မြင့်မြတ်သူတို့ စိတ်ထား

ဟိုး ရှေးရှေးတုန်းက တောအုပ်တခု ထဲမှာ သမင်ဖို တကောင် ရှိတယ် ။ သမင်ဖိုရဲ့ ဦးခေါင်းဟာ လှပတင့်တယ်တဲ့ ဦးချိုများနဲ့ အလှဆင်ထားတာကြောင့် ကြည့်ရှုမိသူ အပေါင်းမှာလည်း မဂ်လာ တပါးပဲပေါ့ ။ သမင်ကြီး လမ်းလျှောက်လာတဲ့ အခါမှာလည်း ကျန်သတ္တဝါ အပေါင်းဟာ အရိုအသေ ပေးကြပါတယ် ။

သူဟာ သမင်အပေါင်းရဲ့ ဘုရင်တပါး ပေါ့။ ဘုရင်တပါး ဖြစ်သော်လည်း သတ္တဝါအပေါင်းကို မြင့်မြတ်တဲ့ စိတ်ထားနဲ့ ကောင်းကောင်း မွန်မွန် ဆက်ဆံတယ်။ တောတောင်တို့ရဲ့ အရှင်သခင်ဖြစ်တဲ့ ခြင်္သေတောင်မှ သူကို လေးစားသတဲ့ ။

တနေ့မှာတော့ ကုန်းသည်တစုဟာ ခရီးလမ်းမှာ လမ်းပျောက်သွားသတဲ့ ကုန်သည်တွေဟာ သူတို့ ဘာဆက်လုပ်ရမယ် ဆိုတာ မသိလို့ စိတ်ပျက်လက်ပျက်နဲ့ ကြောက်လန့်နေကြ ပါသတဲ့ ။ ကုန်သည်များ နောက်ပြန် လှည့်ကြည့်တဲ့အခါ သမင်တကောင် သူတို့နားမှာ ရပ်နေတာကို တွေ့လိုက်ရတယ်။

သမင်ကြီးက လမ်းပျောက်နေတဲ့ ကုန်သည်တွေကို သူ့နောက်က လိုက်ဖို့ ခေါ်လိုက်သတဲ့ ။ ကုန်သည်များဟာ ဘေးအန္တရာယ် ကင်းရှင်းစွာနဲ့ သမင်းကြီးရဲ့ နောက်ကို လိုက်သွားကြ ပါတယ် ။ ထို့နောက် ကုန်သည်များကို မြို့ရဲ့ အစွန် အဖြားထိ လိုက်ပို့ပြီး သမင်းကြီးဟာ တောထဲကို ပြန်ဝင် သွားသတဲ့။

ကုန်သည် ခေါင်းဆောင်က ထိုသမင်းကြီးရဲ့ မြင့်မြတ်တဲ့ စိတ်ထားကို သဘောကြသွားလို့ တိုင်းပြည် ပြန်ရောက်ရင် တိုင်းပြည် အုပ်ချုပ်တဲ့ မင်းကြီးကို သမင်းကြီးရဲ့ မြင်မြတ်တဲ့ စိတ်ထားကို ပြောပြချင်တဲ့ စိတ်တွေ ဖြစ်ပေါ် လာပါသတဲ့ ။

ကုန်သည်များဟာ မင်းကြီးဆီ သွားပြီး အံသြစရာကောင်းတဲ့ မြင့်မြတ်တဲ့ သမင်ကြီး အကြောင်းကို ပြောပြပါသတဲ့။ မင်းကြီးကတော့ မြင့်မြတ်တဲ့ သမင်းရဲ့ ချီးမွမ်းခန်းကို သေချာ နားမထောင်ပဲ၊ ထူးဆန်းတဲ့ သမင်တကောင်ဟု သာ မှတ်ထင်လိုက်ပါတယ်။ ဒါ့ကြောင့် ဒီသမင်ကို တောလိုက်ဖို့ ဆုံးဖြတ်လိုက် ပါသတဲ့ ။

