နီလာလည်ဆွဲ

ပန်းထိမ်ဆရာတဦး ကွယ်လွန်သွားပြီးနောက် သူ၏မိသားစုမှာ စီးပွားရေးအခြေအနေ ကျဆင်းလာခဲ့သည်။ နေ့စဉ် စားဝတ်နေရေး ဖြေရှင်းရန်အတွက် မိသားစုမှာ ငွေကြေး အခက်အခဲ နှင့်ရင်ဆိုင်နေရသည်။ တနေ့မှာ ပန်းထိမ်ဆရာရဲ့ဇနီးက နီလာလည်ဆွဲလေး တခုကို သိမ်းထားရာမှ ထုတ်လိုက်ပြီး သူမ၏သားကို ပေးပြီး..

'' သားရေ.. ဒီလည်ဆွဲကို ယူပြီး မင်းဦးလေး ဆိုင်ကိုသွား.. လည်ဆွဲကိုပေးလိုက်... လည်ဆွဲအတွက် တန်ဖိုးငွေကို.. သားပြန်ယူလာခဲ့ပါ..'' လို့ ပြောတယ်။

ကောင်လေးလည်း မိခင်ပြောသည့်အတိုင်း လည်ဆွဲကိုယူပြီး သူ့ဦးလေးဆီ သွားပေးသည်။ ဦးလေးသည် လည်ဆွဲကို ယူကြည့်ပြီး ကောင်လေးကိုပြောတယ်...

'' သားရေ.. လည်ဆွဲကို မင်းအမေဆီ ပြန်ယူသွားလိုက်ဦး.. သူ့ကိုပြောလိုက်.. အခု ကျောက်မျက်ဈေးတွေ ကျနေတယ်.. နောက်.. ဈေးကောင်းတဲ့အခါမှ ရောင်းပါလို့ ပြော..

အခုတော့ မင်းအမေဈေးသုံးဖို့ ငွေအနည်းငယ် ပေးလိုက်မယ်.. သြော် ဒါနဲ့ မင်းအခု အလုပ်မရှိဘူး အားနေတယ် မဟုတ်လား နက်ဖြန်.. ဦးလေးရဲ့ ကျောက်မျက်ဆိုင်မှာ အလုပ် လာလုပ်ကွာ၊ ဦးလေးက မင်းကို လုပ်အားခ ပေးမှာပေါ့ကွ ''.. လို့ပြောလိုက်တယ်။

ကောင်လေးလည်း သူ့ဦးလေးပေးလိုက်သည့် ငွေအနည်းငယ်နဲ့ သူတို့မိသားစု ရေရှည် ရပ်တည်နိုင်မည်မဟုတ်။ နက်ဖြန်က စလို့ ဦးလေးဆိုင်မှာ အလုပ်ဆင်းမှ ဖြစ်မယ်လို့ စဉ်းစားမိတယ်။

နောက်နေ့ကစ၍ ကောင်လေးသည် သူ့ဦးလေးဆိုင်သို့ သွားရောက်ပြီး အလုပ်ဆင်းသည်။ သူသည် အလုပ်လုပ်နေရင်း အဖိုးတန်ကျောက်မျက် တို့၏ အကြောင်းကို လေ့လာ သင်ယူခဲ့သည်။ လုပ်သက် ရင့်လာတာနဲ့အမျှ ကျောက်မျက်အကြောင်းကို အတော်လေး စစ်ဆေး အကဲဖြတ်နိုင်လာသည်။ ကျောက်မျက်ကို ကြည့်ရှုပြီး ဈေးဖြတ်နိုင်သည့်အဆင့်သို့ပင် ကျွမ်းကျင်တတ်မြောက်လာ ခဲ့လေသည်။

တနေ့မှာ ဦးလေးက '' လူလေးရေ မင်းအမေဆီ သွားလိုက်ဦး အခုကျောက်မျက်ဈေးတွေ ကောင်းနေတယ် ဒီအချိန်ရောင်းရင် ဈေးကောင်းရမှာလို့ ပြောပြီး နီလာဘယက်ကို ယူလာခဲ့ '' ပြောသည်။

ကောင်လေးလည်း အိမ်ပြန်ခဲ့သည်။ သူ့အမေဆီမှ နီလာလည်ဆွဲကို ယူပြီး စစ်ဆေးကြည့်ရှုရာ လည်ဆွဲမှာ အစစ်မဟုတ် အတုဖြစ်ကြောင်း သိရလေသည်။

နောက်တနေ့တွင် ကောင်လေးသည် သူ့ဦးလေးဆိုင်သို့ ပြန်လာခဲ့သည်။ လည်ဆွဲကိုတော့ သူ မယူလာခဲ့တော့ပေ။ ဦးလေးမှ လည်ဆွဲဘာလို့ မယူလာကြောင်းမေးရာ..

