လူပီသစွာနေထိုင်နည်း

အိန္ဒိယနိုင်ငံတွင် ဖြစ်သည် ။ ရထားတစင်းသည် အမြင့်ဆုံး အရှိန်ဖြင့် ပြေးနေသည်။ ရထားတွဲ တတွဲအတွင်း၌ အိန္ဒိယသား တဦးသည် ဗြိတိသျှသားများနှင့် အတူ ထိုင်နေသည်။ ဗြိတိသျှသားတွေက အိန္ဒိယသားကို လှောင်ပြောင်ကာ ရယ်မောနေကြသည်။

အိန္ဒိယသား ဝတ်စား ထားသည့် အဝတ်အစားများကို ကြည့်ကာ သူ့အား ငကြောင်ဟု ခေါ်နေကြသလို၊ တချို့ကလည်း စိတ်ဆိုးကာ ရန်လိုအော်ဟစ်နေကြသည်။ သူတို့စီးသည့် ရထားတွဲထဲတွင် အဘယ်ကြောင့် အိန္ဒိယသား တဦးကို ခွင့်ပြုရသနည်း ဆိုကာ ကြိမ်ဆဲနေသူတွေကလည်း ရှိသေးသည်။

သူတို့တွေ ဘာတွေပြောပြော ဘယ်လောက်ပဲဆဲဆဲ ဒိုတီဟုခေါ်သည့် အဝတ်ကိုဝတ်ပြီး အပေါ်အင်္ကျီ အနက်ရောင်ကုတ်ကို ဝတ်ကာ၊ ခေါင်းပေါင်းကြီးနှင့် ပုဂ္ဂိုလ်ကား ဘာမျှမဖြစ်သလို တိတ်ဆိတ်ငြိမ်သက်စွာ ဖြင့် လိုက်ပါလာသည်။ သူ့မျက်နှာက တည်ငြိမ်နေပြီး တစ်စုံတစ်ခုကိုသာ အာရုံစိုက်နေသည့် သဘောလည်းရှိသည်။

ရထားကား အရှိန်ဖြင့် ပြေးနေဆဲ၊ အိန္ဒိယသားကို ဗြိတိသျှသားတွေက လှောင်ပြောင်ဆဲ၊ စော်ကားဆဲ။

ထိုအချိန်မှာ အိန္ဒိယသားက ရုတ်တရက် မတ်တတ် ထလိုက်ပြီး ကျယ်လောင်စွာ အော်လိုက်သည်။

“ ရထားကို ရပ်ခိုင်းလိုက် ” သူက ပြောပြောဆိုဆိုနှင့် ရထား အရေးပေါ် သံကြိုးကို သွားဆွဲလိုက်သည်။ ရထားက ရပ်သွားသည်။

ရထားကို ရပ်စေသဖြင့် ဗြိတိသျှသားတွေက စိတ်ဆိုးဒေါသထွက်ကာ သူ့ကို ရန်မူမည့်ပုံစံများ ပြုလာကြ သည်။ သို့သော် အိန္ဒိယသားသည် မကြောက်မရွံ့ ရဲဝန့်စွာဖြင့် ရပ်နေသည်။ ရထားတွဲစောင့်က ရောက်လာပြီးနောက်..

“ ရထားကို ဘယ်သူ ရပ်ခိုင်းလိုက်တာလဲကွ ” ဟု အော်သည်။ ဗြိတိသျှသားတွေ မပြောမီ အိန္ဒိယသားက

“ ကျုပ်ရပ်ခိုင်းလိုက်တာ ” ဟုပြောသည်။ ရထားတွဲစောင့်က စိတ်ဆိုးပြီး

“ မင်းရူးနေသလား၊ ရထားကို ခုမှစီးဖူးသလား၊ ရထားကို အကြောင်းမဲ့ရပ်ခိုင်းတာ ပြစ်မှုမြောက်တယ် ဆိုတာ မသိဘူးလား” ဟုဆိုလိုက်သည်။ အိန္ဒိယသားကာ တည်ငြိမ်စွာဖြင့်

“ ငါသိတာပေါ့ကွာ … ငါသာ ရထားကို မရပ်ခိုင်းလိုက်ရင် ရထားပေါ်မှာ လိုက်ပါလာတဲ့ ရာပေါင်းများ စွာသော အသက်တွေ သေမှာစိုးလို့ ရပ်ခိုင်းတာ ”

သူ့စကားကို ကြားလိုက်ရသည့် ခဏတွင် ရထားတွဲပေါ်က လူတွေက ရယ်ကြသည်။ အိန္ဒိယသားက ဆက်ပြောသည်။

