ပန်းချီကားနဲ့ ဝေဖန်မှု

တနေ့မှာ ပန်းချီဆရာ တစ်ယောက်ဟာ ပန်းချီဆွဲပြီး သူ့ရဲ့ ပန်းချီကားကို လူတွေ ဘယ်လိုပြောကြမလဲ ဆိုတာကို အရမ်း သိချင်နေမိတယ် ။ အဲ့ဒါနဲ့ ဈေးထိပ် တစ်‌နေရာမှာ ပန်းချီကားချပ်ကို ချိတ်ထားပြီး အပေါ်မှာ စာတစ်ကြောင်း ရေးထားလိုက်တယ် ။

ရေးတဲ့စာကတော့..

" ဒီပန်းချီကားမှာ အဆင်မပြေတာတွေ တွေ့ရင် ဝေဖန်နိုင်ပါတယ် " ပေါ့ ။

ဈေးသွားဈေးလာ လူတွေအားလုံးက ပန်းချီကားကို ကြည့်ပြီး တစ်ယောက်တစ်မျိုးစီ ဝေဖန်ကြတယ် ။ သူကြားသမျှကတော့ အားလုံး အပြစ်တင်တာ ချည်းပဲ ။ တစ်ခုမှကို အဆင်မပြေဘူး.. တဲ့ ။

အဲ့ဒါကြောင့် ပန်းချီဆရာလည်း စိတ်ပျက်လက်ပျက်နဲ့ ပန်းချီကားကို ယူပြီး အိမ်ပြန်လာခဲ့တယ် ။ အိမ်ကိုရောက်တော့ သူ့အဖေကို တွေ့တယ်ဆိုရင်ပဲ ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ် ။ စိတ်ဓာတ်လည်း အတော်ကျ နေရှာတယ် ။

အဲ့ဒါနဲ့ အဖေဖြစ်သူက အကြံတစ်ခု ပေးလိုက်တယ် ။

" ငါ့သား.. အပေါ်က စာကြောင်းလေးကို ပြောင်းရေးကြည့်ပါလား " တဲ့ ။ ဘယ်လို ရေးခိုင်းလဲ ဆိုတော့...

" အဆင်မပြေတာရှိရင် ပြင်ဆင်ဖြည့်စွက် ရေးဆွဲသွားကြပါ " ဆိုပြီး ခေါင်းစဉ်ပြောင်း ချိတ်ခိုင်းလိုက်တယ်။

နောက်တနေ့ရောက်တော့ ပန်းချီဆရာလည်း သူ့အဖေ မှာတဲ့အတိုင်း ပန်ချီကားကို ဈေးထိပ်မှာ ထပ်ချိတ်တယ်။ ထူးထူးဆန်းဆန်း ပါပဲ။ ဒီတခါတော့ ဈေးသွားဈေးလာ လူတွေအားလုံးက ဘာအသံမှ မထွက်ကြတော့ဘူး..။

ဘယ်သူမှလည်း ပန်းချီကားကို အပြစ် မပြောကြ ‌တော့ဘူး။ ကိုယ်တိုင်လည်း ဘယ်သူကမှ ပန်ချီကားမှာ ဖြည့်စွက်ပြီး ဝင်မဆွဲကြဘူး.. တဲ့။

ဘာလို့လဲ ဆိုတော့ သူတို့မှာ သူတစ်ပါး လုပ်တာကို ကြည့်ပြီး ဝေဖန်ကြဖို့ ‌လောက်ပဲ အသိရှိကြတယ်။ ကိုယ်တိုင်က လုပ်တတ်တဲ့ အရည်အချင်း မရှိကြလို့ပဲ။

crd

for zawgyi

ပန္းခ်ီကားနဲ႔ ေဝဖန္မႈ

တေန႔မွာ ပန္းခ်ီဆရာ တစ္ေယာက္ဟာ ပန္းခ်ီဆြဲၿပီး သူ႔ရဲ႕ ပန္းခ်ီကားကို လူေတြ ဘယ္လိုေျပာၾကမလဲ ဆိုတာကို အရမ္း သိခ်င္ေနမိတယ္ ။ အဲ့ဒါနဲ႔ ေဈးထိပ္ တစ္‌ေနရာမွာ ပန္းခ်ီကားခ်ပ္ကို ခ်ိတ္ထားၿပီး အေပၚမွာ စာတစ္ေၾကာင္း ေရးထားလိုက္တယ္ ။

ေရးတဲ့စာကေတာ့..

