အဘိုး ပြောပြတဲ့ အချစ်

" အဘွားရေ ဒါဘယ်လောက်လဲ ခင်ဗျ"

" တစ်ထုပ်ကို သုံးရာပါ သားရေ "

" ဟုတ်ကဲ့ ကျနော် ဒါဆို သုံးထုပ် ယူပါ့မယ် ခင်ဗျ "

ကျနော့ ပိုက်ဆံအိတ်ကို ဖွင့်ပြီး တစ်ထောင်တန် တစ်ရွက် ထုတ်ပေး လိုက်တဲ့အခါ အဘွားက သူ့ ဝှီးချဲလေးကို ကိုယ်တိုင် တွန်းလို့ ပိုက်ဆံကို လာယူပြီး တစ်ရာ ပြန်အမ်းပါတယ်။ ဟုတ်ပါတယ်၊ အဘွားက လမ်း မလျှောက်နိုင်ဘဲ ဝှီးချဲပေါ် ရောက်နေတာ တော်တော် ကြာနေပါပြီ။ လေဖြတ်သွားတာလို့ သိရပါတယ်။

" အိတ်ထဲ ထည့်ပေး လိုက်မယ် လေ သားရဲ့"

" ရတယ် အဘွား၊ နေပါ့စေတော့၊ ဒီအတိုင်းပဲ ယူသွားလိုက် ပါတော့မယ် "

" အေး အေး "

" သြော် ဒါနဲ့ အဘိုးရော၊ ဒီနေ့ မတွေ့မိ ပါလား "

" ဆေး သွားဝယ် နေတာလေ၊ ခဏနေ ပြန်လာတော့ မှာပါ "

ဟုတ်ပါတယ်၊ ခါတိုင်း ဆိုရင် ဈေးဝယ်တွေ လာတဲ့ အခါ အဘိုး ကပဲ ဒိုင်ခံ ထိုင်ရောင်း နေကျလေ။ အဘွား ကတော့ ဘေးကနေ ဝှီးချဲလေးနဲ့ ထိုင်နေရုံ ပေ့ါ။

ဈေးဝယ်တွေ လာတဲ့ အခါ ဈေး အတူတူ ရောင်းပြီး ဈေးဝယ်တွေ မရှိတဲ့ အခါ တစ်ယောက်နဲ့ တစ်ယောက် အဖော် လုပ်ရင်း စကား ပြောလိုက်ကြ၊ ရယ်လိုက်ကြ၊ တခါတလေ ပုတီးလေး စိပ်၊ ဘုရားစာလေး ရွတ်နဲ့ သူတို့ ဘဝလေးက နှစ်ယောက်တည်း နဲ့ကို အိုကေမှာ စိုပြေ နေကြတာပါ။

သား တစ်ယောက် ရှိပေမယ့် သူ့ အိမ်ထောင်နဲ့သူ အဝေးမှာ တဲ့။ တစ်ရက်က များဆို အဘိုးတို့ ဆိုင်မှာ ကြက်ဥ သွားဝယ်တော့ ဆိုင်ကြီးက ဖွင့်လျက်နဲ့ အဘိုးရော၊ အဘွားရောကို မတွေ့မိ ပါဘူး။ ဒါနဲ့ ဘယ်များ ရောက်နေကြ ပါလိမ့် ဆိုပြီး အနောက်ထဲ တချက် ဝင်ကြည့် တော့မှ အသံ ကြားရာကို ကြည့်မိတယ်။

အမယ် အဘိုးက အဘွားကို စိမ်ပြေ နပြေ ကို ရေချိုးပေး နေတာ ခင်ဗျ။ လက်ကလေးကို မြှောက်လိုက်၊ ရေပတ်ဝတ်လေးနဲ့ တိုက်လိုက်၊ တဘက်လေးနဲ့ သုတ်လိုက်နဲ့ တော်တော့ကို ကြင်ကြင် နာနာ နဲ့ပါ။

" သားရေ လိုချင်တာ ယူပြီး ပိုက်ဆံသာ တင်သွား လိုက်တော့၊ မဟုတ်လည်း နောက်နေ့မှ ပေး " တဲ့။