“ ဒီနေရာနဲ့ မဝေးတဲ့ဆီမှာ ရထားလမ်းတွေ ပျက်နေတယ်ကွ။ သေချာသိချင်ရင် မင်းတို့ကိုယ်တိုင် သွားကြည့်လိုက် ”

သူ့စကားကြောင့် ရထားတွဲစောင့်နှင့် ဗြိတိသျှသားတို့သည် ရထားပေါ်မှ ဆင်းကာ ရထားရှေ့ကို ဆက်လျှောက်ပြီး စစ်ဆေးကြည့်ကြသည်။

မဝေးလှသော နေရာတွင် ရထားလမ်းတွေ ပျက်နေသည်ကို တွေ့လိုက်ရသောကြောင့် သူတို့ တုန်လှုပ်သွား ကြသည်။ ရထားလမ်းဆက်ထားသည့် မူလီတွေကို ဖြုတ်ထားကာ သံလမ်းတွေကို ဖျက်ထားခြင်း ဖြစ် သည်။

ရထားတွဲစောင့်နှင့် ဗြိတိသျှသားတွေက ရထားတွဲဆီကို ပြန်လာပြီးနောက်

“ ရထားလမ်းတွေ ပျက်နေတယ်ဆိုတာ မင်းဘယ်လိုသိသလဲ ” ဟု မေးကြလေသည်။

အိန္ဒိယသားက ဖြေသည်..

“ ရထားတွဲပေါ်မှာ လူတွေက သူတို့ပြောချင်ရာ ပြောပြီး အလုပ်ရှုပ်နေချိန်မှာ ကျုပ်ကတော့ ရထားရဲ့ အမြန်နှုန်းကိုပဲ ဂရုစိုက်နေတာ။ ကျုပ်နားထဲမှာ အာရုံစိုက်နေတာက ရထားသွားတဲ့ အရှိန်နဲ့ ရိုက်ခတ်ပြီး ထွက်လာတဲ့ တုန်ခါသံပဲ ။ ဟိုးအဝေးမှာ ရထားလမ်းပျက်နေတယ် ဆိုတာ ကျုပ်က ရထားသံကိုပဲ နားစိုက် နေလို့ပေါ့ ” ဟုဆိုလိုက်လေသည်။

အားလုံး ဘာမှ မပြောနိုင်လောက်အောင် ကြက်သေ သေကုန်ကြသည်။ ရထားစောင့်က

“ အဲဒီလိုသိရအောင် ခင်ဗျားက ဘာလဲ။ ခင်ဗျားဟာ သာမန်လူတော့ မဖြစ်နိုင်ဘူး။ ပြောစမ်းပါဦး ”

အိန္ဒိယသားက ယဉ်ကျေးစွာ ဖြေလိုက်သည်

“ ကျုပ်ဟာ အိန္ဒိယ အင်ဂျင်နီယာ မိုရှာဂန်ဒန် ဗစ်ဗက်ဗရာယာ ”

လူတယောက်ကို သူဝတ်ထားသည့် အဝတ်အစားအား ကြည့်ကာ မဆုံးဖြတ်သင့်ပေ။ အလားတူပင် ပညာရှင်သည်လည်း ကိုယ့်အလုပ်တွင်သာ ကိုယ်အာရုံကို စူးစိုက်ထားသင့်သည်။

လောကတွင် မည်သူမျှ ဘက်စုံမကျွမ်းကျင်နိုင်ပေ။ အရာရာတွင် ငါသိ၊ ငါတတ်၊ ငါသာမြတ် မဖြစ်နိုင်ပေ။

မည်သူမဆို ကိုယ်လုပ်သည့် အလုပ်ကို အလေးထားလျှင် ကိုယ့်ကိုယ်ကိုလည်း ကယ်တင်ရာ ရောက်သလို သူတပါးကိုလည်း ကယ်တင်ရာရောက်သည်။

ဘေးစကားတွေကို အလေးထားနေလျှင် အတွေးများ ပျက်တတ်သည်။

Tin Nyunt

Zawgyi

လူပီသစြာေနထိုင္နည္း

အိႏၵိယႏိုင္ငံတြင္ ျဖစ္သည္

ရထားတစင္းသည္ အျမင့္ဆုံး အရွိန္ျဖင့္ ေျပးေနသည္။ ရထားတြဲ တတြဲအတြင္း၌ အိႏၵိယသား တဦးသည္ ၿဗိတိသွ်သားမ်ားႏွင့္ အတူ ထိုင္ေနသည္။ ၿဗိတိသွ်သားေတြက အိႏၵိယသားကို ေလွာင္ေျပာင္ကာ ရယ္ေမာေနၾကသည္။

