ခေတ်ကာလကြီးက မကောင်းဘဲကိုး

တခါတုန်းက ဘုန်းဘုန်းတပါးနဲ့ ကပ္ပိယကြီးတို့ဟာ ဆွမ်းခံကြွပြီး ပြန်လာရင်း လယ်ကွင်းပြင်ကို အဖြတ်မှာ ကပ္ပိယကြီးက " အရှင်ဘုရား၊ ဟိုမှာ ကျွဲတကောင် ခတ်ဖို့ ပြေးလာနေပြီ၊ တပည့်တော် နောက်မှာနေ " လို့ ဆွမ်းထမ်း တံပိုးကို လက်ကကိုင်ရင်း ပြောတော့..

" အိမ်း ဒကာတော်၊ ရန်ကိုရန်ခြင်း မတုန့်နှင်းနဲ့။ မေတ္တာပို့ရင် ဘယ်သတ္တဝါ ဖြစ်ဖြစ် ရန်မပြုပါဘူး။ ဘုရားရှင်တောင်မှ အရက် ကိုးမောင်းတိုက်ထားတဲ့ နာဠာဂီရိ ဆင်ကို မေတ္တာစွမ်းအင် နဲ့ နိုင်ခဲ့တယ် ။ ဒကာကြောက်ရင် ဘုန်းကြီး အနောက်မှာနေ " လို့ ပြန်မိန့်ကာ မျက်လွှာကိုချပြီး မေတ္တာပို့နေတယ်။

ကျွဲကလည်း နီးလာပြီ။ ဘုန်းကြီးကလည်း မေတ္တာပို့တုန်း ။ ကျွဲက အနားရောက်လို့ ခတ်မယ် ရွယ်လိုက်တယ် ။ထိုအချိန်မှာ ကပ္ပိယကြီးက တံပိုးနဲ့ ထွက်ရိုက်တော့မှ ဘုန်းကြီးရှေ့က ကျွဲက ကြောက်ပြီး ပြန်လှည့် ပြေးပါလေရော။

အဲ့တော့မှ ဘုန်းကြီးလည်း လန့်ပြီး " တော်သေးတယ်၊ ကပ္ပိယကြီး ကယ်လို့၊ ဒီကျွဲ တော်တော် ရိုင်းတာပဲ၊ မေတ္တာပို့တာတောင် မရဘူး " လို့ မိန့်လိုက်တော့ ကပ္ပိယကြီးက..

" အရှင်ဘုရားကလည်း ဘုရားရှင်လက်ထက်က သိက္ခာပုဒ် အသွယ်သွယ် လိုက်နာ ကျင့်ကြံနိုင်တဲ့ ဘုန်းကြီးမဟုတ်တဲ့ အတွက် မေတ္တာက မစွမ်းတော့ သလို၊ ဒီကျွဲကလည်း ဘုရားရှင် လက်ထက်က ကျွဲမဟုတ်တဲ့ အတွက်၊ မေတ္တာပို့လည်း နားလည်မှာ မဟုတ်ဘူး။

တံပိုးနဲ့မှ ထ မရိုက်ရင်၊ အရှင်ဘုရား ဂျွမ်းပြန်သွားလိမ့်မယ် " လို့ ပြောလိုက်တော့၊ ဘုန်းကြီးလည်း " အော် မေတ္တာစွမ်းထက်၊ တံပိုးစွမ်းက ပိုထက်သကိုး " လို့ ပြန်မိန့်ရင်း ကျောင်းကို ဆက်ကြွလေသတဲ့။

crd

Zawgyi

ေခတ္ကာလႀကီးက မေကာင္းဘဲကိုး

တခါတုန္းက ဘုန္းဘုန္းတပါးနဲ႔ ကပၸိယႀကီးတို႔ဟာ ဆြမ္းခံႂကြၿပီး ျပန္လာရင္း လယ္ကြင္းျပင္ကို အျဖတ္မွာ ကပၸိယႀကီးက " အရွင္ဘုရား၊ ဟိုမွာ ကြၽဲတေကာင္ ခတ္ဖို႔ ေျပးလာေနၿပီ၊ တပည့္ေတာ္ ေနာက္မွာေန " လို႔ ဆြမ္းထမ္း တံပိုးကို လက္ကကိုင္ရင္း ေျပာေတာ့

" အိမ္း ဒကာေတာ္၊ ရန္ကိုရန္ျခင္း မတုန႔္ႏွင္းနဲ႔။ ေမတၱာပို႔ရင္ ဘယ္သတၱဝါ ျဖစ္ျဖစ္ ရန္မျပဳပါဘူး။ ဘုရားရွင္ေတာင္မွ အရက္ ကိုးေမာင္းတိုက္ထားတဲ့ နာဠာဂီရိ ဆင္ကို ေမတၱာစြမ္းအင္ နဲ႔ ႏိုင္ခဲ့တယ္ ။ ဒကာေၾကာက္ရင္ ဘုန္းႀကီး အေနာက္မွာေန " လို႔ ျပန္မိန႔္ကာ မ်က္လႊာကိုခ်ၿပီး ေမတၱာပို႔ေနတယ္။

ကြၽဲကလည္း နီးလာၿပီ။ ဘုန္းႀကီးကလည္း ေမတၱာပို႔တုန္း ။ ကြၽဲက အနားေရာက္လို႔ ခတ္မယ္ ႐ြယ္လိုက္တယ္ ။ထိုအခ်ိန္မွာ ကပၸိယႀကီးက တံပိုးနဲ႔ ထြက္႐ိုက္ေတာ့မွ ဘုန္းႀကီးေရွ႕က ကြၽဲက ေၾကာက္ၿပီး ျပန္လွည့္ ေျပးပါေလေရာ။

အဲ့ေတာ့မွ ဘုန္းႀကီးလည္း လန႔္ၿပီး " ေတာ္ေသးတယ္၊ ကပၸိယႀကီး ကယ္လို႔၊ ဒီကြၽဲ ေတာ္ေတာ္ ႐ိုင္းတာပဲ၊ ေမတၱာပို႔တာေတာင္ မရဘူး " လို႔ မိန႔္လိုက္ေတာ့ ကပၸိယႀကီးက

" အရွင္ဘုရားကလည္း ဘုရားရွင္လက္ထက္က သိကၡာပုဒ္ အသြယ္သြယ္ လိုက္နာ က်င့္ႀကံႏိုင္တဲ့ ဘုန္းႀကီးမဟုတ္တဲ့ အတြက္ ေမတၱာက မစြမ္းေတာ့ သလို၊ ဒီကြၽဲကလည္း ဘုရားရွင္ လက္ထက္က ကြၽဲမဟုတ္တဲ့ အတြက္၊ ေမတၱာပို႔လည္း နားလည္မွာ မဟုတ္ဘူး။

တံပိုးနဲ႔မွ ထ မ႐ိုက္ရင္၊ အရွင္ဘုရား ဂြၽမ္းျပန္သြားလိမ့္မယ္ " လို႔ ေျပာလိုက္ေတာ့၊ ဘုန္းႀကီးလည္း " ေအာ္ ေမတၱာစြမ္းထက္၊ တံပိုးစြမ္းက ပိုထက္သကိုး " လို႔ ျပန္မိန႔္ရင္း ေက်ာင္းကို ဆက္ႂကြေလသတဲ့။

crd

Post a Comment

0 Comments