ရွှေယုန်လေး နဲ့ ရွှေကျား

ဟိုးရှေးရှေးတုန်းက ရွှေယုန်နဲ့ ရွှေကျားဆိုတာ ရှိတယ် ။ တနေ့မှာ ရွှေယုန်ဟာ ရွှေကျားဆီကို သွားပြီး ပြောပါတယ် " ဗျို့ ကိုရွှေကျား ကျုပ်တို့ မနက်ဖြန်မနက် သက်ငယ် သွားရိတ်ကြရအောင် "

ရိုး အ ပြီး သဘောကောင်းတဲ့ ရွှေကျားဟာ ရွှေယုန်က သူ့ဆီ တကူးတက လာပြီး မိတ်ဆွေဖွဲ့တော့ ကျေနပ်စွာနဲ့ပဲ လက်ခံလိုက် ပါတယ် ။ ဒီလိုနဲ့ နောက်နေ့ မနက်ခင်း စောစောမှာ ရွှေကျားဟာ ထမင်းနဲ့ အသားဟင်းကောင်းကောင်း ထုတ်ပြီး ရွှေယုန်ဆီကို သွားပါတယ် ။ ပြီးတော့ အတူတကွ သက်ငယ်ရိတ်ဖို့ ထွက်လာခဲ့ ကြတယ် ။

ရွှေယုန်ကလည်း ထမင်းထုတ် ပါ ပါတယ်။ ဒါပေမယ့် အထဲမှာ ထမင်းဟင်း မဟုတ်ဘဲ နောက်ချီးနဲ့ သဲတွေ ထည့်လာတာပါ ။ သက်ငယ်တောကို ရောက်တာနဲ့ ရွှေကျားက သက်ငယ် စရိတ် ပါတော့တယ် ။ ရွှေယုန် ကတော့ အပျင်းထူတာနဲ့ မရိတ်ချင်သေးတော့ " ရွှေကျားရေ တို့ ထမင်း အရင် စားရအောင်ကွာ "

ဒါပေမယ့် ရွှေကျားက သဘောကောင်းပြီး ဝီရိယရှိသူ ဆိုတော့ သက်ငယ် အရင် ရိတ်လိုကြောင်း နောက်မှ စားမယ်လို့ ပြန်ပြောလိုက်တယ် ။ ဒီတော့ ရွှေယုန်က " အေး မင့်သဘောပဲလေ ၊ ငါတော့ စားနှင့်ပြီ ၊ ရှေးပညာရှိကြီးတွေ ပြောတဲ့ ' အရင်စားရင် ကောင်းကောင်း စားရမယ်၊ နောက်ကျရင် နောက်ချီးနဲ့ သဲ ပဲ စားရမယ် ' ဆိုတာ မင်းကြားဖူးတယ် မလား " လို့ ပြောပြီး ထမင်းထုတ်တွေ ရှိရာကို အမြန် ပြေးသွား ပါတော့တယ်။

ထမင်းထုတ်နား ရောက်တော့ ရွှေကျားရဲ့ ထမင်းထုတ်ကို ဖြေစားလိုက် ပါတယ် ။ ပြီးတာနဲ့ အရိပ်ကောင်းတဲ့ ခြုံပုတ်တခု အောက်မှာ သွားအိပ်နေ ပါတော့တယ် ။ နေမွန်းတည့်ချိန် ရောက်တော့ ရွှေကျားဟာ သက်ငယ်ရိတ် နားပြီး ထမင်းစားဖို့ ရောက်လာပါတယ်။ ထမင်းထုပ်ကိုမြင်တော့ သူ့ထမင်းထုတ်နဲ့ မတူတာကြောင့် ရွှေယုန်ကို လှမ်းမေးပါတယ် ။

