ဆရာငြိမ်း၏ ၂၁.၁၀.၂၀၂၁ မှ ၂၇.၁၀.၂၀၂၁ ထိ ၇ ရက် သားသမီးဟောစာတမ်း

တနင်္ဂနွေ

အရာရာ အဆင်ပြေချောမွေ့မဲ့ ကာလတစ်ခုပါပဲ။ လိုအပ်သည်ထက် ပိုမိုကြိုးစားလေ အောင်မြင်မှု ပိုလေပါပဲ။ အမိအဘတွေ ဆီကနေ အကူအညီတွေ အထောက်အပံ့တွေ ရလာတတ်ပါတယ်။ ငွေကြေးနဲ့ပတ်သက်လို့ ရပိုင်ခွင့်တွေ ရလွယ်မဲ့အချိန်ပါပဲ။ အလုပ်သစ်စချင်တာ၊ ဆိုင်အသစ်ဖွင့်ချင်တာ၊ ခဏနားထားတဲ့ အလုပ်တွေပြန်စချင်တာ မျိုးတွေက ဒီကာလမှာ သင့်တော်ပါတယ်။ အတိတ်က အဖြစ်အပျက်တွေကို သင်ခန်းစာယူပြီးအကောင်းဆုံး ရှေ့ဆက်သွား နိုင်မဲ့ အချိန်တစ်ခုပါပဲ။

အလုပ်ပိုတွေကို ကောင်းစွာ လျော့ချသွားနိုင်မှာပါ။ စာရွက်စာတမ်းကိစ္စ၊ မင်းအစိုးရ ဌာနဆိုင်ရာနဲ့ ဆက်နွယ်သော အလုပ်များ အဆင်ပြေနိုင်တာကို တွေ့ရပါတယ်။အလုပ်နဲ့ပတ်သက်ပြီး အပိုကုန်တာတွေ လျော့သွားပါလိမ့်မယ်။ ကျန်းမာရေးက ဆိုးရာကနေ နလန်ပြန်ထလာဖွယ် ရှိတဲ့ ကာလပါပဲ။ ကျန်းမာရေး အညံ့အဆိုး တွေကို စတင်ပြီး ကိုယ်ခံအားက ခုခံသွား နိုင်ပါလိမ့်မယ်။

အချစ်ရေးကိစ္စတွေမှာ လူကြီးမိဘတွေကို အသိပေးပြီးမှ ဆောင်ရွက်မယ်ဆိုရင် ပိုမိုကောင်းမွန်ပါတယ်။ အရာရာကို ကိုယ့်သဘောဆန္ဒ တစ်ခုထဲနဲ့ မလုပ်ပါနဲ့ အမှားများနိုင်ပါတယ်။ အိမ်ထောင်ရေးမှာတော့ စာနာမှု၊ နားလည်မှုတွေ ပိုမိုလိုအပ်နေချိန်ပါ။ အိမ်ထောင်ဘက်အချင်းချင်း အမြင်မကြည် တာတွေ ဖြစ်နေတတ်ပါတယ်။ ပညာရေးမှာတော့ မိဘတွေရဲ့ ဆန္ဒအတိုင်း လိုက်လုပ်ပေးနေ ရတတ်ပါတယ်။

အကျိုးပေးဂဏန်း ၂ ၆ ၁

အထူးဟော ကောင်းသောကံများ အကျိုးပေးနေမယ်

ယတြာ ဆွမ်းကို သကြားဖြူးပြီး ဘုရားကပ်လှူပါ

တနင်္လာ

အလုပ်နဲ့ပတ်သက်တဲ့ ကိစ္စတွေထက် မိသားစုကိစ္စတွေကို ပိုမို အရေးပေးသင့်တဲ့ ကာလပါပဲ။ ချစ်ခြင်းတရားတွေကို လှစ်ပြပြီးတော့ အကောင်းဆုံး အခြေအနေတစ်ခုရောက်အောင် ဖန်တီးသွားနိုင်မဲ့ ကာလပါ။ မိသားစုအတွင်း မပြေလည်တာတွေ ပြေလည်နိုင်ဖို့ ကြိုးစားပါ။ ခိုင်မာသော၊ ရေရှည်တည်တံ့နိုင်သော ကိစ္စတွေကိုပဲအလေးပေးစဉ်းစား စေချင်ပါတယ်။ ပေါ်ပင်အလုပ်များ၊ မြေစမ်းခရမ်းပျိုး အလုပ်များ ရှောင်သင့်တဲ့ အချိန်ကာလပါပဲ။ တတ်သိနားလည် ထားတဲ့ အသိပညာ၊အတက်ပညာတွေကို ပြန်လည်မျှဝေခြင်းများ ဆောင်ရွက်နိုင်ပါလိမ့်မယ်။

အတူတူ လျှောက်ခဲ့တဲ့ စပ်တူလုပ်ငန်းများ ပိုမိုတိုးတတ်အောင် စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ထင်မထားတဲ့ အပြောင်းအလဲတွေ ရှိလာနိုင်ပေမဲ့ ကောင်းသောပြောင်းလဲခြင်းတွေ ဆိုတာ သိထားရပါလိမ့်မယ်။ ငွေကြေး အကူအညီတွေ ရလာနိုင်သလို ငွေကြေး အထောက်အပံ့တွေလဲ မိမိက ပေးနိုင်ပါလိမ့်မယ်။ ထီဝါသနာပါသူများ တတ်နိုင်သ၍ စပ်တူထိုးထားမျိုးက အကောင်းဆုံးပါပဲ။

