အပ်ချုပ်သမားလေး

တခါတုန်းက ရွာတကာလှည့်ပြီး လက်ခစား အဝတ်ချုပ်တဲ့ အလုပ်ကို လုပ်တဲ့ အဝတ်ချုပ်သမား တယောက် ရှိတယ်။ တနေ့တော့ သူဟာ သူဌေးကြီးတဦးရဲ့ အိမ်မှာ ဝတ်စုံတစုံ ချုပ်ပေးဖို့ အလုပ် အပ်နှံခြင်း ခံရသတဲ့ ။

ဒါနဲ့ သူဌေးကြီးထံကနေ သူချုပ်ပေးရမယ့် အဝတ်စကို တောင်းယူပြီးတဲ့အခါ၊ ပြောင်လက်တောက်ပပြီး တန်ဖိုးကြီး ပေးရတဲ့ ကတ်ကြေး တလက်နဲ့ အဝတ်စကို လိုအပ်သလို ကိုက်ဖြတ်လိုက်တယ်။ ပြီးတာနဲ့ အဲဒီကတ်ကြေးကို သူခြေထောက်နားမှာ ချထားလိုက်တယ် ။

အဲဒီနောက် အပ်သေးသေးလေးနဲ့ အပ်ချည်ကြိုး တချို့ကို ထုတ်လိုက်ပြီး၊ ခုနက အပိုင်းပိုင်း ဖြတ်ထားတဲ့ အဝတ်စတွေကို စတင် ချုပ်ပါတော့တယ် ။ အချိန် အတော်ကြာလို့ လှပသေသပ်တဲ့ ဝတ်စုံကို ချုပ်လုပ်ပြီးတဲ့ အခါမှာတော့ သူဟာ အဝတ်ချုပ်တဲ့ အပ်လေးကို သူ့ခေါင်းမှာ ဆောင်းထားတဲ့ ဦးထုပ်မှာ တရိုတသေနဲ့ ပြန်ပြီး ထိုးထားလိုက် လေတယ် ။

အဲဒီမှာပဲ သူ့ရဲ့ လုပ်ပုံကိုင်ပုံကို အစအဆုံး စောင့်ကြည့်နေတဲ့ သူဌေးကြီးက မနေနိုင်တော့ပဲ သူ့ကိုမေးတယ် ။ " မိတ်ဆွေ တန်ဖိုးကြီးပြီး တောက်ပြောင်လှပတဲ့ ကတ်ကြေးကိုတော့ သင့်ခြေထောက်ရင်းမှာ ထားပြီး၊ ဘာမဟုတ်တဲ့ တန်ဖိုးနည်း အပ်လေးကိုတော့ ဘာဖြစ်လို့ သင့်ဦးခေါင်းထက်မှာ တရိုတသေ သိမ်းဆည်းရပါသလဲ "

အပ်ချုပ်သမားက သူဌေးကြီးကို ပြုံးပြလိုက်ပြီး ရှင်းပြတယ် ။ " သူဌေးမင်းခင်မျာ ကတ်ကြေးဟာ တောက်ပြောင်လှပပြီး တန်ဖိုးကြီး ပေးရတာ မှန်ပါတယ်၊ ဒါပေမယ့် သူက အဝတ်စတွေကို အပိုင်းပိုင်း ကိုက်ဖြတ်တာပဲ လုပ်တယ်၊ အပ်ကလေးကတော့ သူနဲ့ ဆန့်ကျင်ဘက်ပါ

အပ်ကလေးက အမြင်မလှမပနဲ့ တန်ဖိုးလည်း နည်းပေမယ့် အပိုင်းပိုင်း ဖြစ်နေတဲ့ အဝတ်စတွေကို ပေါင်းစည်းပေး နိုင်ပြီး သေသပ်လှပတဲ့ ဝတ်စုံတစုံ အဖြစ် ဖန်တီးပေးနိုင်တယ် ။ ကျနော့်အတွက်တော့ အပ်ကလေးဟာ ကတ်ကြေးထက် ပိုပြီး အလေးအမြတ် ထားရမယ့် ပစ္စည်းတခု ဖြစ်ပါတယ် သူဌေးမင်း "

