ယုန်ဖြူလေးနဲ့ ခြင်္သေ့ကြီးကပေးတဲ့ ပညာ (၁) နဲ့ (၂)

အပိုင်း (၁)

တစ်ခါတုန်းက ယုန်ဖြူလေးက တောင်ခြေက လှိုဏ်ဂူတစ်ခု အရှေ့မှာ စာရေးနေတယ်။ မြေခွေးတစ်ကောင်က အနားကပ်လာပြီး ယုန်ကို မေးတယ် ။

" မင်းဘာအကြောင်း ရေးနေတာလဲ "

ယုန်လေးက ပြန်ဖြေတယ်။

" အားနွဲ့တဲ့ ယုန်ဖြူငယ်လေး တစ်ကောင်က မြေခွေးကို ဘယ်လို သတ်စားလိုက်တယ် ဆိုတဲ့ အကြောင်းလေးပါ "

မြေခွေးက မယုံဘူး၊ ဒါနဲ့ ယုန်လေးက မယုံရင် ပြမယ်ဆိုပီး မြေခွေးကို လှိုဏ်ဂူထဲ ခေါ်သွားတယ်။ ခဏကြာတော့ ယုန်တစ်ကောင်ထဲ လှိုဏ်ဂူထဲက ပြန်ထွက်လာတယ်၊ စာဆက် ရေးတယ်။

တောဝက် တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်။

" မင်း ဘာအကြောင်း ရေးနေတာလဲ "

ယုန်လေးက ပြန်ဖြေတယ်။

" အားနွဲ့တဲ့ ယုန်ဖြူငယ်လေး တစ်ကောင်က တောဝက်ကို ဘယ်လို သတ်စားလိုက်တယ် ဆိုတဲ့အကြောင်းလေးပါ "

တောဝက်ကလည်း မယုံဘူး၊ ဒါနဲ့ ယုန်က တောဝက်ကို လှိုဏ်ဂူထဲ ခေါ်သွားတယ်။ နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့တစ်ကောင်က မြေခွေးအရိုးစုနဲ့ တောဝက်အရိုးစု ကြားထဲမှာ မိန့်မိန့်ကြီး ထိုင်နေတယ်။ အင်မတန် ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့ စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ် ။

" ဝန်ထမ်းတစ်ဦးရဲ့ စွမ်းရည်က သူဌေးအပေါ်လည်း အများကြီး မူတည်ပါတယ် "

ဒဿန - လူတစ်ယောက်ရဲ့ စွမ်းရည် ရှိမရှိထက် အဲဒီလူက ဘယ်သူနဲ့လက်တွဲ လုပ်နေသလဲအပေါ် မူတည်တယ်။ သင်က ဘယ်လောက်ပဲ အားစိုက်ထုတ်ထုတ် သူဌေး Background မကောင်းရင် အလကားပဲ။ တစ်ခါတစ်လေ စိုက်ထုတ်မှုထက် ရွေးခြယ်မှုက အများကြီး အရေးပါတယ်။ တစ်ချက် အရွေးမှားသွားတာနဲ့ နောက်က ကြိုးစားသမျှ အချည်းအနှီးပဲ။ သင်ရွေးခြယ်တဲ့ ကုမ္ပဏီနဲ့ သူဌေးက Background တောင့်ရဲ့လား ။

အပိုင်း (၂)

ယုန်ဖြူလေးက ဒီအကြောင်းကို သူ့သူငယ်ချင်းကို လွှတ်ခနဲ ပြောပြမိလိုက်တယ်။ သတင်းက ချက်ချင်းကြီး တောအုပ်ထဲမှာ ပျံ့နှံ့သွားတယ်။ ခြင်္သေ့ကြီးလည်း သိသွားတော့ ဒေါသအရမ်း ထွက်သွားတာပေါ့။

" ဒီတစ်ပတ်အတွင်း ငါ့ကို အစာမပို့ပေးနိုင်ရင် မင်းကိုသတ်စားပစ်မယ် " လို့ ခြိမ်းခြောက်တယ် ။