အလုပ်ရှာနေသူများ အလုပ်သစ်ရလွယ်ပါတယ်။ အချစ်ရေးမှာ‌တော့ ဆွတ်ပျံ့ကြည်နူးစရာများမဲ့ ကာလပါပဲ။ ချစ်သူခင်သူ ပေါများသလို ချစ်သူရဲ့ကြင်နာယုယခြင်းကို ရရှိပါလိမ့်မယ်။ အိမ်ထောင်ရေးကတော့ ထင်သလို မဖြစ်နိုင်သေးတဲ့ ကာလပါပဲ။ ပညာရေးမှာတော့ ဒီတစ်ပတ် အားအကောင်းဆုံး အနေအထားပဲ ဖြစ်နေပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၃ ၀ ၉

အထူးဟော မိသားစုကို ဦးစားပေးပါ

ယတြာ နီးစပ်ရာ ကလေးတွေကို ရေခဲမုန့်ဝယ်ကျွေးလိုက်ပါ

အင်္ဂါ

သိထားရမှာက အလျင်စလို မလုပ်မိဖို့ပဲ။ စိတ်မြန်လက်မြန် လုပ်တတ်တဲ့ အကျင့်ရှိသူ ဆိုရင်တော့ ဒီကာလမှာ အေးအေးဆေးဆေးသာ ဆောင်ရွက်လိုက်ပါ။ လိင်ကိစ္စအရှုပ်အထွေးတွေ၊ လူသိခံလို့မရတဲ့ အတွင်းရေးကိစ္စတွေ ကြုံလာဖွယ် ရှိနေတတ်ပါတယ်။ အပေါင်းအသင်းတွေထဲမှာ အကျင့်ပျက်နေသူ၊ ဥပဒေနဲ့မလွတ်ကင်းတာတွေလုပ်နေ သူတွေရှိရင် သူတို့နဲ့ နီးနီးကပ်ကပ်မနေဖို့ တိုက်တွန်းလိုပါတယ်။ သူတို့ကြောင့် ကိုယ်ပါ အဖမ်းအဆီးခံရတာ အမှုအခင်း ကြုံရလာတာတွေ အလွန်ပဲဖြစ်တတ်ပါတယ်။

စိတ်ကောင်း စေတနာကောင်းသူတွေကတော့ အကူအညီပေးမဲ့သူတွေ ပေါများလာနိုင်ဖွယ် ရှိတဲ့ကာလပါပဲ။ လူယုံတွေက သစ္စာဖောက်တာမျိုးတွေကို သတိထားဖို့လိုပါတယ်။ အရေးကြီးတဲ့ ကိစ္စတွေကို ကိုယ်တိုင် ကိုယ်ကျသာ ဆောင်ရွက်လုပ်ကိုင် စေလိုပါတယ်။ သွေးတိုးရောဂါ အခံရှိသူများ၊ ဆီးချို သွေး ချို တက်လွယ်သူများ ဒီကာလမှာ အစားအသောက် အနေအထိုင်တွေ ဆင်ခြင်စေချင်ပါတယ်။

ရုတ်တရက် ကျန်းမာရေး ကျဆင်းလွယ်တဲ့ ကာလဖြစ်ပါတယ်။ အချစ်ရေး ကိစ္စတွေမှာတော့ ချစ်သူထက် အဘက်ဘက်က နိမ့်ကျသူတစ်ယောက်ကို ရင်ထဲရောက်နေတတ်ပါတယ်။ အိမ်ထောင်ရေးမှာတော့ တစ်ယောက်နဲ့တစ်ယောက် သံသယတွေ လျော့ ချနိုင်မှာပဲ အိမ်ထောင်ရေး သာယာပါလိမ့်မယ်။ ပညာရေးအတွက် အခက်အခဲတွေ ရှိနေနိုင်တာကို တွေ့ရပါတယ်။

အကျိုးပေးဂဏန်း ၁ ၄ ၃

အထူးဟော စိတ်ညစ်စရာတွေ များနေနိုင်တာကို တွေ့ရပါတယ်။

ယတြာ ဒီအပတ်အတွင်း တတ်နိုင်သမျှ မီးလုံး၊ မီးချောင်းအလှူတွေ များများလုပ်ပါ

ဗုဒ္ဓဟူး၊ ရာဟု

ရန်အတိုက်အခိုက်တွေနဲ့ယှဉ်ပြီး အောင်မြင်လာတတ်တဲ့ ကာလတစ်ခုပါ။ အရာရာကို အမှားနည်းအောင် ဆောင်နိုင်ပါလိမ့်မယ်။ ပင်ပန်းခံရမယ်။ ဒါပေမဲ့ ပင်ပန်းခဲ့တဲ့အသီးအပွင့်တွေ ရလာလိမ့်မယ်။ ရာထူး တိုးတတ်ခြင်း၊ စာမေးပွဲ အင်တာဗျူး အောင်မြင်ခြင်းများ ကြုံရမယ်။ နေရာထိုင်ခင်းကိစ္စ၊ အမွေကိစ္စတွေ ပြောဆိုဆောင်ရွက်လို့ အလွန်ကောင်းတဲ့ ကာလပါပဲ။ အလုပ်ကြောင့် စိတ်ညစ်စရာမရှိ၊ ပတ်ဝန်းကျင်က လူတွေကြောင့်သာ စိတ်ညစ်ရမယ်။

အိမ်နီးနားချင်း၊ ခြံနီးနားချင်းတွေနဲ့ စကားများရတာတွေ ဖြစ်တတ်ပါတယ်။ ဒီကာလမှာ ရပ်ဝေးမှာရှိတဲ့ မိတ်ဆွေတွေရဲ့ အကူအညီတွေ၊ အထောက်အပံ့တွေ ရလာတတ်ပါတယ်။ အနာဂတ်အတွက်စဉ်းစားစရာတွေ၊ အနာဂတ်အတွက်လုပ် ဆောင်ရမဲ့ကိစ္စတွေကို ဒီကာလမှာ စိတ်ကူး၊ကြံစည်ချမှတ်ခြင်းများအထူးကောင်းပါတယ်။အတွေးကောင်းတွေရလာ တတ်တဲ့ကာလ ဖြစ်လို့ပါပဲ။