" ဒီပန္းခ်ီကားမွာ အဆင္မေျပတာေတြ ေတြ႕ရင္ ေဝဖန္ႏိုင္ပါတယ္ " ေပါ့ ။

ေဈးသြားေဈးလာ လူေတြအားလုံးက ပန္းခ်ီကားကို ၾကည့္ၿပီး တစ္ေယာက္တစ္မ်ိဳးစီ ေဝဖန္ၾကတယ္ ။ သူၾကားသမွ်ကေတာ့ အားလုံး အျပစ္တင္တာ ခ်ည္းပဲ ။ တစ္ခုမွကို အဆင္မေျပဘူး.. တဲ့ ။

အဲ့ဒါေၾကာင့္ ပန္းခ်ီဆရာလည္း စိတ္ပ်က္လက္ပ်က္နဲ႔ ပန္းခ်ီကားကို ယူၿပီး အိမ္ျပန္လာခဲ့တယ္ ။ အိမ္ကိုေရာက္ေတာ့ သူ႔အေဖကို ေတြ႕တယ္ဆိုရင္ပဲ ျဖစ္ေၾကာင္းကုန္စင္ ေျပာျပလိုက္တယ္ ။ စိတ္ဓာတ္လည္း အေတာ္က် ေနရွာတယ္ ။

အဲ့ဒါနဲ႔ အေဖျဖစ္သူက အႀကံတစ္ခု ေပးလိုက္တယ္ ။

" ငါ့သား.. အေပၚက စာေၾကာင္းေလးကို ေျပာင္းေရးၾကည့္ပါလား " တဲ့ ။ ဘယ္လို ေရးခိုင္းလဲ ဆိုေတာ့...

" အဆင္မေျပတာရွိရင္ ျပင္ဆင္ျဖည့္စြက္ ေရးဆြဲသြားၾကပါ " ဆိုၿပီး ေခါင္းစဥ္ေျပာင္း ခ်ိတ္ခိုင္းလိုက္တယ္။

ေနာက္တေန႔ေရာက္ေတာ့ ပန္းခ်ီဆရာလည္း သူ႔အေဖ မွာတဲ့အတိုင္း ပန္ခ်ီကားကို ေဈးထိပ္မွာ ထပ္ခ်ိတ္တယ္။ ထူးထူးဆန္းဆန္း ပါပဲ။ ဒီတခါေတာ့ ေဈးသြားေဈးလာ လူေတြအားလုံးက ဘာအသံမွ မထြက္ၾကေတာ့ဘူး..။

ဘယ္သူမွလည္း ပန္းခ်ီကားကို အျပစ္ မေျပာၾက ‌ေတာ့ဘူး။ ကိုယ္တိုင္လည္း ဘယ္သူကမွ ပန္ခ်ီကားမွာ ျဖည့္စြက္ၿပီး ဝင္မဆြဲၾကဘူး.. တဲ့။

ဘာလို႔လဲ ဆိုေတာ့ သူတို႔မွာ သူတစ္ပါး လုပ္တာကို ၾကည့္ၿပီး ေဝဖန္ၾကဖို႔ ‌ေလာက္ပဲ အသိရွိၾကတယ္။ ကိုယ္တိုင္က လုပ္တတ္တဲ့ အရည္အခ်င္း မရွိၾကလို႔ပဲ။

crd

Post a Comment

0 Comments