" ရွှေယုန် မင်း ငါ့ထမင်းထုပ်ကို စားပစ်လိုက်သလား " ရွှေယုန်က " ဟ ငါမစားပါဘူးကွ ၊ ငါ့အထင်တော့ ရှေးပညာရှိ တွေပြောခဲ့တာ မှန်ပြီနဲ့တူတယ် ။ မင်းနောက်ကျလို့ မင့်ထမင်းတွေ နောက်ချီးနဲ့သဲ ဖြစ်သွားပြီ ထင်တယ် " လို့ လိမ်ပြောပါတယ် ။ ရွှေကျားကလည်း အူတူတူဆိုတော့ ရွှေယုန် ရှင်းပြတာကို လက်ခံလိုက်တယ်။ အဲ့ဒါနဲ့ ထမင်းမစားတော့ဘဲ သက်ငယ် ထပ်ရိတ်နေ ခဲ့တယ် ။ ရွှေယုန်ကလည်း ခြုံထဲမှာပဲ ဆက်အိပ်နေ ခဲ့တယ် ။

ညနေစောင်းချိန် မှာတော့ ရွှေကျားက သက်ငယ်တွေ အတော် များရပေမယ့် ရွှေယုန်ကတော့ ဘာမှ မရိတ်ရသေးပါဘူး ။ ရွှေကျားက သက်ငယ်ထုံးကို ကျောပေါ်တင်ပြီး ပြန်မယ် အလုပ်မှာတော့ ရွှေယုန်က ပြောတယ် " ရွှေကျားရာ ငါဖျားချင်သလိုလို ဖြစ်ပြီး လမ်းမလျှောက်ချင် တော့ဘူး ။ ငါကိုကလည်း မှားတာပါကွာ ၊ နေပူကြီးထဲ တနေ့လုံး အိပ်နေမိခဲ့ တာကိုး "

ရွှေကျား ဟာလည်း ရိုးအပြီး သဘောကောင်းသူ ဆိုတော့ " အေးကွာ ၊ ဒါဆိုလည်း ငါ့ကျော်ပေါ်တက် ၊ သက်ငယ်ထုံးပေါ်က ထိုင်လိုက်ခဲ့ပေတော့ " လို့ ခေါ်ပါသတဲ့ ။ ရွှေကျား လမ်းလျှောက်လာရင်း ခရီးတဝက်လောက် ရောက်တော့ ရွှေယုန်ဟာ မီးခြစ်ကို ထုတ်ပြီး မီးခြစ်ပါတယ်။ ရွှေယုန်ကို သံသယ ဝင်လာတဲ့ ရွှေကျားကမေးတယ် " ဘာသံလဲဟ "

ရွှေယုန်က " ငါ ငှက်ဖျားဖြစ်ပြီ ထင်တယ် တကိုယ်လုံး တုန်ပြီး သွားတွေကျိတ်တဲ့ အသံပါ " လို့ ပြန်ပြောတယ် ။ နောက်တော့ သက်ငယ်ထုံးကိုမီးရှို့ပြီး ရွှေကျားကျောပေါ်က ခုန်ချ ထွက်ပြေးသွား ပါတော့တယ် ။ ရွှေကျားကျောမှာ မီးလောင် ဒဏ်ရာကြီး ရသွားတာပေါ့ ။

ဒီလိုနဲ့ ရွှေကျားဟာ ခရီးဆက် ထွက်လာရင်း ရှေ့ရောက်တော့ လမ်းဘေးမှာ ဘာမှ မသိသလို ထိုင်နေတဲ့ ရွှေယုန်ကို တွေ့လိုက်တယ်။ ရွှေကျားက " ဟား မင်း ငါ့ကို ပညာပြသွားတဲ့ကောင် မပြေးနဲ့ ။ ငါ့ကျောကို မီးနဲ့ရှို့တဲ့ကောင် သေပေတော့ " လို့ ပြောရင်း အသံဝါကြီးနဲ့ ဟိန်းလိုက်ပါတယ် ။

ဒီတော့ ရွှေယုန်က " ကျုပ် ခင်များကို တခါမှ မတွေ့ဖူးဘူး " လို့ ခုခံပြောဆိုတယ် ။ အယုံလွယ်တဲ့ ရွှေကျားက ဒါ တခြား ယုန်တကောင်ပဲလို့ထင်သွားပြီး ပြန်တောင်းပန်လိုက်တယ် ။ ရွှေယုန်က ပြန်ပြီး " ရပါတယ် ကျုပ်ခင်များကို အပြစ်မတင်ပါဘူး ၊ ဘာလို့လဲ ဆိုတော့ ကျုပ်မှာ ကျုပ်နဲ့ တူတဲ့ ညီကိုမောင်နှစ်မတွေ ဝမ်းကွဲတွေ အများကြီး ရှိတာကိုး ဗျ ။ ဒါနဲ့ ကိုရွှေကျား ခင်များကျောမှာ ဒီလောက် ဒဏ်ရာတွေ ရလာအောင် ဘာတွေများ လုပ်လာခဲ့တုန်း "