ဒါနဲ့ ယုန်ကလေးလည်း မှိုင်တိုင်တိုင်လေးနဲ့ လှိုဏ်ဂူဝမှာ စာဆက် ရေးတယ်။ အဲ့ဒီအချိန်မှာ ဒရယ်တစ်ကောင်က အနားကပ်လာပြီး ယုန်ကိုမေးတယ်။

" မင်းဘာအကြောင်းရေးနေတာလဲ "

ယုန်က ပြန်ဖြေတယ်။

" အားနွဲ့တဲ့ ယုန်ဖြူငယ်လေး တစ်ကောင်က မြေခွေးကို ဘယ်လို သတ်စားလိုက်တယ် ဆိုတဲ့ အကြောင်းလေးပါ "

ဒရယ်က တဟက်ဟက်နဲ့ရယ်ပြီး ပြန်ပြောတယ်။

" တစ်တောတောင်လုံး ဒီအကြောင်း သိနေပြီ.. မင်းအကွက်က ရိုးနေပြီ.. ဒါတွေ မြို့မှာသွားပြော.. ဟဟ "

ယုန်ကပြန်ဖြေတယ်။

" အဲဒီလို တစ်တောတောင်လုံး သိကုန်လို့ပေါ့ ကိုဒရယ်ကြီးရယ်.. ခြင်္သေက ကျနော့်ကို အလုပ်ဖြုတ်မယ် လုပ်နေတယ်၊ ကျနော့်အစား အခြားတစ်ယောက်လိုတယ်တဲ့၊ ကိုဒရယ်ကြီး ဒီရာထူးကို မလိုချင်ဘူးလားဗျာ.."

ဒရယ် တွေဝေသွားတယ်။ နောက်တော့ လက်ခံလိုက်တယ်။ ယုန်နဲ့တူတူ လှိုဏ်ဂူထဲဝင်ပြီး ခြင်္သေ့ကြီးကို သွားတွေ့ဖို့ ဆုံးဖြတ်လိုက်တယ်။ ခဏကြာတော့ ယုန်တစ်ကောင်ထဲ လှိုဏ်ဂူထဲက ပြန်ထွက်လာတယ်၊

စာဆက်ရေးတယ်။ မြင်းတစ်ကောင် ထပ်လာတယ်၊ ခုနလိုပဲပြောပြီး အထဲထပ်ခေါ်သွားတယ်။ နောက်ဆုံး လှိုဏ်ဂူထဲမှာ ခြင်္သေ့ကြီးက အင်မတန်ရွှင်ပြုံးနေတဲ့ရုပ်နဲ့ သွားကြားထိုးရင်း ယုန်ကလေး လာပို့တဲ့ စာတိုလေးကို ရွတ်ဖတ်ကြည့်လိုက်တယ် ။

"ဘယ်လို အခြေအနေပဲရောက်ရောက် Marketing ကောင်းရင် သူဌေးအတွက် ရလာဒ်ဆိုတာ ရှိစမြဲပဲ "

ဒဿန - မိမိတို့ရုံးကကိစ္စ အပြင်မပေါက်ကြားပါနဲ့။ ပေါက်ကြားမိပြီ ဆိုရင် အလားတူအတိုင်း အစွမ်းထက်တဲ့ နည်းနဲ့ အမြန်ဆုံး ပြန်ဖာထေးသင့်တယ်။ ဝန်ထမ်းကောင်းက သူဌေးအတွက် တီထွင်ဖန်တီးမှု အိုင်ဒီယာ အမြဲ ရှိနေရမယ်။ သူဌေးက မင်းဖန်တီးတဲ့လမ်းကို နှစ်ခြိုက်နေပြီ ဆိုရင်တော့ မင်းရဲ့ ပန်းတိုင်ဟာ မဝေးတော့ပါဘူး။

crd

for zawgyi

ယုန္ျဖဴေလးနဲ႔ ျခေသၤ့ႀကီးကေပးတဲ့ ပညာ (၁) နဲ႔ (၂)

အပိုင္း (၁)

တစ္ခါတုန္းက ယုန္ျဖဴေလးက ေတာင္ေျခက လႈိဏ္ဂူတစ္ခု အေရွ႕မွာ စာေရးေနတယ္။ ေျမေခြးတစ္ေကာင္က အနားကပ္လာၿပီး ယုန္ကို ေမးတယ္ ။