'' လည်ဆွဲလား မယူခဲ့တော့ဘူးလေ ကျွန်တော်သေသေချာချာ စစ်ဆေးကြည့်ခဲ့ပြီးပြီ၊ အဲ့ဒါအတုကြီးဗျ ဘာမှတန်ဖိုးမရှိပါဘူးဗျာ '' ဟု ပြောလိုက်သည်။ ပြီးနောက် ကောင်လေးက ဦးလေးကို ပြန်မေးလိုက်သည်။

'' ဦးလေး.. အမေ့လည်ဆွဲဟာ အတုကြီးမှန်း ဦးလေးသိပြီး ဖြစ်ပေမယ့် ဘာဖြစ်လို့ ဈေးကောင်းရမှ ရောင်းပါ ဆိုပြီး သိမ်းခိုင်းထားရတာလဲခင်ဗျာ..''

'' ဒီမယ် လူကလေး မင်း လည်ဆွဲကို ယူလာခဲ့စဉ်တုန်းက လည်ဆွဲက အတုပါလို့ ငါပြောလိုက်ရင် မင်းတို့မိသားစု စိတ်ဓာတ် ပိုကျသွားမယ် ၊ နောက်ပြီး ငါက လိမ်ပြောတယ်လို့ မင်းတို့ ထင်ကြလိမ့်မယ် ၊ အခုဆို မင်းလည်း ကျောက်မျက်အကြောင်း သိနေပြီပဲ ။ လည်ဆွဲက အတု ဆိုတာကို မင်းကိုယ်တိုင် သိသွားရတာပေါ့ ''

အသိဉာဏ်မပါတဲ့ စောင့်ရှောက်ခြင်းဟာ အထင်လွဲခြင်းနဲ့ ပျက်စီးခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အမြော်အမြင်ကြီးစွာ ဆောင်ရွက်သင့်လှတယ်။

crd

Zawgyi

နီလာလည္ဆြဲ

ပန္းထိမ္ဆရာတဦး ကြယ္လြန္သြားၿပီးေနာက္ သူ၏မိသားစုမွာ စီးပြားေရးအေျခအေန က်ဆင္းလာခဲ့သည္။ ေန႔စဥ္ စားဝတ္ေနေရး ေျဖရွင္းရန္အတြက္ မိသားစုမွာ ေငြေၾကးအခက္အခဲ ႏွင့္ရင္ဆိုင္ေနရသည္။ တေန႔မွာ ပန္းထိမ္ဆရာရဲ႕ဇနီးက နီလာလည္ဆြဲေလး တခုကို သိမ္းထားရာမွထုတ္လိုက္ၿပီး သူမ၏သားကို ေပးၿပီး

'' သားေရ... ဒီလည္ဆြဲကို ယူၿပီး မင္းဦးေလး ဆိုင္ကိုသြား... လည္ဆြဲကိုေပးလိုက္... လည္ဆြဲအတြက္ တန္ဖိုးေငြကို... သားျပန္ယူလာခဲ့ပါ...''... လို႔ ေျပာတယ္။

ေကာင္ေလးလည္း မိခင္ေျပာသည့္အတိုင္း လည္ဆြဲကိုယူၿပီး သူ႔ဦးေလးဆီ သြားေပးသည္။ ဦးေလးသည္ လည္ဆြဲကို ယူၾကည့္ၿပီး ေကာင္ေလးကိုေျပာတယ္...

'' သားေရ... လည္ဆြဲကို မင္းအေမဆီ ျပန္ယူသြားလိုက္ဦး... သူ႔ကိုေျပာလိုက္ ... အခု ေက်ာက္မ်က္ေဈးေတြ က်ေနတယ္... ေနာက္... ေဈးေကာင္းတဲ့အခါမွ ေရာင္းပါလို႔ ေျပာ

အခုေတာ့ မင္းအေမေဈးသုံးဖို႔ ေငြအနည္းငယ္ေပးလိုက္မယ္ ... ေၾသာ္ ဒါနဲ႔ မင္းအခု အလုပ္မရွိဘူး အားေနတယ္ မဟုတ္လား နက္ျဖန္.... ဦးေလးရဲ႕ ေက်ာက္မ်က္ဆိုင္မွာ အလုပ္ လာလုပ္ကြာ၊ ဦးေလးက မင္းကို လုပ္အားခ ေပးမွာေပါ့ကြ '' .. လို႔ေျပာလိုက္တယ္။