ကျန်းမာရေး ကိစ္စတွေမှာ သိပ်ပူဖို့တော့ မလိုပေမဲ့ အစားမှန်၊ အအိပ်မှန်ဖို့တော့ လိုနေတာကို တွေ့ရပါတယ်။ ကျန်းမာရေးသတိတော့ ရှိကြပါ။ အချစ်ရေးအတွက် သတိထားရမှာက ဒီကာလမှာ ကိုယ့်ဆီချဉ်းကပ်လာသူတွေ ရှိရင် ပိုသတိထားပါ။ ထိုလူတွေက မိမိကိုချစ်တာထက် မိမိရဲ့ပိုင်ဆိုင်မှုကိုဖြစ်စေ၊အသွေးအသားကို ဖြစ်စေလိုချင်လို့ ချဉ်းကပ်လာသူတွေ ဖြစ်နေတတ်ပါတယ်။ အိမ်ထောင်ရေးကံကတော့ စိတ်ချမ်းသာရမဲ့ ကာလပဲ ဖြစ်ပါတယ်။

အကျိုးပေးဂဏန်း ၂ ၅ ၉

အထူးဟော ကံသင့်ပါတယ်။

ယတြာ ဖီးကြမ်းငှက်ပျောသီး ရဟန်းသံဃာ လှူပေးပါ

ကြာသပတေး

အလုံးစုံ တိုးတတ်ခြင်းနှင့် အောင်မြင်ခြင်းတွေကို ထိတွေ့ခံစားရတတ်တဲ့ ကာလပါပဲ။ ဘာကြောင့်မှန်းမသိ၊ ငွေကြေးကိစ္စ အလုပ်ကိစ္စတွေက ကိုယ်အားမစိုက်ရဘဲ အဆင်ပြေ တိုးတတ်နေနိုင်တာကို တွေ့ရပါတယ်။ အလုပ် အတွက် ကြီးမားတဲ့ မျှော်လင့်ချက်တွေ၊ ရင်းနှီးမြုပ်နှံမှုတွေ ကြံစည်ဆောင်ရွက်သင့်တဲ့ ကာလပါပဲ။ ဘာလုပ်လုပ် ကိုယ့်တစ်ယောက်ထဲ အတွက်ထက် အများအတွက် စဉ်းစားပြီး လုပ်တာမျိုးတွေ အထူးကောင်းပါတယ်။

ပညာရေးနဲ့ ပတ်သက်သော လုပ်ငန်းများ၊ လက်ကားစီးပွားများ၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ တိုးတတ်လာနိုင်ဖွယ် ရှိတဲ့အချိန် ပါပဲ။ ဆရာသမားတွေထံ ချဉ်းကပ်အကြံယူလို့ ကောင်းတဲ့ကာလပါပဲ။ လက်ဆောင်ကောင်းတွေ၊ ဘာသာရေး ဂမ္ဘီရ အဆောင်တွေလဲ လက်ဆောင် ရတတ်ပါတယ်။ သတိထားရမှာက စကားမှား၊ အပြောမှားတွေ ဖြစ်တတ်ပါတယ်။ မိမိ က စေတနာစကားပြောပေမဲ့ အပြောမတတ်တော့ ဆဲသလိုဆိုတာမျိုးလဲ ဖြစ်ရတတ်ပါတယ်။

ငွေကြေးကူညီထားသူ တွေဆီက အကြွေးပြန်ရတတ်ပါတယ်။ အချစ်ရေးမှာ နားလည်မှုလွဲတာတွေ၊ ညှိနှိုင်းရ ခက်ခဲတာလေးတွေ ကြုံနေရ နိုင်ပါတယ်။ အိမ်ထောင်ဘက်နဲ့ အလုပ်သမား၊ ငယ်သားတွေကို အကြောင်းပြုပြီး စကားများရတတ်ပါတယ်။ ပညာရေးအတွက် ကောင်းသော အပြောင်းအလဲတွေ ကြုံရမယ်။

အကျိုးပေးဂဏန်း ၃ ၆ ၅

အထူးဟော အလုပ် တိုးတတ်လာဖွယ် ရှိနေပါတယ်။

ယတြာ ပေါက်ဆီ ၃ လုံး ဘုရားကပ်ပါ

သောကြာ

ငွေကြေးအလို ပြနေတတ်ပါတယ်။ ငွေကြေး အကြပ်အတည်းတွေ ရင်ဆိုင်ရ တတ်ပါတယ်။ စီးပွားရေးနဲ့ ပတ် သက်ပြီး အသစ်တစ်ခုခု မစမိပါစေနဲ့။ လုပ်လက်စအလုပ်တွေကိုပဲ ဘယ်လိုတိုးတတ်အောင် လုပ်မလဲ စဉ်းစားစေချင် ပါတယ်။ စိတ်ရှုပ်စရာတွေ များနေပြီး လက်ရှိအနေအထားကို စိတ်ကုန်နေမိတယ်။အပြောင်းအလဲတွေလုပ်ချင်လာ နေမိတတ်ပါတယ်။ လူငယ်များစိတ်လေပြီး လမ်းပေါ်မှာသာ အနေများနေနိုင်တဲ့ကာလပဲ ဖြစ်ပါတယ်။

ကံကောင်းနေ တာက မိမိအခက်အခဲတွေကို မိမိမိသားစုဝင် ၊ဆွေမျိုးတွေက ကူညီဖြေရှင်းပေမဲ့ အချိန်ကာလပဲ ဖြစ်ပါတယ်။ ခရီးဝေး သွားစရာရှိရင်တော့ အဆင်ပြေဖို့ ခဲယဉ်းတဲ့အချိန်ကာလဖြစ်ပါတယ်။ အလုပ်ပိုတွေ၊ သူများအလုပ်တွေ ကူနေရာတာမျိုး ဝန်ထမ်းတွေမှာ အထူးကြုံရတတ်ပါတယ်။ ဇိမ်ခံပစ္စည်းများ ဒီကာလမှာ မဝယ်ပါနဲ့။ လာဘ်တိတ်သွားတတ်ပါ တယ်။