ရွှေကျားကလည်း ဖြစ်ကြောင်းကုန်စင် ရှင်းပြတာပေါ့ ။ ဒီတော့ ရွှေယုန်က " ဒါဆို ခင်များ ဒဏ်ရာတွေ ပျောက်အောင် အကြံပေးမယ် ။ ခင်များကျောက ဒဏ်ရာတွေ ပျောက်ချင်ရင် အနာကို သစ်ပင်အခေါက်နဲ့ ပွတ်တိုက်ပေးရင် ပျောက်တယ် " အယုံလွယ်တဲ့ အူတူတူ ရွှေကျားကလည်း သစ်ပင်တပင်နား သွားပြီး ကျောနဲ့ ပွတ်တိုက်လိုက်တယ် ။ အနာတွေဟာ ပဲ့ရွဲ့ပြီး သွေးတွေပါ ထွက်လာတော့တာပေါ့ ။ ထုံးစံအတိုင်း ရွှေယုန်ကတော့ ထွက်ပြေးသွားပြန် တာပေါ့ ။

ဒဏ်ရာတွေ ထပ်ရသွားတဲ့ ရွှေကျားဟာ ခရီးဆက်လာရင်း လမ်းဘေးမှာ ဘာမှ မသိသလို ထိုင်နေတဲ့ ရွှေယုန်ကို တွေ့ပြန်တယ် ။ " ငါ့ကို ဒုက္ခပေးတဲ့ ယုန်စုတ် မပြေးနဲ့ " လို့ ဒေါသတကြီး ဟိန်းဟောက်လိုက်တယ် ။ ရွှေယုန်ကလည်း " ကိုရွှေကျား လူမှားတာ ၊ အဲလေ ယုန်မှားတာ ဖြစ်မယ်ဗျ ၊ ကျနော့မှာ ကျနော်နဲ့ တူတဲ့ ညီကိုမောင်နှမတွေ အများကြီး " လို့ လိမ်ပြန် ပါတယ် ။

ရွှေကျားကလည်း အယုံလွယ်ပြီး ပြန်တောင်းပန်လိုက် သေးတယ်။ " ဒါနဲ့ နောင်ကြီး ကျောမှာဒဏ်ရာတွေ မနည်းပါလား ၊ ဘယ်လို ဖြစ်လာတာတုန်း " ရွှေကျားကလည်း ဖြစ်ကြောင်းကုန်စင် ပြန်ပြောပြတာပေါ့ ။ ဒီတော့ရွှေယုန်က ကရုဏာသက်စွာနဲ့ ပြန်ပြောတယ် " ဟာဗျာ စိတ်မကောင်းစရာ ဒီလို ဒဏ်ရာမျိုးက သဲထဲမှာ လှိမ့်လိုက်ရင် ချက်ချင်း ပျောက်တာ " လို့ ပြောပြန်တယ် ။

အူတူတူ ရွှေကျားကလည်း အယုံလွယ်တော့ သဲပေါတဲ့ မြစ်ကမ်းနံဘေးကို သွားပြီး သဲပြင်ထဲ လူးလှိမ့်လိုက် ပြန်တယ် ။ အနာထဲ သဲတွေဝင်တော့ စပ်ဖျင်းဖျင်းနဲ့ အတော် ဒုက္ခရောက်သွားတာပေါ့ ။ ဒီလိုနဲ့ ဝေဒနာတွေကို ခံစားရင်း ခရီးဆက်ထွက် လာခဲ့တယ် ။ ရှေ့နား အတော်လေးရောက်တော့ လမ်းဘေးမှာ ဘာမှမသိသလိုနဲ့ ထိုင်နေတဲ့ ရွှေယုန်ကို တွေ့ပြန်တယ် ။

