ဘုရားပေးသော ဒုက္ခ

တစ်ခါတုန်းက လူငယ် တယောက်သည် ညအိပ်ခါနီး အချိန်တွင် ဘုရားသခင်ထံ ဆုတောင်းလေသည်။

" အရှင်ဘုရား တပည့်တော်ကို မတရားမှုများအား တော်လှန်တိုက်ခိုက်ပြီး အောင်နိုင်ခွင့်များ ပေးသနား တော်မူပါဘုရား "

ထိုအချိန်တွင် အခန်းထဲ၌ လင်းခနဲ ဖြစ်သွားသည်။

" ငါ့သား သင်သည် မတရားမှုများကို အမှန်တကယ် တော်လှန်တိုက်ခိုက် လိုပါသလား "

" မှန်ပါအရှင် "

" ငါ့ကို ယုံကြည်သလား "

" ယုံကြည်ပါတယ် အရှင် "

" ငါခိုင်းတဲ့အတိုင်း လုပ်မလား "

" လုပ်ပါ့မယ် အရှင် "

" ကောင်းပြီ မနက်ဖြန်ကစပြီး သင့်အိမ်ရှေ့ရှိ ကျောက်တုံးကြီးကို ရအောင် တွန်းရွှေ့ပါလော့ "

အသံရှင်က ပျောက်သွားသည်။ အလင်းကလည်း မှောင်သွားသည်။ လူငယ်က ထိုညတွင် အတွေးများနှင့် အိပ်လိုက်သည်။

သူ့အိမ်ရှေ့တွင် လူတစ်ရပ်နီးပါး ကျောက်တုံးကြီး တတုံးရှိသည်။ ထိုကျောက်တုံးကြီးသည် ထုထည် လည်းကြီးမားကာ နှစ်ပေါင်းများစွာ သူ့အိမ်ရှေ့တွင် ရှိနေသည့် ကျောက်တုံးကြီး ဖြစ်သည်။

နောက်တနေ့ကစပြီး လူငယ်သည် ထိုကျောက်တုံးကြီးကို အားနှင့် တွန်းလေ၏။ ခြေနှင့် တွန်းလေ၏။ လက်နှင့် တွန်းလေ၏။ ကိုယ်နှင့်တွန်းလေ၏။ ဦးခေါင်းနှင့် တွန်းလေ၏။ ဘုရားသခင်ကို ယုံကြည်စိတ်ဖြင့် နေ့စဉ် ထိုကျောက်တုံးကြီးကို တွန်းသော်လည်း ကျောက်တုံးကြီးက တလက်မမျှ မရွေ့။

ထိုအချိန်တွင် မာရ်နတ်က ရောက်လာသည်။

" အသင်လူသား ဘာလုပ်နေသနည်း "

" မတရားမှုများကို တော်လှန်ရန်အတွက် ဘုရားသခင်က မိန့်တော်မူထားသည့်အတိုင်း ကျောက်တုံးကို နေ့စဉ် တွန်းနေခြင်းဖြစ်သည် "

" မည်မျှ ကြာပြီနည်း "

" ၇ လခန့်ရှိပါပီ "

" မိုက်လိုက်တဲ့လူသား ကျောက်တုံးကို တွန်းရုံဖြင့် အောင်မြင်ပါ့မလား.. ကိုယ့်ကိုယ်ကိုယ် ညှဉ်းဆဲနေသလိုဖြစ်မှာပေါ့။ သင့်ကို ဘုရားက ဒုက္ခပေးသွားပြီ "

လူငယ်သည် ထိုညတွင် ဘုရားအား သံသယစိတ်ဖြင့် တမ်းတလေသည်။

" ဘုရားသခင် ကျွန်တော်မျိုးသည် မတရားမှုကို တော်လှန်တိုက်ခိုက်ချင်သူ ဖြစ်ပါသည်။ ကျောက်တုံး ကြီးကို နေ့စဉ်တွန်းနေရခြင်းမှာ အဓိပ္ပာယ်မရှိဟု မြင်လာပါသည်။ တပည့်တော် တိုက်ခိုက်တော်လှန်ချင် ပါပြီ "

ထိုစဉ် ကြားလိုက်ရသည်မှာ..

