သိမ်းမထားသင့်သော အရာ

တခါတုန်းက သူငယ်ချင်း နှစ်ယောက်ဟာ သဲကန္တရထဲမှာ စကားတပြောပြောနဲ့ ခရီး သွားနေတုန်း တနေရာရောက်တော့ အကြီးအကျယ် စကားများ ကြတယ်။ ဒါနဲ့ တယောက်က နောက်တယောက်ရဲ့ ပါးကို ရိုက်လိုက်တယ်။

ပါးရိုက် ခံရလို့ နာကျင်သွားတဲ့ သူငယ်ချင်းက ဘာမှ မပြောဘဲနဲ့ သဲပေါ်မှာ " ဒီနေ့ ငါ့အချစ်ဆုံး သူငယ်ချင်းက ငါ့ကို ပါးရိုက်တယ် " လို့ ရေးလိုက်တယ်။

ဒီလိုနဲ့ပဲ သူငယ်ချင်း နှစ်ယောက်ဟာ ခရီးဆက်ရင်း တနေရာ အရောက်မှာ သူတို့ဟာ အိုအေစစ်ကို တွေ့လိုက်ကြတယ်။ အဲဒါနဲ့ အဲဒီနေရာမှာပဲ ရေချိုးဖို့ ဆုံးဖြတ်လိုက် ကြတယ်။

ရေချိုးနေတုန်းမှာ ပါးရိုက်ခံရတဲ့ သူငယ်ချင်းက ရေနစ်သွားတဲ့ အခါမှာ သူ့သူငယ်ချင်းက သူ့အသက်ကို ကယ်လိုက်တယ် ။

ရေနစ်ခါနီး ဖြစ်နေတုန်း မှာပဲ အကယ် ခံလိုက်ရတဲ့ အခါမှာ သူဟာ အနားက ကျောက်တုံးပေါ်မှာ စာရေးလိုက် ပြန်တယ်။ " ဒီနေ့ ငါ့သူငယ်ချင်း ငါ့ရဲ့ အသက်ကို ကယ်တယ် " တဲ့ ။

ဒါနဲ့ သူ့ရဲ့ ပါးကို ရိုက်တဲ့ သူငယ်ချင်းက သူ့ကို မေးတယ် ။ " မင်းကိုငါ ပါးရိုက်တုန်းက မင်းက သဲပေါ်မှာ စာရေးပြီး၊ အခုကျတော့ ဘာလို့ ကျောက်တုံး ပေါ်မှာ ရေးတာလဲ " တဲ့ ။

အဲဒါနဲ့ စာရေးတဲ့ သူငယ်ချင်းက " တယောက်ယောက်က ကိုယ့်ကို နာကျင်အောင် လုပ်တဲ့ အခါမှာ သဲပေါ်မှာပဲ စာရေးသင့် ပါတယ်။

ဘာဖြစ်လို့လဲ ဆိုတော့ ခွင့်လွတ်ခြင်း ဆိုတဲ့ လေ တိုက်လာတဲ့ အခါမှာ အဲဒီ သဲပေါ်မှာ ရေးထားတာတွေက လွင့်ပါ ပျောက်ကွယ် သွားအောင်ပါ ။

ဒါပေမယ့် တယောက်ယောက်က ကိုယ့်အပေါ်ကို ကောင်းတယ် ဆိုရင်တော့ ဘယ်လိုလေမျိုး တိုက်တိုက် ဝေးလွင့် ပျောက်ကွယ် မသွားနိုင်အောင် ကျောက်တုံးပေါ်မှာ ရေးခြစ် ထားသင့်လို့ပါ " လို့ ပြန်ဖြေ တယ်။

ကျွန်တော်တို့တွေလည်း ကိုယ့်ရဲ့ နာကျင်မှုတွေကို သဲပေါ်မှာသာ ရေးထားပြီး ကိုယ်ခံစားရတဲ့ အကျိုးတွေ ကိုတော့ ကျောက်တုံးပေါ် ရေးခြစ်ထားကြ ပါစို့လား ။

Crd

Zawgyi

သိမ္းမထားသင့္ေသာ အရာ

တခါတုန္းက သူငယ္ခ်င္း ႏွစ္ေယာက္ဟာ သဲကႏၲရထဲမွာ စကားတေျပာေျပာနဲ႔ ခရီး သြားေနတုန္း တေနရာေရာက္ေတာ့ အႀကီးအက်ယ္ စကားမ်ား ၾကတယ္။

