ပိုလေးတဲ့ အီး

တခါတုန်းက သင်္ချာဆရာ တယောက်ဆီမှာ ကျောင်းသားလေး နှစ်ယောက် ကျူရှင်ယူပြီး စာသင်နေသတဲ့။ ခက်တာက ကျောင်းကြီးမှာ စာမေးပွဲဖြေတိုင်း တယောက်က သင်္ချာအမှတ်ပြည့် ရပြီး နောက်တယောက်ကတော့ အမှတ် (၈၀) လောက်ပဲ ရတယ်။ ဒီတော့ အမှတ်နည်းတဲ့ ကျောင်းသားက ကျူရှင်ဆရာကို မေးတယ်။

" ဆရာ ကျွန်တော်တို့နှစ်ယောက် ဆရာ့ဆီမှာ ကျူရှင်ယူကြတယ်။ သူအတန်းမှန်သလို ကျနော်လည်း မှန်တယ်။ သူအိမ်စာ လုပ်သလို ကျနော်လည်း လုပ်တယ်။ သူကြိုးစားသလောက် ကျနော်လည်း ကြိုးစားတယ်။

ဒါနဲများ စာမေးပွဲမှာ ဘာလို့ ကျနော်က အမှတ်နည်းရတာလဲ ဆရာ ၊ ကျနော်မသိအောင် သူ့ကို တယောက်တည်းခွဲပြီး အချိန်ပို သင်ပေးနေတာလား " ဆိုတော့ ဆရာက တပည့်မိုက်ကို ပြုံးပြီးကြည့်ရင်း ပြောတယ်။

" သူ အမှတ်ပိုရအောင် ဆရာ ဘယ်တုန်းကမှ ခွဲခြားပြီး မသင်ခဲဘူး ငါ့တပည့် "

" ဒါဆို သူက ဘာလို့ အမှတ်များနေတာလဲ ဆရာ "

" မင်းတို့နှစ်ယောက် ဗိုက်ထဲက အီးအလေးချိန် မတူလို့ကွ၊ ပိုလေးတဲ့အီးကို ပါနိုင်တဲ့ကောင်က ပိုပြီးစာတော်တယ်"

" ဗျာ "

" ဟုတ်တယ် ။ မယုံရင် မနက်ဖြန်မနက် အိပ်ယာထလို့ အီးပါတဲ့အခါ အဲဒီအီးကို ချိန်ခဲ့ကြ၊ ဘယ်သူက အီးပိုများများပါနိုင်လဲ။ ဘယ်သူ့အီက ပိုလေးလဲ ကြည့်ကြတာပေါ့။ ဟုတ်ပြီလား"

ဟုတ်ကဲ့ ဆိုပြီး ကျောင်းသားနှစ်ယောက် ပြန်သွားတယ်။ နောက်ရက် ကျူရှင်လာတက်တော့ ဆရာကမေးတယ်။

" ပြောပါဦး မင်းတို့ရဲ့ အီးအလေးချိန် "

စာညံ့တဲ့ ကျောင်းသားကဖြေတယ် " ကျနော့်ဟာကတော့ ဂရမ် (၁၅၀) လောက်ရှိတယ်ဆရာ "

စာတော်တဲ့ ကျောင်းသားက ဖြေတယ် " (၈၅) ဂရမ် ရှိပါတယ်ဆရာ "

အဲဒီမှာ စာညံ့တဲ့ ကျောင်းသားက ဘယ့်နှယ့်ရှိစ ဆိုတဲ့ မျက်နှာပေးနဲ့ ဆရာကိုကြည့်ရင်း ပြောတယ်။

" ဆရာပြောတော့ စာတော်ရင် ပိုများမယ် ပိုလေးရမယ်ဆို ခုတော့ ဘယ်နှယ့်လဲ "

ဆရာက တပည့်ကို ခွင့်လွှတ်တဲ့ အပြုံးနဲ့ ကြည်းရင်းဖြေတယ်။

" ငါ့တပည့် မင်းရဲ့ အီးအလေးချိန် (၁၅၀) ဂရမ်ကို သိရအောင် မင်းဘယ်လို ချိန်ခဲ့လဲ"

" ပလပ်စတစ်အိပ်ထဲ ပါချတယ်။ ပြီးတော့ ချိန်ခွင်ပေါ်တင်ပြီး ချိန်လိုက်တာဘဲ "

" အဲလိုလုပ်တော့ အဆင်ပြေရဲ့လား "

" နည်းနည်းတော့ ဟိုပေဒီပေနဲ့ ညစ်ပတ်တာပေါ့။ နံလည်းနံတာပေါ့။ ပြောရင်းရွံလာပြီ "

