နိုင်ငံကူးလက်မှတ် ပြုလုပ်နည်း (Passport လုပ်နည်း)

ဒီနေ့ခေတ်မှာ နိုင်ငံကူးလက်မှတ် လုပ်ထားသင့်တယ်။ လိုအပ်လာရင် နိုင်ငံခြားကို အချိန်မရွေး ထွက်လို့ရတယ်။ ကဲ နိုင်ငံကူးလက်မှတ် လုပ်မယ်ဆိုရင် ဘာတွေလိုအပ်မလဲ။ ဆောင်ရန်ရှောင်ရန်တွေက ဘာဖြစ်မလဲ။ ကြည့်ရအောင်။

နိုင်ငံကူးလက်မှတ်လုပ်တာက မခက်ပါဘူး။ နေပူအောက်မှာ တန်းစီရလို့ ချွေးဒီးဒီးကျတယ်၊ ပင်ပန်းတာပဲ ရှိတာပါ။ ပွဲစားနဲ့လုပ်မယ်ဆိုရင် တစ်သိန်းရှစ်သောင်းလောက် ကုန်တယ်တဲ့။ ချက်ချင်းလိုချင်တယ်ဆိုရင် ပွဲစားနဲ့လုပ်တာက ပိုကောင်းပါတယ်။ ပုံမှန်ကတော့ ဆယ်ရက်စောင့်ရပါတယ်။ ကဲ ဘာတွေလိုအပ်မလဲ။

မှတ်ပုံတင်မူရင်း - အိမ်ထောင်စုဇယားမူရင်း လိုပါတယ်။ သတိ − မူရင်းပါ။ သတိထားရမှာက မှတ်ပုံတင်ထဲက ကိုယ့်မွေးသက္ကရာဇ်နဲ့ အိမ်ထောင်စုဇယားထဲက ကိုယ့်မွေးသက္ကရာဇ်က တူညီနေဖို့ လိုပါတယ်။ မတူဘူးဆိုရင် အိမ်ထောင်စုဇယားထဲက မွေးသက္ကရာဇ်ကို ပြန်ပြင်ဖို့ ကိုယ့်မြို့ နယ် လဝကရုံးကို အရင်သွားပါ။

ပြီးတော့ မှတ်ပုံတင်နဲ့အိမ်ထောင်စုဇယား မိတ္တူနှစ်စောင်စီ လိုပါတယ်။ ဘောပင်တစ်ချောင်းရယ်။ ပိုက်ဆံသုံးသောင်းခွဲရယ် လိုပါတယ်။ ဓာတ်ပုံရိုက်ရမှာဆိုတော့ လှလှပပလေးဖြစ်ချင်ရင် ဘီးလေးမှန်လေး ယူသွားပေါ့။

နိုင်ငံကူးလက်မှတ် Passport ကို ဘယ်ရက်မှာ သွားလုပ်မလဲလို့ ရွေးချယ်တတ်ဖို့ လိုပါတယ်။ တနင်္လာနေ့နဲ့ သောကြာနေ့မျိုးတွေက ရုံးစဖွင့်ရက်နဲ့ ရုံးပိတ်တော့မယ့်ရက်တွေဖြစ်လို့ လူစည်တတ်ပါတယ်။ ဖြစ်နိုင်ရင် အဲဒီလိုရက်တွေ မသွားစေချင်ဘူး။ ကျွန်တော်က ဗုဒ္ဓဟူးနေ့ပဲ သွားတယ်။ မနက် (၈) နာရီမထိုးခင် နိုင်ငံကူးလက်မှတ်ရုံး Passport Office ကို ရောက်ပါစေ။ နောက်ကျရင် တစ်နေ့တည်း မပြီးမှာစိုးလို့ပါ။

ရုံးအဝင်ဝမှာ တန်းစီနေတဲ့ လူအုပ်ကြီးကို တွေ့ ပါလိမ့်မယ်။ ယောက်ျား၊ မိန်းမ ခွဲပြီး တန်းစီရပါတယ်။ အဆင်သင့်ပဲ တန်းစီလိုက်ပါ။ ဆယ်နှစ်အောက် ကလေးငယ်တွေနဲ့ ခြောက်ဆယ်အထက် သက်ကြီးရွယ်အိုတွေအပြင် နာမကျန်းဖြစ်နေသူတွေက တန်းစီစရာ မလိုပါဘူး။

