ဝက်သား စားနိုင်ပြီလား မိတ်ဆွေ

ရှေးရှေးတုန်းက ရွာတရွာမှာ အလွန်ချစ်ခင်ကြသော ကျော်နိုင်နှင့် မောင်မြင့်ဆိုသော ငယ်သူငယ်ချင်းနှစ်ယောက်ရှိလေသည်။ သူတို့နှစ်ဦးလုံးသည် တနေ့လုပ်မှ တနေ့စားရသော အခြေခံ လက်လုပ်လက်စား လူတန်းစားများ ဖြစ်သဖြင့် ခက်ခဲပင်ပန်းစွာဖြင့် ဘဝကို ဖြတ်သန်းလာကြရလေသည်။

အလုပ်ဆိုလျှင်လဲ ဘာအလုပ်ပဲ ဖြစ်ဖြစ် ကြုံရာကျပန်း လုပ်ကိုင် စားသောက်နေကြရသူများ ဖြစ်လေသည်။ တခါတလေ အလုပ်ကလေး အဆင်ပြေလို့ ငွေလေး မဆိုသလောက် ရွှင်တဲ့အခါ ရှိသလို တခါတလေလဲ အလုပ်မရှိ၍ ထမင်းပင် နပ်မမှန်ချေ။

ဆောင်းရာသီအစ တခုတွင် သူတို့သူငယ်ချင်း နှစ်ယောက်လုံး အိမ်ဆောက်လုပ်ရေး တခုတွင် လက်သမားအလုပ် ရလိုက်၍ ပုံမှန်ဝင်ငွေလေးနဲ့ စိုစိုပြေပြေလေး ဖြစ်လာလေသည်။

တနေ့သောအခါ၌ သူငယ်ချင်း နှစ်ယောက်လုံး အလုပ်သိမ်းချိန်တွင် လုပ်အားခ ပိုက်ဆံထုတ်ပြီး အိမ်ပြန်လာခဲ့ကြရာ ဈေးလမ်းသို့ရောက်သောအခါ မောင်မြင့်သည် ဝက်သား အရမ်းစားချင်သည်ဟု ဆိုကာ ဝက်သား ငါးဆယ်သား ဝင်၍ဝယ်လေသည်။ တဆက်ထဲမှာပင် ကျော်နိုင်ကိုလဲ လှမ်းပြောလိုက်လေသည်။

" ဟေ့ကောင်ကျော်နိုင် မင်းလည်း ဝက်သားမြင်ရင် မနေနိုင်အောင် ကြိုက်တဲ့ကောင်ပဲ ၊ ဝင်ငွေလေးကောင်းနေတုန်း မင်းအိမ်အတွက် ငါ့လိုဝယ်သွားလေကွာ ၊ ပိုက်ဆံရှိတုန်းလေး စားရတာဟ ။ ဝင်ငွေမရှိတဲ့ အချိန်ကြမှ စားချင်ပါတယ် အော်နေလို့ ဘယ်သူမှ လာမကြွေးဘူး ။ ဝယ်လိုက်လေကွာ"

မောင်မြင့်၏ စကားကြားသောအခါ ကျော်နိုင်လဲ ပြုံးပြုံးလေးနှင့်ပင် ပြန်ပြောလိုက်လေသည်။ "ငါ.... ဝက်သား မစားနိုင်သေးပါဘူး သူငယ်ချင်းရယ်"

ကျော်နိုင့်စကားကြားသောအခါ မောင်မြင့်မှာ အလိုမကျပဲ ကျော်နိုင်အား ပြစ်တင်စကားဆိုလေတော့သည်။

" ဟ ဘာလို့မစားနိုင်ရတာလဲ။ မင်းနဲ့ငါက အလုပ်လဲ အတူတူပဲ၊ ပိုက်ဆံရတာချင်းလဲ အတူတူပဲ။ ငါတောင် ဝက်သား စားနိုင်သေးတာ မင်းက မစားနိုင်ဘူးဆိုတော့လဲ နေပေါ့ကွာ"

ထိုသို့ဖြင့် နောင် နှစ်ပေါင်း ၂၀ ခန့်တွင် သစ်သီးပွဲရုံ အဆောက်ဦးတခု၏ ရှေ့တွင် ညစောင့်တဦး အလိုရှိသည်ဆိုသော စာကို တွေ့၍ အသက် ၅၀ အရွယ်ခန့် ရှိပြီဖြစ်တဲ့ လူတယောက်သည် ဝင်၍ အလုပ်လျှောက်လေသည်။