" ကဲ ဟုတ်ပြီ။ နောက်တယောက်ကကော (၈၅) ဂရမ် ရအောင် ဘယ်လိုချိန်ခဲ့လဲ "

" ကျနော်က အီးမပါခင် ကိုယ်အလေးချိန်ကို ချိန်လိုက်တယ်ဆရာ။ အီးပါပြီးတော့ နောက်တခါ ပြန်ချိန်လိုက်တယ်။ အလေးချိန် နှစ်ခု ခြားနား လိုက်တဲ့အခါ ထွက်သွားတဲ့ အီးအလေးချိန်ကို ရပါတယ်ဆရာ "

" အေး ဆရာပြောချင်တာ အဲဒါဘဲ။ တကယ်တော့ အီးအလေးချိန်ကြောင့် စာညံ့စာတော် ဖြစ်တယ်ဆိုတာ မဟုတ်ပါဘူး။ ဒီညစ်ပတ်နံစော်နေတဲ့ မစင်တွေကို လက်နဲ့မကိုင်ဘဲ သူ့အလေးချိန်ကို သိနိုင်တဲ့ စဉ်းစားတွေးခေါ်တတ်တဲ့ ကိုယ်ပိုင်ဉာဏ်ကို သုံးတတ် မသုံးတတ်ဆိုတာ ထင်ရှားစေချင်လို့ ဆရာက ခိုင်းလိုက်တာပါ "

" ဘယ်သူက ပိုတော်တယ် ဆိုတာသိဖို့ ဗိုက်ထဲက အီးနဲ့ မဆိုင်ဘူး။ အီးအလေးချိန်ကို အလွယ်တကူ သိအောင်လုပ်နိုင်တဲ့ ခေါင်းထဲက ဦးနှောက်နဲ့ဘဲ ဆိုင်တယ် ငါ့တပည့် "

အမှတ်နည်းတဲ့တပည့် ခေါင်းငိုက်စိုက်ကျပြီး ဝန်ခံသွားတယ်။

" ကျနော်မှားပါတယ် ဆရာ "

crd

Zawgyi

ပိုေလးတဲ့ အီး

တခါတုန္းက သခ်ၤာဆရာတေယာက္ဆီမွာ ေက်ာင္းသားေလး ႏွစ္ေယာက္ က်ဴရွင္ယူၿပီး စာသင္ေနသတဲ့။ ခက္တာက ေက်ာင္းႀကီးမွာ စာေမးပြဲေျဖတိုင္း တေယာက္က သခ်ၤာအမွတ္ျပည့္ ရၿပီး ေနာက္တေယာက္ကေတာ့ အမွတ္ (၈၀) ေလာက္ပဲ ရတယ္။ ဒီေတာ့ အမွတ္နည္းတဲ့ ေက်ာင္းသားက က်ဴရွင္ဆရာကို ေမးတယ္။

" ဆရာ ကြၽန္ေတာ္တို႔ႏွစ္ေယာက္ ဆရာ့ဆီမွာ က်ဴရွင္ယူၾကတယ္။ သူအတန္းမွန္သလို က်ေနာ္လည္း မွန္တယ္။ သူအိမ္စာလုပ္သလို က်ေနာ္လည္း လုပ္တယ္။ သူႀကိဳးစားသေလာက္ က်ေနာ္လည္း ႀကိဳးစားတယ္။

ဒါနဲမ်ား စာေမးပြဲမွာ ဘာလို႔ က်ေနာ္က အမွတ္နည္းရတာလဲ ဆရာ ၊ က်ေနာ္မသိေအာင္ သူ႔ကို တေယာက္တည္းခြဲၿပီး အခ်ိန္ပို သင္ေပးေနတာလား " ဆိုေတာ့ ဆရာက တပည့္မိုက္ကို ၿပဳံးၿပီးၾကည့္ရင္း ေျပာတယ္။

" သူ အမွတ္ပိုရေအာင္ ဆရာ ဘယ္တုန္းကမွ ခြဲျခားၿပီး မသင္ခဲဘူး ငါ့တပည့္ "

" ဒါဆို သူက ဘာလို႔ အမွတ္မ်ားေနတာလဲ ဆရာ "

" မင္းတို႔ႏွစ္ေယာက္ ဗိုက္ထဲက အီးအေလးခ်ိန္ မတူလို႔ကြ၊ ပိုေလးတဲ့အီးကို ပါႏိုင္တဲ့ေကာင္က ပိုၿပီးစာေတာ္တယ္"

" ဗ်ာ "

" ဟုတ္တယ္ ။ မယုံရင္ မနက္ျဖန္မနက္ အိပ္ယာထလို႔ အီးပါတဲ့အခါ အဲဒီအီးကို ခ်ိန္ခဲ့ၾက၊ ဘယ္သူက အီးပိုမ်ားမ်ားပါႏိုင္လဲ။ ဘယ္သူ႔အီက ပိုေလးလဲ ၾကည့္ၾကတာေပါ့။ ဟုတ္ၿပီလား"