ရုံးအဝင်ပေါက်မှာ မှတ်ပုံတင်မူရင်းနဲ့ အိမ်ထောင်စုဇယားမူရင်းကို ပြပြီး အထဲဝင်လိုက်ပါ။ အထဲမှာ ဓာတ်ပုံရိုက်ခွင့်မရှိပါဘူး။ လက်ကိုင်အိတ်ကို စစ်ဆေးရေးစက်ပေါ်မှာ တင်ပြီး နောက်ပေါက်က ပြန်ယူပါ။ Eye Scan လုပ်ပါလိမ့်မယ်။ ရဲအရှာရှိတွေက တာဝန်အရ စစ်ဆေးနေတာဖြစ်လို့ ကြည်ကြည်ဖြူဖြူ အစစ်ဆေးခံလိုက်ပါ။ ကိုယ်ရေးမှတ်တမ်းဖြည့်ဖို့ ရဲအရာရှိတွေဆီက စာရွက်ကို ယူလိုက်ပါ။ အခမဲ့ပါ။

‘အမည်’ နေရာကမှာ ကိုယ့်နာမည်ကို ‘ဦး ၊ ကို ၊ မောင် ၊ ဒေါ် ၊ မ’ မတပ်ဘဲ ဖြည့်ပေးပါ။ ‘မိဘအမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာ၊ လူမျိုး၊ ဘာသာ’ အချက်အလက်တွေကို သေချာဖြည့်ပါ။ စနစ်တကျမဖြည့်တတ်ရင် အနီးနားမှာရှိတဲ့ ရဲအရာရှိတွေကို မေးလို့ရပါတယ်။ ကျွန်တော်လုပ်တဲ့ နိုင်ငံကူးလက်မှတ်အမျိုးအစားက အလည်အပတ် Passport for Visit ဖြစ်တဲ့အတွက် ‘ခရီးသွားမည့်ကိစ္စ’ နေရာမှာ ‘အလည်အပတ်’ လို့ပဲ ဖြည့်ရပါတယ်။

အလုပ်ကိစ္စသမား Passport for Job တွေကတော့ ‘အလုပ်’ လို့ပဲ ဖြည့်ရမယ်။ ‘လျှောက်ထားသည့်နိုင်ငံ’ နေရာမှာတော့ ‘စင်္ကာပူနိုင်ငံ’ လို့ပဲ ဖြည့်လိုက်ပါတယ်။ ‘လက်ရှိအလုပ်အကိုင်၊ မောင်နှမ၊ မိဘဆွေမျိုး’ နေရာမှာ ပြည့်ပြည့်စုံစုံ ဖြည့်ပေးလိုက်ပါ။ နောက်ဆုံးမှာတော့ ‘အမည်၊ ရက်စွဲ၊ ဖုန်းအမှတ်’ တွေကို ဖြည့်ပေးပြီး လက်မှတ်ထိုးလိုက်ရုံပါပဲ။ အချက်အလက် မမှားယွင်းရအောင် အနည်းဆုံးနှစ်ကြိမ်လောက် စစ်ဆေးလိုက်ပါ။

ကိုယ်ရေးမှတ်တမ်း၊ မှတ်ပုံတင်မူရင်းနဲ့ အိမ်ထောင်စုဇယားတွေကို ကိုင်ပြီး ရုံးအတွင်းပိုင်းထဲကို တန်းစီရပါမယ်။ အမှတ်စဉ် ၃ ကနေ ၁၁ အတွင်း လူနည်းတဲ့အတန်းမှာ တန်းစီလိုက်ပါ။ သက်ဆိုင်ရာအရာရှိက အချက်အလက်တွေကို စစ်ဆေးပါလိမ့်မယ်။ ဒီအဆင့်မှာ တစ်ခုခု မှားယွင်းနေရင်တော့ နောက်ကြောင်းပြန်လှည့်ရမှာဖြစ်ပါတယ်။

