အဖိုးတန်လှပသော ပုလဲ

တခါတုန်းက ကမာကောင်မွေးသူ တဦးဟာ အကြီးဆုံး အလှဆုံး ပုလဲတလုံး ပျိုးဖို့ စိတ်ကူးလိုက်တယ်။ ဒါကြောင့် သူဟာ ပင်လယ်ကမ်းစပ်သွားပြီး သဲရွေးခဲ့တယ်။ သဲတပွင့် ရွေးတိုင်းမှာ သဲတွေကို ပုလဲ ဖြစ်ချင်လား ၊ မဖြစ်ချင်ဘူးလား လို့ သူမေးခဲ့တယ် ။

အမေးခံရတဲ့ သဲတိုင်းကလည်း ပုလဲ မဖြစ်ချင်ကြောင်း ခေါင်းခါ ငြင်းဆန် ကြတယ်။ ကမာကောင် မွေးသူဟာ မနက်ကနေ ညနေအထိ ရွေးခဲ့ပေမယ့် ပုလဲဖြစ်ချင်တဲ့ သဲတပွင့်တောင် မတွေ့ခဲ့ဘူး။

သူ မျှော်လင့်ချက် မဲ့နေချိန်မှာ သဲတပွင့်က ပုလဲ ဖြစ်ချင်တယ် လို့ ဆိုလာတယ်။ ပုလဲ ဖြစ်ချင်တဲ့ အဲ့ဒီသဲပွင့်ကို ဘေးက ကျန်တဲ့ သဲတွေက လှောင်ရယ်ကြတယ်။

သဲပွင့်ကို တုံး အ တယ်၊ ဆွေမျိုး အပေါင်းအသင်းကို ခွဲပြီး ကမာကောင် ဝမ်းထဲ ဝင်တယ်၊ နေမမြင် လမမြင်၊ စိုထိုင်းထိုင်းနဲ့ လေဝဝ မရှုရသလို မှောင်မည်းမည်း၊ အေးစက်စက်၊ တယောက်တည်း အထီးကျန် ရတယ်၊ သွားနေဖို့ မထိုက်ဘူး လို့ ဝိုင်းရယ်ကြတယ်။

အပေါင်းအသင်းတွေ ဘယ်လိုပဲ လှောင်ရယ် လှောင်ရယ် သဲပွင့်လေးဟာ နောင်တမရ စတမ်း ကမာကောင် မွေးသူနောက် လိုက်သွားခဲ့တယ်။ အဲဒီလိုနဲ့ ရက်မှ လ၊ လ မှ နှစ် အလီလီ ပြောင်းခဲ့တယ်။

သဲပွင့်လေးဟာ အခက်အခဲ၊ ဆင်းရဲ ဒုက္ခတွေကို ခံပြီး လှပ လင်းလက်တဲ့ အဖိုးတန် ပုလဲတလုံး ဖြစ်လာခဲ့တယ် ။ သူ့ကို လှောင်ရယ်ခဲ့တဲ့ သဲပွင့်တွေကတော့ ပင်လယ်ကမ်းစပ်မှာ သဲမှုန်တွေ အဖြစ်နဲ့ တည်ရှိနေတုန်း ပါပဲ။

လူတိုင်း လူတိုင်းမှာ ကိုယ်ပိုင် အရည်အချင်း ကိုယ်စီ ရှိကြပါတယ်။ လူတိုင်းဟာ အဖိုးတန်တဲ့ ပုလဲ တလုံး ဖြစ်နိုင်ပါတယ်။

လှပတဲ့ အဖိုးတန် ပုလဲတလုံး ဖြစ်ချင်ရင် ပြဿနာ အခက်အခဲ တွေ့တိုင်း မတွန့်ဆုတ်ရဘူး၊ တခြားလူနဲ့ မတူလို့ ဆိုပြီး ကိုယ့်ကိုယ်ကို မသိမ်ငယ်ရဘူး။

ဘဝဆိုတဲ့ ကမာကောင်ထဲ နေပြီး ဖြစ်လာသမျှ ဆင်းရဲဒုက္ခ အခက်အခဲတွေကို ကြံ့ကြံ့ခံ ရင်ဆိုင် ဖြေရှင်းနိုင်ခဲ့မယ် ဆိုရင် လူတိုင်း အဖိုးတန်လှပတဲ့ ပုလဲတလုံး ဖြစ်နိုင်ပါတယ်။

crd

Zawgyi

အဖိုးတန္လွပေသာ ပုလဲ

တခါတုန္းက ကမာေကာင္ေမြးသူ တဦးဟာ အႀကီးဆုံး အလွဆုံး ပုလဲတလုံး ပ်ိဳးဖို႔ စိတ္ကူးလိုက္တယ္။ ဒါေၾကာင့္ သူဟာ ပင္လယ္ကမ္းစပ္သြားၿပီး သဲေ႐ြးခဲ့တယ္။ သဲတပြင့္ ေ႐ြးတိုင္းမွာ သဲေတြကို ပုလဲ ျဖစ္ခ်င္လား ၊ မျဖစ္ခ်င္ဘူးလား လို႔ သူေမးခဲ့တယ္ ။