အိႏၵိယသား ဝတ္စား ထားသည့္ အဝတ္အစားမ်ားကို ၾကည့္ကာ သူ႔အား ငေၾကာင္ဟု ေခၚေနၾကသလို၊ တခ်ိဳ႕ကလည္း စိတ္ဆိုးကာ ရန္လိုေအာ္ဟစ္ေနၾကသည္။ သူတို႔စီးသည့္ ရထားတြဲထဲတြင္ အဘယ္ေၾကာင့္ အိႏၵိယသား တဦးကို ခြင့္ျပဳရသနည္း ဆိုကာ ႀကိမ္ဆဲေနသူေတြကလည္း ရွိေသးသည္။

သူတို႔ေတြ ဘာေတြေျပာေျပာ ဘယ္ေလာက္ပဲဆဲဆဲ ဒိုတီဟုေခၚသည့္ အဝတ္ကိုဝတ္ၿပီး အေပၚအက်ႌ အနက္ေရာင္ကုတ္ကို ဝတ္ကာ၊ ေခါင္းေပါင္းႀကီးႏွင့္ ပုဂၢိဳလ္ကား ဘာမွ်မျဖစ္သလို တိတ္ဆိတ္ၿငိမ္သက္စြာ ျဖင့္ လိုက္ပါလာသည္။ သူ႔မ်က္ႏွာက တည္ၿငိမ္ေနၿပီး တစ္စုံတစ္ခုကိုသာ အာ႐ုံစိုက္ေနသည့္ သေဘာလည္းရွိသည္။

ရထားကား အရွိန္ျဖင့္ ေျပးေနဆဲ၊ အိႏၵိယသားကို ၿဗိတိသွ်သားေတြက ေလွာင္ေျပာင္ဆဲ၊ ေစာ္ကားဆဲ။

ထိုအခ်ိန္မွာ အိႏၵိယသားက ႐ုတ္တရက္ မတ္တတ္ ထလိုက္ၿပီး က်ယ္ေလာင္စြာ ေအာ္လိုက္သည္။

“ ရထားကို ရပ္ခိုင္းလိုက္ ” သူက ေျပာေျပာဆိုဆိုႏွင့္ ရထား အေရးေပၚ သံႀကိဳးကို သြားဆြဲလိုက္သည္။ ရထားက ရပ္သြားသည္။

ရထားကို ရပ္ေစသျဖင့္ ၿဗိတိသွ်သားေတြက စိတ္ဆိုးေဒါသထြက္ကာ သူ႔ကို ရန္မူမည့္ပုံစံမ်ား ျပဳလာၾက သည္။ သို႔ေသာ္ အိႏၵိယသားသည္ မေၾကာက္မ႐ြံ႕ ရဲဝန႔္စြာျဖင့္ ရပ္ေနသည္။ ရထားတြဲေစာင့္က ေရာက္လာၿပီးေနာက္

“ ရထားကို ဘယ္သူ ရပ္ခိုင္းလိုက္တာလဲကြ ” ဟု ေအာ္သည္။ ၿဗိတိသွ်သားေတြ မေျပာမီ အိႏၵိယသားက

“ က်ဳပ္ရပ္ခိုင္းလိုက္တာ ” ဟုေျပာသည္။ ရထားတြဲေစာင့္က စိတ္ဆိုးၿပီး

“ မင္း႐ူးေနသလား၊ ရထားကို ခုမွစီးဖူးသလား၊ ရထားကို အေၾကာင္းမဲ့ရပ္ခိုင္းတာ ျပစ္မႈေျမာက္တယ္ ဆိုတာ မသိဘူးလား” ဟုဆိုလိုက္သည္။ အိႏၵိယသားကာ တည္ၿငိမ္စြာျဖင့္

“ ငါသိတာေပါ့ကြာ … ငါသာ ရထားကို မရပ္ခိုင္းလိုက္ရင္ ရထားေပၚမွာ လိုက္ပါလာတဲ့ ရာေပါင္းမ်ား စြာေသာ အသက္ေတြ ေသမွာစိုးလို႔ ရပ္ခိုင္းတာ ”

သူ႔စကားကို ၾကားလိုက္ရသည့္ ခဏတြင္ ရထားတြဲေပၚက လူေတြက ရယ္ၾကသည္။ အိႏၵိယသားက ဆက္ေျပာသည္။