မှတ်ပုံတင်ထဲက ကိုယ့်မွေးသက္ကရာဇ်နဲ့ အိမ်ထောင်စု ဇယားထဲမှာပါတဲ့ ကိုယ့်မွေးသက္ကရာဇ်က မတူဘူးဖြစ်နေလို့ အရာရှိက ပြန်လွှတ်ပါတယ်။ ခဲလေသမျှ သဲရေကျ ဖြစ်သွားပြီး လဝကရုံးကို ပြန်သွားပြင်ရပါတယ်။ အဲဒီနေရာမှာ မှတ်ပုံတင်မိတ္တူနှစ်စောင်၊ အိမ်ထောင်စုဇယားမိတ္တူနှစ်စောင်နဲ့ ငွေငါးထောင် ပေးခဲ့ရပါတယ်။ သူများတွေ နှစ်ထောင်ပဲ ပေးခဲ့ရပါတယ်။ ကျွန်တော့်အိမ်ထောင်စုဇယားမှာက မွေးသက္ကရာဇ်ပြင်ရာ ပါနေလို့ ပိုတောင်းတဲ့ သဘောပါ။ လက်ဗွေနှိပ်ရပါတယ်။ အရာရှိက စစ်ဆေးပြီးကြောင်း လက်မှတ်ထိုးပေးလိုက်ပါတယ်။

စစ်ဆေးပြီးကြောင်း လက်မှတ်ကို ကိုင်ပြီး ငွေစာရင်းဌာနမှာ နှစ်သောင်းခွဲ သွားသွင်းရပါတယ်။ စစ်ဆေးရေးအရာရှိရဲ့ လက်မှတ်ကို ငွေစာရင်းဌာနကို ပြန်ပြရပါတယ်။ ဒီနေရာမှာ လုပ်ဆောင်ပုံအဆင့်ဆင့်ကို နားမလည်ရင် အနီးနားမှာရှိတဲ့ ရဲအရာရှိတွေကို မေးမြန်းလို့ရပါတယ်။ သူတို့ကလည်း ရှင်းပြကြပါတယ်။ ငွေစာရင်းမှာ ပိုက်ဆံသွင်းပြီးရင် ဓာတ်ပုံရိုက်ဖို့ တန်းစီရုံပါပဲ။

နောက်ဆုံးအဆင့် ရောက်ပါပြီ။ ကိုယ့်နိုင်ငံကူးလက်မှတ်မှာ ပုံလှလှလေးထွက်ချင်ရင် အသင့်ယူလာတဲ့ မှန်လေးကို ထုတ်ရင်း အလှပြင်လို့ ရပါသေးတယ်။ စိတ်တိုင်းကျသာ အလှပြင်ပေတော့။ ဓာတ်ပုံရိုက်တဲ့အခန်းထဲမှာ ရဲအရာရှိနှစ်ဦးက အဆင်သင့်စောင့်နေပါတယ်။

ပထမရဲအရာရှိကို စစ်ဆေးပြီးတဲ့ စာရွက်နဲ့ ငွေသွင်းပြီးကြောင်း စာရွက်တွေကို ပြလိုက်ပါ။ နောက်ရဲအရာရှိက ဓာတ်ပုံရိုက်ပေးပါလိမ့်မယ်။ နောက်ဆုံးအဆင့်မှာ လက်ဗွေရာ ထပ်နှိပ်ပေးဖို့ လိုအပ်ပါတယ်။ လက်နှစ်ဖက်လုံးနဲ့ လက်တစ်ချောင်းချင်းစီ နှိပ်ပေးရပြီး Eye Scan ကို နောက်တစ်ကြိမ် ပြန်ဖတ်ပေးရပါတယ်။