ဟုတ္ကဲ့ ဆိုၿပီး ေက်ာင္းသားႏွစ္ေယာက္ ျပန္သြားတယ္။ ေနာက္ရက္ က်ဴရွင္လာတက္ေတာ့ ဆရာကေမးတယ္။

" ေျပာပါဦး မင္းတို႔ရဲ႕ အီးအေလးခ်ိန္ "

စာညံ့တဲ့ ေက်ာင္းသားကေျဖတယ္ " က်ေနာ့္ဟာကေတာ့ ဂရမ္ (၁၅၀) ေလာက္ရွိတယ္ဆရာ "

စာေတာ္တဲ့ ေက်ာင္းသားက ေျဖတယ္ " (၈၅) ဂရမ္ ရွိပါတယ္ဆရာ "

အဲဒီမွာ စာညံ့တဲ့ေက်ာင္းသားက ဘယ့္ႏွယ့္ရွိစ ဆိုတဲ့ မ်က္ႏွာေပးနဲ႔ ဆရာကိုၾကည့္ရင္း ေျပာတယ္။

" ဆရာေျပာေတာ့ စာေတာ္ရင္ ပိုမ်ားမယ္ ပိုေလးရမယ္ဆို ခုေတာ့ ဘယ္ႏွယ့္လဲ "

ဆရာက တပည့္ကို ခြင့္လႊတ္တဲ့ အၿပဳံးနဲ႔ ၾကည္းရင္းေျဖတယ္။

" ငါ့တပည့္ မင္းရဲ႕ အီးအေလးခ်ိန္ (၁၅၀) ဂရမ္ကို သိရေအာင္ မင္းဘယ္လို ခ်ိန္ခဲ့လဲ"

" ပလပ္စတစ္အိပ္ထဲ ပါခ်တယ္။ ၿပီးေတာ့ ခ်ိန္ခြင္ေပၚတင္ၿပီး ခ်ိန္လိုက္တာဘဲ "

" အဲလိုလုပ္ေတာ့ အဆင္ေျပရဲ႕လား "

" နည္းနည္းေတာ့ ဟိုေပဒီေပနဲ႔ ညစ္ပတ္တာေပါ့။ နံလည္းနံတာေပါ့။ ေျပာရင္း႐ြံလာၿပီ "

" ကဲ ဟုတ္ၿပီ။ ေနာက္တေယာက္ကေကာ (၈၅) ဂရမ္ ရေအာင္ ဘယ္လိုခ်ိန္ခဲ့လဲ "

" က်ေနာ္က အီးမပါခင္ ကိုယ္အေလးခ်ိန္ကို ခ်ိန္လိုက္တယ္ဆရာ။ အီးပါၿပီးေတာ့ ေနာက္တခါ ျပန္ခ်ိန္လိုက္တယ္။ အေလးခ်ိန္ ႏွစ္ခု ျခားနား လိုက္တဲ့အခါ ထြက္သြားတဲ့ အီးအေလးခ်ိန္ကို ရပါတယ္ဆရာ "

" ေအး ဆရာေျပာခ်င္တာ အဲဒါဘဲ။ တကယ္ေတာ့ အီးအေလးခ်ိန္ေၾကာင့္ စာညံ့စာေတာ္ ျဖစ္တယ္ဆိုတာ မဟုတ္ပါဘူး။ ဒီညစ္ပတ္နံေစာ္ေနတဲ့ မစင္ေတြကို လက္နဲ႔မကိုင္ဘဲ သူ႔အေလးခ်ိန္ကို သိႏိုင္တဲ့ စဥ္းစားေတြးေခၚတတ္တဲ့ ကိုယ္ပိုင္ဉာဏ္ကို သုံးတတ္ မသုံးတတ္ဆိုတာ ထင္ရွားေစခ်င္လို႔ ဆရာက ခိုင္းလိုက္တာပါ "

" ဘယ္သူက ပိုေတာ္တယ္ဆိုတာသိဖို႔ ဗိုက္ထဲက အီးနဲ႔ မဆိုင္ဘူး။ အီးအေလးခ်ိန္ကို အလြယ္တကူ သိေအာင္လုပ္ႏိုင္တဲ့ ေခါင္းထဲက ဦးေႏွာက္နဲ႔ဘဲ ဆိုင္တယ္ ငါ့တပည့္ "

အမွတ္နည္းတဲ့တပည့္ ေခါင္းငိုက္စိုက္က်ၿပီး ဝန္ခံသြားတယ္။

" က်ေနာ္မွားပါတယ္ ဆရာ "

crd

Post a Comment

0 Comments