ဒေါသ အမျက်ချောင်းချောင်း ထွက်နေတဲ့ ရွှေကျားဟာ " ငါ့ကို ဒုက္ခပေးတဲ့ ယုန်စုတ် ဒီတခါ ငါ့လက်က မလွတ်စေရဘူး လာခဲ့ " ဆိုပြီး ဟိန်းဟောက်လိုက်တော့ ရွှေယုန်က " နေပါဦး ငါမင်းကိုမသိပါဘူး ။ ကြည့်ရတာ မင်း ငါ့အမျိုးတွေထဲက တကောင်ကောင်နဲ့ မှားနေတာ ဖြစ်မယ် " လို့ ခပ်တည်တည်နဲ့ ပြန်ပြောလိုက်တယ် ။

ဒီတော့ အူတူတူ ရွှေကျားဟာ ယုံသွားပြီး ပြန်တောင်းပန် ပါသတဲ့ ။ ဒီတော့ရွှေယုန်က ကရုဏာသံနဲ့ ပြောပြန်တယ် " ဟာ ၊ ဘယ်လို ဖြစ်ရတာလဲ ရွှေကျားရယ် ။ မင့်ကျောမှာလဲ ဒဏ်ရာတွေ ဗလပွပါလား ၊ ဒါပေသိ ဘာမှ မပူနဲ့ကွ မင်းကံကောင်းတယ် ၊ ငါမင်းကို ဆုတောင်းပြည့်ရေကန်ကို ခေါ်သွားမယ် ။ အဲ့ဒီမှာသာ မင်းဆုတောင်းလိုက်ရင် ဒဏ်ရာတွေ ယူပစ်သလို ပျောက်သွားလိမ့်မယ် " ဆိုတော့ ရွှေကျားက

" အေး လုပ်စမ်းပါကွာ ငါ့ကို အဲ့ရေကန်ဆီ အမြန် ခေါ်သွားစမ်းပါ " ။ ရွှေယုန်က " အေး ငါနောက်ကလိုက်ခဲ့ "

ဒီလိုနဲ့ ရွှေယုန်ဟာ ရွှေကျားကို ရေတွင်းတတွင်းဆီ ခေါ်သွားတာပေါ့ ။ ရေတွင်းနားရောက်တော့ " ကဲ ရေတွင် နုတ်ခမ်းပေါ်တက် အောက်ကိုကြည့်ပြီး ဆုတောင်းပေတော့ " ရွှေကျားကလည်း အယုံလွယ်သူ ဆိုတော့ ရေတွင်းနုတ်ခမ်းပေါ် တက်ပြီး ဆုတောင်းမယ် အလုပ်မှာ ရွှေယုန်က နောက်ကနေ တွန်းချလိုက်တာ သေပါလေရော တဲ့ကွယ် ။

ပုံပြင်လေးကတော့ ဒါလောက်ပဲ ။ ဒီပုံပြင်ထဲက ရွှေကျားလို တွေ့သမျှယုံ ပြောသမျှ ယုံတဲ့ ပိန်းတိန်းတိန်း ၊ အတတ အတတ တွေ မဖြစ်ပါစေနဲ့ ။

crd

Zawgyi

ေ႐ႊယုန္ေလး နဲ႔ ေ႐ႊက်ား

ဟိုးေရွးေရွးတုန္းက ေ႐ႊယုန္နဲ႔ ေ႐ႊက်ားဆိုတာ ရွိတယ္ ။ တေန႔မွာ ေ႐ႊယုန္ဟာ ေ႐ႊက်ားဆီကို သြားၿပီး ေျပာပါတယ္ " ဗ်ိဳ႕ ကိုေ႐ႊက်ား က်ဳပ္တို႔ မနက္ျဖန္မနက္ သက္ငယ္ သြားရိတ္ၾကရေအာင္ "