ကျန်းမာရေးကတော့ အမျိုးသားထက် အမျိုးသမီးတွေ ပိုမိုခြူခြာလွယ်နေတာကို တွေ့ရပါတယ်။ ဘာကိစ္စမဆို တက်ကျွမ်းနားလည်သူတွေကို တိုင်ပင်ပြီးမှ ဆောင်ရွက်စေချင်ပါတယ်။ အချစ်ရေးမှာ နှစ်ယောက်စလုံး ကိုယ့်အလုပ် နဲ့ကိုယ်ရှုပ်နေကြပြီး အေးစက်တဲ့ ဆက်ဆံရေးမျိုး ဖြစ်နေတတ်ပါတယ်။ အိမ်ထောင်ရေးအတွက် အဘက်ဘက်က စိတ်ချမ်းသာရပါလိမ့်မယ်။ ပညာရေးမှာတော့ အခက်အခဲ အတားအဆီးတွေ များနေနိုင်တဲ့ ကာလပါပဲ။

အကျိုးပေးဂဏန်း ၁ ၅ ဝ

အထူးဟော အနည်းငယ် စိတ်လေနေတတ်ပါတယ်။

ယတြာ ရွှေကြည်ဝယ်ပြီး ဘုရားကပ်လှူပေးပါ

စနေ

စိတ်ချမ်းသာဖို့ထက် ကိုယ်ကျန်းမာဖို့ အာရုံစိုက်ရမဲ့ ကာလဗျ..။ ကျန်းမာရေး ခြူခြာလွယ်တယ်။ ကိုယ်ခံအား နည်းနေတတ်တယ်။ တက်နိုင်သလောက် ပင်ပင်ပန်းပန်းတွေ မလုပ်နဲ့အုံးဗျ။ အထူးသဖြင့် ဝမ်းဗိုက်၊ အစာအိမ်၊ အရိုး အကြောတွေ အားနည်းနေနိုင်တာတွေ့ရတယ်။ အလုပ်ကိစ္စတွေမှာ အားနာတတ်သူတွေ သတိထားပါ။ အလုပ်ခိုင်းရင် မနိုင်ဝန် ဖြစ်နေရင်ငြင်းပါ။ ရပါတယ် ဆိုပြီးအလုပ်တွေပိပြီး ပင်ပန်းရလိမ့်မယ်။ ဒါကြောင့် အလုပ်ပိုတွေ ရှောင်ပါ။

လူငယ်များ သမာအာဇီဝမကျတဲ့ လောင်းကစား မလုပ်ပါနဲ့။ ရှုံးမဲမဲပြီး ရှိတာပြောင်သွားနိုင်တဲ့ ကာလမို့ပါ။ ကံကောင်းတဲ့အချက်က ငွေရှာလွယ် လိမ့်မယ်။ ဝင်စရာရှိတဲ့ ငွေတွေ ဒလဟောဝင်လာလိမ့်မယ်။ ကိုယ်ပိုင်အလုပ်များ ပိုမိုချဲ့ထွင်နိုင်သည်အထိ တိုးတတ် လာလိမ့်မယ်။ မိမိဦးနှောက်ကလဲ အကြံကောင်းတွေ ထွက်လိမ့်မယ်။ အရာရာ လေးလံမနေဘဲ သွက်သွက်လုပ်နိုင်မှ အခွင့်အရေးတွေ ရလိမ့်မယ်။

သက်သေလိုက်တာမျိုး၊ အာမခံတာမျိုးတော့ ရှောင်စေချင်ပါတယ်။ အချစ်ရေးကိစ္စတွေ မှာတော့ ချစ်သူအပေါ်စိတ်ရှည်ဖို့ လိုပါတယ်။ အလုပ်များပြီး မအားလပ်တဲ့ချစ်သူကို နားလည်ပေးလိုက်ပါ။ အိမ်ထောင်ရေး သာယာပါလိမ့်မယ်။ မိသားစုအတွင်း သတင်းကောင်း ကြားရနိုင်ပါတယ်။ ပညာရေးမှာတော့ မိမိကိုယ်တိုင်က အာရုံစိုက်ဖို့ ခက်ခဲပါလိမ့်မယ်။

အကျိုးပေးဂဏန်း ၁ ၅ ၃

အထူးဟော ကျန်းမာရေး ဂရုစိုက်ပေးပါ

ယတြာ ပျားရည်လေး ဘုရားကပ်ပေးပါ

၇ ရက် သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ

ဆရာငြိမ်းအေးလူ (ဗေဒင်သုတေသီ)

for zawgyi

ဆရာၾငိမ္း၏ ၂၁.၁၀.၂၀၂၁ မွ ၂၇.၁၀.၂၀၂၁ ထိ ၇ ရက္ သားသမီးေဟာစာတမ္း

တနဂၤေႏြ

အရာရာ အဆင္ေျပေခ်ာေမြ႕မဲ့ ကာလတစ္ခုပါပဲ။ လိုအပ္သည္ထက္ ပိုမိုႀကိဳးစားေလ ေအာင္ျမင္မႈ ပိုေလပါပဲ။ အမိအဘေတြ ဆီကေန အကူအညီေတြ အေထာက္အပံ့ေတြ ရလာတတ္ပါတယ္။ ေငြေၾကးနဲ႔ပတ္သက္လို႔ ရပိုင္ခြင့္ေတြ ရလြယ္မဲ့အခ်ိန္ပါပဲ။ အလုပ္သစ္စခ်င္တာ၊ ဆိုင္အသစ္ဖြင့္ခ်င္တာ၊ ခဏနားထားတဲ့ အလုပ္ေတြျပန္စခ်င္တာ မ်ိဳးေတြက ဒီကာလမွာ သင့္ေတာ္ပါတယ္။ အတိတ္က အျဖစ္အပ်က္ေတြကို သင္ခန္းစာယူၿပီးအေကာင္းဆုံး ေရွ႕ဆက္သြား ႏိုင္မဲ့ အခ်ိန္တစ္ခုပါပဲ။

