ဆေးသုတ်သမားနဲ့ မျက်မမြင်

တခါတုန်းက ဆေးသုတ်သမားလေး တဦးဟာ အိမ်တအိမ်ကို ဆေးသုတ်ဖို့ ရောက်သွားခဲ့တယ်။ အိမ်ထဲ ဝင်လိုက်တာနဲ့ မျက်စိကွယ်နေတဲ့ အိမ်ရှင်ယောက်ျားကို တွေ့တော့ ကရုဏာ သက်မိတယ်။ ဒါပေမယ့် သူဟာ မျက်စိ ကွယ်နေပေမယ့် ပျော်ပျော်နေတတ်လို့ ဆေးသုတ်သမားနဲ့ ခဏအတွင်းမှာ ခင်မင်သွားကြတယ်။

ဆေးသုတ်သမားလေးဟာ သူတို့အိမ်မှာ ဆေးသုတ်တဲ့ ရက်အတောအတွင်း သူတို့ စကားတွေ ဖောင်ဖွဲ့ပြော ဆိုကြပေမယ့် မျက်စိကွယ်နေတဲ့ သူရဲ့ အားနည်းချက်ကို ဆေးသုတ်သမား လုံးဝ မမေးခဲ့ဘူး။

ဆေးသုတ်ပြီးလို့ စာရင်းရှင်းတဲ့အခါမှာ ဆေးသုတ်သမားက ဆေးသုတ်ခကို သတ်မှတ်ထားတဲ့ ဈေးထက် တဝက် လျှော့ယူခဲ့တယ်။ အိမ်ရှင်မက ဘာဖြစ်လို့ လျှော့ပေးရသလဲ လို့ မေးတော့ ဆေးသုတ်သမားက..

" ခင်ဗျား ယောက်ျားနဲ့ စကား အတူပြောရတာ ကျွန်တော် အရမ်းပျော်တယ်။ သူရဲ့ ဘဝအမြင်နဲ့ စိတ်သဘောထားတွေကြောင့် ကျွန်တော့်အဖြစ်က အဲဒီလောက် မဆိုးသေးဘူး ဆိုတာ သိလာရတယ်။

ဒါကြောင့် သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့ ကျွန်တော် ဈေးလျှော့ယူ လိုက်တာပါ။ သူ့ကြောင့် အလုပ်တွေလုပ်ရတာကို ပင်ပန်းတယ်လို့ ကျွန်တော် မမြင်တော့ဘူးဗျာ " လို့ ပြန်ပြောလိုက်တယ်။ အဲဒီနောက် အိမ်ရှင်မ ကမ်းပေးတဲ့ ဆေးသုတ်ခကို တဖက်တည်းသာ ရှိတဲ့လက်နဲ့ သူ လှမ်းယူလိုက်တယ်။

ဖြစ်လာတဲ့ဘဝ၊ ဖြစ်လာတဲ့ ကံကြမ္မာကို ပြောင်းလဲလို့ မရရင် ဘဝကိုကြည့်တဲ့ ကိုယ့်အမြင်ကို ပြောင်းလဲကြည့်ပါ။ ပတ်ဝန်းကျင်ကို ပြောင်းလဲလို့ မရရင် ကိုယ့်ရဲ့ စိတ်အခြေအနေကို ပြောင်းလဲကြည့်ပါ။

ပတ်ဝန်းကျင်နဲ့ လိုက်လျှောညီထွေအောင် နေလို့မရရင် ကိုယ့်ရဲ့ ကိုယ်နေကိုယ်ဟန်၊ စိတ်သဘောထားကို ပြောင်းလဲကြည့်ပါ။ အရာတခုအပေါ် မြင်တဲ့ ကိုယ့်အမြင်တွေက အကောင်းလား? အဆိုးလား? ဆိုတာ ကိုယ့်ရဲ့ စိတ်သဘောထားပေါ်မှာပဲ မှုတည်ပါတယ်။

ပုံမှန်အချိန် အထက်ကိုကြည့် ကြိုးစားပါ ။ စိတ်ဓါတ်ကျနေချိန် အောက်ကိုကြည့် အားတင်းပါ။ သင် ဒီစာကို လက် ၂ ဖက် နဲ့ကိုင် စာဖတ်နိုင် မြင်နိုင်သေးလျင် သင့်မှာ ကြိုးစားခွင့် အများကြီး ရှိပါသေးသည်။