အေမးခံရတဲ့ သဲတိုင္းကလည္း ပုလဲ မျဖစ္ခ်င္ေၾကာင္း ေခါင္းခါ ျငင္းဆန္ ၾကတယ္။ ကမာေကာင္ ေမြးသူဟာ မနက္ကေန ညေနအထိ ေ႐ြးခဲ့ေပမယ့္ ပုလဲျဖစ္ခ်င္တဲ့ သဲတပြင့္ေတာင္ မေတြ႕ခဲ့ဘူး။

သူ ေမွ်ာ္လင့္ခ်က္ မဲ့ေနခ်ိန္မွာ သဲတပြင့္က ပုလဲ ျဖစ္ခ်င္တယ္ လို႔ ဆိုလာတယ္။ ပုလဲ ျဖစ္ခ်င္တဲ့ အဲ့ဒီသဲပြင့္ကို ေဘးက က်န္တဲ့ သဲေတြက ေလွာင္ရယ္ၾကတယ္။ သဲပြင့္ကို တုံး အ တယ္၊ ေဆြမ်ိဳး အေပါင္းအသင္းကို ခြဲၿပီး ကမာေကာင္ ဝမ္းထဲ ဝင္တယ္၊ ေနမျမင္ လမျမင္၊ စိုထိုင္းထိုင္းနဲ႔ ေလဝဝ မရႈရသလို ေမွာင္မည္းမည္း၊ ေအးစက္စက္၊ တေယာက္တည္း အထီးက်န္ ရတယ္၊ သြားေနဖို႔ မထိုက္ဘူး လို႔ ဝိုင္းရယ္ၾကတယ္။

အေပါင္းအသင္းေတြ ဘယ္လိုပဲ ေလွာင္ရယ္ ေလွာင္ရယ္ သဲပြင့္ေလးဟာ ေနာင္တမရ စတမ္း ကမာေကာင္ ေမြးသူေနာက္ လိုက္သြားခဲ့တယ္။ အဲဒီလိုနဲ႔ ရက္မွ လ၊ လ မွ ႏွစ္ အလီလီ ေျပာင္းခဲ့တယ္။

သဲပြင့္ေလးဟာ အခက္အခဲ၊ ဆင္းရဲ ဒုကၡေတြကို ခံၿပီး လွပ လင္းလက္တဲ့ အဖိုးတန္ ပုလဲတလုံး ျဖစ္လာခဲ့တယ္ ။ သူ႔ကို ေလွာင္ရယ္ခဲ့တဲ့ သဲပြင့္ေတြကေတာ့ ပင္လယ္ကမ္းစပ္မွာ သဲမႈန္ေတြ အျဖစ္နဲ႔ တည္ရွိေနတုန္း ပါပဲ။

လူတိုင္း လူတိုင္းမွာ ကိုယ္ပိုင္ အရည္အခ်င္း ကိုယ္စီ ရွိၾကပါတယ္။ လူတိုင္းဟာ အဖိုးတန္တဲ့ ပုလဲ တလုံး ျဖစ္ႏိုင္ပါတယ္။ လွပတဲ့ အဖိုးတန္ ပုလဲတလုံး ျဖစ္ခ်င္ရင္ ျပႆနာ အခက္အခဲ ေတြ႕တိုင္း မတြန႔္ဆုတ္ရဘူး၊ တျခားလူနဲ႔ မတူလို႔ ဆိုၿပီး ကိုယ့္ကိုယ္ကို မသိမ္ငယ္ရဘူး။

ဘဝဆိုတဲ့ ကမာေကာင္ထဲ ေနၿပီး ျဖစ္လာသမွ် ဆင္းရဲဒုကၡ အခက္အခဲေတြကို ႀကံ့ႀကံ့ခံ ရင္ဆိုင္ ေျဖရွင္းႏိုင္ခဲ့မယ္ ဆိုရင္ လူတိုင္း အဖိုးတန္လွပတဲ့ ပုလဲတလုံး ျဖစ္ႏိုင္ပါတယ္။

crd

Post a Comment

0 Comments