႐ိုး အ ၿပီး သေဘာေကာင္းတဲ့ ေ႐ႊက်ားဟာ ေ႐ႊယုန္က သူ႔ဆီ တကူးတက လာၿပီး မိတ္ေဆြဖြဲ႕ေတာ့ ေက်နပ္စြာနဲ႔ပဲ လက္ခံလိုက္ ပါတယ္ ။ ဒီလိုနဲ႔ ေနာက္ေန႔ မနက္ခင္း ေစာေစာမွာ ေ႐ႊက်ားဟာ ထမင္းနဲ႔ အသားဟင္းေကာင္းေကာင္း ထုတ္ၿပီး ေ႐ႊယုန္ဆီကို သြားပါတယ္ ။ ၿပီးေတာ့ အတူတကြ သက္ငယ္ရိတ္ဖို႔ ထြက္လာခဲ့ ၾကတယ္ ။

ေ႐ႊယုန္ကလည္း ထမင္းထုတ္ ပါ ပါတယ္။ ဒါေပမယ့္ အထဲမွာ ထမင္းဟင္း မဟုတ္ဘဲ ေနာက္ခ်ီးနဲ႔ သဲေတြ ထည့္လာတာပါ ။ သက္ငယ္ေတာကို ေရာက္တာနဲ႔ ေ႐ႊက်ားက သက္ငယ္ စရိတ္ ပါေတာ့တယ္ ။ ေ႐ႊယုန္ ကေတာ့ အပ်င္းထူတာနဲ႔ မရိတ္ခ်င္ေသးေတာ့ " ေ႐ႊက်ားေရ တို႔ ထမင္း အရင္ စားရေအာင္ကြာ "

ဒါေပမယ့္ ေ႐ႊက်ားက သေဘာေကာင္းၿပီး ဝီရိယရွိသူ ဆိုေတာ့ သက္ငယ္ အရင္ ရိတ္လိုေၾကာင္း ေနာက္မွ စားမယ္လို႔ ျပန္ေျပာလိုက္တယ္ ။ ဒီေတာ့ ေ႐ႊယုန္က " ေအး မင့္သေဘာပဲေလ ၊ ငါေတာ့ စားႏွင့္ၿပီ ၊ ေရွးပညာရွိႀကီးေတြ ေျပာတဲ့ ' အရင္စားရင္ ေကာင္းေကာင္း စားရမယ္၊ ေနာက္က်ရင္ ေနာက္ခ်ီးနဲ႔ သဲ ပဲ စားရမယ္ ' ဆိုတာ မင္းၾကားဖူးတယ္ မလား " လို႔ ေျပာၿပီး ထမင္းထုတ္ေတြ ရွိရာကို အျမန္ ေျပးသြား ပါေတာ့တယ္။

ထမင္းထုတ္နား ေရာက္ေတာ့ ေ႐ႊက်ားရဲ႕ ထမင္းထုတ္ကို ေျဖစားလိုက္ ပါတယ္ ။ ၿပီးတာနဲ႔ အရိပ္ေကာင္းတဲ့ ၿခဳံပုတ္တခု ေအာက္မွာ သြားအိပ္ေန ပါေတာ့တယ္ ။ ေနမြန္းတည့္ခ်ိန္ ေရာက္ေတာ့ ေ႐ႊက်ားဟာ သက္ငယ္ရိတ္ နားၿပီး ထမင္းစားဖို႔ ေရာက္လာပါတယ္။ ထမင္းထုပ္ကိုျမင္ေတာ့ သူ႔ထမင္းထုတ္နဲ႔ မတူတာေၾကာင့္ ေ႐ႊယုန္ကို လွမ္းေမးပါတယ္ ။

" ေ႐ႊယုန္ မင္း ငါ့ထမင္းထုပ္ကို စားပစ္လိုက္သလား " ေ႐ႊယုန္က " ဟ ငါမစားပါဘူးကြ ၊ ငါ့အထင္ေတာ့ ေရွးပညာရွိ ေတြေျပာခဲ့တာ မွန္ၿပီနဲ႔တူတယ္ ။ မင္းေနာက္က်လို႔ မင့္ထမင္းေတြ ေနာက္ခ်ီးနဲ႔သဲ ျဖစ္သြားၿပီ ထင္တယ္ " လို႔ လိမ္ေျပာပါတယ္ ။ ေ႐ႊက်ားကလည္း အူတူတူဆိုေတာ့ ေ႐ႊယုန္ ရွင္းျပတာကို လက္ခံလိုက္တယ္။ အဲ့ဒါနဲ႔ ထမင္းမစားေတာ့ဘဲ သက္ငယ္ ထပ္ရိတ္ေန ခဲ့တယ္ ။ ေ႐ႊယုန္ကလည္း ၿခဳံထဲမွာပဲ ဆက္အိပ္ေန ခဲ့တယ္ ။

