တစ်ပတ်စာ ဟောစာတမ်း
(၁၀.၁၀.၂၀၂၁) မှ (၁၆.၁၀.၂၀၂၁) ရက်နေ့အထိ
ခုနစ်ရက် သားသမီးများအတွက် တစ်ပတ်စာ ကံကြမ္မာနှင့် ယတြာများကို အခမဲ့ ဖတ်ရှုလိုက်ပါ။
တနင်္ဂနွေ သားသမီး
အချစ်ရေးမှာ ချစ်သူ၏ သွေးအေးမှုကြောင့် အနည်းငယ် စိတ်ညစ်ရမည်။ အိမ်ထောင်ရေးမှာလည်း အထစ်ငေါ့ဖြစ်မည်။
ကံကောင်းစေသော ဂဏန်း - ၁ ၄ ၅
တနင်္လာ သားသမီး
အချစ်ရေးနှင့် အိမ်ထောင်ရေးမှာ သာယာပါသည်။
ကံကောင်းစေသော ဂဏန်း - ၄ ၅ ၈
အင်္ဂါ သားသမီး
အချစ်ရေး ကံကောင်းပါသည်။ ချစ်သူ၏ ကူညီမှုကို ရရှိမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။
ကံကောင်းစေသော ဂဏန်း - ၁ ၇ ၈
ဗုဒ္ဓဟူး သားသမီး
အချစ်ရေးမှာ အဆင်ပြေပါသည်။ ချစ်သူ၏ နားလည်ပေးမှုကြောင့် စိတ်ချမ်းသာမည်။ အိမ်ထောင်ရေးမှာလည်း သာယာပါသည်။
ကံကောင်းစေသော ဂဏန်း - ၂ ၄ ၉
ကြာသပတေး သားသမီး
အချစ်ရေးမှာ ချစ်သူ၏ အထင်မှားမှုကို ခံရလိမ့်မည်။ အိမ်ထောင်ရေးမှာလည်း သာယာမှု မရှိပါ။
ကံကောင်းစေသော ဂဏန်း - ၄ ၆ ၇
သောကြာ သားသမီး
အချစ်ရေး သာယာပါသည်။ ချစ်သူထံမှ သတင်းကောင်း ကြားရမည်။ အိမ်ထောင်ရေးလည်း သာယာပါသည်။
ကံကောင်းစေသော ဂဏန်း - ၁ ၃ ၉
စနေ သားသမီး
အချစ်ရေးမှာ ချစ်သူ၏ သဝန်တိုမှုကြောင့် ပြသနာ တက်လိမ့်မည်။ အိမ်ထောင်ရေးမှာလည်း အိမ်ထောင်ဘက်နှင့် မျက်နှာချင်း ဆိုင်မရအောင် ဖြစ်လိမ့်မည်။
ကံကောင်းစေသော ဂဏန်း - ၂ ၃ ၆
Sir Min Thein Kha
0 Comments