အလုပ္ပိုေတြကို ေကာင္းစြာ ေလ်ာ့ခ်သြားႏိုင္မွာပါ။ စာ႐ြက္စာတမ္းကိစၥ၊ မင္းအစိုးရ ဌာနဆိုင္ရာနဲ႔ ဆက္ႏြယ္ေသာ အလုပ္မ်ား အဆင္ေျပႏိုင္တာကို ေတြ႕ရပါတယ္။အလုပ္နဲ႔ပတ္သက္ၿပီး အပိုကုန္တာေတြ ေလ်ာ့သြားပါလိမ့္မယ္။ က်န္းမာေရးက ဆိုးရာကေန နလန္ျပန္ထလာဖြယ္ ရွိတဲ့ ကာလပါပဲ။ က်န္းမာေရး အညံ့အဆိုး ေတြကို စတင္ၿပီး ကိုယ္ခံအားက ခုခံသြား ႏိုင္ပါလိမ့္မယ္။

အခ်စ္ေရးကိစၥေတြမွာ လူႀကီးမိဘေတြကို အသိေပးၿပီးမွ ေဆာင္႐ြက္မယ္ဆိုရင္ ပိုမိုေကာင္းမြန္ပါတယ္။ အရာရာကို ကိုယ့္သေဘာဆႏၵ တစ္ခုထဲနဲ႔ မလုပ္ပါနဲ႔ အမွားမ်ားႏိုင္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ စာနာမႈ၊ နားလည္မႈေတြ ပိုမိုလိုအပ္ေနခ်ိန္ပါ။ အိမ္ေထာင္ဘက္အခ်င္းခ်င္း အျမင္မၾကည္ တာေတြ ျဖစ္ေနတတ္ပါတယ္။ ပညာေရးမွာေတာ့ မိဘေတြရဲ႕ ဆႏၵအတိုင္း လိုက္လုပ္ေပးေန ရတတ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂ ၆ ၁

အထူးေဟာ ေကာင္းေသာကံမ်ား အက်ိဳးေပးေနမယ္

ယၾတာ ဆြမ္းကို သၾကားျဖဴးၿပီး ဘုရားကပ္လႉပါ

တနလၤာ

အလုပ္နဲ႔ပတ္သက္တဲ့ ကိစၥေတြထက္ မိသားစုကိစၥေတြကို ပိုမို အေရးေပးသင့္တဲ့ ကာလပါပဲ။ ခ်စ္ျခင္းတရားေတြကို လွစ္ျပၿပီးေတာ့ အေကာင္းဆုံး အေျခအေနတစ္ခုေရာက္ေအာင္ ဖန္တီးသြားႏိုင္မဲ့ ကာလပါ။ မိသားစုအတြင္း မေျပလည္တာေတြ ေျပလည္ႏိုင္ဖို႔ ႀကိဳးစားပါ။ ခိုင္မာေသာ၊ ေရရွည္တည္တံ့ႏိုင္ေသာ ကိစၥေတြကိုပဲအေလးေပးစဥ္းစား ေစခ်င္ပါတယ္။ ေပၚပင္အလုပ္မ်ား၊ ေျမစမ္းခရမ္းပ်ိဳး အလုပ္မ်ား ေရွာင္သင့္တဲ့ အခ်ိန္ကာလပါပဲ။ တတ္သိနားလည္ ထားတဲ့ အသိပညာ၊အတက္ပညာေတြကို ျပန္လည္မွ်ေဝျခင္းမ်ား ေဆာင္႐ြက္ႏိုင္ပါလိမ့္မယ္။

အတူတူ ေလွ်ာက္ခဲ့တဲ့ စပ္တူလုပ္ငန္းမ်ား ပိုမိုတိုးတတ္ေအာင္ စြမ္းေဆာင္ႏိုင္ပါလိမ့္မယ္။ ထင္မထားတဲ့ အေျပာင္းအလဲေတြ ရွိလာႏိုင္ေပမဲ့ ေကာင္းေသာေျပာင္းလဲျခင္းေတြ ဆိုတာ သိထားရပါလိမ့္မယ္။ ေငြေၾကး အကူအညီေတြ ရလာႏိုင္သလို ေငြေၾကး အေထာက္အပံ့ေတြလဲ မိမိက ေပးႏိုင္ပါလိမ့္မယ္။ ထီဝါသနာပါသူမ်ား တတ္ႏိုင္သ၍ စပ္တူထိုးထားမ်ိဳးက အေကာင္းဆုံးပါပဲ။

အလုပ္ရွာေနသူမ်ား အလုပ္သစ္ရလြယ္ပါတယ္။ အခ်စ္ေရးမွာ‌ေတာ့ ဆြတ္ပ်ံ႕ၾကည္ႏူးစရာမ်ားမဲ့ ကာလပါပဲ။ ခ်စ္သူခင္သူ ေပါမ်ားသလို ခ်စ္သူရဲ႕ၾကင္နာယုယျခင္းကို ရရွိပါလိမ့္မယ္။ အိမ္ေထာင္ေရးကေတာ့ ထင္သလို မျဖစ္ႏိုင္ေသးတဲ့ ကာလပါပဲ။ ပညာေရးမွာေတာ့ ဒီတစ္ပတ္ အားအေကာင္းဆုံး အေနအထားပဲ ျဖစ္ေနပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၃ ၀ ၉