ပြီးတော့ အပ်ချုပ်သမားက ဆက်ပြောတယ် " ပစ္စည်းတွေရဲ့ တန်ဖိုးကို သတ်မှတ်တဲ့အခါ သူ့ကိုပေးချေရတဲ့ ငွေကြေးနဲ့ မပိုင်းဖြတ်ပါဘူး၊ အဲဒီပစ္စည်းဟာ လောကကြီး အတွက်၊ ဘယ်လောက်တောင် အသုံးဝင်သလဲ ဆိုတဲ့ အပေါ် မူတည်ပြီး သတ်မှတ်ရပါတယ် " တဲ့ ။

ပုံပြင်လေး ကတော့ ဒီလောက်ပါပဲ ။ လောကကြီးအလယ် ရုန်းကန်လှုပ်ရှားရင်း ဘဝတွေကို ဖြတ်သန်းကြတဲ့အခါ လူနှစ်မျိုး နှစ်စား တွေ့နိုင်ပါတယ် ။ ကတ်ကြေးလို လူမျိုး နဲ့ ချုပ်အပ်လေးလို လူမျိုး ပါပဲ ။

စည်းလုံးညီညွတ်မှုတွေကို ဖြိုခွဲ ဖျက်စီးနိုင်တဲ့၊ အရာရာကို ကိုက်ဖြတ်ပိုင်းခြားနိုင်တဲ့ ကတ်ကြေးလို လူမျိုးတွေကို သတိထား ရှောင်ရှားကြရမယ် ။

လောကကြီးအတွက် ကောင်ကျိုးပြုပြီး စည်းလုံးညီညွတ်မှုကို ဆောင်ရွက်နိုင်စွမ်းတဲ့ ချုပ်အပ်လေးလို လူမျိုးကို ပေါင်းသင်းဆက်ဆံ တန်ဖိုးထားရပါမယ် ။

crd

Zawgyi

အပ္ခ်ဳပ္သမားေလး

တခါတုန္းက ႐ြာတကာလွည့္ၿပီး လက္ခစား အဝတ္ခ်ဳပ္တဲ့ အလုပ္ကို လုပ္တဲ့ အဝတ္ခ်ဳပ္သမား တေယာက္ ရွိတယ္။ တေန႔ေတာ့ သူဟာ သူေဌးႀကီးတဦးရဲ႕ အိမ္မွာ ဝတ္စုံတစုံ ခ်ဳပ္ေပးဖို႔ အလုပ္ အပ္ႏွံျခင္း ခံရသတဲ့ ။

ဒါနဲ႔ သူေဌးႀကီးထံကေန သူခ်ဳပ္ေပးရမယ့္ အဝတ္စကို ေတာင္းယူၿပီးတဲ့အခါ၊ ေျပာင္လက္ေတာက္ပၿပီး တန္ဖိုးႀကီး ေပးရတဲ့ ကတ္ေၾကး တလက္နဲ႔ အဝတ္စကို လိုအပ္သလို ကိုက္ျဖတ္လိုက္တယ္။ ၿပီးတာနဲ႔ အဲဒီကတ္ေၾကးကို သူေျခေထာက္နားမွာ ခ်ထားလိုက္တယ္ ။

အဲဒီေနာက္ အပ္ေသးေသးေလးနဲ႔ အပ္ခ်ည္ႀကိဳး တခ်ိဳ႕ကို ထုတ္လိုက္ၿပီး၊ ခုနက အပိုင္းပိုင္း ျဖတ္ထားတဲ့ အဝတ္စေတြကို စတင္ ခ်ဳပ္ပါေတာ့တယ္ ။ အခ်ိန္ အေတာ္ၾကာလို႔ လွပေသသပ္တဲ့ ဝတ္စုံကို ခ်ဳပ္လုပ္ၿပီးတဲ့ အခါမွာေတာ့ သူဟာ အဝတ္ခ်ဳပ္တဲ့ အပ္ေလးကို သူ႔ေခါင္းမွာ ေဆာင္းထားတဲ့ ဦးထုပ္မွာ တ႐ိုတေသနဲ႔ ျပန္ၿပီး ထိုးထားလိုက္ ေလတယ္ ။

