Parasite ရုပ်ရှင်ထုတ်လုပ်သူကို ခိုးယူကူးချမှုနဲ့ တရားစွဲမယ့် တမီလ်ရုပ်ရှင်ထုတ်လုပ်သူ

ဇာတ်ညွှန်း ထပ်တူကျနေတဲ့ ရုပ်ရှင်တွေ ဆိုတာဟာ ခုခေတ် ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းမှာ မရှိတော့ပါဘူး။ ဒါရိုက်တာရဲ့ဖန်တီးမှု၊ သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ချက်တွေကလည်း ထပ်တူထပ်မျှ မတူညီနိုင်ပါဘူး။ ဒါပေမယ့် ဇာတ်လမ်းကျောရိုး မတူနိုင်ပေမယ့် ပေးချင်တဲ့ရသ၊ ရည်ရွယ်ချက်ကတော့ တူကောင်းတူနိုင်ပါလိမ့်မယ်။ စီစဉ် တင်ပြပုံကတော့ ကွဲပြားနိုင်ပါသေးတယ်။

မကြာသေးခင်ကတော့ တမီလ် ရုပ်ရှင်ထုတ်လုပ်သူ PL Thenappanက Parasite ရုပ်ရှင်ထုတ်လုပ်သူကို ခိုးယူကူးချမှုနဲ့ တရားစွဲလို့ ကြေညာလိုက်ပါတယ်။ Parasite ရုပ်ရှင်က တောင်ကိုရီးယား ရုပ်ရှင်ဖြစ်ပြီး အော်စကာဆုတွေ အများကြီး ရထားတဲ့ ရုပ်ရှင်ကားပါ။ အဲဒီ Parasite ဇာတ်ကားက တမီလ်ရုပ်ရှင် Minsara Kanna ကို ကူးချထားတယ်လို့ ထုတ်လုပ်သူ Thenappan က ပြောပါတယ်။

" နိုင်ငံတကာရှေ့နေ့တစ်ယောက်ရဲ့အကူအညီနဲ့ တရားစွဲတော့မယ်။ ကျွန်တော့်ရဲ့ ဇာတ်လမ်းကို သူတို့ ကူးချထားတယ် " လို့ တမီလ် ထုတ်လုပ်သူက ပြောပါတယ်။ သူ့ရုပ်ရှင်က အတွေးစိတ်ကူးတွေကို ယူထားလို့ Parasite ထုတ်လုပ်သူကို လျော်ကြေးတောင်းတော့မှာပါ။

Parasite ရုပ်ရှင်ကို ဒါရိုက်တာ Bong Joon-ho က ရိုက်ကူးခဲ့ပြီး အော်စကာ ဆုပေးပွဲမှာ အကောင်းဆုံး ရုပ်ရှင်ဆု၊ အကောင်းဆုံး ဒါရိုက်တာဆု၊ အကောင်းဆုံး မူရင်းဇာတ်ညွှန်းဆုနဲ့ အကောင်းဆုံး နိုင်ငံခြားဇာတ်ကားဆုကို ရရှိခဲ့ပါတယ်။

Minsara Kanna ဇာတ်ကားက ၁၉၉၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ရုပ်ရှင်ဖြစ်ပြီး အလွန်ကို အောင်မြင်ခဲ့တဲ့ ရုပ်ရှင်တစ်ကား ဖြစ်ခဲ့ပါတယ်။ အဲဒီရုပ်ရှင်ထဲမှာ မင်းသား Vijay က သရုပ်ဆောင်ခဲ့ပါတယ်။ Parasite ဇာတ်ကားက အော်စကာဆုတွေ ရတဲ့အချိန်မှာ Vijayရဲ့ ပရိတ်သတ်တွေက socail media ပေါ်မှာ မကျေမနပ် ဖြစ်ကြပြီး သူတို့ကြိုက်ရတဲ့ ရုပ်ရှင်နဲ့ ဆင်တူနေတယ်လို့ ပြောကြပါတယ်။