ဒါတွေ ပြီးရင်တော့ ပိုက်ဆံငါးထောင် သွင်းခဲ့ရပါတယ်။ နိုင်ငံကူးလက်မှတ်လာထုတ်ဖို့ စလစ်တစ်စောင်ပေးရပြီး နောက်ဆယ်ရက်ကြာရင် လာထုတ်ဖို့ မှာလိုက်ပါတယ်။ ဥပမာ - ကိုယ့်စလစ်မှာ နိုင်ငံကူးလက်မှတ်ထုတ်ရမယ့် ရက်စွဲက ရုံးပိတ်ရက်ဆိုရင် ဥပမာ - စနေနေ့ တနင်္လာနေ့မှာ သွားထုတ်လိုက်ပါ။ ဆယ်ရက်ဆိုပေမယ့် ရက်အတိအကျ မသွားလည်း ရပါတယ်။

သတ်မှတ်ထားတဲ့ ရက်စွဲကနေ ရက်ကိုးဆယ်အတွင်း ထုတ်ပေးဖို့ လိုအပ်ပါတယ်။ ကဲ . . ဒီအချက်တွေပြီးရင်တော့ လုပ်ငန်းစဉ်က ပြီးဆုံးပါပြီ။ Exit လို့ ပြထားတဲ့ အပေါက်က ထွက်ခဲ့ရုံပါပဲ။ နိုင်ငံကူးလက်မှတ်ထုတ်မယ်ဆိုရင်တော့ မှတ်ပုံတင်နဲ့ စလစ်ကို ယူပြီး ရုံးရဲ့ ဒုတိယအထပ်မှာ သွားထုတ်လိုက်ရုံပါပဲ။ ဒီအဆင့်မှာ သုံးထောင်တော့ ကုန်ပါတယ်။

နိုင်ငံကူးလက်မှတ် လုပ်တဲ့အဆင့်မှာတော့ သုံးသောင်းခွဲကုန်သလို ထုတ်တဲ့အဆင့်မှာတော့ သုံးထောင်ကုန်ပါတယ်။ နိုင်ငံကူးလက်မှတ်ရုံးက အမြဲလိုလို လူပြည့်နေတတ်ပြီး ဝန်ထမ်းအင်အားနဲ့ ပြည်သူလူထု မမျှလို့ အရာရှိတွေက ပင်ပန်းတတ်ပါတယ်။ အမှားအယွင်းပါရင် စိတ်မရှည်ဖြစ်တတ်ပြီး စကားပြောမာကျောတတ်ပါတယ်။

သူ့ဘက်က အခြေအနေကို နားလည်ပေးဖို့ လိုအပ်ပါတယ်။ နိုင်ငံကူးလက်မှတ်ရုံးကို တစ်နေရာတည်းမှာ မထားဘဲ ရုံးခွဲထားရင် အဆင်ပြေသွားမယ်လို့ထင်ပါတယ်။ အားလုံး အဆင်ပြေကြပါစေလို့ ဆုတောင်းလိုက်ပါတယ်။

မှတ်ချက် - ၂၀၁၉ ခုနှစ်မှာ နိုင်ငံကူးလက်မှတ်လုပ်ရတဲ့ အတွေ့အကြုံကို ဝေမျှထားခြင်း ဖြစ်ပါတယ်။ ငွေကြေးပမာဏ အနည်းငယ်ကွာခြားနိုင်ပေမယ့် ပြုလုပ်ပုံက အတူတူပါပဲ။ အသုံးလိုလာနိုင်တဲ့ ဆောင်းပါးဖြစ်လို့ အခုချိန်မှာ ဖတ်လို့ မအားသေးရင် Share ပြီး သိမ်းထားနိုင်ပါတယ်။

Kyaw Soe Aung

Zawgyi

ဒီေန႔ေခတ္မွာ ႏိုင္ငံကူးလက္မွတ္ လုပ္ထားသင့္တယ္။ လိုအပ္လာရင္ ႏိုင္ငံျခားကို အခ်ိန္မေ႐ြး ထြက္လို႔ရတယ္။ ကဲ ႏိုင္ငံကူးလက္မွတ္ လုပ္မယ္ဆိုရင္ ဘာေတြလိုအပ္မလဲ။ ေဆာင္ရန္ေရွာင္ရန္ေတြက ဘာျဖစ္မလဲ။ ၾကည့္ရေအာင္။