သူ့ရဲ့အလုပ်လျှောက်လွှာကို အလုပ်သမားခေါင်းမှ တဆင့် သူဌေးဆီ တင်ပို့လိုက်သောအခါ သူဌေးက ထိုလူကြီးကို တွေ့ချင်ကြောင်းပြော၍ ခေါ်ခိုင်းလိုက်ရာ သူဌေးနှင့် ထိုလူကြီးတို့ တွေ့ဆုံကြသောအခါ

" လာ သူငယ်ချင်း မောင်မြင့် မင်းတောင် တော်တော် အိုစာသွားတာပဲကွ"

" ဟင် ကျော်နိုင် ၊ သူဌေးမင်းက ကျနော့်သူငယ်ချင်း ကျော်နိုင် ဟုတ်ပါတယ်နော်"

" ဟုတ်ပါတယ်ကွ ။ ငါ ကျော်နိုင်ပါကွာ ၊ မင်းသူငယ်ချင်းကြီး ဝက်သား မစားနိုင်ခဲ့တဲ့ကျော်နိုင်ပါ ။ အဲဒီတုန်းက မင်းပြောခဲ့တယ်နော် ၊ ဝင်ငွေလေးကောင်းပြီး ပိုက်ဆံရှိတုန်းလေး စားရတာကွ ဆိုပြီးလေ။

အမှန်က မဟုတ်ဘူးကွ ။ အခြေအနေပေးလို့ အခွင့်အရေးလေး ရပြီး ပိုက်ဆံလေး ရှိနေတုန်း စားရမှာ မဟုတ်ဘူး စုဆောင်းရမှာ ။အခွင့်အရေးကို အမိအရ အသုံးချရမှာ ပိုက်ဆံရှာလို့ကောင်းတုန်း တက်နိုင်သမျှ ရှာပြီး နိုင်သလောက် ငွေစုရမယ်။

ပြီးရင် ကိုယ်စုထားတဲ့ ပိုက်ဆံလေးတွေနဲ့ ကိုယ်ပိုင်စီးပွားရေး တခုကိုကို သေးသေးလေးကပဲ ဖြစ်ဖြစ် စလုပ်ပြီး သူများ အလုပ်သမားဘဝကနေ အရင်ဆုံး ရုန်းထွက်နိုင်ဖို့ ကြိုးစားရမယ်။

ဒါကြောင့် မင်း ဝက်သား စားနိုင်တဲ့အချိန်မှာ ငါမစားနိုင်ခဲ့ဘူး ။ ဒါပေမယ့် ငါ ငွေစုနိုင်ခဲ့တယ် ။ အဲဒီလို စုထားတဲ့ အရင်းအနှီးလေးနဲ့ အသီးအရွက် ကုန်စိမ်းလေးတွေ တိုက်တယ် ။ အဲဒီကနေ တစတစ အဆင်ပြေလာပြီး အခုလို သစ်သီးပွဲရုံပိုင်ရှင် သဌေးဘဝကို ရောက်လာခဲ့တာပဲ ။ အခု ငါဝက်သားစားနိုင်ပြီ ။ ငါးဆယ်သား မဟုတ်ဘူး အချိန်ငါးရာလဲ ဝယ်စားနိုင်ပြီ သူငယ်ချင်း"

တချိန်က ဆင်းရဲဖေါ် ဆင်းရဲဖက် ဝက်သား မစားနိုင်ခဲ့တဲ့ ကျော်နိုင်(ခေါ်) သူဌေးကြီး ဦးကျော်နိုင်ရဲ့ စကားများကို နားထောင်ပြီး ဦးမောင်မြင့်တယောက် နောင်တမျက်ရည်တို့ဖြင့် ရင်ထဲမှာ ဆို့နင့်နေရချေပြီ။

ကျော်နိုင်ကလည်း သူ့သူငယ်ချင်းကို အကောင်းစား စားတော်ကဲ များနဲ့ ဝက်သားကို အမျိုးမျိုးသော ဟင်းယာကို မှာယူကျွေးမွေးပြီး အပြန်တွင် ဝက်ပေါင်တချောင်းနှင့် အတူ ငွေအသပြာထောင်ထုပ်ကို ပေးလွှတ်လိုက် လေတော့သည်။

ကဲ မိတ်ဆွေတို့ရော ဝက်သားစားနိုင်ပြီလား..

crd

Zawgyi

ဝက္သား စားႏိုင္ၿပီလား

ေရွးေရွးတုန္းက ႐ြာတ႐ြာမွာ အလြန္ခ်စ္ခင္ၾကေသာ ေက်ာ္ႏိုင္ႏွင့္ ေမာင္ျမင့္ဆိုေသာ ငယ္သူငယ္ခ်င္းႏွစ္ေယာက္ရွိေလသည္။ သူတို႔ႏွစ္ဦးလုံးသည္ တေန႔လုပ္မွ တေန႔စားရေသာ အေျခခံ လက္လုပ္လက္စား လူတန္းစားမ်ား ျဖစ္သျဖင့္ ခက္ခဲပင္ပန္းစြာျဖင့္ ဘဝကို ျဖတ္သန္းလာၾကရေလသည္။

