ဝက်ခြံတွေကို အချိန်တိုအတွင်း အမြန်ဆုံးကုသပေးမယ့် နည်းလမ်း (၇) ခု

တစ်ခါတရံမှာ မျက်နှာပေါ်က ဝက်ခြံတွေ အမြန်ပျောက်စေချင်တဲ့ အချိန်တွေ ရှိမှာပါ။ ဝက်ခြံတွေ ရှိနေရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုလည်း နည်းပါးနေမှာပါ။ ဝက်ခြံတွေကို အမြန်ဆုံး ဖယ်ရှားနိုင်မယ့် နည်းလမ်းတွေထဲကနေ အချက်အချို့ကို love media ကနေ ဖော်ပြပေးလိုက် ပါတယ်နော်။

၁။ ငှက်ပျောသီး

ငှက်ပျောသီးကို ဇလုံတစ်လုံးထဲမှာ ခက်ရင်းနဲ့ ချေထားပါ။ ပြီးရင် သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဝက်နဲ့ မုန့်ဖုတ်ဆိုဒါ ၄ ဇွန်းခန့် ရောထည့်ပါ။ နှံ့သွားအောင် မွှေပြီး ဝက်ခြံပေါ်မှာ လိမ်းပေးပါ။ မိနစ် ၂၀ ခန့်ထားပြီးရင် မျက်နှာသစ် လိုက်ရုံပါပဲ။

၂။ သွားတိုက်ဆေး

- သွားတိုက်ဆေးကို ဝက်ခြံရှိတဲ့ နေရာကို လိမ်းပေးပါ။ တစ်ညခန့် ထားပြီး မနက်ခင်းကျရင် မျက်နှာသစ်ပါ။ ပြီးရင် မျက်နှာကို moisturizing cream လိမ်းပေးပါ။

- သွားတိုက်ဆေးကို ရှားစောင်းလက်ပက်အရည်နဲ့ ရောပြီး ဝက်ခြံနေရာကို အုံထားပါ။ တစ်ညခန့်ထားပြီး မနက်ရောက်ရင် မျက်နှာသစ် လိုက်ရုံပါပဲနော်။

၃။ နနွင်း

- နနွင်းကလည်း ဝက်ခြံအတွက် ဆေးနည်းကောင်းပါပဲ။ နနွင်းမှုန့်ကို ရေအနည်းငယ်နဲ့ ရောပြီး tea tree oil အနည်းငယ် ထည့်ပါ။ ခပ်ပြစ်ပြစ်လေး ရအောင် မွှေပြီး ဝက်ခြံပေါ်မှာ လိမ်းလိုက်ပါ။ တစ်ညခန့် ထားပြီး မနက်ရောင်ရင် မျက်နှာ သစ်လိုက် ရုံပါပဲနော်။

- သင့်မျက်နှာမှာ ဝက်ခြံတွေ အများကြီး ရှိနေတယ်ဆိုရင် နနွင်းနဲ့ mask လုပ်လို့ရ ပါတယ်။ အဖြူရောင်ရွှံ့၊ ဒိန်ချဉ်၊ ပျားရည်၊ နနွင်းတို့ကို တစ်သားတည်း ဖြစ်သွားအောင် မွှေပါ။ ပြီးရင် မျက်နှာမှာ ၁၅ မိနစ်ခန့် လိမ်းထားပြီး ရေဆေးချလိုက် ရုံပါပဲနော်။

၄။ ကြက်သွန်ဖြူ

ဝက်ခြံအတွက် စိတ်ညစ်နေရင် ကြက်သွန်ဖြူ ရှိပါတယ်။ ကြက်သွန်ဖြူ တစ်မွှာကို လှီးပြီး ဝက်ခြံနေရာကို လိုက်ပွတ်ပေးပါ။ ၁၀ မိနစ်နေရင် မျက်နှာသစ်ပြီး moksturizing cream တစ်ခုခု လိမ်းပေးပါ။