ဟော လုပ်ပြီ၊ ဒီအဘိုးနဲ့ အဘွား ရိုဆန် နေလိုက် ကြတာ ဆိုတာ ပိုက်ဆံကို တောင် ဂရုမစိုက် ကြတော့ ပါလားနော်။ တခါတလေ ကျတော့လည်း သူတို့က ဆိုင်ဖွင့် ထားတဲ့ အိမ်ရှေ့ဘက်ခြမ်းမှာ ထိုင်လို့ ဈေးဝယ် စောင့်ရင်း အဘိုးက အဘွားကို ထမင်း ကျွေးနေတာ ခင်ဗျ။

အဘွားက သူ့ ပေါင်ပေါ်မှာ ထမင်း ပန်းကန်လေး တင်လို့၊ အဘိုးက ဘေးကနေ ဟင်းလေးတွေ ထည့်ပေးလို့ ရေနွေးကြမ်းလေး မှုတ်ပေး လို့။ သြော် မြန်မာပြည်ရဲ့ ရိုမီယိုနဲ့ ဂျူလိယက် ပါလားနော်။

ဒီလိုနေရင်း တစ်ရက်ကျတော့ ဇာတ်လိုက်ကျော် အဘိုးကို မုန့်ဟင်းခါးဆိုင်မှာ သွားတွေ့တယ် ခင်ဗျ။ ကိုယ်ကလည်း အိမ်က ဝယ်ခိုင်းလို့ မုန့်ဟင်းခါး ထွက်ဝယ်၊ အဘိုးကလည်း ထုံးစံအတိုင်း သူ့မဟေသီ ချင်ခြင်းတပ် လို့ မုန့်ဟင်းခါး လာဝယ် ပေ့ါ။ နှစ်ယောက်သား ပါဆယ်ကို အတူ ရပ်စောင့် နေတုန်း ကျနော်က အဘိုးကို စကား စ ပါတယ်။

"ကျနော်လေ အဘိုးနဲ့ အဘွားကို တစ်ယောက်နဲ့ တစ်ယောက် ဒီနေ့အထိ အရမ်း ဂရုစိုက်ပြီး ချစ်နေကြတာကို တကယ် လေးစားတယ်ဗျာ၊ အားလည်း ကျတယ်"

ဒီတော့ အဘိုးက သူ့မုန့်ဟင်းခါး ပါဆယ်ကို အာရုံစိုက်ရင်း ပြောပါ တယ်။

"အချစ် တစ်ခုတည်း နဲ့တော့ ဘယ် လုံလောက် မလဲ၊ မေတ္တာ တရား လည်း လိုသေး တာပေါ့၊ စာတွေထဲ ကလို ဆိုရင်တော့ ၁၅၀၀ အပြင်ကို ၅၂၈ မေတ္တာဓာတ် ကိုပါ ထပ်ဆောင်း ပေးရတာမျိုး ပေါ့ကွယ်"

ကျနော်က အဘိုးပြောတဲ့ အဓိပ္ပာယ်ကို ကျေနပ် သွားရင်း ကြည်နူး မိနေတုန်း မှာပဲ အဘိုးက ပါဆယ်ထုပ်ကို ဆွဲလို့ လှည့်ထွက် ခါနီးမှာ ဥပမာလေး တစ်ခုနဲ့ ပြောသွား ပါသေးတယ်။

" နှစ်ယောက်အတူ လျှောက်ရမယ့် ဘဝခရီးလမ်းကို မျက်စိထဲမှာ ရထားလမ်းကြီးလို့ မြင်ယောင် ကြည့်လိုက်၊ ဒီနေရာမှာ အချစ်ဆိုတာ ရထား စက်ခေါင်းကြီး ပေ့ါ.. ဒါပေမဲ့ လမ်းပေါ်မှာ စက်ခေါင်း ကြီးကိုပဲ ဒီအတိုင်း မောင်းသွားရင်တော့ ဘာအဓိပ္ပာယ်မှ မရှိဘူး ပေ့ါ၊ သူ့အနောက်မှာ ခရီးသည်တင်တဲ့ တွဲတွေ၊ ကုန်တွဲတွေ အစီအရီ ပါလာမှ ခရီးတစ်ခုဟာ ပြည့်စုံမယ်လေ.. "