ညေနေစာင္းခ်ိန္ မွာေတာ့ ေ႐ႊက်ားက သက္ငယ္ေတြ အေတာ္ မ်ားရေပမယ့္ ေ႐ႊယုန္ကေတာ့ ဘာမွ မရိတ္ရေသးပါဘူး ။ ေ႐ႊက်ားက သက္ငယ္ထုံးကို ေက်ာေပၚတင္ၿပီး ျပန္မယ္ အလုပ္မွာေတာ့ ေ႐ႊယုန္က ေျပာတယ္ " ေ႐ႊက်ားရာ ငါဖ်ားခ်င္သလိုလို ျဖစ္ၿပီး လမ္းမေလွ်ာက္ခ်င္ ေတာ့ဘူး ။ ငါကိုကလည္း မွားတာပါကြာ ၊ ေနပူႀကီးထဲ တေန႔လုံး အိပ္ေနမိခဲ့ တာကိုး "

ေ႐ႊက်ား ဟာလည္း ႐ိုးအၿပီး သေဘာေကာင္းသူ ဆိုေတာ့ " ေအးကြာ ၊ ဒါဆိုလည္း ငါ့ေက်ာ္ေပၚတက္ ၊ သက္ငယ္ထုံးေပၚက ထိုင္လိုက္ခဲ့ေပေတာ့ " လို႔ ေခၚပါသတဲ့ ။ ေ႐ႊက်ား လမ္းေလွ်ာက္လာရင္း ခရီးတဝက္ေလာက္ ေရာက္ေတာ့ ေ႐ႊယုန္ဟာ မီးျခစ္ကို ထုတ္ၿပီး မီးျခစ္ပါတယ္။ ေ႐ႊယုန္ကို သံသယ ဝင္လာတဲ့ ေ႐ႊက်ားကေမးတယ္ " ဘာသံလဲဟ "

ေ႐ႊယုန္က " ငါ ငွက္ဖ်ားျဖစ္ၿပီ ထင္တယ္ တကိုယ္လုံး တုန္ၿပီး သြားေတြက်ိတ္တဲ့ အသံပါ " လို႔ ျပန္ေျပာတယ္ ။ ေနာက္ေတာ့ သက္ငယ္ထုံးကိုမီးရႈိ႕ၿပီး ေ႐ႊက်ားေက်ာေပၚက ခုန္ခ် ထြက္ေျပးသြား ပါေတာ့တယ္ ။ ေ႐ႊက်ားေက်ာမွာ မီးေလာင္ ဒဏ္ရာႀကီး ရသြားတာေပါ့ ။

ဒီလိုနဲ႔ ေ႐ႊက်ားဟာ ခရီးဆက္ ထြက္လာရင္း ေရွ႕ေရာက္ေတာ့ လမ္းေဘးမွာ ဘာမွ မသိသလို ထိုင္ေနတဲ့ ေ႐ႊယုန္ကို ေတြ႕လိုက္တယ္။ ေ႐ႊက်ားက " ဟား မင္း ငါ့ကို ပညာျပသြားတဲ့ေကာင္ မေျပးနဲ႔ ။ ငါ့ေက်ာကို မီးနဲ႔ရႈိ႕တဲ့ေကာင္ ေသေပေတာ့ " လို႔ ေျပာရင္း အသံဝါႀကီးနဲ႔ ဟိန္းလိုက္ပါတယ္ ။

