ATM စက်ထဲက ဒေါ်လာ ၁၈၀၀၀ နီးပါး ကိုက်စားပြီး သေသွားတဲ့ကြွက်

တစ်ခါတရံ ATM စက်မှာ လိုင်းကျတဲ့အခါ၊ ငွေကုန်နေတဲ့အခါ စသဖြင့် အခြေအနေတွေမှာ ငွေထုတ်လို့ မရပါဘူး။ အိန္ဒိယနိုင်ငံက ATM စက်တစ်လုံးမှာလည်း ငွေထုတ်လို့ မရတဲ့ အခြေအနေတစ်ရပ် ဖြစ်ခဲ့ပါတယ်။

ငွေထုတ်လို့ မရခဲ့တဲ့ အကြောင်းအရင်းကတော့ စိတ်ဝင်စားစရာ ကောင်းပါတယ်။ အိန္ဒိယနိုင်ငံ Assam ပြည်နယ်က ATM စက်တစ်လုံးထဲကို ကြွက်တစ်ကောင်က ဝင်ဖောက်ပြီး ရူပီး ၁.၂ မီလီယံ ငွေသားတွေကို စားခဲ့ကြပါတယ်။

" ATM စက်က အလုပ် မလုပ်တာ ရက်မနည်းတော့ဘူး။ စက်ကို ကျွမ်းကျင်တဲ့သူတွေက ဖွင့်ကြည့်လိုက်တဲ့အခါ ပြဲနေတဲ့ ငွေတွေနဲ့ သေနေတဲ့ ကြွက်တစ်ကောင်ကို တွေ့လိုက်ရတယ် " လို့ Tinsukia က State Bank ဘဏ်ခွဲမန်နေဂျာ Chandan Sharma က ပြောပြပါတယ်။

ATM စက်က ကြိုးတွေ သွယ်ထားတဲ့ အပေါက် သေးသေးလေးကနေ ကြွက်ဝင်သွားတာ ဖြစ်မယ်လို့ ရဲတွေက ပြောပါတယ်။

ကျောရိုးရှိတဲ့ သတ္တဝါ တစ်ကောင်က ငွေထုတ်စက်ထဲကို ဝင်ပြီး ငွေသားတွေကို ကိုက်စားပစ်တယ် ဆိုတာ ဖြစ်နိုင်ဖို့ နည်းတယ် လို့ ဝေဖန်သူတွေလည်း ရှိကြပါတယ်။ ဒါပေမယ့် ဗိုက်ဆာနေတဲ့ ကြွက်တစ်ကောင်က ငွေသားတွေ ကိုတောင် စားနိုင်သလား ဆိုတာကိုတော့ အခုထိ လေ့လာချက်တွေမှာ မတွေ့ရသေးပါဘူး။

Zombie (Lovemedia)

for zawgyi

ATM စက္ထဲက ေဒၚလာ ၁၈၀၀၀ နီးပါး ကိုက္စားၿပီး ေသသြားတဲ့ႂကြက္

တစ္ခါတရံ ATM စက္မွာ လိုင္းက်တဲ့အခါ၊ ေငြကုန္ေနတဲ့အခါ စသျဖင့္ အေျခအေနေတြမွာ ေငြထုတ္လို႔ မရပါဘူး။ အိႏၵိယႏိုင္ငံက ATM စက္တစ္လုံးမွာလည္း ေငြထုတ္လို႔ မရတဲ့ အေျခအေနတစ္ရပ္ ျဖစ္ခဲ့ပါတယ္။ ေငြထုတ္လို႔ မရခဲ့တဲ့ အေၾကာင္းအရင္းကေတာ့ စိတ္ဝင္စားစရာ ေကာင္းပါတယ္။

အိႏၵိယႏိုင္ငံ Assam ျပည္နယ္က ATM စက္တစ္လုံးထဲကို ႂကြက္တစ္ေကာင္က ဝင္ေဖာက္ၿပီး ႐ူပီး ၁.၂ မီလီယံေငြသားေတြကို စားခဲ့ၾကပါတယ္။

" ATM စက္က အလုပ္ မလုပ္တာ ရက္မနည္းေတာ့ဘူး။ စက္ကို ကြၽမ္းက်င္တဲ့သူေတြက ဖြင့္ၾကည့္လိုက္တဲ့အခါ ၿပဲေနတဲ့ ေငြေတြနဲ႔ ေသေနတဲ့ ႂကြက္တစ္ေကာင္ကို ေတြ႕လိုက္ရတယ္ " လို႔ Tinsukia က State Bank ဘဏ္ခြဲမန္ေနဂ်ာ Chandan Sharma က ေျပာျပပါတယ္။

ATM စက္က ႀကိဳးေတြ သြယ္ထားတဲ့ အေပါက္ေသးေသးေလးကေန ႂကြက္ဝင္သြားတာ ျဖစ္မယ္လို႔ ရဲေတြက ေျပာပါတယ္။

ေက်ာ႐ိုးရွိတဲ့ သတၱဝါ တစ္ေကာင္က ေငြထုတ္စက္ထဲကို ဝင္ၿပီး ေငြသားေတြကို ကိုက္စားပစ္တယ္ ဆိုတာ ျဖစ္ႏိုင္ဖို႔ နည္းတယ္ လို႔ ေဝဖန္သူေတြလည္း ရွိၾကပါတယ္။ ဒါေပမယ့္ ဗိုက္ဆာေနတဲ့ ႂကြက္တစ္ေကာင္က ေငြသားေတြ ကိုေတာင္ စားႏိုင္သလား ဆိုတာကိုေတာ့ အခုထိ ေလ့လာခ်က္ေတြမွာ မေတြ႕ရေသးပါဘူး။

Zombie (Lovemedia)

Post a Comment

0 Comments