" ဆိုလိုတာက အချစ်ဆိုတိုင်းလည်း သူ့ချည်းပဲ မရဘူး၊ သံယောဇဉ်တွေ၊ မေတ္တာတရားတွေ၊ လေးစားမှုတွေ၊ ကိုယ်ချင်းစာမှုတွေ၊ နားလည်မှုတွေ၊ ဆင်ခြင်တုံ တရားတွေ.. ဒါတွေ တွဲ ပါလာမှ အချစ်တစ်ခု ဆိုတာ အဓိပ္ပာယ် ရှိတာ၊ ခိုင်မြဲတာ ပေါ့ကွယ်၊ မဟုတ်ဘူးလား"

မုန့်ဟင်ခါး ပါဆယ်ထုပ် လေးကို ဆွဲရင်း လှည့်ထွက် သွားတဲ့ အဘိုးရဲ့ ခြေလှမ်း တွေက ခါတိုင်း ထက်ကို ပိုသွက် နေသလို ပါပဲ။ ဟုတ်မှာ ပေ့ါလေ၊ ဒီအချိန် လောက်ဆို အဘွားလုပ်သူ ခင်ဗျာ ဗိုက်ဆာ နေရှာ ရောပေ့ါ။

Wai Phyo Maung

for zawgyi

အဘိုး ေျပာျပတဲ့ အခ်စ္

" အဘြားေရ ဒါဘယ္ေလာက္လဲ ခင္ဗ်"

" တစ္ထုပ္ကို သုံးရာပါ သားေရ "

" ဟုတ္ကဲ့ က်ေနာ္ ဒါဆို သုံးထုပ္ ယူပါ့မယ္ ခင္ဗ် "

က်ေနာ့ ပိုက္ဆံအိတ္ကို ဖြင့္ၿပီး တစ္ေထာင္တန္ တစ္႐ြက္ ထုတ္ေပး လိုက္တဲ့အခါ အဘြားက သူ႔ ဝွီးခ်ဲေလးကို ကိုယ္တိုင္ တြန္းလို႔ ပိုက္ဆံကို လာယူၿပီး တစ္ရာ ျပန္အမ္း ပါတယ္။ ဟုတ္ပါတယ္၊ အဘြားက လမ္း မေလွ်ာက္ႏိုင္ဘဲ ဝွီးခ်ဲေပၚ ေရာက္ေနတာ ေတာ္ေတာ္ ၾကာေနပါၿပီ။ ေလျဖတ္သြားတာလို႔ သိရပါတယ္။

" အိတ္ထဲ ထည့္ေပး လိုက္မယ္ ေလ သားရဲ႕"

" ရတယ္ အဘြား၊ ေနပါ့ေစေတာ့၊ ဒီအတိုင္းပဲ ယူသြားလိုက္ ပါေတာ့မယ္ "

" ေအး ေအး "

" ေၾသာ္ ဒါနဲ႔ အဘိုးေရာ၊ ဒီေန႔ မေတြ႕မိ ပါလား "

" ေဆး သြားဝယ္ ေနတာေလ၊ ခဏေန ျပန္လာေတာ့ မွာပါ "

ဟုတ္ပါတယ္၊ ခါတိုင္း ဆိုရင္ ေဈးဝယ္ ေတြ လာတဲ့ အခါ အဘိုး ကပဲ ဒိုင္ခံ ထိုင္ေရာင္း ေနက်ေလ။ အဘြား ကေတာ့ ေဘးကေန ဝွီးခ်ဲေလးနဲ႔ ထိုင္ေန႐ုံ ေပ့ါ။