Crd

Zawgyi

ေဆးသုတ္သမားနဲ႔ မ်က္မျမင္

တခါတုန္းက ေဆးသုတ္သမားေလး တဦးဟာ အိမ္တအိမ္ကို ေဆးသုတ္ဖို႔ ေရာက္သြားခဲ့တယ္။ အိမ္ထဲ ဝင္လိုက္တာနဲ႔ မ်က္စိကြယ္ေနတဲ့ အိမ္ရွင္ေယာက္်ားကို ေတြ႕ေတာ့ က႐ုဏာ သက္မိတယ္။ ဒါေပမယ့္ သူဟာ မ်က္စိ ကြယ္ေနေပမယ့္ ေပ်ာ္ေပ်ာ္ေနတတ္လို႔ ေဆးသုတ္သမားနဲ႔ ခဏအတြင္းမွာ ခင္မင္သြားၾကတယ္။

ေဆးသုတ္သမားေလးဟာ သူတို႔အိမ္မွာ ေဆးသုတ္တဲ့ ရက္အေတာအတြင္း သူတို႔ စကားေတြ ေဖာင္ဖြဲ႕ေျပာ ဆိုၾကေပမယ့္ မ်က္စိကြယ္ေနတဲ့ သူရဲ႕ အားနည္းခ်က္ကို ေဆးသုတ္သမား လုံးဝ မေမးခဲ့ဘူး။ ေဆးသုတ္ၿပီးလို႔ စာရင္းရွင္းတဲ့အခါမွာ ေဆးသုတ္သမားက ေဆးသုတ္ခကို သတ္မွတ္ထားတဲ့ ေဈးထက္ တဝက္ ေလွ်ာ့ယူခဲ့တယ္။

အိမ္ရွင္မက ဘာျဖစ္လို႔ ေလွ်ာ့ေပးရသလဲ လို႔ ေမးေတာ့ ေဆးသုတ္သမားက " ခင္ဗ်ား ေယာက္်ားနဲ႔ စကား အတူေျပာရတာ ကြၽန္ေတာ္အရမ္းေပ်ာ္တယ္။ သူရဲ႕ ဘဝအျမင္နဲ႔ စိတ္သေဘာထားေတြေၾကာင့္ ကြၽန္ေတာ့္အျဖစ္က အဲဒီေလာက္ မဆိုးေသးဘူး ဆိုတာ သိလာရတယ္။

ဒါေၾကာင့္ သူ႔ကို ေက်းဇူးတင္တဲ့အေနနဲ႔ ကြၽန္ေတာ္ ေဈးေလွ်ာ့ယူ လိုက္တာပါ။ သူ႔ေၾကာင့္ အလုပ္ေတြလုပ္ရတာကို ပင္ပန္းတယ္လို႔ ကြၽန္ေတာ္ မျမင္ေတာ့ဘူးဗ်ာ " လို႔ ျပန္ေျပာလိုက္တယ္။ အဲဒီေနာက္ အိမ္ရွင္မ ကမ္းေပးတဲ့ ေဆးသုတ္ခကို တဖက္တည္းသာ ရွိတဲ့လက္နဲ႔ သူ လွမ္းယူလိုက္တယ္။

ျဖစ္လာတဲ့ဘဝ၊ ျဖစ္လာတဲ့ ကံၾကမၼာကို ေျပာင္းလဲလို႔ မရရင္ ဘဝကိုၾကည့္တဲ့ ကိုယ့္အျမင္ကို ေျပာင္းလဲၾကည့္ပါ။ ပတ္ဝန္းက်င္ကို ေျပာင္းလဲလို႔ မရရင္ ကိုယ့္ရဲ႕ စိတ္အေျခအေနကို ေျပာင္းလဲၾကည့္ပါ။ ပတ္ဝန္းက်င္နဲ႔လိုက္ေလွ်ာညီေထြေအာင္ ေနလို႔မရရင္ ကိုယ့္ရဲ႕ ကိုယ္ေနကိုယ္ဟန္၊ စိတ္သေဘာထားကို ေျပာင္းလဲၾကည့္ပါ။

အရာတခုအေပၚ ျမင္တဲ့ ကိုယ့္အျမင္ေတြက အေကာင္းလား? အဆိုးလား? ဆိုတာ ကိုယ့္ရဲ႕ စိတ္သေဘာထားေပၚမွာပဲ မႈတည္ပါတယ္။ ပုံမွန္အခ်ိန္ အထက္ကိုၾကည့္ ႀကိဳးစားပါ စိတ္ဓါတ္က်ေနခ်ိန္ ေအာက္ကိုၾကည့္ အားတင္းပါ။ သင္ ဒီစာကို လက္ ၂ ဖက္ နဲ႔ကိုင္ စာဖတ္ႏိုင္ ျမင္ႏိုင္ေသးလ်င္ သင့္မွာ ႀကိဳးစားခြင့္ အမ်ားႀကီး ရွိပါေသးသည္။

Crd

Post a Comment

0 Comments