အထူးေဟာ မိသားစုကို ဦးစားေပးပါ

ယၾတာ နီးစပ္ရာ ကေလးေတြကို ေရခဲမုန႔္ဝယ္ေကြၽးလိုက္ပါ

အဂၤါ

သိထားရမွာက အလ်င္စလို မလုပ္မိဖို႔ပဲ။ စိတ္ျမန္လက္ျမန္ လုပ္တတ္တဲ့ အက်င့္ရွိသူ ဆိုရင္ေတာ့ ဒီကာလမွာ ေအးေအးေဆးေဆးသာ ေဆာင္႐ြက္လိုက္ပါ။ လိင္ကိစၥအရႈပ္အေထြးေတြ၊ လူသိခံလို႔မရတဲ့ အတြင္းေရးကိစၥေတြ ႀကဳံလာဖြယ္ ရွိေနတတ္ပါတယ္။ အေပါင္းအသင္းေတြထဲမွာ အက်င့္ပ်က္ေနသူ၊ ဥပေဒနဲ႔မလြတ္ကင္းတာေတြလုပ္ေန သူေတြရွိရင္ သူတို႔နဲ႔ နီးနီးကပ္ကပ္မေနဖို႔ တိုက္တြန္းလိုပါတယ္။ သူတို႔ေၾကာင့္ ကိုယ္ပါ အဖမ္းအဆီးခံရတာ အမႈအခင္း ႀကဳံရလာတာေတြ အလြန္ပဲျဖစ္တတ္ပါတယ္။

စိတ္ေကာင္း ေစတနာေကာင္းသူေတြကေတာ့ အကူအညီေပးမဲ့သူေတြ ေပါမ်ားလာႏိုင္ဖြယ္ ရွိတဲ့ကာလပါပဲ။ လူယုံေတြက သစၥာေဖာက္တာမ်ိဳးေတြကို သတိထားဖို႔လိုပါတယ္။ အေရးႀကီးတဲ့ ကိစၥေတြကို ကိုယ္တိုင္ ကိုယ္က်သာ ေဆာင္႐ြက္လုပ္ကိုင္ ေစလိုပါတယ္။ ေသြးတိုးေရာဂါ အခံရွိသူမ်ား၊ ဆီးခ်ိဳ ေသြး ခ်ိဳ တက္လြယ္သူမ်ား ဒီကာလမွာ အစားအေသာက္ အေနအထိုင္ေတြ ဆင္ျခင္ေစခ်င္ပါတယ္။

႐ုတ္တရက္ က်န္းမာေရး က်ဆင္းလြယ္တဲ့ ကာလျဖစ္ပါတယ္။ အခ်စ္ေရး ကိစၥေတြမွာေတာ့ ခ်စ္သူထက္ အဘက္ဘက္က နိမ့္က်သူတစ္ေယာက္ကို ရင္ထဲေရာက္ေနတတ္ပါတယ္။ အိမ္ေထာင္ေရးမွာေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္ သံသယေတြ ေလ်ာ့ ခ်ႏိုင္မွာပဲ အိမ္ေထာင္ေရး သာယာပါလိမ့္မယ္။ ပညာေရးအတြက္ အခက္အခဲေတြ ရွိေနႏိုင္တာကို ေတြ႕ရပါတယ္။

အက်ိဳးေပးဂဏန္း ၁ ၄ ၃

အထူးေဟာ စိတ္ညစ္စရာေတြ မ်ားေနႏိုင္တာကို ေတြ႕ရပါတယ္။

ယၾတာ ဒီအပတ္အတြင္း တတ္ႏိုင္သမွ် မီးလုံး၊ မီးေခ်ာင္းအလႉေတြ မ်ားမ်ားလုပ္ပါ

ဗုဒၶဟူး၊ ရာဟု

ရန္အတိုက္အခိုက္ေတြနဲ႔ယွဥ္ၿပီး ေအာင္ျမင္လာတတ္တဲ့ ကာလတစ္ခုပါ။ အရာရာကို အမွားနည္းေအာင္ ေဆာင္ႏိုင္ပါလိမ့္မယ္။ ပင္ပန္းခံရမယ္။ ဒါေပမဲ့ ပင္ပန္းခဲ့တဲ့အသီးအပြင့္ေတြ ရလာလိမ့္မယ္။ ရာထူး တိုးတတ္ျခင္း၊ စာေမးပြဲ အင္တာဗ်ဴး ေအာင္ျမင္ျခင္းမ်ား ႀကဳံရမယ္။ ေနရာထိုင္ခင္းကိစၥ၊ အေမြကိစၥေတြ ေျပာဆိုေဆာင္႐ြက္လို႔ အလြန္ေကာင္းတဲ့ ကာလပါပဲ။ အလုပ္ေၾကာင့္ စိတ္ညစ္စရာမရွိ၊ ပတ္ဝန္းက်င္က လူေတြေၾကာင့္သာ စိတ္ညစ္ရမယ္။

အိမ္နီးနားခ်င္း၊ ၿခံနီးနားခ်င္းေတြနဲ႔ စကားမ်ားရတာေတြ ျဖစ္တတ္ပါတယ္။ ဒီကာလမွာ ရပ္ေဝးမွာရွိတဲ့ မိတ္ေဆြေတြရဲ႕ အကူအညီေတြ၊ အေထာက္အပံ့ေတြ ရလာတတ္ပါတယ္။ အနာဂတ္အတြက္စဥ္းစားစရာေတြ၊ အနာဂတ္အတြက္လုပ္ ေဆာင္ရမဲ့ကိစၥေတြကို ဒီကာလမွာ စိတ္ကူး၊ႀကံစည္ခ်မွတ္ျခင္းမ်ားအထူးေကာင္းပါတယ္။အေတြးေကာင္းေတြရလာ တတ္တဲ့ကာလ ျဖစ္လို႔ပါပဲ။