ဒါနဲ႔ တေယာက္က ေနာက္တေယာက္ရဲ႕ ပါးကို ႐ိုက္လိုက္တယ္။ ပါး႐ိုက္ ခံရလို႔ နာက်င္သြားတဲ့ သူငယ္ခ်င္းက ဘာမွ မေျပာဘဲနဲ႔ သဲေပၚမွာ " ဒီေန႔ ငါ့အခ်စ္ဆုံး သူငယ္ခ်င္းက ငါ့ကို ပါး႐ိုက္တယ္ " လို႔ ေရးလိုက္တယ္။

ဒီလိုနဲ႔ပဲ သူငယ္ခ်င္း ႏွစ္ေယာက္ဟာ ခရီးဆက္ရင္း တေနရာ အေရာက္မွာ သူတို႔ဟာ အိုေအစစ္ကို ေတြ႕လိုက္ၾကတယ္။ အဲဒါနဲ႔ အဲဒီေနရာမွာပဲ ေရခ်ိဳးဖို႔ ဆုံးျဖတ္လိုက္ ၾကတယ္။ ေရခ်ိဳးေနတုန္းမွာ ပါး႐ိုက္ခံရတဲ့ သူငယ္ခ်င္းက ေရနစ္သြားတဲ့ အခါမွာ သူ႔သူငယ္ခ်င္းက သူ႔အသက္ကို ကယ္လိုက္တယ္ ။

ေရနစ္ခါနီး ျဖစ္ေနတုန္း မွာပဲ အကယ္ ခံလိုက္ရတဲ့ အခါမွာ သူဟာ အနားက ေက်ာက္တုံးေပၚမွာ စာေရးလိုက္ ျပန္တယ္။ " ဒီေန႔ ငါ့သူငယ္ခ်င္း ငါ့ရဲ႕ အသက္ကို ကယ္တယ္ " တဲ့ ။

ဒါနဲ႔ သူ႔ရဲ႕ ပါးကို ႐ိုက္တဲ့ သူငယ္ခ်င္းက သူ႔ကို ေမးတယ္ ။ " မင္းကိုငါ ပါး႐ိုက္တုန္းက မင္းက သဲေပၚမွာ စာေရးၿပီး၊ အခုက်ေတာ့ ဘာလို႔ ေက်ာက္တုံး ေပၚမွာ ေရးတာလဲ " တဲ့ ။

အဲဒါနဲ႔ စာေရးတဲ့ သူငယ္ခ်င္းက " တေယာက္ေယာက္က ကိုယ့္ကို နာက်င္ေအာင္ လုပ္တဲ့ အခါမွာ သဲေပၚမွာပဲ စာေရးသင့္ ပါတယ္။ ဘာျဖစ္လို႔လဲ ဆိုေတာ့ ခြင့္လြတ္ျခင္း ဆိုတဲ့ ေလ တိုက္လာတဲ့ အခါမွာ အဲဒီ သဲေပၚမွာ ေရးထားတာေတြက လြင့္ပါ ေပ်ာက္ကြယ္ သြားေအာင္ပါ ။

ဒါေပမယ့္ တေယာက္ေယာက္က ကိုယ့္အေပၚကို ေကာင္းတယ္ ဆိုရင္ေတာ့ ဘယ္လိုေလမ်ိဳး တိုက္တိုက္ ေဝးလြင့္ ေပ်ာက္ကြယ္ မသြားႏိုင္ေအာင္ ေက်ာက္တုံးေပၚမွာ ေရးျခစ္ ထားသင့္လို႔ပါ " လို႔ ျပန္ေျဖ တယ္။

ကြၽန္ေတာ္တို႔ေတြလည္း ကိုယ့္ရဲ႕ နာက်င္မႈေတြကို သဲေပၚမွာသာ ေရးထားၿပီး ကိုယ္ခံစားရတဲ့ အက်ိဳးေတြ ကိုေတာ့ ေက်ာက္တုံးေပၚ ေရးျခစ္ထားၾက ပါစို႔လား ။

Crd

Post a Comment

0 Comments