ႏိုင္ငံကူးလက္မွတ္လုပ္တာက မခက္ပါဘူး။ ေနပူေအာက္မွာ တန္းစီရလို႔ ေခြၽးဒီးဒီးက်တယ္၊ ပင္ပန္းတာပဲ ရွိတာပါ။ ပြဲစားနဲ႔လုပ္မယ္ဆိုရင္ တစ္သိန္းရွစ္ေသာင္းေလာက္ ကုန္တယ္တဲ့။ ခ်က္ခ်င္းလိုခ်င္တယ္ဆိုရင္ ပြဲစားနဲ႔လုပ္တာက ပိုေကာင္းပါတယ္။ ပုံမွန္ကေတာ့ ဆယ္ရက္ေစာင့္ရပါတယ္။ ကဲ ဘာေတြလိုအပ္မလဲ။

မွတ္ပုံတင္မူရင္း - အိမ္ေထာင္စုဇယားမူရင္း လိုပါတယ္။ သတိ − မူရင္းပါ။ သတိထားရမွာက မွတ္ပုံတင္ထဲက ကိုယ့္ေမြးသကၠရာဇ္နဲ႔ အိမ္ေထာင္စုဇယားထဲက ကိုယ့္ေမြးသကၠရာဇ္က တူညီေနဖို႔ လိုပါတယ္။ မတူဘူးဆိုရင္ အိမ္ေထာင္စုဇယားထဲက ေမြးသကၠရာဇ္ကို ျပန္ျပင္ဖို႔ ကိုယ့္ၿမိဳ႕ နယ္ လဝက႐ုံးကို အရင္သြားပါ။

ၿပီးေတာ့ မွတ္ပုံတင္နဲ႔အိမ္ေထာင္စုဇယား မိတၱဴႏွစ္ေစာင္စီ လိုပါတယ္။ ေဘာပင္တစ္ေခ်ာင္းရယ္။ ပိုက္ဆံသုံးေသာင္းခြဲရယ္ လိုပါတယ္။ ဓာတ္ပုံ႐ိုက္ရမွာဆိုေတာ့ လွလွပပေလးျဖစ္ခ်င္ရင္ ဘီးေလးမွန္ေလး ယူသြားေပါ့။

ႏိုင္ငံကူးလက္မွတ္ Passport ကို ဘယ္ရက္မွာ သြားလုပ္မလဲလို႔ ေ႐ြးခ်ယ္တတ္ဖို႔ လိုပါတယ္။ တနလၤာေန႔နဲ႔ ေသာၾကာေန႔မ်ိဳးေတြက ႐ုံးစဖြင့္ရက္နဲ႔ ႐ုံးပိတ္ေတာ့မယ့္ရက္ေတြျဖစ္လို႔ လူစည္တတ္ပါတယ္။ ျဖစ္ႏိုင္ရင္ အဲဒီလိုရက္ေတြ မသြားေစခ်င္ဘူး။ ကြၽန္ေတာ္က ဗုဒၶဟူးေန႔ပဲ သြားတယ္။ မနက္ (၈) နာရီမထိုးခင္ ႏိုင္ငံကူးလက္မွတ္႐ုံး Passport Office ကို ေရာက္ပါေစ။ ေနာက္က်ရင္ တစ္ေန႔တည္း မၿပီးမွာစိုးလို႔ပါ။

႐ုံးအဝင္ဝမွာ တန္းစီေနတဲ့ လူအုပ္ႀကီးကို ေတြ႕ ပါလိမ့္မယ္။ ေယာက္်ား၊ မိန္းမ ခြဲၿပီး တန္းစီရပါတယ္။ အဆင္သင့္ပဲ တန္းစီလိုက္ပါ။ ဆယ္ႏွစ္ေအာက္ ကေလးငယ္ေတြနဲ႔ ေျခာက္ဆယ္အထက္ သက္ႀကီး႐ြယ္အိုေတြအျပင္ နာမက်န္းျဖစ္ေနသူေတြက တန္းစီစရာ မလိုပါဘူး။