အလုပ္ဆိုလွ်င္လဲ ဘာအလုပ္ပဲ ျဖစ္ျဖစ္ ႀကဳံရာက်ပန္း လုပ္ကိုင္ စားေသာက္ေနၾကရသူမ်ား ျဖစ္ေလသည္။ တခါတေလ အလုပ္ကေလးအဆင္ေျပလို႔ ေငြေလး မဆိုသေလာက္ ႐ႊင္တဲ့အခါ ရွိသလို တခါတေလလဲ အလုပ္မရွိ၍ ထမင္းပင္ နပ္မမွန္ေခ်။

ေဆာင္းရာသီအစ တခုတြင္ သူတို႔သူငယ္ခ်င္းႏွစ္ေယာက္လုံး အိမ္ေဆာက္လုပ္ေရးတခုတြင္ လက္သမားအလုပ္ ရလိုက္၍ ပုံမွန္ဝင္ေငြေလးနဲ႔ စိုစိုေျပေျပေလး ျဖစ္လာေလသည္။

တေန႔ေသာအခါ၌ သူငယ္ခ်င္းႏွစ္ေယာက္လုံး အလုပ္သိမ္းခ်ိန္တြင္ လုပ္အားခ ပိုက္ဆံထုတ္ၿပီး အိမ္ျပန္လာခဲ့ၾကရာ ေဈးလမ္းသို႔ေရာက္ေသာအခါ ေမာင္ျမင့္သည္ ဝက္သား အရမ္းစားခ်င္သည္ဟု ဆိုကာ ဝက္သား ငါးဆယ္သား ဝင္၍ဝယ္ေလသည္။ တဆက္ထဲမွာပင္ ေက်ာ္ႏိုင္ကိုလဲ လွမ္းေျပာလိုက္ေလသည္။

"ေဟ့ေကာင္ေက်ာ္ႏိုင္ မင္းလည္း ဝက္သားျမင္ရင္ မေနႏိုင္ေအာင္ႀကိဳက္တဲ့ေကာင္ပဲ ၊ ဝင္ေငြေလးေကာင္းေနတုန္း မင္းအိမ္အတြက္ ငါ့လိုဝယ္သြားေလကြာ ၊ ပိုက္ဆံရွိတုန္းေလး စားရတာဟ ။ ဝင္ေငြမရွိတဲ့ အခ်ိန္ၾကမွ စားခ်င္ပါတယ္ ေအာ္ေနလို႔ ဘယ္သူမွ လာမေႂကြးဘူး ။ ဝယ္လိုက္ေလကြာ"

ေမာင္ျမင့္၏ စကားၾကားေသာအခါ ေက်ာ္ႏိုင္လဲ ၿပဳံးၿပဳံးေလးႏွင့္ပင္ ျပန္ေျပာလိုက္ေလသည္။ "ငါ.... ဝက္သား မစားႏိုင္ေသးပါဘူး သူငယ္ခ်င္းရယ္"

ေက်ာ္ႏိုင့္စကားၾကားေသာအခါ ေမာင္ျမင့္မွာ အလိုမက်ပဲ ေက်ာ္ႏိုင္အား ျပစ္တင္စကားဆိုေလေတာ့သည္။

"ဟ ဘာလို႔မစားႏိုင္ရတာလဲ။ မင္းနဲ႔ငါက အလုပ္လဲ အတူတူပဲ၊ ပိုက္ဆံရတာခ်င္းလဲ အတူတူပဲ။ ငါေတာင္ ဝက္သား စားႏိုင္ေသးတာ မင္းက မစားႏိုင္ဘူးဆိုေတာ့လဲ ေနေပါ့ကြာ"

ထိုသို႔ျဖင့္ ေနာင္ ႏွစ္ေပါင္း၂၀ ခန႔္တြင္ သစ္သီးပြဲ႐ုံ အေဆာက္ဦးတခု၏ ေရွ႕တြင္ ညေစာင့္တဦး အလိုရွိသည္ဆိုေသာ စာကို ေတြ႕၍ အသက္ ၅၀ အ႐ြယ္ခန႔္ ရွိၿပီျဖစ္တဲ့ လူတေယာက္သည္ ဝင္၍ အလုပ္ေလွ်ာက္ေလသည္။