" ငါ့သား လွန်ခဲ့သည့်ကာလနှင့် သင်၏ ယခုအနေအထား တူသေးရဲ့လား "

" ဘာကိုပြောပါသလဲ အရှင် "

" သင့်လက်မောင်းတွေကို ကြည့်လိုက်စမ်း.. သင့်ခြေသလုံးတွေကို ကြည့်လိုက်စမ်း.. သင့်ကျောနှင့် သင့် ရင်အုပ်တွေကို ကြည့်လိုက်စမ်း ကြွက်သားတွေ အမြောင်းမြောင်းနှင့် အားရစရာ ကောင်းပါဘိ။ ငါ့သား သင်သည် မတရားမှုကို တွန်းလှန်ရန်အတွက် ကာယအား၊ ဉာဏအား၊ စိတ်စွမ်းအား အားလုံးကြံ့ခိုင် သန်စွမ်းမှဖြစ်ပေလိမ့်မည်။ ငါ့သား သင့်မှာ ကျောက်တုံးကြီးကို မရွှေ့နိုင်သော်လည်း မတရားမှုများကို တွန်းထုတ်ကန်ကြောက် ပစ်နိုင်သော စိတ်ခွန်အားတွေ ပြည့်စုံနေပြီ။ ယနေ့စ၍ သင့်အလိုအတိုင်း တွန်းလှန်ပါလော့ "

(A Measure of True Strength ကို မြန်မာမှု ပြုပါသည်)

Tin Nyunt

for zawgyi

ဘုရားေပးေသာ ဒုကၡ

တစ္ခါတုန္းက လူငယ္ တေယာက္သည္ ညအိပ္ခါနီး အခ်ိန္တြင္ ဘုရားသခင္ထံ ဆုေတာင္းေလသည္။

" အရွင္ဘုရား တပည့္ေတာ္ကို မတရားမႈမ်ားအား ေတာ္လွန္တိုက္ခိုက္ၿပီး ေအာင္ႏိုင္ခြင့္မ်ား ေပးသနား ေတာ္မူပါဘုရား "

ထိုအခ်ိန္တြင္ အခန္းထဲ၌ လင္းခနဲ ျဖစ္သြားသည္။

" ငါ့သား သင္သည္ မတရားမႈမ်ားကို အမွန္တကယ္ ေတာ္လွန္တိုက္ခိုက္ လိုပါသလား "

" မွန္ပါအရွင္ "

" ငါ့ကို ယုံၾကည္သလား "

" ယုံၾကည္ပါတယ္ အရွင္ "

" ငါခိုင္းတဲ့အတိုင္း လုပ္မလား "

" လုပ္ပါ့မယ္ အရွင္ "

" ေကာင္းၿပီ မနက္ျဖန္ကစၿပီး သင့္အိမ္ေရွ႕ရွိ ေက်ာက္တုံးႀကီးကို ရေအာင္ တြန္းေ႐ႊ႕ပါေလာ့ "

အသံရွင္က ေပ်ာက္သြားသည္။ အလင္းကလည္း ေမွာင္သြားသည္။ လူငယ္က ထိုညတြင္ အေတြးမ်ားႏွင့္ အိပ္လိုက္သည္။

သူ႔အိမ္ေရွ႕တြင္ လူတစ္ရပ္နီးပါး ေက်ာက္တုံးႀကီး တတုံးရွိသည္။ ထိုေက်ာက္တုံးႀကီးသည္ ထုထည္ လည္းႀကီးမားကာ ႏွစ္ေပါင္းမ်ားစြာ သူ႔အိမ္ေရွ႕တြင္ ရွိေနသည့္ ေက်ာက္တုံးႀကီး ျဖစ္သည္။