တရက်မှာတော့ မင်းကြီးဟာ စစ်သည်တော်တွေနဲ့ တောလိုက်သွားတော့ သမင်းကြီးဟာ အေးဆေးစွာ စာကျက်မှာ အစာ စားနေတာ ကို တွေ့ရသတဲ့ ။ ဒီတော့ မင်းကြီးက နောက်လိုက် စစ်သားတွေကို " ဒီသမင်းကြီးကို ဘယ်သူမှ မပစ်နဲ့ ငါကိုယ်တိုင် ပစ်ပြီး သူရဲ့လှပတဲ့ ဦးချိုကို ငါ့နန်းတော်ရဲ့ နံရံမှာ ချိပ်ထားမယ် " လို့ ပြောဆိုကာ မင်းကြီးကိုယ်တိုင် သမင်းကြီးကို ပစ်ပါသတဲ့။

မင်းကြီးရဲ့ မြှားဟာ သမင်းကြီးကို မထိမှန်ပဲ သမင်းကြီးက ပြေရင်းလွှားရင် ဘုရင်ကို တောနက်ထဲအထိ ဆွဲခေါ်သွားပါတယ်။ မင်းကြီး တောနက်ထဲကို ရောက်တော့ သူ့ရဲ့ နောက်လိုက်တွေနဲ့ အဆက်အသွယ် ပြတ်သွားတောပေါ့။ သမင်းကြီးဟာ ဘုရင်ကို သူ့နောက်က လိုက်ရင်း ရွံနွံအိုက်ထဲကို ဆွဲခေါ်သွားတဲ့အခါ ဘုရင်ဟာ နွံအိုင်ထဲမှာ နစ်မြုပ်သွားလို့ ကယ်ပါ ယူပါ တစာစာ အော်နေရသတဲ့။

ဘုရင်ကြီးရဲ့ အကူအညီ တောင်းခံသံဟာ သမင်းကြီးမှ တပါး ဘယ်သူမှ မကြားနိုင်ဘူးပေါ့။ အဲဒီအချိန် မှာတော့ သမင်ကြီးက ဘုရင်ကို သူရဲ့ သန်မာတဲ့ ဦးချိုကို နှိမ့်ချ ကမ်းလှမ်းကာ မင်းကြီးကို နွံအိုင်ထဲမှာ ကယ်တင်ခဲ့ ပါတယ်။ ဘုရင်ဟာ အသက်ဘေးမှ ကင်းဝေးရလို့ သမင်ကြီးကို ကျေးဇူးတင်စကား ပြောပြီး သူ့ကိုယ်သူလည်း အရှက်ရသွားတယ်။

သမင်းကြီးကတော့ ဘုရင်ကြီးတိုင်းပြည်ကို ပြန်ပို့လိုက် ပါသေးတယ်။ ဘုရင်က သမင်ကြီးကို မိတ်ဆွေကောင်း တယောက်အနေနဲ့ သူရဲ့နန်းတော်မှာ နေထိုင်ဖို့ ပြောဆိုတဲ့အခါ သမင်ကြီးက ငြင်းဆိုကာ သူရဲ့နေရာ တောကိုသာ ပြန်သွားပါသတဲ့ ။

ဒီပုံပြင် ဇာတ်လမ်းမှာ မြင့်မြတ်တဲ့ သမင်ကြီးဟာ မြတ်စွာဘုရားလောင်းပေါ့ ။ ဒီပုံပြင်ဇာတ်လမ်းကို လေ့လာကြည့်ခြင်းအားဖြင့် မြင်မြတ်တဲ့စိတ်ထားရှိသူဆိုတာ ရန်သူပင် ဖြစ်နေပါစေ သူတို့ အကာအကွယ် မဲ့တဲ့အခါ ဘေးအန္တရာယ်နဲ့ ဆုံတွေ့တဲ့အခါ မိတ်ဆွေရင်းပမာ ကူညီစောက်ရှောက်ရမယ် ဆိုတဲ့ အသိပညာကို ရစေပါတယ်။

Crd

Zawgyi

ျမင့္ျမတ္သူတို႔ စိတ္ထား

ဟိုး ေရွးေရွးတုန္းက ေတာအုပ္တခု ထဲမွာ သမင္ဖို တေကာင္ ရွိတယ္ ။ သမင္ဖိုရဲ႕ ဦးေခါင္းဟာ လွပတင့္တယ္တဲ့ ဦးခ်ိဳမ်ားနဲ႔ အလွဆင္ထားတာေၾကာင့္ ၾကည့္ရႈမိသူ အေပါင္းမွာလည္း မဂ္လာ တပါးပဲေပါ့ ။ သမင္ႀကီး လမ္းေလွ်ာက္လာတဲ့ အခါမွာလည္း က်န္သတၱဝါ အေပါင္းဟာ အ႐ိုအေသ ေပးၾကပါတယ္ ။