ဒီေတာ့ ေ႐ႊယုန္က " က်ဳပ္ ခင္မ်ားကို တခါမွ မေတြ႕ဖူးဘူး " လို႔ ခုခံေျပာဆိုတယ္ ။ အယုံလြယ္တဲ့ ေ႐ႊက်ားက ဒါ တျခား ယုန္တေကာင္ပဲလို႔ထင္သြားၿပီး ျပန္ေတာင္းပန္လိုက္တယ္ ။ ေ႐ႊယုန္က ျပန္ၿပီး " ရပါတယ္ က်ဳပ္ခင္မ်ားကို အျပစ္မတင္ပါဘူး ၊ ဘာလို႔လဲ ဆိုေတာ့ က်ဳပ္မွာ က်ဳပ္နဲ႔ တူတဲ့ ညီကိုေမာင္ႏွစ္မေတြ ဝမ္းကြဲေတြ အမ်ားႀကီး ရွိတာကိုး ဗ် ။ ဒါနဲ႔ ကိုေ႐ႊက်ား ခင္မ်ားေက်ာမွာ ဒီေလာက္ ဒဏ္ရာေတြ ရလာေအာင္ ဘာေတြမ်ား လုပ္လာခဲ့တုန္း "

ေ႐ႊက်ားကလည္း ျဖစ္ေၾကာင္းကုန္စင္ ရွင္းျပတာေပါ့ ။ ဒီေတာ့ ေ႐ႊယုန္က " ဒါဆို ခင္မ်ား ဒဏ္ရာေတြ ေပ်ာက္ေအာင္ အႀကံေပးမယ္ ။ ခင္မ်ားေက်ာက ဒဏ္ရာေတြ ေပ်ာက္ခ်င္ရင္ အနာကို သစ္ပင္အေခါက္နဲ႔ ပြတ္တိုက္ေပးရင္ ေပ်ာက္တယ္ " အယုံလြယ္တဲ့ အူတူတူ ေ႐ႊက်ားကလည္း သစ္ပင္တပင္နား သြားၿပီး ေက်ာနဲ႔ ပြတ္တိုက္လိုက္တယ္ ။ အနာေတြဟာ ပဲ့႐ြဲ႕ၿပီး ေသြးေတြပါ ထြက္လာေတာ့တာေပါ့ ။ ထုံးစံအတိုင္း ေ႐ႊယုန္ကေတာ့ ထြက္ေျပးသြားျပန္ တာေပါ့ ။

ဒဏ္ရာေတြ ထပ္ရသြားတဲ့ ေ႐ႊက်ားဟာ ခရီးဆက္လာရင္း လမ္းေဘးမွာ ဘာမွ မသိသလို ထိုင္ေနတဲ့ ေ႐ႊယုန္ကို ေတြ႕ျပန္တယ္ ။ " ငါ့ကို ဒုကၡေပးတဲ့ ယုန္စုတ္ မေျပးနဲ႔ " လို႔ ေဒါသတႀကီး ဟိန္းေဟာက္လိုက္တယ္ ။ ေ႐ႊယုန္ကလည္း " ကိုေ႐ႊက်ား လူမွားတာ ၊ အဲေလ ယုန္မွားတာ ျဖစ္မယ္ဗ် ၊ က်ေနာ့မွာ က်ေနာ္နဲ႔ တူတဲ့ ညီကိုေမာင္ႏွမေတြ အမ်ားႀကီး " လို႔ လိမ္ျပန္ ပါတယ္ ။

ေ႐ႊက်ားကလည္း အယုံလြယ္ၿပီး ျပန္ေတာင္းပန္လိုက္ ေသးတယ္။ " ဒါနဲ႔ ေနာင္ႀကီး ေက်ာမွာဒဏ္ရာေတြ မနည္းပါလား ၊ ဘယ္လို ျဖစ္လာတာတုန္း " ေ႐ႊက်ားကလည္း ျဖစ္ေၾကာင္းကုန္စင္ ျပန္ေျပာျပတာေပါ့ ။ ဒီေတာ့ေ႐ႊယုန္က က႐ုဏာသက္စြာနဲ႔ ျပန္ေျပာတယ္ " ဟာဗ်ာ စိတ္မေကာင္းစရာ ဒီလို ဒဏ္ရာမ်ိဳးက သဲထဲမွာ လွိမ့္လိုက္ရင္ ခ်က္ခ်င္း ေပ်ာက္တာ " လို႔ ေျပာျပန္တယ္ ။

