အဆိုးထဲက အကောင်း

တခါတုန်းက လမ်းပေါ်မှာ တောင်းစားနေတဲ့ ကလေးတယောက်ကို လူတယောက်က ပိုးထိုး နေတဲ့ ပန်းသီး တလုံး ပေးသွားတယ်။ နောက်လူတယောက်က မှိုတက် နေတဲ့ ပေါင်မုန့် တထုပ် ပေးသွားတယ်။

ဒီတော့ ကလေးက ပန်းသီးရဲ့ ပိုးထိုးနေတဲ့ အပိုင်းကို လှီးထုတ်ပြီး ဖယ်စားလိုက်တယ်။ ပေါင်မုန့်ကို ကျတော့ မှိုတက်နေတဲ့ အပိုင်းကို ဖယ်ပြီးစားလိုက်တယ်။

ဒါကို အစအဆုံးမြင်တဲ့လူတစ်ယောက်က ကလေးကို မေးတယ်။ " ကလေး မင်းရောဂါ ဖြစ်မှာ မစိုးရိမ်ဘူးလား " ဆိုတော့ ကလေးက ပြန်ဖြေတယ် ။

" လောကမှာ အကောင်းချည်းပဲ ဘယ်တော့မှ မဖြစ်ပါဘူး အကို။ အကောင်းရော အဆိုးရော ရောထွေး နေတဲ့ အထဲက ကောင်းတာလေး တွေကို ရွေးယူတတ်မှ အဆင်ပြေ ပါလိမ့်မယ် ။

မကောင်းလို့ ပစ်ရမယ် ဆိုရင် ကျွန်တော့်အတွက် စားစရာ တခုတောင် ကျန်မှာ မဟုတ်ပါဘူး " တဲ့။

တခါတလေ ကျတော့လည်း ဘဝမှာ ရွေးချယ်စရာ တွေက ဆိုးရွားတဲ့ အခါ အဆိုးတွေကို လက်ခံပြီး အကောင်းဆုံး ဆိုတာတွေကို ကိုယ်တိုင် ပြန်လည် တည်ဆောက်ယူ ရပါတယ် ။

Crd

Zawgyi

အဆိုးထဲက အေကာင္း

တခါတုန္းက လမ္းေပၚမွာ ေတာင္းစားေနတဲ့ ကေလးတေယာက္ကို လူတေယာက္က ပိုးထိုး ေနတဲ့ ပန္းသီး တလုံး ေပးသြားတယ္။ ေနာက္လူတေယာက္က မႈိတက္ ေနတဲ့ ေပါင္မုန႔္ တထုပ္ ေပးသြားတယ္။

ဒီေတာ့ ကေလးက ပန္းသီးရဲ႕ ပိုးထိုးေနတဲ့ အပိုင္းကို လွီးထုတ္ၿပီး ဖယ္စားလိုက္တယ္။ ေပါင္မုန႔္ကို က်ေတာ့ မႈိတက္ေနတဲ့ အပိုင္းကို ဖယ္ၿပီးစားလိုက္တယ္။

ဒါကို အစအဆုံးျမင္တဲ့လူတစ္ေယာက္က ကေလးကို ေမးတယ္။ " ကေလး မင္းေရာဂါ ျဖစ္မွာ မစိုးရိမ္ဘူးလား " ဆိုေတာ့ ကေလးက ျပန္ေျဖတယ္ ။

" ေလာကမွာ အေကာင္းခ်ည္းပဲ ဘယ္ေတာ့မွ မျဖစ္ပါဘူး အကို။ အေကာင္းေရာ အဆိုးေရာ ေရာေထြး ေနတဲ့ အထဲက ေကာင္းတာေလး ေတြကို ေ႐ြးယူတတ္မွ အဆင္ေျပ ပါလိမ့္မယ္ ။ မေကာင္းလို႔ ပစ္ရမယ္ ဆိုရင္ ကြၽန္ေတာ့္အတြက္ စားစရာ တခုေတာင္ က်န္မွာ မဟုတ္ပါဘူး " တဲ့။

တခါတေလ က်ေတာ့လည္း ဘဝမွာ ေ႐ြးခ်ယ္စရာ ေတြက ဆိုး႐ြားတဲ့ အခါ အဆိုးေတြကို လက္ခံၿပီး အေကာင္းဆုံး ဆိုတာေတြကို ကိုယ္တိုင္ ျပန္လည္ တည္ေဆာက္ယူ ရပါတယ္ ။

Crd

Post a Comment

0 Comments