က်န္းမာေရး ကိစၥေတြမွာ သိပ္ပူဖို႔ေတာ့ မလိုေပမဲ့ အစားမွန္၊ အအိပ္မွန္ဖို႔ေတာ့ လိုေနတာကို ေတြ႕ရပါတယ္။ က်န္းမာေရးသတိေတာ့ ရွိၾကပါ။ အခ်စ္ေရးအတြက္ သတိထားရမွာက ဒီကာလမွာ ကိုယ့္ဆီခ်ဥ္းကပ္လာသူေတြ ရွိရင္ ပိုသတိထားပါ။ ထိုလူေတြက မိမိကိုခ်စ္တာထက္ မိမိရဲ႕ပိုင္ဆိုင္မႈကိုျဖစ္ေစ၊အေသြးအသားကို ျဖစ္ေစလိုခ်င္လို႔ ခ်ဥ္းကပ္လာသူေတြ ျဖစ္ေနတတ္ပါတယ္။ အိမ္ေထာင္ေရးကံကေတာ့ စိတ္ခ်မ္းသာရမဲ့ ကာလပဲ ျဖစ္ပါတယ္။

အက်ိဳးေပးဂဏန္း ၂ ၅ ၉

အထူးေဟာ ကံသင့္ပါတယ္။

ယၾတာ ဖီးၾကမ္းငွက္ေပ်ာသီး ရဟန္းသံဃာ လႉေပးပါ

ၾကာသပေတး

အလုံးစုံ တိုးတတ္ျခင္းႏွင့္ ေအာင္ျမင္ျခင္းေတြကို ထိေတြ႕ခံစားရတတ္တဲ့ ကာလပါပဲ။ ဘာေၾကာင့္မွန္းမသိ၊ ေငြေၾကးကိစၥ အလုပ္ကိစၥေတြက ကိုယ္အားမစိုက္ရဘဲ အဆင္ေျပ တိုးတတ္ေနႏိုင္တာကို ေတြ႕ရပါတယ္။ အလုပ္ အတြက္ ႀကီးမားတဲ့ ေမွ်ာ္လင့္ခ်က္ေတြ၊ ရင္းႏွီးျမဳပ္ႏွံမႈေတြ ႀကံစည္ေဆာင္႐ြက္သင့္တဲ့ ကာလပါပဲ။ ဘာလုပ္လုပ္ ကိုယ့္တစ္ေယာက္ထဲ အတြက္ထက္ အမ်ားအတြက္ စဥ္းစားၿပီး လုပ္တာမ်ိဳးေတြ အထူးေကာင္းပါတယ္။

ပညာေရးနဲ႔ ပတ္သက္ေသာ လုပ္ငန္းမ်ား၊ လက္ကားစီးပြားမ်ား၊ ကုန္ထုတ္လုပ္မႈ လုပ္ငန္းမ်ား တိုးတတ္လာႏိုင္ဖြယ္ ရွိတဲ့အခ်ိန္ ပါပဲ။ ဆရာသမားေတြထံ ခ်ဥ္းကပ္အႀကံယူလို႔ ေကာင္းတဲ့ကာလပါပဲ။ လက္ေဆာင္ေကာင္းေတြ၊ ဘာသာေရး ဂမၻီရ အေဆာင္ေတြလဲ လက္ေဆာင္ ရတတ္ပါတယ္။ သတိထားရမွာက စကားမွား၊ အေျပာမွားေတြ ျဖစ္တတ္ပါတယ္။ မိမိ က ေစတနာစကားေျပာေပမဲ့ အေျပာမတတ္ေတာ့ ဆဲသလိုဆိုတာမ်ိဳးလဲ ျဖစ္ရတတ္ပါတယ္။

ေငြေၾကးကူညီထားသူ ေတြဆီက အေႂကြးျပန္ရတတ္ပါတယ္။ အခ်စ္ေရးမွာ နားလည္မႈလြဲတာေတြ၊ ညႇိႏႈိင္းရ ခက္ခဲတာေလးေတြ ႀကဳံေနရ ႏိုင္ပါတယ္။ အိမ္ေထာင္ဘက္နဲ႔ အလုပ္သမား၊ ငယ္သားေတြကို အေၾကာင္းျပဳၿပီး စကားမ်ားရတတ္ပါတယ္။ ပညာေရးအတြက္ ေကာင္းေသာ အေျပာင္းအလဲေတြ ႀကဳံရမယ္။

အက်ိဳးေပးဂဏန္း ၃ ၆ ၅

အထူးေဟာ အလုပ္ တိုးတတ္လာဖြယ္ ရွိေနပါတယ္။

ယၾတာ ေပါက္ဆီ ၃ လုံး ဘုရားကပ္ပါ

ေသာၾကာ

ေငြေၾကးအလို ျပေနတတ္ပါတယ္။ ေငြေၾကး အၾကပ္အတည္းေတြ ရင္ဆိုင္ရ တတ္ပါတယ္။ စီးပြားေရးနဲ႔ ပတ္ သက္ၿပီး အသစ္တစ္ခုခု မစမိပါေစနဲ႔။ လုပ္လက္စအလုပ္ေတြကိုပဲ ဘယ္လိုတိုးတတ္ေအာင္ လုပ္မလဲ စဥ္းစားေစခ်င္ ပါတယ္။ စိတ္ရႈပ္စရာေတြ မ်ားေနၿပီး လက္ရွိအေနအထားကို စိတ္ကုန္ေနမိတယ္။အေျပာင္းအလဲေတြလုပ္ခ်င္လာ ေနမိတတ္ပါတယ္။ လူငယ္မ်ားစိတ္ေလၿပီး လမ္းေပၚမွာသာ အေနမ်ားေနႏိုင္တဲ့ကာလပဲ ျဖစ္ပါတယ္။