ေကာင္ေလးလည္း သူ႔ဦးေလးေပးလိုက္သည့္ ေငြအနည္းငယ္နဲ႔ သူတို႔မိသားစု ေရရွည္ ရပ္တည္ႏိုင္မည္မဟုတ္။ နက္ျဖန္က စလို႔ ဦးေလးဆိုင္မွာ အလုပ္ဆင္းမွ ျဖစ္မယ္လို႔ စဥ္းစားမိတယ္။

ေနာက္ေန႔ကစ၍ ေကာင္ေလးသည္ သူ႔ဦးေလးဆိုင္သို႔ သြားေရာက္ၿပီး အလုပ္ဆင္းသည္။ သူသည္ အလုပ္လုပ္ေနရင္း အဖိုးတန္ေက်ာက္မ်က္ တို႔၏ အေၾကာင္းကို ေလ့လာ သင္ယူခဲ့သည္။ လုပ္သက္ ရင့္လာတာနဲ႔အမွ် ေက်ာက္မ်က္အေၾကာင္းကို အေတာ္ေလး စစ္ေဆးအကဲျဖတ္ႏိုင္လာသည္။ ေက်ာက္မ်က္ကို ၾကည့္ရႈၿပီး ေဈးျဖတ္ႏိုင္သည့္အဆင့္သို႔ပင္ ကြၽမ္းက်င္တတ္ေျမာက္လာ ခဲ့ေလသည္။

တေန႔မွာ ဦးေလးက '' လူေလးေရ မင္းအေမဆီသြားလိုက္ဦး အခုေက်ာက္မ်က္ေဈးေတြ ေကာင္းေနတယ္ ဒီအခ်ိန္ေရာင္းရင္ ေဈးေကာင္းရမွာလို႔ ေျပာၿပီး နီလာဘယက္ကို ယူလာခဲ့ '' ေျပာသည္။

ေကာင္ေလးလည္း အိမ္ျပန္ခဲ့သည္။ သူ႔အေမဆီမွ နီလာလည္ဆြဲကိုယူၿပီး စစ္ေဆးၾကည့္ရႈရာ လည္ဆြဲမွာ အစစ္မဟုတ္ အတုျဖစ္ေၾကာင္းသိရေလသည္။

ေနာက္တေန႔တြင္ ေကာင္ေလးသည္ သူ႔ဦးေလးဆိုင္သို႔ ျပန္လာခဲ့သည္။ လည္ဆြဲကိုေတာ့ သူ မယူလာခဲ့ေတာ့ေပ။ ဦးေလးမွ လည္ဆြဲဘာလို႔မယူလာေၾကာင္းေမးရာ

'' လည္ဆြဲလား မယူခဲ့ေတာ့ဘူးေလ ကြၽန္ေတာ္ေသေသခ်ာခ်ာ စစ္ေဆးၾကည့္ခဲ့ၿပီးၿပီ၊ အဲ့ဒါအတုႀကီးဗ် ဘာမွတန္ဖိုးမရွိပါဘူးဗ်ာ '' ဟု ေျပာလိုက္သည္။ ၿပီးေနာက္ ေကာင္ေလးက ဦးေလးကို ျပန္ေမးလိုက္သည္

'' ဦးေလး... အေမ့လည္ဆြဲဟာ အတုႀကီးမွန္း ဦးေလးသိၿပီးျဖစ္ေပမယ့္ ဘာျဖစ္လို႔ ေဈးေကာင္းရမွ ေရာင္းပါ ဆိုၿပီး သိမ္းခိုင္းထားရတာလဲခင္ဗ်ာ...''

'' ဒီမယ္ လူကေလး မင္း လည္ဆြဲကို ယူလာခဲ့စဥ္တုန္းက လည္ဆြဲက အတုပါလို႔ ငါေျပာလိုက္ရင္ မင္းတို႔မိသားစု စိတ္ဓာတ္ ပိုက်သြားမယ္ ေနာက္ၿပီး ငါက လိမ္ေျပာတယ္လို႔ မင္းတို႔ ထင္ၾကလိမ့္မယ္ ၊ အခုဆို မင္းလည္း ေက်ာက္မ်က္အေၾကာင္း သိေနၿပီပဲ ။ လည္ဆြဲက အတုဆိုတာကို မင္းကိုယ္တိုင္ သိသြားရတာေပါ့ ''

အသိဉာဏ္မပါတဲ့ ေစာင့္ေရွာက္ျခင္းဟာ အထင္လြဲျခင္းနဲ႔ ပ်က္စီးျခင္းတို႔ ျဖစ္ေစႏိုင္ပါတယ္။ ဒါေၾကာင့္ အေျမာ္အျမင္ႀကီးစြာ ေဆာင္႐ြက္သင့္လွတယ္။

crd

Post a Comment

0 Comments