Minsara Kanna ဇာတ်ကားရဲ့ဒါရိုက်တာ S.Ravikumar ကတော့ ဒီအငြင်းပွားစရာ ကိစ္စကို အတွက် ဂုဏ်ယူပြီး တရားစွဲဖို့အထိတော့ မရည်ရွယ်ဘူးလို့ ပြောပါတယ်။ ဆုံးဖြတ်ချက်တွေ အားလုံးအတွက် ကိုတော့ ထုတ်လုပ်သူရဲ့ သဘောအတိုင်းလို့ပဲ ပြောပါတယ်။

Minsara Kanna ဇာတ်ကားက အဓိကဇာတ်ဆောင် Kaasi အကြောင်း ရိုက်ကူးထားတာ ဖြစ်ပါတယ်။ Kaasi က ချမ်းသာတဲ့ အမျိူးသမီးတစ်ယောက်ရဲ့အိမ်ကို ဂိုက်တစ်ယောက်အနေနဲ့ ဝင်လာပြီး အမျိုးသမီးရဲ့မိသားစုဝင်တွေကို အိမ်မှာ အလုပ်ခိုင်းဖို့ အတွက် တစ်ယောက်ပြီးတစ်ယောက် ခေါ်သွားခဲ့ပါတယ်။ ဘာအလုပ်လုပ်ဖို့ ခေါ်သွားလဲ ဆိုတဲ့ ဇာတ်ကွက်ကို မြှုပ်ထားခဲ့ပါတယ်။ အခုထိတော့ အငြင်းပွားနေဆဲပါပဲ။

Zombie (Lovemedia)

Ref - worldofbuzz

for zawgyi

Parasite ႐ုပ္ရွင္ထုတ္လုပ္သူကို ခိုးယူကူးခ်မႈနဲ႔ တရားစြဲမယ့္ တမီလ္႐ုပ္ရွင္ထုတ္လုပ္သူ

ဇာတ္ၫႊန္းထပ္တူက်ေနတဲ့ ႐ုပ္ရွင္ေတြ ဆိုတာဟာ ခုေခတ္ ႐ုပ္ရွင္ထုတ္လုပ္ေရး လုပ္ငန္းမွာ မရွိေတာ့ပါဘူး။ ဒါ႐ိုက္တာရဲ႕ဖန္တီးမႈ၊ သ႐ုပ္ေဆာင္ေတြရဲ႕ သ႐ုပ္ေဆာင္ခ်က္ေတြကလည္း ထပ္တူထပ္မွ် မတူညီႏိုင္ပါဘူး။ ဒါေပမယ့္ ဇာတ္လမ္းေက်ာ႐ိုး မတူႏိုင္ေပမယ့္ ေပးခ်င္တဲ့ရသ၊ ရည္႐ြယ္ခ်က္ကေတာ့ တူေကာင္းတူႏိုင္ပါလိမ့္မယ္။ စီစဥ္ တင္ျပပုံကေတာ့ ကြဲျပားႏိုင္ပါေသးတယ္။

မၾကာေသးခင္ကေတာ့ တမီလ္ ႐ုပ္ရွင္ထုတ္လုပ္သူ PL Thenappanက Parasite ႐ုပ္ရွင္ထုတ္လုပ္သူကို ခိုးယူကူးခ်မႈနဲ႔ တရားစြဲလို႔ ေၾကညာလိုက္ပါတယ္။ Parasite ႐ုပ္ရွင္က ေတာင္ကိုရီးယား ႐ုပ္ရွင္ျဖစ္ၿပီး ေအာ္စကာဆုေတြ အမ်ားႀကီး ရထားတဲ့ ႐ုပ္ရွင္ကားပါ။ အဲဒီ Parasite ဇာတ္ကားက တမီလ္႐ုပ္ရွင္ Minsara Kanna ကို ကူးခ်ထားတယ္လို႔ ထုတ္လုပ္သူ Thenappan က ေျပာပါတယ္။