ေနာက္တေန႔ကစၿပီး လူငယ္သည္ ထိုေက်ာက္တုံးႀကီးကို အားႏွင့္ တြန္းေလ၏။ ေျခႏွင့္ တြန္းေလ၏။ လက္ႏွင့္ တြန္းေလ၏။ ကိုယ္ႏွင့္တြန္းေလ၏။ ဦးေခါင္းႏွင့္ တြန္းေလ၏။ ဘုရားသခင္ကို ယုံၾကည္စိတ္ျဖင့္ ေန႔စဥ္ ထိုေက်ာက္တုံးႀကီးကို တြန္းေသာ္လည္း ေက်ာက္တုံးႀကီးက တလက္မမွ် မေ႐ြ႕။

ထိုအခ်ိန္တြင္ မာရ္နတ္က ေရာက္လာသည္။

" အသင္လူသား ဘာလုပ္ေနသနည္း "

" မတရားမႈမ်ားကို ေတာ္လွန္ရန္အတြက္ ဘုရားသခင္က မိန႔္ေတာ္မူထားသည့္အတိုင္း ေက်ာက္တုံးကို ေန႔စဥ္ တြန္းေနျခင္းျဖစ္သည္ "

" မည္မွ် ၾကာၿပီနည္း "

" ၇ လခန႔္ရွိပါပီ "

" မိုက္လိုက္တဲ့လူသား ေက်ာက္တုံးကို တြန္း႐ုံျဖင့္ ေအာင္ျမင္ပါ့မလား.. ကိုယ့္ကိုယ္ကိုယ္ ညႇဥ္းဆဲေနသလိုျဖစ္မွာေပါ့။ သင့္ကို ဘုရားက ဒုကၡေပးသြားၿပီ "

လူငယ္သည္ ထိုညတြင္ ဘုရားအား သံသယစိတ္ျဖင့္ တမ္းတေလသည္။

" ဘုရားသခင္ ကြၽန္ေတာ္မ်ိဳးသည္ မတရားမႈကို ေတာ္လွန္တိုက္ခိုက္ခ်င္သူ ျဖစ္ပါသည္။ ေက်ာက္တုံး ႀကီးကို ေန႔စဥ္တြန္းေနရျခင္းမွာ အဓိပၸာယ္မရွိဟု ျမင္လာပါသည္။ တပည့္ေတာ္ တိုက္ခိုက္ေတာ္လွန္ခ်င္ ပါၿပီ "

ထိုစဥ္ ၾကားလိုက္ရသည္မွာ..

" ငါ့သား လြန္ခဲ့သည့္ကာလႏွင့္ သင္၏ ယခုအေနအထား တူေသးရဲ႕လား "

" ဘာကိုေျပာပါသလဲ အရွင္ "

" သင့္လက္ေမာင္းေတြကို ၾကည့္လိုက္စမ္း.. သင့္ေျခသလုံးေတြကို ၾကည့္လိုက္စမ္း.. သင့္ေက်ာႏွင့္ သင့္ ရင္အုပ္ေတြကို ၾကည့္လိုက္စမ္း ႂကြက္သားေတြ အေျမာင္းေျမာင္းႏွင့္ အားရစရာ ေကာင္းပါဘိ။ ငါ့သား သင္သည္ မတရားမႈကို တြန္းလွန္ရန္အတြက္ ကာယအား၊ ဉာဏအား၊ စိတ္စြမ္းအား အားလုံးႀကံ့ခိုင္ သန္စြမ္းမွျဖစ္ေပလိမ့္မည္။ ငါ့သား သင့္မွာ ေက်ာက္တုံးႀကီးကို မေ႐ႊ႕ႏိုင္ေသာ္လည္း မတရားမႈမ်ားကို တြန္းထုတ္ကန္ေၾကာက္ ပစ္ႏိုင္ေသာ စိတ္ခြန္အားေတြ ျပည့္စုံေနၿပီ။ ယေန႔စ၍ သင့္အလိုအတိုင္း တြန္းလွန္ပါေလာ့ "

(A Measure of True Strength ကို ျမန္မာမႈ ျပဳပါသည္)

Tin Nyunt

Post a Comment

0 Comments