သူ႔ရဲ႕အလုပ္ေလွ်ာက္လႊာကို အလုပ္သမားေခါင္းမွ တဆင့္ သူေဌးဆီ တင္ပို႔လိုက္ေသာအခါ သူေဌးက ထိုလူႀကီးကို ေတြ႕ခ်င္ေၾကာင္းေျပာ၍ ေခၚခိုင္းလိုက္ရာ သူေဌးႏွင့္ ထိုလူႀကီးတို႔ ေတြ႕ဆုံၾကေသာအခါ

"လာ သူငယ္ခ်င္း ေမာင္ျမင့္ မင္းေတာင္ ေတာ္ေတာ္ အိုစာသြားတာပဲကြ"

"ဟင္ ေက်ာ္ႏိုင္ ၊ သူေဌးမင္းက က်ေနာ့္သူငယ္ခ်င္း ေက်ာ္ႏိုင္ ဟုတ္ပါတယ္ေနာ္"

" ဟုတ္ပါတယ္ကြ ။ ငါ ေက်ာ္ႏိုင္ပါကြာ ၊ မင္းသူငယ္ခ်င္းႀကီး ဝက္သား မစားႏိုင္ခဲ့တဲ့ေက်ာ္ႏိုင္ပါ ။ အဲဒီတုန္းက မင္းေျပာခဲ့တယ္ေနာ္ ၊ ဝင္ေငြေလးေကာင္းၿပီး ပိုက္ဆံရွိတုန္းေလး စားရတာကြ ဆိုၿပီးေလ။

အမွန္က မဟုတ္ဘူးကြ ။ အေျခအေနေပးလို႔ အခြင့္အေရးေလး ရၿပီး ပိုက္ဆံေလး ရွိေနတုန္း စားရမွာ မဟုတ္ဘူး စုေဆာင္းရမွာ ။အခြင့္အေရးကို အမိအရ အသုံးခ်ရမွာ ပိုက္ဆံရွာလို႔ေကာင္းတုန္း တက္ႏိုင္သမွ် ရွာၿပီး ႏိုင္သေလာက္ ေငြစုရမယ္။

ၿပီးရင္ ကိုယ္စုထားတဲ့ ပိုက္ဆံေလးေတြနဲ႔ ကိုယ္ပိုင္စီးပြားေရး တခုကိုကို ေသးေသးေလးကပဲ ျဖစ္ျဖစ္ စလုပ္ၿပီး သူမ်ား အလုပ္သမားဘဝကေန အရင္ဆုံး ႐ုန္းထြက္ႏိုင္ဖို႔ ႀကိဳးစားရမယ္။

ဒါေၾကာင့္ မင္း ဝက္သားစားႏိုင္တဲ့အခ်ိန္မွာ ငါမစားႏိုင္ခဲ့ဘူး ။ ဒါေပမယ့္ ငါ ေငြစုႏိုင္ခဲ့တယ္ ။ အဲဒီလို စုထားတဲ့ အရင္းအႏွီးေလးနဲ႔ အသီးအ႐ြက္ ကုန္စိမ္းေလးေတြ တိုက္တယ္ ။ အဲဒီကေန တစတစ အဆင္ေျပလာၿပီး အခုလို သစ္သီးပြဲ႐ုံပိုင္ရွင္ သေဌးဘဝကို ေရာက္လာခဲ့တာပဲ ။ အခု ငါဝက္သားစားႏိုင္ၿပီ ။ ငါးဆယ္သား မဟုတ္ဘူး အခ်ိန္ငါးရာလဲ ဝယ္စားႏိုင္ၿပီ သူငယ္ခ်င္း"

တခ်ိန္က ဆင္းရဲေဖၚ ဆင္းရဲဖက္ ဝက္သားမစားႏိုင္ခဲ့တဲ့ ေက်ာ္ႏိုင္(ေခၚ) သူေဌးႀကီးဦးေက်ာ္ႏိုင္ရဲ႕ စကားမ်ားကို နားေထာင္ၿပီး ဦးေမာင္ျမင့္တေယာက္ ေနာင္တမ်က္ရည္တို႔ျဖင့္ ရင္ထဲမွာ ဆို႔နင့္ေနရေခ်ၿပီ။

ေက်ာ္ႏိုင္ကလည္း သူ႔သူငယ္ခ်င္းကို အေကာင္းစား စားေတာ္ကဲ မ်ားနဲ႔ ဝက္သားကို အမ်ိဳးမ်ိဳးေသာ ဟင္းယာကို မွာယူေကြၽးေမြးၿပီး အျပန္တြင္ ဝက္ေပါင္တေခ်ာင္းႏွင့္ အတူ ေငြအသျပာေထာင္ထုပ္ကို ေပးလႊတ္လိုက္ ေလေတာ့သည္။

ကဲ မိတ္ေဆြတို႔ေရာ ဝက္သားစားႏိုင္ၿပီလား..

crd

Post a Comment

0 Comments