ေဈးဝယ္ေတြ လာတဲ့ အခါ ေဈး အတူတူ ေရာင္းၿပီး ေဈးဝယ္ေတြ မရွိတဲ့ အခါ တစ္ေယာက္နဲ႔ တစ္ေယာက္ အေဖာ္ လုပ္ရင္း စကား ေျပာလိုက္ၾက၊ ရယ္လိုက္ၾက၊ တခါတေလ ပုတီးေလး စိပ္၊ ဘုရားစာေလး ႐ြတ္နဲ႔ သူတို႔ ဘဝေလးက ႏွစ္ေယာက္တည္း နဲ႔ကို အိုေကမွာ စိုေျပ ေနၾကတာပါ။

သား တစ္ေယာက္ ရွိေပမယ့္ သူ႔ အိမ္ေထာင္နဲ႔သူ အေဝးမွာ တဲ့။

တစ္ရက္က မ်ားဆို အဘိုးတို႔ ဆိုင္မွာ ၾကက္ဥ သြားဝယ္ေတာ့ ဆိုင္ႀကီးက ဖြင့္လ်က္နဲ႔ အဘိုးေရာ၊ အဘြားေရာကို မေတြ႕မိ ပါဘူး။ ဒါနဲ႔ ဘယ္မ်ား ေရာက္ေနၾက ပါလိမ့္ ဆိုၿပီး အေနာက္ထဲ တခ်က္ ဝင္ၾကည့္ ေတာ့မွ အသံ ၾကားရာကို ၾကည့္မိတယ္။

အမယ္ အဘိုးက အဘြားကို စိမ္ေျပ နေျပ ကို ေရခ်ိဳးေပး ေနတာ ခင္ဗ်။ လက္ကေလးကို ေျမႇာက္လိုက္၊ ေရပတ္ဝတ္ေလးနဲ႔ တိုက္လိုက္၊ တဘက္ေလးနဲ႔ သုတ္လိုက္နဲ႔ ေတာ္ေတာ့ကို ၾကင္ၾကင္ နာနာ နဲ႔ပါ။

" သားေရ လိုခ်င္တာ ယူၿပီး ပိုက္ဆံသာ တင္သြား လိုက္ေတာ့၊ မဟုတ္လည္း ေနာက္ေန႔မွ ေပး " တဲ့။

ေဟာ လုပ္ၿပီ၊ ဒီအဘိုးနဲ႔ အဘြား ႐ိုဆန္ ေနလိုက္ ၾကတာ ဆိုတာ ပိုက္ဆံကို ေတာင္ ဂ႐ုမစိုက္ ၾကေတာ့ ပါလားေနာ္။ တခါတေလ က်ေတာ့လည္း သူတို႔က ဆိုင္ဖြင့္ ထားတဲ့ အိမ္ေရွ႕ဘက္ျခမ္းမွာ ထိုင္လို႔ ေဈးဝယ္ ေစာင့္ရင္း အဘိုးက အဘြားကို ထမင္း ေကြၽးေနတာ ခင္ဗ်။

အဘြားက သူ႔ ေပါင္ေပၚမွာ ထမင္း ပန္းကန္ေလး တင္လို႔၊ အဘိုးက ေဘးကေန ဟင္းေလးေတြ ထည့္ေပးလို႔ ေရေႏြးၾကမ္းေလး မႈတ္ေပး လို႔။ ေၾသာ္ ျမန္မာျပည္ရဲ႕ ႐ိုမီယိုနဲ႔ ဂ်ဴလိယက္ ပါလားေနာ္။

ဒီလိုေနရင္း တစ္ရက္က်ေတာ့ ဇာတ္လိုက္ေက်ာ္ အဘိုးကို မုန႔္ဟင္းခါးဆိုင္မွာ သြားေတြ႕တယ္ ခင္ဗ်။ ကိုယ္ကလည္း အိမ္က ဝယ္ခိုင္းလို႔ မုန႔္ဟင္းခါး ထြက္ဝယ္၊ အဘိုးကလည္း ထုံးစံအတိုင္း သူ႔မေဟသီ ခ်င္ျခင္းတပ္ လို႔ မုန႔္ဟင္းခါး လာဝယ္ ေပ့ါ။ ႏွစ္ေယာက္သား ပါဆယ္ကို အတူ ရပ္ေစာင့္ ေနတုန္း က်ေနာ္က အဘိုးကို စကား စ ပါတယ္။