႐ုံးအဝင္ေပါက္မွာ မွတ္ပုံတင္မူရင္းနဲ႔ အိမ္ေထာင္စုဇယားမူရင္းကို ျပၿပီး အထဲဝင္လိုက္ပါ။ အထဲမွာ ဓာတ္ပုံ႐ိုက္ခြင့္မရွိပါဘူး။ လက္ကိုင္အိတ္ကို စစ္ေဆးေရးစက္ေပၚမွာ တင္ၿပီး ေနာက္ေပါက္က ျပန္ယူပါ။ Eye Scan လုပ္ပါလိမ့္မယ္။ ရဲအရွာရွိေတြက တာဝန္အရ စစ္ေဆးေနတာျဖစ္လို႔ ၾကည္ၾကည္ျဖဴျဖဴ အစစ္ေဆးခံလိုက္ပါ။ ကိုယ္ေရးမွတ္တမ္းျဖည့္ဖို႔ ရဲအရာရွိေတြဆီက စာ႐ြက္ကို ယူလိုက္ပါ။ အခမဲ့ပါ။

‘အမည္’ ေနရာကမွာ ကိုယ့္နာမည္ကို ‘ဦး ၊ ကို ၊ ေမာင္ ၊ ေဒၚ ၊ မ’ မတပ္ဘဲ ျဖည့္ေပးပါ။ ‘မိဘအမည္၊ ေမြးသကၠရာဇ္၊ ေနရပ္လိပ္စာ၊ လူမ်ိဳး၊ ဘာသာ’ အခ်က္အလက္ေတြကို ေသခ်ာျဖည့္ပါ။ စနစ္တက်မျဖည့္တတ္ရင္ အနီးနားမွာရွိတဲ့ ရဲအရာရွိေတြကို ေမးလို႔ရပါတယ္။ ကြၽန္ေတာ္လုပ္တဲ့ ႏိုင္ငံကူးလက္မွတ္အမ်ိဳးအစားက အလည္အပတ္ Passport for Visit ျဖစ္တဲ့အတြက္ ‘ခရီးသြားမည့္ကိစၥ’ ေနရာမွာ ‘အလည္အပတ္’ လို႔ပဲ ျဖည့္ရပါတယ္။

အလုပ္ကိစၥသမား Passport for Job ေတြကေတာ့ ‘အလုပ္’ လို႔ပဲ ျဖည့္ရမယ္။ ‘ေလွ်ာက္ထားသည့္ႏိုင္ငံ’ ေနရာမွာေတာ့ ‘စကၤာပူႏိုင္ငံ’ လို႔ပဲ ျဖည့္လိုက္ပါတယ္။ ‘လက္ရွိအလုပ္အကိုင္၊ ေမာင္ႏွမ၊ မိဘေဆြမ်ိဳး’ ေနရာမွာ ျပည့္ျပည့္စုံစုံ ျဖည့္ေပးလိုက္ပါ။ ေနာက္ဆုံးမွာေတာ့ ‘အမည္၊ ရက္စြဲ၊ ဖုန္းအမွတ္’ ေတြကို ျဖည့္ေပးၿပီး လက္မွတ္ထိုးလိုက္႐ုံပါပဲ။ အခ်က္အလက္မမွားယြင္းရေအာင္ အနည္းဆုံးႏွစ္ႀကိမ္ေလာက္ စစ္ေဆးလိုက္ပါ။

ကိုယ္ေရးမွတ္တမ္း၊ မွတ္ပုံတင္မူရင္းနဲ႔ အိမ္ေထာင္စုဇယားေတြကို ကိုင္ၿပီး ႐ုံးအတြင္းပိုင္းထဲကို တန္းစီရပါမယ္။ အမွတ္စဥ္ ၃ ကေန ၁၁ အတြင္း လူနည္းတဲ့အတန္းမွာ တန္းစီလိုက္ပါ။ သက္ဆိုင္ရာအရာရွိက အခ်က္အလက္ေတြကို စစ္ေဆးပါလိမ့္မယ္။ ဒီအဆင့္မွာ တစ္ခုခုမွားယြင္းေနရင္ေတာ့ ေနာက္ေၾကာင္းျပန္လွည့္ရမွာျဖစ္ပါတယ္။