အဲဒီမွာပဲ သူ႔ရဲ႕ လုပ္ပုံကိုင္ပုံကို အစအဆုံး ေစာင့္ၾကည့္ေနတဲ့ သူေဌးႀကီးက မေနႏိုင္ေတာ့ပဲ သူ႔ကိုေမးတယ္ ။ " မိတ္ေဆြ တန္ဖိုးႀကီးၿပီး ေတာက္ေျပာင္လွပတဲ့ ကတ္ေၾကးကိုေတာ့ သင့္ေျခေထာက္ရင္းမွာ ထားၿပီး၊ ဘာမဟုတ္တဲ့ တန္ဖိုးနည္း အပ္ေလးကိုေတာ့ ဘာျဖစ္လို႔ သင့္ဦးေခါင္းထက္မွာ တ႐ိုတေသ သိမ္းဆည္းရပါသလဲ "

အပ္ခ်ဳပ္သမားက သူေဌးႀကီးကို ၿပဳံးျပလိုက္ၿပီး ရွင္းျပတယ္ ။ " သူေဌးမင္းခင္မ်ာ ကတ္ေၾကးဟာ ေတာက္ေျပာင္လွပၿပီး တန္ဖိုးႀကီး ေပးရတာ မွန္ပါတယ္၊ ဒါေပမယ့္ သူက အဝတ္စေတြကို အပိုင္းပိုင္း ကိုက္ျဖတ္တာပဲ လုပ္တယ္၊ အပ္ကေလးကေတာ့ သူနဲ႔ ဆန႔္က်င္ဘက္ပါ

အပ္ကေလးက အျမင္မလွမပနဲ႔ တန္ဖိုးလည္း နည္းေပမယ့္ အပိုင္းပိုင္း ျဖစ္ေနတဲ့ အဝတ္စေတြကို ေပါင္းစည္းေပး ႏိုင္ၿပီး ေသသပ္လွပတဲ့ ဝတ္စုံတစုံ အျဖစ္ ဖန္တီးေပးႏိုင္တယ္ ။ က်ေနာ့္အတြက္ေတာ့ အပ္ကေလးဟာ ကတ္ေၾကးထက္ ပိုၿပီး အေလးအျမတ္ ထားရမယ့္ ပစၥည္းတခု ျဖစ္ပါတယ္ သူေဌးမင္း "

ၿပီးေတာ့ အပ္ခ်ဳပ္သမားက ဆက္ေျပာတယ္ " ပစၥည္းေတြရဲ႕ တန္ဖိုးကို သတ္မွတ္တဲ့အခါ သူ႔ကိုေပးေခ်ရတဲ့ ေငြေၾကးနဲ႔ မပိုင္းျဖတ္ပါဘူး၊ အဲဒီပစၥည္းဟာ ေလာကႀကီး အတြက္၊ ဘယ္ေလာက္ေတာင္ အသုံးဝင္သလဲ ဆိုတဲ့ အေပၚ မူတည္ၿပီး သတ္မွတ္ရပါတယ္ " တဲ့ ။

ပုံျပင္ေလး ကေတာ့ ဒီေလာက္ပါပဲ ။ ေလာကႀကီးအလယ္ ႐ုန္းကန္လႈပ္ရွားရင္း ဘဝေတြကို ျဖတ္သန္းၾကတဲ့အခါ လူႏွစ္မ်ိဳး ႏွစ္စား ေတြ႕ႏိုင္ပါတယ္ ။ ကတ္ေၾကးလို လူမ်ိဳး နဲ႔ ခ်ဳပ္အပ္ေလးလို လူမ်ိဳး ပါပဲ ။

စည္းလုံးညီၫြတ္မႈေတြကို ၿဖိဳခြဲ ဖ်က္စီးႏိုင္တဲ့၊ အရာရာကို ကိုက္ျဖတ္ပိုင္းျခားႏိုင္တဲ့ ကတ္ေၾကးလို လူမ်ိဳးေတြကို သတိထား ေရွာင္ရွားၾကရမယ္ ။ ေလာကႀကီးအတြက္ ေကာင္က်ိဳးျပဳၿပီး စည္းလုံးညီၫြတ္မႈကို ေဆာင္႐ြက္ႏိုင္စြမ္းတဲ့ ခ်ဳပ္အပ္ေလးလို လူမ်ိဳးကို ေပါင္းသင္းဆက္ဆံ တန္ဖိုးထားရပါမယ္ ။

crd

Post a Comment

0 Comments