်။

ယုန်က ပြောတယ်။ “ ငါကိုဘာလို့ မပြောတာလဲ၊ အနည်းဆုံးတော့ ငါအပြေးမြန်တော့ မင်းကိုကယ်ဖို့ အမြန် သတင်းပို့လို့ ရတာပေါ့ ” တဲ့။

တခု သတိထားမိ တာက အဲဒီစကားဝိုင်းထဲမှာ ခွေး မပါဝင်ပါဘူး။

မိတ်ဆွေစစ်လည်း ဒီလိုပဲ ဖြစ်မယ်လို့ ထင်ပါတယ်။ ကိုယ့်အနားမှာ နေ့တိုင်း ဝိုင်းရံနေတဲ့ လူများဟာ အခက်အခဲ တကယ်ကြုံတဲ့ အခါကြရင် ကူညီတဲ့လူများ ဟုတ်ချင်မှ ဟုတ်မှာပါ။

crd

Zawgyi

မိတ္ေဆြစစ္

ဆိတ္ကေလး တေကာင္ဟာ ညေနခင္းတခုမွာ ေတာင္ကုန္းတခုေပၚ ေျပးလႊား ေဆာ့ကစားေန ပါတယ္။ ဝံပုေလြ တေကာင္ဟာ ခ်ဳံေတာထဲကေန ခုန္ထြက္လာၿပီး ေတာဆိတ္ကို ကိုက္စားဖို႔ ခုန္အုပ္ တိုက္ခိုက္လိုက္ ပါတယ္ ။

ေတာဆိတ္ဟာ ေၾကာက္ေၾကာက္လွန႔္လွန႔္ ေျပးလႊားရင္း ေအာ္ဟစ္အကူအညီ ေတာင္းပါေတာ့တယ္။ ေတာထဲက ႏြားထြက္လာပါတယ္။ ဒါေပမယ့္ ဝံပုေလြကို ေတြ႕ေတာ့ ထြက္ေျပးသြားပါတယ္။

ကုန္းေပၚမွာ ရွိတဲ့ ျမင္းကလည္း လွမ္းၾကည့္လိုက္တယ္။ ဝံပုေလြမွန္း သိလိုက္တာနဲ႔ တန္းၿပီး ေရွာင္ထြက္သြားတယ္။ ေတာဝက္က လမ္းႀကဳံလို႔ ေတြ႕လိုက္တယ္။ ခ်က္ခ်င္းပဲ ကုန္းေအာက္ကို ေျပးဆင္းသြားတယ္။

ယုန္လည္း ေအာ္သံၾကားလိုက္တယ္။ ခ်က္ခ်င္းဆိုသလိုပဲ အသားကုန္ ေဝးရာကို ထြက္ေျပးသြားတယ္။

ကုန္းေအာက္မွာ ရွိတဲ့ ေခြးက ကယ္ၾကပါအုံး ဆိုတဲ့ အသံကို ၾကားတာနဲ႔ ကုန္းေပၚကို ေျပးတက္လာၿပီး ဝံပုေလြရဲ႕ လည္ေခ်ာင္းကို အသားကုန္ ခုန္ကိုက္လိုက္တယ္။ ဝံပုေလြ ထြက္ေျပးသြားပါတယ္။ ဆိတ္ အကယ္ခံလိုက္ရတယ္။

ဆိတ္ကေလး အိမ္ျပန္ေရာက္သြားတယ္။ သတင္းၾကားေတာ့ ေမးၾက ျမန္းၾကနဲ႔ စည္ကားေနပါတယ္။

ႏြားက ေျပာတယ္။ “ ငါ့ကိုဘာလို႔ မေျပာျပတာလဲ၊ ငါ့ဂ်ိဳနဲ႔ ခတ္လိုက္ရင္ ဒီဝံပုေလြ အူေတာင္ပြင့္သြားမွာ ”

ျမင္းက ေျပာတယ္။ “ ငါအနားမွာ မရွိလို႔ေပါ့၊ ေနာက္ေခ်နဲ႔ စုံကန္လိုက္ရင္ေတာ့ ဦးေနာက္ပါ ပြင့္သြားမယ္။

ေတာဝက္က ေျပာတယ္။ “ ငါမရွိလို႔ေပါ့၊ ငါ့အစြယ္ အေၾကာင္း ေကာင္းေကာင္း သိသြားေစရမယ္။

ယုန္က ေျပာတယ္။ “ ငါကိုဘာလို႔ မေျပာတာလဲ၊ အနည္းဆုံးေတာ့ ငါအေျပးျမန္ေတာ့ မင္းကိုကယ္ဖို႔ အျမန္ သတင္းပို႔လို႔ ရတာေပါ့ ” တဲ့။

တခု သတိထားမိ တာက အဲဒီစကားဝိုင္းထဲမွာ ေခြး မပါဝင္ပါဘူး။

မိတ္ေဆြစစ္လည္း ဒီလိုပဲ ျဖစ္မယ္လို႔ ထင္ပါတယ္။ ကိုယ့္အနားမွာ ေန႔တိုင္း ဝိုင္းရံေနတဲ့ လူမ်ားဟာ အခက္အခဲ တကယ္ႀကဳံတဲ့ အခါၾကရင္ ကူညီတဲ့လူမ်ား ဟုတ္ခ်င္မွ ဟုတ္မွာပါ။

crd

Post a Comment

0 Comments