သူဟာ သမင္အေပါင္းရဲ႕ ဘုရင္တပါး ေပါ့။ ဘုရင္တပါး ျဖစ္ေသာ္လည္း သတၱဝါအေပါင္းကို ျမင့္ျမတ္တဲ့ စိတ္ထားနဲ႔ ေကာင္းေကာင္း မြန္မြန္ ဆက္ဆံတယ္။ ေတာေတာင္တို႔ရဲ႕ အရွင္သခင္ျဖစ္တဲ့ ျခေသၤေတာင္မွ သူကို ေလးစားသတဲ့ ။

တေန႔မွာေတာ့ ကုန္းသည္တစုဟာ ခရီးလမ္းမွာ လမ္းေပ်ာက္သြားသတဲ့ ကုန္သည္ေတြဟာ သူတို႔ ဘာဆက္လုပ္ရမယ္ ဆိုတာ မသိလို႔ စိတ္ပ်က္လက္ပ်က္နဲ႔ ေၾကာက္လန႔္ေနၾက ပါသတဲ့ ။ ကုန္သည္မ်ား ေနာက္ျပန္ လွည့္ၾကည့္တဲ့အခါ သမင္တေကာင္ သူတို႔နားမွာ ရပ္ေနတာကို ေတြ႕လိုက္ရတယ္။

သမင္ႀကီးက လမ္းေပ်ာက္ေနတဲ့ ကုန္သည္ေတြကို သူ႔ေနာက္က လိုက္ဖို႔ ေခၚလိုက္သတဲ့ ။ ကုန္သည္မ်ားဟာ ေဘးအႏၲရာယ္ ကင္းရွင္းစြာနဲ႔ သမင္းႀကီးရဲ႕ ေနာက္ကို လိုက္သြားၾက ပါတယ္ ။ ထို႔ေနာက္ ကုန္သည္မ်ားကို ၿမိဳ႕ရဲ႕ အစြန္ အျဖားထိ လိုက္ပို႔ၿပီး သမင္းႀကီးဟာ ေတာထဲကို ျပန္ဝင္ သြားသတဲ့။

ကုန္သည္ ေခါင္းေဆာင္က ထိုသမင္းႀကီးရဲ႕ ျမင့္ျမတ္တဲ့ စိတ္ထားကို သေဘာၾကသြားလို႔ တိုင္းျပည္ ျပန္ေရာက္ရင္ တိုင္းျပည္ အုပ္ခ်ဳပ္တဲ့ မင္းႀကီးကို သမင္းႀကီးရဲ႕ ျမင္ျမတ္တဲ့ စိတ္ထားကို ေျပာျပခ်င္တဲ့ စိတ္ေတြ ျဖစ္ေပၚ လာပါသတဲ့ ။

ကုန္သည္မ်ားဟာ မင္းႀကီးဆီ သြားၿပီး အံၾသစရာေကာင္းတဲ့ ျမင့္ျမတ္တဲ့ သမင္ႀကီး အေၾကာင္းကို ေျပာျပပါသတဲ့။ မင္းႀကီးကေတာ့ ျမင့္ျမတ္တဲ့ သမင္းရဲ႕ ခ်ီးမြမ္းခန္းကို ေသခ်ာ နားမေထာင္ပဲ၊ ထူးဆန္းတဲ့ သမင္တေကာင္ဟု သာ မွတ္ထင္လိုက္ပါတယ္။ ဒါ့ေၾကာင့္ ဒီသမင္ကို ေတာလိုက္ဖို႔ ဆုံးျဖတ္လိုက္ ပါသတဲ့ ။