" မင္းဘာအေၾကာင္း ေရးေနတာလဲ "

ယုန္ေလးက ျပန္ေျဖတယ္။

" အားႏြဲ႕တဲ့ ယုန္ျဖဴငယ္ေလး တစ္ေကာင္က ေျမေခြးကို ဘယ္လို သတ္စားလိုက္တယ္ ဆိုတဲ့ အေၾကာင္းေလးပါ "

ေျမေခြးက မယုံဘူး၊ ဒါနဲ႔ ယုန္ေလးက မယုံရင္ ျပမယ္ဆိုပီး ေျမေခြးကို လႈိဏ္ဂူထဲ ေခၚသြားတယ္။ ခဏၾကာေတာ့ ယုန္တစ္ေကာင္ထဲ လႈိဏ္ဂူထဲက ျပန္ထြက္လာတယ္၊ စာဆက္ ေရးတယ္။

ေတာဝက္ တစ္ေကာင္က အနားကပ္လာၿပီး ယုန္ကိုေမးတယ္။

" မင္း ဘာအေၾကာင္း ေရးေနတာလဲ "

ယုန္ေလးက ျပန္ေျဖတယ္။

" အားႏြဲ႕တဲ့ ယုန္ျဖဴငယ္ေလး တစ္ေကာင္က ေတာဝက္ကို ဘယ္လို သတ္စားလိုက္တယ္ ဆိုတဲ့အေၾကာင္းေလးပါ "

ေတာဝက္ကလည္း မယုံဘူး၊ ဒါနဲ႔ ယုန္က ေတာဝက္ကို လႈိဏ္ဂူထဲ ေခၚသြားတယ္။ ေနာက္ဆုံး လႈိဏ္ဂူထဲမွာ ျခေသၤ့တစ္ေကာင္က ေျမေခြးအ႐ိုးစုနဲ႔ ေတာဝက္အ႐ိုးစု ၾကားထဲမွာ မိန႔္မိန႔္ႀကီး ထိုင္ေနတယ္။ အင္မတန္ ႐ႊင္ၿပဳံးေနတဲ့႐ုပ္နဲ႔ သြားၾကားထိုးရင္း ယုန္ကေလး လာပို႔တဲ့ စာတိုေလးကို ႐ြတ္ဖတ္ၾကည့္လိုက္တယ္ ။

" ဝန္ထမ္းတစ္ဦးရဲ႕စြမ္းရည္က သူေဌးအေပၚလည္း အမ်ားႀကီး မူတည္ပါတယ္ "

ဒႆန - လူတစ္ေယာက္ရဲ႕ စြမ္းရည္ ရွိမရွိထက္ အဲဒီလူက ဘယ္သူနဲ႔လက္တြဲ လုပ္ေနသလဲအေပၚ မူတည္တယ္။ သင္က ဘယ္ေလာက္ပဲ အားစိုက္ထုတ္ထုတ္ သူေဌး Background မေကာင္းရင္ အလကားပဲ။ တစ္ခါတစ္ေလ စိုက္ထုတ္မႈထက္ ေ႐ြးျခယ္မႈက အမ်ားႀကီး အေရးပါတယ္။ တစ္ခ်က္ အေ႐ြးမွားသြားတာနဲ႔ ေနာက္က ႀကိဳးစားသမွ် အခ်ည္းအႏွီးပဲ။ သင္ေ႐ြးျခယ္တဲ့ ကုမၸဏီနဲ႔ သူေဌးက Background ေတာင့္ရဲ႕လား ။

အပိုင္း (၂)

ယုန္ျဖဴေလးက ဒီအေၾကာင္းကို သူ႔သူငယ္ခ်င္းကို လႊတ္ခနဲ ေျပာျပမိလိုက္တယ္။ သတင္းက ခ်က္ခ်င္းႀကီး ေတာအုပ္ထဲမွာ ပ်ံ႕ႏွံ႔သြားတယ္။ ျခေသၤ့ႀကီးလည္း သိသြားေတာ့ ေဒါသအရမ္း ထြက္သြားတာေပါ့။

" ဒီတစ္ပတ္အတြင္း ငါ့ကို အစာမပို႔ေပးႏိုင္ရင္ မင္းကိုသတ္စားပစ္မယ္ " လို႔ ၿခိမ္းေျခာက္တယ္ ။