၅။ ကလေးပေါင်ဒါ

ကလေးပေါင်ဒါ လက်ဖက်ရည်ဇွန်း ၃ ဇွန်းခန့်ကို ရေနည်းနည်းလေးနဲ့ မွှေပြီး မျက်နှာမှာ သုတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့် ထားပြီး မျက်နှာသစ်ရင် ရပါပြီနော်။

၆။ ရေခဲတုံး

ရေခဲတုံးခဲတဲ့ ခွက်လေးထဲကို သံပုရာရည်နဲ့ ရှားစောင်းရည် ရောထားတဲ့ အရည်ထည့်ပြီး ခဲထားပါ။ ခဲသွားရင် မျက်နှာအနှံ့ လိုက်ပွတ်ပေးပါ။ အဲဒီအခါ ဝက်ခြံအရွယ်က သေးသွားပြီး အသားအရေလည်း တင်းရင်းသွားပါတယ်။

၇။ လက်ဖက်စိမ်း

ရှားစောင်းလက်ပက်အရည် လက်ဖက်ရည်ဇွန်း နှစ်ဇွန်း၊ အုန်းဆီ လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ လက်ဖက်စိမ်းခြောက် လက်ဖက်ရည်ဇွန်း ၃ ဇွန်းတို့ကို တစ်သားတည်းဖြစ်အောင် ရောမွှေပါ။ ဝက်ခြံရှိတဲ့နေရာမှာ ၁၅ မိနစ်ခန့် အုံထားပြီး မျက်နှာသစ်ပါ။ ဒီနည်းကတော့ sensitive skin ရှိသူတွေ အတွက်လည်း သင့်တော်ပါတယ်။

Zombie (Lovemedia)

for zawgyi

ဝက္ၿခံေတြကို အခ်ိန္တိုအတြင္း အျမန္ဆုံးကုသေပးမယ့္ နည္းလမ္း (၇) ခု

တစ္ခါတရံမွာ မ်က္ႏွာေပၚက ဝက္ၿခံေတြ အျမန္ေပ်ာက္ေစခ်င္တဲ့ အခ်ိန္ေတြ ရွိမွာပါ။ ဝက္ၿခံေတြ ရွိေနရင္ ကိုယ့္ကိုယ္ကိုယ္ ယုံၾကည္မႈလည္း နည္းပါးေနမွာပါ။ ဝက္ၿခံေတြကို အျမန္ဆုံး ဖယ္ရွားႏိုင္မယ့္ နည္းလမ္းေတြထဲကေန အခ်က္အခ်ိဳ႕ကို love media ကေန ေဖာ္ျပေပးလိုက္ပါတယ္ေနာ္။

၁။ ငွက္ေပ်ာသီး

ငွက္ေပ်ာသီးကို ဇလုံတစ္လုံးထဲမွာ ခက္ရင္းနဲ႔ ေခ်ထားပါ။ ၿပီးရင္ သံပုရာရည္ လက္ဖက္ရည္ဇြန္း တစ္ဝက္နဲ႔ မုန႔္ဖုတ္ဆိုဒါ ၄ ဇြန္းခန႔္ ေရာထည့္ပါ။ ႏွံ႔သြားေအာင္ ေမႊၿပီး ဝက္ၿခံေပၚမွာ လိမ္းေပးပါ။ မိနစ္ ၂၀ ခန႔္ထားၿပီးရင္ မ်က္ႏွာသစ္ လိုက္႐ုံပါပဲ။

၂။ သြားတိုက္ေဆး

- သြားတိုက္ေဆးကို ဝက္ၿခံရွိတဲ့ ေနရာကို လိမ္းေပးပါ။ တစ္ညခန႔္ ထားၿပီး မနက္ခင္းက်ရင္ မ်က္ႏွာသစ္ပါ။ ၿပီးရင္ မ်က္ႏွာကို moisturizing cream လိမ္းေပးပါ။

- သြားတိုက္ေဆးကို ရွားေစာင္းလက္ပက္အရည္နဲ႔ ေရာၿပီး ဝက္ၿခံေနရာကို အုံထားပါ။ တစ္ညခန႔္ထားၿပီး မနက္ေရာက္ရင္ မ်က္ႏွာသစ္ လိုက္႐ုံပါပဲေနာ္။