တရက္မွာေတာ့ မင္းႀကီးဟာ စစ္သည္ေတာ္ေတြနဲ႔ ေတာလိုက္သြားေတာ့ သမင္းႀကီးဟာ ေအးေဆးစြာ စာက်က္မွာ အစာ စားေနတာ ကို ေတြ႕ရသတဲ့ ။ ဒီေတာ့ မင္းႀကီးက ေနာက္လိုက္ စစ္သားေတြကို " ဒီသမင္းႀကီးကို ဘယ္သူမွ မပစ္နဲ႔ ငါကိုယ္တိုင္ ပစ္ၿပီး သူရဲ႕လွပတဲ့ ဦးခ်ိဳကို ငါ့နန္းေတာ္ရဲ႕ နံရံမွာ ခ်ိပ္ထားမယ္ " လို႔ ေျပာဆိုကာ မင္းႀကီးကိုယ္တိုင္ သမင္းႀကီးကို ပစ္ပါသတဲ့။

မင္းႀကီးရဲ႕ ျမႇားဟာ သမင္းႀကီးကို မထိမွန္ပဲ သမင္းႀကီးက ေျပရင္းလႊားရင္ ဘုရင္ကို ေတာနက္ထဲအထိ ဆြဲေခၚသြားပါတယ္။ မင္းႀကီး ေတာနက္ထဲကို ေရာက္ေတာ့ သူ႔ရဲ႕ ေနာက္လိုက္ေတြနဲ႔ အဆက္အသြယ္ ျပတ္သြားေတာေပါ့။ သမင္းႀကီးဟာ ဘုရင္ကို သူ႔ေနာက္က လိုက္ရင္း ႐ြံႏြံအိုက္ထဲကို ဆြဲေခၚသြားတဲ့အခါ ဘုရင္ဟာ ႏြံအိုင္ထဲမွာ နစ္ျမဳပ္သြားလို႔ ကယ္ပါ ယူပါ တစာစာ ေအာ္ေနရသတဲ့။

ဘုရင္ႀကီးရဲ႕ အကူအညီ ေတာင္းခံသံဟာ သမင္းႀကီးမွ တပါး ဘယ္သူမွ မၾကားႏိုင္ဘူးေပါ့။ အဲဒီအခ်ိန္ မွာေတာ့ သမင္ႀကီးက ဘုရင္ကို သူရဲ႕ သန္မာတဲ့ ဦးခ်ိဳကို ႏွိမ့္ခ် ကမ္းလွမ္းကာ မင္းႀကီးကို ႏြံအိုင္ထဲမွာ ကယ္တင္ခဲ့ ပါတယ္။ ဘုရင္ဟာ အသက္ေဘးမွ ကင္းေဝးရလို႔ သမင္ႀကီးကို ေက်းဇူးတင္စကား ေျပာၿပီး သူ႔ကိုယ္သူလည္း အရွက္ရသြားတယ္။

သမင္းႀကီးကေတာ့ ဘုရင္ႀကီးတိုင္းျပည္ကို ျပန္ပို႔လိုက္ ပါေသးတယ္။ ဘုရင္က သမင္ႀကီးကို မိတ္ေဆြေကာင္း တေယာက္အေနနဲ႔ သူရဲ႕နန္းေတာ္မွာ ေနထိုင္ဖို႔ ေျပာဆိုတဲ့အခါ သမင္ႀကီးက ျငင္းဆိုကာ သူရဲ႕ေနရာ ေတာကိုသာ ျပန္သြားပါသတဲ့ ။

ဒီပုံျပင္ ဇာတ္လမ္းမွာ ျမင့္ျမတ္တဲ့ သမင္ႀကီးဟာ ျမတ္စြာဘုရားေလာင္းေပါ့ ။ ဒီပုံျပင္ဇာတ္လမ္းကို ေလ့လာၾကည့္ျခင္းအားျဖင့္ ျမင္ျမတ္တဲ့စိတ္ထားရွိသူဆိုတာ ရန္သူပင္ ျဖစ္ေနပါေစ သူတို႔ အကာအကြယ္ မဲ့တဲ့အခါ ေဘးအႏၲရာယ္နဲ႔ ဆုံေတြ႕တဲ့အခါ မိတ္ေဆြရင္းပမာ ကူညီေစာက္ေရွာက္ရမယ္ ဆိုတဲ့ အသိပညာကို ရေစပါတယ္။

Crd

Post a Comment

0 Comments