"က်ေနာ္ေလ အဘိုးနဲ႔ အဘြားကို တစ္ေယာက္နဲ႔ တစ္ေယာက္ ဒီေန႔အထိ အရမ္း ဂ႐ုစိုက္ၿပီး ခ်စ္ေနၾကတာကို တကယ္ ေလးစားတယ္ဗ်ာ၊ အားလည္း က်တယ္"

ဒီေတာ့ အဘိုးက သူ႔မုန႔္ဟင္းခါး ပါဆယ္ကို အာ႐ုံစိုက္ရင္း ေျပာပါ တယ္။

"အခ်စ္ တစ္ခုတည္း နဲ႔ေတာ့ ဘယ္ လုံေလာက္ မလဲ၊ ေမတၱာ တရား လည္း လိုေသး တာေပါ့၊ စာေတြထဲ ကလို ဆိုရင္ေတာ့ ၁၅၀၀ အျပင္ကို ၅၂၈ ေမတၱာဓာတ္ ကိုပါ ထပ္ေဆာင္း ေပးရတာမ်ိဳး ေပါ့ကြယ္"

က်ေနာ္က အဘိုးေျပာတဲ့ အဓိပၸာယ္ကို ေက်နပ္ သြားရင္း ၾကည္ႏူး မိေနတုန္း မွာပဲ အဘိုးက ပါဆယ္ထုပ္ကို ဆြဲလို႔ လွည့္ထြက္ ခါနီးမွာ ဥပမာေလး တစ္ခုနဲ႔ ေျပာသြား ပါေသးတယ္။

" ႏွစ္ေယာက္အတူ ေလွ်ာက္ရမယ့္ ဘဝခရီးလမ္းကို မ်က္စိထဲမွာ ရထားလမ္းႀကီးလို႔ ျမင္ေယာင္ ၾကည့္လိုက္၊ ဒီေနရာမွာ အခ်စ္ဆိုတာ ရထား စက္ေခါင္းႀကီး ေပ့ါ.. ဒါေပမဲ့ လမ္းေပၚမွာ စက္ေခါင္း ႀကီးကိုပဲ ဒီအတိုင္း ေမာင္းသြားရင္ေတာ့ ဘာအဓိပၸာယ္မွ မရွိဘူး ေပ့ါ၊ သူ႔အေနာက္မွာ ခရီးသည္တင္တဲ့ တြဲေတြ၊ ကုန္တြဲေတြ အစီအရီ ပါလာမွ ခရီးတစ္ခုဟာ ျပည့္စုံမယ္ေလ.. "

" ဆိုလိုတာက အခ်စ္ဆိုတိုင္းလည္း သူ႔ခ်ည္းပဲ မရဘူး၊ သံေယာဇဥ္ေတြ၊ ေမတၱာတရားေတြ၊ ေလးစားမႈေတြ၊ ကိုယ္ခ်င္းစာမႈေတြ၊ နားလည္မႈေတြ၊ ဆင္ျခင္တုံ တရားေတြ.. ဒါေတြ တြဲ ပါလာမွ အခ်စ္တစ္ခု ဆိုတာ အဓိပၸာယ္ ရွိတာ၊ ခိုင္ၿမဲတာ ေပါ့ကြယ္၊ မဟုတ္ဘူးလား"

မုန႔္ဟင္ခါး ပါဆယ္ထုပ္ ေလးကို ဆြဲရင္း လွည့္ထြက္ သြားတဲ့ အဘိုးရဲ႕ ေျခလွမ္း ေတြက ခါတိုင္း ထက္ကို ပိုသြက္ ေနသလို ပါပဲ။ ဟုတ္မွာ ေပ့ါေလ၊ ဒီအခ်ိန္ ေလာက္ဆို အဘြားလုပ္သူ ခင္ဗ်ာ ဗိုက္ဆာ ေနရွာ ေရာေပ့ါ။

Wai Phyo Maung

Post a Comment

0 Comments