အိမ်နီးချင်းအစစ်

တစ်ခါက အဖေဖြစ်သူဟာ နွားတစ်ကောင်ကို သတ်ပြီး ကင်ရန် မီးပုံဖိုပြီး သူ့သမီးကို လှမ်းပြောလိုက်တယ် ။

" သမီးရေ.. အဖေတို့ အိမ်နီးနားချင်း သူငယ်ချင်းတွေ သွားခေါ်လိုက်... စားပွဲကျင်းပရအောင်.."

ထိုအခါ သမီးဖြစ်တဲ့သူက လမ်းမပေါ်ကို ထွက်သွားပြီး အော်ပြောလိုက်တယ် ။

" ကျွန်မတို့အိမ် မီးလောင်နေလို့ ကူပီး ငြှိမ်းပေးကြပါဦးရှင်.. "

တခဏအတွင်းမှာဘဲ လူအနည်းငယ် ရောက်လာ ကူညီကြပေမယ့် ကျန်တဲ့လူ အများစုကတော့ မကြားချင်ယောင် ဆောင်နေခဲ့ကြပါတယ်။ ရောက်လာတဲ့လူ အနည်းစုနဲ့သာ ညဉ့်နက်တဲ့ထိ စားသောက်ပျော်ပါး ခဲ့ကြတာပေါ့။ အဖေဖြစ်သူက အံ့ဩပြီး သူ့သမီးကို ပြောတယ် ။

" ခုလာတာ ဘယ်သူတွေလဲ.. အဖေနဲ့လည်း မသိပါလား.. အဖေတို့ မိတ်ဆွေတွေရော ဘာလို့ မလာတာလဲ.. "

" ဒီလိုပါဖေဖေ ၊ ခုရောက်လာတဲ့ သူတွေက သမီးတို့အိမ် မီးလောင်နေတယ် ဆိုလို့ ကူညီဖို့ လာကြတာ.. ပါတီလုပ်ဖို့ လာတာ မဟုတ်ပါဘူး။ အဲ့ဒီလူတွေကမှ သမီးတို့ ဧည့်ခံကျွေးမွေးတာနဲ့ ထိုက်တန်တာပါ အဖေ.."

နိဂုံးချုပ် - မိမိ ဒုက္ခရောက်တဲ့ အချိန် မကူညီခဲ့သူဟာ မိမိ အောင်မြင်ချိန် အောင်ပွဲခံတဲ့ အခါမှာလည်း မလာသင့်တဲ့သူပါ။

နိုင်ငံခြား ဆောင်းပါးတစ်ခုအား သင့်တော်သလို ဘာသာပြန် ထားပါသည်။ စိတ်ခွန်အား ရရှိကြပါစေ။

Crd

for zawgyi

အိမ္နီးခ်င္းအစစ္

တစ္ခါက အေဖျဖစ္သူဟာ ႏြားတစ္ေကာင္ကိုသတ္ၿပီး ကင္ရန္ မီးပုံဖိုၿပီး သူ႔သမီးကို လွမ္းေျပာလိုက္တယ္ ။

" သမီးေရ.. အေဖတို႔ အိမ္နီးနားခ်င္း သူငယ္ခ်င္းေတြ သြားေခၚလိုက္... စားပြဲက်င္းပရေအာင္.."

ထိုအခါ သမီးျဖစ္တဲ့သူက လမ္းမေပၚကို ထြက္သြားၿပီး ေအာ္ေျပာလိုက္တယ္ ။

" ကြၽန္မတို႔အိမ္ မီးေလာင္ေနလို႔ ကူပီး ျငႇိမ္းေပးၾကပါဦးရွင္.. "

တခဏအတြင္းမွာဘဲ လူအနည္းငယ္ ေရာက္လာ ကူညီၾကေပမယ့္ က်န္တဲ့လူ အမ်ားစုကေတာ့ မၾကားခ်င္ေယာင္ ေဆာင္ေနခဲ့ၾကပါတယ္။ ေရာက္လာတဲ့လူ အနည္းစုနဲ႔သာ ညဥ့္နက္တဲ့ထိ စားေသာက္ေပ်ာ္ပါး ခဲ့ၾကတာေပါ့။ အေဖျဖစ္သူက အံ့ဩၿပီး သူ႔သမီးကို ေျပာတယ္ ။

" ခုလာတာ ဘယ္သူေတြလဲ.. အေဖနဲ႔လည္း မသိပါလား.. အေဖတို႔ မိတ္ေဆြေတြေရာ ဘာလို႔ မလာတာလဲ.. "

" ဒီလိုပါေဖေဖ ၊ ခုေရာက္လာတဲ့ သူေတြက သမီးတို႔အိမ္ မီးေလာင္ေနတယ္ ဆိုလို႔ ကူညီဖို႔ လာၾကတာ.. ပါတီလုပ္ဖို႔ လာတာ မဟုတ္ပါဘူး။ အဲ့ဒီလူေတြကမွ သမီးတို႔ ဧည့္ခံေကြၽးေမြးတာနဲ႔ ထိုက္တန္တာပါ အေဖ.."

နိဂုံးခ်ဳပ္ - မိမိ ဒုကၡေရာက္တဲ့ အခ်ိန္ မကူညီခဲ့သူဟာ မိမိ ေအာင္ျမင္ခ်ိန္ ေအာင္ပြဲခံတဲ့ အခါမွာလည္း မလာသင့္တဲ့သူပါ။

ႏိုင္ငံျခားေဆာင္းပါးတစ္ခုအား သင့္ေတာ္သလို ဘာသာျပန္ထားပါသည္။ စိတ္ခြန္အားရရွိၾကပါေစ။

Crd

Post a Comment

0 Comments