တလွဲမာန

တခါတုန်းက လူတယောက်သည် သူ၏ နွားများအတွက် မြက်ရိတ်ရန် အိမ်မှ ထွက်ခဲ့လေသည် ။ " အင်း ငါ့ရွာဖက် မှာက မြက်ရှားနေပြီ ၊ ဟိုဖက်ရွာ သွားရိတ်မှဘဲ "

ထိုသို့တွေးကာ တဖက်ရွာသို့ မြက်သွားရိတ် လေသည်။ တမနက် ရိတ်လိုက်ပြီး လုံလောက်သော မြက်များ ရရှိသဖြင့် မြက်ထုံးကြီး ထုံးလေရာ မြက်ထုံးမှာ ကြီးလွန်းသဖြင့် ပုခုံးထမ်း မနိုင်အောင် ဖြစ်နေတော့သည်။

ထိုအခါ ထမ်းပိုးဖြင့် လျှိုထမ်းရန် ဝါးလုံးပိုင်း ရှာရပြန်သည်။ ဝါးလုံး ရသောခါ ရှေ့နောက် လျှို၍ ထမ်းရန်လည်း မြက်က တထုံးတည်း ဖြစ်နေသဖြင့် ရှေ့တွင် မြက်ထုံးနှင့် အလေးချိန် တူညီသည့် ကျောက်တုံး တတုံးကို အစားထိုး ထမ်းခဲ့ရ လေသည်။

လမ်းခုလတ် ရောက်သောအခါ လူတယောက်နှင့် တွေ့လေရာ ထိုလူက ဤသို့ အကြံပေးသည် " ကိုယ့်ဆရာက တော်တော် အပင်ပန်းရှာတာကိုး မြက်ထုံးကို တဝက်စီ ခွဲပြီး ရှေ့နဲ့နောက် ထမ်းပိုး လျှိုထမ်းလည်း ရတာဘဲဗျာ "

" အဲ ဟုတ်သားဘဲ မတွေးမိလိုက် တာဗျာ " ဒါနဲ့ပဲ ထိုလူ အကြံပေးသည့် အတိုင်း မြက်ထုံးကို တဝက်စီ ခွဲပြီး ရှေ့နောက် ထမ်းပိုးလျှို ၍ ထမ်းလိုက်ပါတော့သည်။

ထိုသို့ လာခဲ့ပြီး ခရီးအတန်ငယ် ပေါက်ခါမှ ဤသို့ တွေးမိပြန် လေသည်။ " ထမ်းရတာတော့ အဆင်ပြေပါရဲ့ ၊ ဒါနဲ့ ငါ့ကို ဒီအကြံ ပေးသွားတဲ့လူက ဘယ်သူပါလိမ့် " ထိုသို့ တွေးမိပြီး သိချင်လာပြန် သဖြင့် အစောပိုင်းက တွေ့ခဲ့သူနောက် အထမ်းဖြင့် အမှီ ပြန်လိုက်ရ ပြန်သည် ။

မှီသောအခါ မောကြီးပမ်းကြီးလေသံဖြင့် မေးလေသည်။ " ဟေ့ ဟေ့ ကျုပ်ကို ဒီလိုလုပ်ရင် ကောင်းမယ်လို့ အကြံပေးတဲ့ ခင်ဗျားက ဘယ်သူပါလိမ့် "

ထိုလူက ပြန်ဖြေကြား ပါသည် " ကျွန်တော်က ရွာစဉ် လှည့်တောင်းစားနေတဲ့ သူတောင်းစား တယောက်ပါ ခင်ဗျ "

" ဘာကွ မင်းက သူတောင်းစား ဟုတ်လား "

" ဟုတ်ပါတယ်ခင်ဗျာ " ထိုအခါ မြက်ထမ်းသမားသည် စိတ်ဆိုး မာန်ဆိုးဖြင့် ဤသို့ပြောကာ " ငါ့ကွာ စောစောက မသိခဲ့မိလို့ ၊ မင်းလိုသူတောင်းစား ပေးတဲ့ အကြံကို လက်မခံရေးချ မခံဟေ့ ။ ငါ့ဟာငါ နဂိုကလိုပဲ ပြန်ထမ်းတော့မယ် သူတောင်းစားရဲ့ "

မြက်ထမ်းသမားဟာ မူလ ထမ်းလာစဉ် ကလို ရှေ့တွင် ကျောက်တုံး အစားထိုးထားကာ မြက်ထုံးကို ပြန်ထမ်း သွားပါလေတော့ သတည်း ။

ပုံပြင်ကတော့ ဒီလောက်ပါဘဲ ခင်ဗျ။ ဒီမှာ ဘာသွားတွေ့လဲ ဆိုတော့ လူတွေဟာ ကိုယ်လုပ်တာလည်း အချိုး မပြေသေးဘူး ။ အမြင်မတော်လို့ အကြံဉာဏ်ကောင်း ပေးပြန်တော့လည်း လူတန်းစား နှိမ့်ချပြီး လက်မခံချင် ကြဘူး ။ လောကကြီးမှာ ဒီလိုလူစားမျိုးတွေလည်း များမှ များဘဲဗျာ ။

crd

Zawgyi

တလြဲမာန

တခါတုန္းက လူတေယာက္သည္ သူ၏ ႏြားမ်ားအတြက္ ျမက္ရိတ္ရန္ အိမ္မွ ထြက္ခဲ့ေလသည္ ။ " အင္း ငါ့႐ြာဖက္ မွာက ျမက္ရွားေနၿပီ ၊ ဟိုဖက္႐ြာ သြားရိတ္မွပါဘဲ "