" ႏိုင္ငံတကာေရွ႕ေန႔တစ္ေယာက္ရဲ႕အကူအညီနဲ႔ တရားစြဲေတာ့မယ္။ ကြၽန္ေတာ့္ရဲ႕ ဇာတ္လမ္းကို သူတို႔ ကူးခ်ထားတယ္ " လို႔ တမီလ္ ထုတ္လုပ္သူက ေျပာပါတယ္။ သူ႔႐ုပ္ရွင္က အေတြးစိတ္ကူးေတြကို ယူထားလို႔ Parasite ထုတ္လုပ္သူကို ေလ်ာ္ေၾကးေတာင္းေတာ့မွာပါ။

Parasite ႐ုပ္ရွင္ကို ဒါ႐ိုက္တာ Bong Joon-ho က ႐ိုက္ကူးခဲ့ၿပီး ေအာ္စကာ ဆုေပးပြဲမွာ အေကာင္းဆုံး ႐ုပ္ရွင္ဆု၊ အေကာင္းဆုံး ဒါ႐ိုက္တာဆု၊ အေကာင္းဆုံး မူရင္းဇာတ္ၫႊန္းဆုနဲ႔ အေကာင္းဆုံး ႏိုင္ငံျခားဇာတ္ကားဆုကို ရရွိခဲ့ပါတယ္။

Minsara Kanna ဇာတ္ကားက ၁၉၉၉ခုႏွစ္မွာ ထြက္ရွိခဲ့တဲ့ ႐ုပ္ရွင္ျဖစ္ၿပီး အလြန္ကို ေအာင္ျမင္ခဲ့တဲ့ ႐ုပ္ရွင္တစ္ကား ျဖစ္ခဲ့ပါတယ္။ အဲဒီ႐ုပ္ရွင္ထဲမွာ မင္းသား Vijay က သ႐ုပ္ေဆာင္ခဲ့ပါတယ္။ Parasite ဇာတ္ကားက ေအာ္စကာဆုေတြ ရတဲ့အခ်ိန္မွာ Vijayရဲ႕ ပရိတ္သတ္ေတြက socail media ေပၚမွာ မေက်မနပ္ ျဖစ္ၾကၿပီး သူတို႔ႀကိဳက္ရတဲ့ ႐ုပ္ရွင္နဲ႔ ဆင္တူေနတယ္လို႔ ေျပာၾကပါတယ္။

Minsara Kanna ဇာတ္ကားရဲ႕ဒါ႐ိုက္တာ S.Ravikumar ကေတာ့ ဒီအျငင္းပြားစရာ ကိစၥကို အတြက္ ဂုဏ္ယူၿပီး တရားစြဲဖို႔အထိေတာ့ မရည္႐ြယ္ဘူးလို႔ ေျပာပါတယ္။ ဆုံးျဖတ္ခ်က္ေတြ အားလုံးအတြက္ ကိုေတာ့ ထုတ္လုပ္သူရဲ႕ သေဘာအတိုင္းလို႔ပဲ ေျပာပါတယ္။

Minsara Kanna ဇာတ္ကားက အဓိကဇာတ္ေဆာင္ Kaasi အေၾကာင္း ႐ိုက္ကူးထားတာ ျဖစ္ပါတယ္။ Kaasi က ခ်မ္းသာတဲ့ အမ်ိဴးသမီးတစ္ေယာက္ရဲ႕အိမ္ကို ဂိုက္တစ္ေယာက္အေနနဲ႔ ဝင္လာၿပီး အမ်ိဳးသမီးရဲ႕မိသားစုဝင္ေတြကို အိမ္မွာ အလုပ္ခိုင္းဖို႔ အတြက္ တစ္ေယာက္ၿပီးတစ္ေယာက္ ေခၚသြားခဲ့ပါတယ္။ ဘာအလုပ္လုပ္ဖို႔ ေခၚသြားလဲ ဆိုတဲ့ ဇာတ္ကြက္ကို ျမႇဳပ္ထားခဲ့ပါတယ္။ အခုထိေတာ့ အျငင္းပြားေနဆဲပါပဲ။

Zombie (Lovemedia)

Ref - worldofbuzz

Post a Comment

0 Comments