မွတ္ပုံတင္ထဲက ကိုယ့္ေမြးသကၠရာဇ္နဲ႔ အိမ္ေထာင္စုဇယားထဲမွာပါတဲ့ ကိုယ့္ေမြးသကၠရာဇ္က မတူဘူးျဖစ္ေနလို႔ အရာရွိက ျပန္လႊတ္ပါတယ္။ ခဲေလသမွ် သဲေရက် ျဖစ္သြားၿပီး လဝက႐ုံးကို ျပန္သြားျပင္ရပါတယ္။ အဲဒီေနရာမွာ မွတ္ပုံတင္မိတၱဴႏွစ္ေစာင္၊ အိမ္ေထာင္စုဇယားမိတၱဴႏွစ္ေစာင္နဲ႔ ေငြငါးေထာင္ ေပးခဲ့ရပါတယ္။ သူမ်ားေတြ ႏွစ္ေထာင္ပဲ ေပးခဲ့ရပါတယ္။ ကြၽန္ေတာ့္အိမ္ေထာင္စုဇယားမွာက ေမြးသကၠရာဇ္ျပင္ရာ ပါေနလို႔ ပိုေတာင္းတဲ့ သေဘာပါ။ လက္ေဗြႏွိပ္ရပါတယ္။ အရာရွိက စစ္ေဆးၿပီးေၾကာင္း လက္မွတ္ထိုးေပးလိုက္ပါတယ္။

စစ္ေဆးၿပီးေၾကာင္း လက္မွတ္ကို ကိုင္ၿပီး ေငြစာရင္းဌာနမွာ ႏွစ္ေသာင္းခြဲသြားသြင္းရပါတယ္။ စစ္ေဆးေရးအရာရွိရဲ႕ လက္မွတ္ကို ေငြစာရင္းဌာနကို ျပန္ျပရပါတယ္။ ဒီေနရာမွာ လုပ္ေဆာင္ပုံအဆင့္ဆင့္ကို နားမလည္ရင္ အနီးနားမွာရွိတဲ့ ရဲအရာရွိေတြကို ေမးျမန္းလို႔ရပါတယ္။ သူတို႔ကလည္း ရွင္းျပၾကပါတယ္။ ေငြစာရင္းမွာ ပိုက္ဆံသြင္းၿပီးရင္ ဓာတ္ပုံ႐ိုက္ဖို႔ တန္းစီ႐ုံပါပဲ။

ေနာက္ဆုံးအဆင့္ ေရာက္ပါၿပီ။ ကိုယ့္ႏိုင္ငံကူးလက္မွတ္မွာ ပုံလွလွေလးထြက္ခ်င္ရင္ အသင့္ယူလာတဲ့ မွန္ေလးကို ထုတ္ရင္း အလွျပင္လို႔ ရပါေသးတယ္။ စိတ္တိုင္းက်သာ အလွျပင္ေပေတာ့။ ဓာတ္ပုံ႐ိုက္တဲ့အခန္းထဲမွာ ရဲအရာရွိႏွစ္ဦးက အဆင္သင့္ေစာင့္ေနပါတယ္။

ပထမရဲအရာရွိကို စစ္ေဆးၿပီးတဲ့ စာ႐ြက္နဲ႔ ေငြသြင္းၿပီးေၾကာင္း စာ႐ြက္ေတြကို ျပလိုက္ပါ။ ေနာက္ရဲအရာရွိက ဓာတ္ပုံ႐ိုက္ေပးပါလိမ့္မယ္။ ေနာက္ဆုံးအဆင့္မွာ လက္ေဗြရာ ထပ္ႏွိပ္ေပးဖို႔ လိုအပ္ပါတယ္။ လက္ႏွစ္ဖက္လုံးနဲ႔ လက္တစ္ေခ်ာင္းခ်င္းစီ ႏွိပ္ေပးရၿပီး Eye Scan ကို ေနာက္တစ္ႀကိမ္ ျပန္ဖတ္ေပးရပါတယ္။