၃။ နႏြင္း

- နႏြင္းကလည္း ဝက္ၿခံအတြက္ ေဆးနည္းေကာင္းပါပဲ။ နႏြင္းမႈန႔္ကို ေရအနည္းငယ္နဲ႔ ေရာၿပီး tea tree oil အနည္းငယ္ ထည့္ပါ။ ခပ္ျပစ္ျပစ္ေလး ရေအာင္ ေမႊၿပီး ဝက္ၿခံေပၚမွာ လိမ္းလိုက္ပါ။ တစ္ညခန႔္ ထားၿပီး မနက္ေရာင္ရင္ မ်က္ႏွာ သစ္လိုက္ ႐ုံပါပဲေနာ္။

- သင့္မ်က္ႏွာမွာ ဝက္ၿခံေတြ အမ်ားႀကီး ရွိေနတယ္ဆိုရင္ နႏြင္းနဲ႔ mask လုပ္လို႔ရ ပါတယ္။ အျဖဴေရာင္႐ႊံ႕၊ ဒိန္ခ်ဥ္၊ ပ်ားရည္၊ နႏြင္းတို႔ကို တစ္သားတည္း ျဖစ္သြားေအာင္ ေမႊပါ။ ၿပီးရင္ မ်က္ႏွာမွာ ၁၅ မိနစ္ခန႔္ လိမ္းထားၿပီး ေရေဆးခ်လိုက္ ႐ုံပါပဲေနာ္။

၄။ ၾကက္သြန္ျဖဴ

ဝက္ၿခံအတြက္ စိတ္ညစ္ေနရင္ ၾကက္သြန္ျဖဴ ရွိပါတယ္။ ၾကက္သြန္ျဖဴ တစ္မႊာကို လွီးၿပီး ဝက္ၿခံေနရာကို လိုက္ပြတ္ေပးပါ။ ၁၀ မိနစ္ေနရင္ မ်က္ႏွာသစ္ၿပီး moksturizing cream တစ္ခုခု လိမ္းေပးပါ။

၅။ ကေလးေပါင္ဒါ

ကေလးေပါင္ဒါ လက္ဖက္ရည္ဇြန္း ၃ ဇြန္းခန႔္ကို ေရနည္းနည္းေလးနဲ႔ ေမႊၿပီး မ်က္ႏွာမွာ သုတ္လိမ္းေပးပါ။ ၁၀ မိနစ္ခန႔္ ထားၿပီး မ်က္ႏွာသစ္ရင္ ရပါၿပီေနာ္။

၆။ ေရခဲတုံး

ေရခဲတုံးခဲတဲ့ ခြက္ေလးထဲကို သံပုရာရည္နဲ႔ ရွားေစာင္းရည္ ေရာထားတဲ့ အရည္ထည့္ၿပီး ခဲထားပါ။ ခဲသြားရင္ မ်က္ႏွာအႏွံ႔ လိုက္ပြတ္ေပးပါ။ အဲဒီအခါ ဝက္ၿခံအ႐ြယ္က ေသးသြားၿပီး အသားအေရလည္း တင္းရင္းသြားပါတယ္။

၇။ လက္ဖက္စိမ္း

ရွားေစာင္းလက္ပက္အရည္ လက္ဖက္ရည္ဇြန္း ႏွစ္ဇြန္း၊ အုန္းဆီ လက္ဖက္ရည္ဇြန္း တစ္ဇြန္း၊ လက္ဖက္စိမ္းေျခာက္ လက္ဖက္ရည္ဇြန္း ၃ ဇြန္းတို႔ကို တစ္သားတည္းျဖစ္ေအာင္ ေရာေမႊပါ။ ဝက္ၿခံရွိတဲ့ေနရာမွာ ၁၅ မိနစ္ခန႔္ အုံထားၿပီး မ်က္ႏွာသစ္ပါ။ ဒီနည္းကေတာ့ sensitive skin ရွိသူေတြ အတြက္လည္း သင့္ေတာ္ပါတယ္။

Zombie (Lovemedia)

Post a Comment

0 Comments