ကံေကာင္းေန တာက မိမိအခက္အခဲေတြကို မိမိမိသားစုဝင္ ၊ေဆြမ်ိဳးေတြက ကူညီေျဖရွင္းေပမဲ့ အခ်ိန္ကာလပဲ ျဖစ္ပါတယ္။ ခရီးေဝး သြားစရာရွိရင္ေတာ့ အဆင္ေျပဖို႔ ခဲယဥ္းတဲ့အခ်ိန္ကာလျဖစ္ပါတယ္။ အလုပ္ပိုေတြ၊ သူမ်ားအလုပ္ေတြ ကူေနရာတာမ်ိဳး ဝန္ထမ္းေတြမွာ အထူးႀကဳံရတတ္ပါတယ္။ ဇိမ္ခံပစၥည္းမ်ား ဒီကာလမွာ မဝယ္ပါနဲ႔။ လာဘ္တိတ္သြားတတ္ပါ တယ္။

က်န္းမာေရးကေတာ့ အမ်ိဳးသားထက္ အမ်ိဳးသမီးေတြ ပိုမိုျခဴျခာလြယ္ေနတာကို ေတြ႕ရပါတယ္။ ဘာကိစၥမဆို တက္ကြၽမ္းနားလည္သူေတြကို တိုင္ပင္ၿပီးမွ ေဆာင္႐ြက္ေစခ်င္ပါတယ္။ အခ်စ္ေရးမွာ ႏွစ္ေယာက္စလုံး ကိုယ့္အလုပ္ နဲ႔ကိုယ္ရႈပ္ေနၾကၿပီး ေအးစက္တဲ့ ဆက္ဆံေရးမ်ိဳး ျဖစ္ေနတတ္ပါတယ္။ အိမ္ေထာင္ေရးအတြက္ အဘက္ဘက္က စိတ္ခ်မ္းသာရပါလိမ့္မယ္။ ပညာေရးမွာေတာ့ အခက္အခဲ အတားအဆီးေတြ မ်ားေနႏိုင္တဲ့ ကာလပါပဲ။

အက်ိဳးေပးဂဏန္း ၁ ၅ ဝ

အထူးေဟာ အနည္းငယ္ စိတ္ေလေနတတ္ပါတယ္။

ယၾတာ ေ႐ႊၾကည္ဝယ္ၿပီး ဘုရားကပ္လႉေပးပါ

စေန

စိတ္ခ်မ္းသာဖို႔ထက္ ကိုယ္က်န္းမာဖို႔ အာ႐ုံစိုက္ရမဲ့ ကာလဗ်..။ က်န္းမာေရး ျခဴျခာလြယ္တယ္။ ကိုယ္ခံအား နည္းေနတတ္တယ္။ တက္ႏိုင္သေလာက္ ပင္ပင္ပန္းပန္းေတြ မလုပ္နဲ႔အုံးဗ်။ အထူးသျဖင့္ ဝမ္းဗိုက္၊ အစာအိမ္၊ အ႐ိုး အေၾကာေတြ အားနည္းေနႏိုင္တာေတြ႕ရတယ္။ အလုပ္ကိစၥေတြမွာ အားနာတတ္သူေတြ သတိထားပါ။ အလုပ္ခိုင္းရင္ မႏိုင္ဝန္ ျဖစ္ေနရင္ျငင္းပါ။ ရပါတယ္ ဆိုၿပီးအလုပ္ေတြပိၿပီး ပင္ပန္းရလိမ့္မယ္။ ဒါေၾကာင့္ အလုပ္ပိုေတြ ေရွာင္ပါ။

လူငယ္မ်ား သမာအာဇီဝမက်တဲ့ ေလာင္းကစား မလုပ္ပါနဲ႔။ ရႈံးမဲမဲၿပီး ရွိတာေျပာင္သြားႏိုင္တဲ့ ကာလမို႔ပါ။ ကံေကာင္းတဲ့အခ်က္က ေငြရွာလြယ္ လိမ့္မယ္။ ဝင္စရာရွိတဲ့ ေငြေတြ ဒလေဟာဝင္လာလိမ့္မယ္။ ကိုယ္ပိုင္အလုပ္မ်ား ပိုမိုခ်ဲ႕ထြင္ႏိုင္သည္အထိ တိုးတတ္ လာလိမ့္မယ္။ မိမိဦးေႏွာက္ကလဲ အႀကံေကာင္းေတြ ထြက္လိမ့္မယ္။ အရာရာ ေလးလံမေနဘဲ သြက္သြက္လုပ္ႏိုင္မွ အခြင့္အေရးေတြ ရလိမ့္မယ္။

သက္ေသလိုက္တာမ်ိဳး၊ အာမခံတာမ်ိဳးေတာ့ ေရွာင္ေစခ်င္ပါတယ္။ အခ်စ္ေရးကိစၥေတြ မွာေတာ့ ခ်စ္သူအေပၚစိတ္ရွည္ဖို႔ လိုပါတယ္။ အလုပ္မ်ားၿပီး မအားလပ္တဲ့ခ်စ္သူကို နားလည္ေပးလိုက္ပါ။ အိမ္ေထာင္ေရး သာယာပါလိမ့္မယ္။ မိသားစုအတြင္း သတင္းေကာင္း ၾကားရႏိုင္ပါတယ္။ ပညာေရးမွာေတာ့ မိမိကိုယ္တိုင္က အာ႐ုံစိုက္ဖို႔ ခက္ခဲပါလိမ့္မယ္။

အက်ိဳးေပးဂဏန္း ၁ ၅ ၃

အထူးေဟာ က်န္းမာေရး ဂ႐ုစိုက္ေပးပါ

ယၾတာ ပ်ားရည္ေလး ဘုရားကပ္ေပးပါ

၇ ရက္ သားသမီးအေပါင္း ရန္သူမ်ိဳးငါးပါးေဘးမွ ကင္းေဝးႏိုင္ၾကပါေစ

ဆရာၿငိမ္းေအးလူ (ေဗဒင္သုေတသီ)

Post a Comment

0 Comments