“ ဒီေနရာနဲ႔ မေဝးတဲ့ဆီမွာ ရထားလမ္းေတြ ပ်က္ေနတယ္ကြ။ ေသခ်ာသိခ်င္ရင္ မင္းတို႔ကိုယ္တိုင္ သြားၾကည့္လိုက္ ”

သူ႔စကားေၾကာင့္ ရထားတြဲေစာင့္ႏွင့္ ၿဗိတိသွ်သားတို႔သည္ ရထားေပၚမွ ဆင္းကာ ရထားေရွ႕ကို ဆက္ေလွ်ာက္ၿပီး စစ္ေဆးၾကည့္ၾကသည္။

မေဝးလွေသာ ေနရာတြင္ ရထားလမ္းေတြ ပ်က္ေနသည္ကို ေတြ႕လိုက္ရေသာေၾကာင့္ သူတို႔ တုန္လႈပ္သြား ၾကသည္။ ရထားလမ္းဆက္ထားသည့္ မူလီေတြကို ျဖဳတ္ထားကာ သံလမ္းေတြကို ဖ်က္ထားျခင္း ျဖစ္ သည္။

ရထားတြဲေစာင့္ႏွင့္ ၿဗိတိသွ်သားေတြက ရထားတြဲဆီကို ျပန္လာၿပီးေနာက္

“ ရထားလမ္းေတြ ပ်က္ေနတယ္ဆိုတာ မင္းဘယ္လိုသိသလဲ ” ဟု ေမးၾကေလသည္။

အိႏၵိယသားက ေျဖသည္

“ ရထားတြဲေပၚမွာ လူေတြက သူတို႔ေျပာခ်င္ရာ ေျပာၿပီး အလုပ္ရႈပ္ေနခ်ိန္မွာ က်ဳပ္ကေတာ့ ရထားရဲ႕ အျမန္ႏႈန္းကိုပဲ ဂ႐ုစိုက္ေနတာ။ က်ဳပ္နားထဲမွာ အာ႐ုံစိုက္ေနတာက ရထားသြားတဲ့ အရွိန္နဲ႔ ႐ိုက္ခတ္ၿပီး ထြက္လာတဲ့ တုန္ခါသံပဲ ။ ဟိုးအေဝးမွာ ရထားလမ္းပ်က္ေနတယ္ဆိုတာ က်ဳပ္က ရထားသံကိုပဲ နားစိုက္ ေနလို႔ေပါ့ ” ဟုဆိုလိုက္ေလသည္။

အားလုံး ဘာမွ မေျပာႏိုင္ေလာက္ေအာင္ ၾကက္ေသ ေသကုန္ၾကသည္။ ရထားေစာင့္က

“ အဲဒီလိုသိရေအာင္ ခင္ဗ်ားက ဘာလဲ။ ခင္ဗ်ားဟာ သာမန္လူေတာ့ မျဖစ္ႏိုင္ဘူး။ ေျပာစမ္းပါဦး ”

အိႏၵိယသားက ယဥ္ေက်းစြာ ေျဖလိုက္သည္

“ က်ဳပ္ဟာ အိႏၵိယ အင္ဂ်င္နီယာ မိုရွာဂန္ဒန္ ဗစ္ဗက္ဗရာယာ ”

လူတေယာက္ကို သူဝတ္ထားသည့္ အဝတ္အစားအား ၾကည့္ကာ မဆုံးျဖတ္သင့္ေပ။ အလားတူပင္ ပညာရွင္သည္လည္း ကိုယ့္အလုပ္တြင္သာ ကိုယ္အာ႐ုံကို စူးစိုက္ထားသင့္သည္။

ေလာကတြင္ မည္သူမွ် ဘက္စုံမကြၽမ္းက်င္ႏိုင္ေပ။ အရာရာတြင္ ငါသိ၊ ငါတတ္၊ ငါသာျမတ္ မျဖစ္ႏိုင္ေပ။

မည္သူမဆို ကိုယ္လုပ္သည့္ အလုပ္ကို အေလးထားလွ်င္ ကိုယ့္ကိုယ္ကိုလည္း ကယ္တင္ရာ ေရာက္သလို သူတပါးကိုလည္း ကယ္တင္ရာေရာက္သည္။

ေဘးစကားေတြကို အေလးထားေနလွ်င္ အေတြးမ်ား ပ်က္တတ္သည္။

Tin Nyunt

Post a Comment

0 Comments