ထိုသို႔ေတြးကာ တဖက္႐ြာသို႔ ျမက္သြားရိတ္ ေလသည္။ တမနက္ ရိတ္လိုက္ၿပီး လုံေလာက္ေသာ ျမက္မ်ား ရရွိသျဖင့္ ျမက္ထုံးႀကီး ထုံးေလရာ ျမက္ထုံးမွာ ႀကီးလြန္းသျဖင့္ ပုခုံးထမ္း မႏိုင္ေအာင္ ျဖစ္ေနေတာ့သည္။

ထိုအခါ ထမ္းပိုးျဖင့္ လွ်ိဳထမ္းရန္ ဝါးလုံးပိုင္း ရွာရျပန္သည္။ ဝါးလုံး ရေသာခါ ေရွ႕ေနာက္ လွ်ိဳ၍ ထမ္းရန္လည္း ျမက္က တထုံးတည္း ျဖစ္ေနသျဖင့္ ေရွ႕တြင္ ျမက္ထုံးႏွင့္ အေလးခ်ိန္ တူညီသည့္ ေက်ာက္တုံး တတုံးကို အစားထိုး ထမ္းခဲ့ရ ေလသည္။

လမ္းခုလတ္ ေရာက္ေသာအခါ လူတေယာက္ႏွင့္ ေတြ႕ေလရာ ထိုလူက ဤသို႔ အႀကံေပးသည္ " ကိုယ့္ဆရာက ေတာ္ေတာ္ အပင္ပန္းရွာတာကိုး ျမက္ထုံးကို တဝက္စီ ခြဲၿပီး ေရွ႕နဲ႔ေနာက္ ထမ္းပိုး လွ်ိဳထမ္းလည္း ရတာဘဲဗ်ာ "

" အဲ ဟုတ္သားဘဲ မေတြးမိလိုက္ တာဗ်ာ " ဒါနဲ႔ပဲ ထိုလူ အႀကံေပးသည့္ အတိုင္း ျမက္ထုံးကို တဝက္စီ ခြဲၿပီး ေရွ႕ေနာက္ ထမ္းပိုးလွ်ိဳ ၍ ထမ္းလိုက္ပါေတာ့သည္။

ထိုသို႔ လာခဲ့ၿပီး ခရီးအတန္ငယ္ ေပါက္ခါမွ ဤသို႔ ေတြးမိျပန္ ေလသည္။ " ထမ္းရတာေတာ့ အဆင္ေျပပါရဲ႕ ၊ ဒါနဲ႔ ငါ့ကို ဒီအႀကံ ေပးသြားတဲ့လူက ဘယ္သူပါလိမ့္ " ထိုသို႔ ေတြးမိၿပီး သိခ်င္လာျပန္ သျဖင့္ အေစာပိုင္းက ေတြ႕ခဲ့သူေနာက္ အထမ္းျဖင့္ အမွီ ျပန္လိုက္ရ ျပန္သည္ ။

မွီေသာအခါ ေမာႀကီးပမ္းႀကီးေလသံျဖင့္ ေမးေလသည္။ " ေဟ့ ေဟ့ က်ဳပ္ကို ဒီလိုလုပ္ရင္ ေကာင္းမယ္လို႔ အႀကံေပးတဲ့ ခင္ဗ်ားက ဘယ္သူပါလိမ့္ "

ထိုလူက ျပန္ေျဖၾကား ပါသည္ " ကြၽန္ေတာ္က ႐ြာစဥ္ လွည့္ေတာင္းစားေနတဲ့ သူေတာင္းစား တေယာက္ပါ ခင္ဗ် "

" ဘာကြ မင္းက သူေတာင္းစား ဟုတ္လား "

" ဟုတ္ပါတယ္ခင္ဗ်ာ " ထိုအခါ ျမက္ထမ္းသမားသည္ စိတ္ဆိုး မာန္ဆိုးျဖင့္ ဤသို႔ေျပာကာ " ငါ့ကြာ ေစာေစာက မသိခဲ့မိလို႔ ၊ မင္းလိုသူေတာင္းစား ေပးတဲ့ အႀကံကို လက္မခံေရးခ် မခံေဟ့ ။ ငါ့ဟာငါ နဂိုကလိုပဲ ျပန္ထမ္းေတာ့မယ္ သူေတာင္းစားရဲ႕ "

ျမက္ထမ္းသမားဟာ မူလ ထမ္းလာစဥ္ ကလို ေရွ႕တြင္ ေက်ာက္တုံး အစားထိုးထားကာ ျမက္ထုံးကို ျပန္ထမ္း သြားပါေလေတာ့ သတည္း ။

ပုံျပင္ကေတာ့ ဒီေလာက္ပါဘဲ ခင္ဗ်။ ဒီမွာ ဘာသြားေတြ႕လဲ ဆိုေတာ့ လူေတြဟာ ကိုယ္လုပ္တာလည္း အခ်ိဳး မေျပေသးဘူး ။ အျမင္မေတာ္လို႔ အႀကံဉာဏ္ေကာင္း ေပးျပန္ေတာ့လည္း လူတန္းစား ႏွိမ့္ခ်ၿပီး လက္မခံခ်င္ ၾကဘူး ။ ေလာကႀကီးမွာ ဒီလိုလူစားမ်ိဳးေတြလည္း မ်ားမွ မ်ားဘဲဗ်ာ ။

crd

Post a Comment

0 Comments