အူတူတူ ေ႐ႊက်ားကလည္း အယုံလြယ္ေတာ့ သဲေပါတဲ့ ျမစ္ကမ္းနံေဘးကို သြားၿပီး သဲျပင္ထဲ လူးလွိမ့္လိုက္ ျပန္တယ္ ။ အနာထဲ သဲေတြဝင္ေတာ့ စပ္ဖ်င္းဖ်င္းနဲ႔ အေတာ္ ဒုကၡေရာက္သြားတာေပါ့ ။ ဒီလိုနဲ႔ ေဝဒနာေတြကို ခံစားရင္း ခရီးဆက္ထြက္ လာခဲ့တယ္ ။ ေရွ႕နား အေတာ္ေလးေရာက္ေတာ့ လမ္းေဘးမွာ ဘာမွမသိသလိုနဲ႔ ထိုင္ေနတဲ့ ေ႐ႊယုန္ကို ေတြ႕ျပန္တယ္ ။

ေဒါသ အမ်က္ေခ်ာင္းေခ်ာင္း ထြက္ေနတဲ့ ေ႐ႊက်ားဟာ " ငါ့ကို ဒုကၡေပးတဲ့ ယုန္စုတ္ ဒီတခါ ငါ့လက္က မလြတ္ေစရဘူး လာခဲ့ " ဆိုၿပီး ဟိန္းေဟာက္လိုက္ေတာ့ ေ႐ႊယုန္က " ေနပါဦး ငါမင္းကိုမသိပါဘူး ။ ၾကည့္ရတာ မင္း ငါ့အမ်ိဳးေတြထဲက တေကာင္ေကာင္နဲ႔ မွားေနတာ ျဖစ္မယ္ " လို႔ ခပ္တည္တည္နဲ႔ ျပန္ေျပာလိုက္တယ္ ။

ဒီေတာ့ အူတူတူ ေ႐ႊက်ားဟာ ယုံသြားၿပီး ျပန္ေတာင္းပန္ ပါသတဲ့ ။ ဒီေတာ့ေ႐ႊယုန္က က႐ုဏာသံနဲ႔ ေျပာျပန္တယ္ " ဟာ ၊ ဘယ္လို ျဖစ္ရတာလဲ ေ႐ႊက်ားရယ္ ။ မင့္ေက်ာမွာလဲ ဒဏ္ရာေတြ ဗလပြပါလား ၊ ဒါေပသိ ဘာမွ မပူနဲ႔ကြ မင္းကံေကာင္းတယ္ ၊ ငါမင္းကို ဆုေတာင္းျပည့္ေရကန္ကို ေခၚသြားမယ္ ။ အဲ့ဒီမွာသာ မင္းဆုေတာင္းလိုက္ရင္ ဒဏ္ရာေတြ ယူပစ္သလို ေပ်ာက္သြားလိမ့္မယ္ " ဆိုေတာ့ ေ႐ႊက်ားက

" ေအး လုပ္စမ္းပါကြာ ငါ့ကို အဲ့ေရကန္ဆီ အျမန္ ေခၚသြားစမ္းပါ " ။ ေ႐ႊယုန္က " ေအး ငါေနာက္ကလိုက္ခဲ့ "

ဒီလိုနဲ႔ ေ႐ႊယုန္ဟာ ေ႐ႊက်ားကို ေရတြင္းတတြင္းဆီ ေခၚသြားတာေပါ့ ။ ေရတြင္းနားေရာက္ေတာ့ " ကဲ ေရတြင္ ႏုတ္ခမ္းေပၚတက္ ေအာက္ကိုၾကည့္ၿပီး ဆုေတာင္းေပေတာ့ " ေ႐ႊက်ားကလည္း အယုံလြယ္သူ ဆိုေတာ့ ေရတြင္းႏုတ္ခမ္းေပၚ တက္ၿပီး ဆုေတာင္းမယ္ အလုပ္မွာ ေ႐ႊယုန္က ေနာက္ကေန တြန္းခ်လိုက္တာ ေသပါေလေရာ တဲ့ကြယ္ ။

ပုံျပင္ေလးကေတာ့ ဒါေလာက္ပဲ ။ ဒီပုံျပင္ထဲက ေ႐ႊက်ားလို ေတြ႕သမွ်ယုံ ေျပာသမွ် ယုံတဲ့ ပိန္းတိန္းတိန္း ၊ အတတ အတတ ေတြ မျဖစ္ပါေစနဲ႔ ။

crd

Post a Comment

0 Comments