ဒါေတြ ၿပီးရင္ေတာ့ ပိုက္ဆံငါးေထာင္ သြင္းခဲ့ရပါတယ္။ ႏိုင္ငံကူးလက္မွတ္လာထုတ္ဖို႔ စလစ္တစ္ေစာင္ေပးရၿပီး ေနာက္ဆယ္ရက္ၾကာရင္ လာထုတ္ဖို႔ မွာလိုက္ပါတယ္။ ဥပမာ - ကိုယ့္စလစ္မွာ ႏိုင္ငံကူးလက္မွတ္ထုတ္ရမယ့္ ရက္စြဲက ႐ုံးပိတ္ရက္ဆိုရင္ ဥပမာ - စေနေန႔ တနလၤာေန႔မွာ သြားထုတ္လိုက္ပါ။ ဆယ္ရက္ဆိုေပမယ့္ ရက္အတိအက် မသြားလည္း ရပါတယ္။

သတ္မွတ္ထားတဲ့ ရက္စြဲကေန ရက္ကိုးဆယ္အတြင္း ထုတ္ေပးဖို႔ လိုအပ္ပါတယ္။ ကဲ . . ဒီအခ်က္ေတြၿပီးရင္ေတာ့ လုပ္ငန္းစဥ္က ၿပီးဆုံးပါၿပီ။ Exit လို႔ ျပထားတဲ့ အေပါက္က ထြက္ခဲ့႐ုံပါပဲ။ ႏိုင္ငံကူးလက္မွတ္ထုတ္မယ္ဆိုရင္ေတာ့ မွတ္ပုံတင္နဲ႔ စလစ္ကို ယူၿပီး ႐ုံးရဲ႕ ဒုတိယအထပ္မွာ သြားထုတ္လိုက္႐ုံပါပဲ။ ဒီအဆင့္မွာ သုံးေထာင္ေတာ့ ကုန္ပါတယ္။

ႏိုင္ငံကူးလက္မွတ္ လုပ္တဲ့အဆင့္မွာေတာ့ သုံးေသာင္းခြဲကုန္သလို ထုတ္တဲ့အဆင့္မွာေတာ့ သုံးေထာင္ကုန္ပါတယ္။ ႏိုင္ငံကူးလက္မွတ္႐ုံးက အၿမဲလိုလို လူျပည့္ေနတတ္ၿပီး ဝန္ထမ္းအင္အားနဲ႔ ျပည္သူလူထု မမွ်လို႔ အရာရွိေတြက ပင္ပန္းတတ္ပါတယ္။ အမွားအယြင္းပါရင္ စိတ္မရွည္ျဖစ္တတ္ၿပီး စကားေျပာမာေက်ာတတ္ပါတယ္။

သူ႔ဘက္က အေျခအေနကို နားလည္ေပးဖို႔ လိုအပ္ပါတယ္။ ႏိုင္ငံကူးလက္မွတ္႐ုံးကို တစ္ေနရာတည္းမွာ မထားဘဲ ႐ုံးခြဲထားရင္ အဆင္ေျပသြားမယ္လို႔ထင္ပါတယ္။ အားလုံး အဆင္ေျပၾကပါေစလို႔ ဆုေတာင္းလိုက္ပါတယ္။

မွတ္ခ်က္ - ၂၀၁၉ ခုႏွစ္မွာ ႏိုင္ငံကူးလက္မွတ္လုပ္ရတဲ့ အေတြ႕အႀကဳံကို ေဝမွ်ထားျခင္း ျဖစ္ပါတယ္။ ေငြေၾကးပမာဏ အနည္းငယ္ကြာျခားႏိုင္ေပမယ့္ ျပဳလုပ္ပုံက အတူတူပါပဲ။ အသုံးလိုလာႏိုင္တဲ့ ေဆာင္းပါးျဖစ္လို႔ အခုခ်ိန္မွာ ဖတ္လို႔ မအားေသးရင္ Share ၿပီး သိမ္းထားႏိုင္ပါတယ္။

Kyaw Soe Aung

Post a Comment

0 Comments