ဒါနဲ႔ ယုန္ကေလးလည္း မႈိင္တိုင္တိုင္ေလးနဲ႔ လႈိဏ္ဂူဝမွာ စာဆက္ ေရးတယ္။ အဲ့ဒီအခ်ိန္မွာ ဒရယ္တစ္ေကာင္က အနားကပ္လာၿပီး ယုန္ကိုေမးတယ္။

" မင္းဘာအေၾကာင္းေရးေနတာလဲ "

ယုန္က ျပန္ေျဖတယ္။

" အားႏြဲ႕တဲ့ယုန္ျဖဴငယ္ေလး တစ္ေကာင္က ေျမေခြးကို ဘယ္လို သတ္စားလိုက္တယ္ ဆိုတဲ့ အေၾကာင္းေလးပါ "

ဒရယ္က တဟက္ဟက္နဲ႔ရယ္ၿပီး ျပန္ေျပာတယ္။

" တစ္ေတာေတာင္လုံး ဒီအေၾကာင္း သိေနၿပီ.. မင္းအကြက္က ႐ိုးေနၿပီ.. ဒါေတြ ၿမိဳ႕မွာသြားေျပာ.. ဟဟ "

ယုန္ကျပန္ေျဖတယ္။

" အဲဒီလို တစ္ေတာေတာင္လုံး သိကုန္လို႔ေပါ့ ကိုဒရယ္ႀကီးရယ္.. ျခေသၤက က်ေနာ့္ကို အလုပ္ျဖဳတ္မယ္ လုပ္ေနတယ္၊ က်ေနာ့္အစား အျခားတစ္ေယာက္လိုတယ္တဲ့၊ ကိုဒရယ္ႀကီး ဒီရာထူးကို မလိုခ်င္ဘူးလားဗ်ာ.."

ဒရယ္ ေတြေဝသြားတယ္။ ေနာက္ေတာ့ လက္ခံလိုက္တယ္။ ယုန္နဲ႔တူတူ လႈိဏ္ဂူထဲဝင္ၿပီး ျခေသၤ့ႀကီးကို သြားေတြ႕ဖို႔ ဆုံးျဖတ္လိုက္တယ္။ ခဏၾကာေတာ့ ယုန္တစ္ေကာင္ထဲ လႈိဏ္ဂူထဲက ျပန္ထြက္လာတယ္၊

စာဆက္ေရးတယ္။ ျမင္းတစ္ေကာင္ ထပ္လာတယ္၊ ခုနလိုပဲေျပာၿပီး အထဲထပ္ေခၚသြားတယ္။ ေနာက္ဆုံး လႈိဏ္ဂူထဲမွာ ျခေသၤ့ႀကီးက အင္မတန္႐ႊင္ၿပဳံးေနတဲ့႐ုပ္နဲ႔ သြားၾကားထိုးရင္း ယုန္ကေလး လာပို႔တဲ့ စာတိုေလးကို ႐ြတ္ဖတ္ၾကည့္လိုက္တယ္ ။

"ဘယ္လို အေျခအေနပဲေရာက္ေရာက္ Marketing ေကာင္းရင္ သူေဌးအတြက္ ရလာဒ္ဆိုတာ ရွိစၿမဲပဲ "

ဒႆန - မိမိတို႔႐ုံးကကိစၥ အျပင္မေပါက္ၾကားပါနဲ႔။ ေပါက္ၾကားမိၿပီ ဆိုရင္ အလားတူအတိုင္း အစြမ္းထက္တဲ့ နည္းနဲ႔ အျမန္ဆုံး ျပန္ဖာေထးသင့္တယ္။ ဝန္ထမ္းေကာင္းက သူေဌးအတြက္ တီထြင္ဖန္တီးမႈ အိုင္ဒီယာ အၿမဲ ရွိေနရမယ္။ သူေဌးက မင္းဖန္တီးတဲ့လမ္းကို ႏွစ္ၿခိဳက္ေနၿပီ ဆိုရင္ေတာ့ မင္းရဲ႕ ပန္းတိုင္ဟာ မေဝးေတာ့ပါဘူး။

crd

Post a Comment

0 Comments