ကြွက်မကိုက်ပါစေနဲ့

တခါတုန်းက ရွာတရွာကို ရသေ့ကြီးတပါး ရောက်လာပြီး တရားဟောသတဲ့ ။ ဒီတော့ ရွာသားတယောက်ဟာ ရသေ့ကြီး အပေါ် ကြည်ညိုလေးစားပြီး ရသေ့ဝတ်ခွင့် တောင်းသတဲ့ ။ ရသေ့ကြီးကလည်း..

" အေး ငါကတော့ ဟိမဝန္တာကို သွားပြီး ၅ နှစ် တရား အားထုတ်လိုက်ဦးမယ် ၊ မင်းက ရသေ့လေး ဝတ်ပြီး ဒီရွာမှာ စောင့်နေ ၅ နှစ်ပြည့်ရင် ငါ လာခေါ်လိုက်မယ် " လို့မှာပြီး ဟိမဝန္တာကို ထွက်သွားခဲ့သတဲ့ ။ ဒီလိုနဲ့ ရသေ့လေးဟာ ဆရာအလာကို စောင့်မျှော်ပြီး နေသတဲ့ ။

နောက်တနေ့မှာ ရွာထဲကို ဆွမ်းခံ ထွက်တဲ့အခါ ရွာသူ ရွာသားတွေက စားစရာတွေ သာမကပဲ ရသေ့လေး သီတင်းသုံးဖို့ ဆိုပြီး သစ်ခက်တဲကျောင်းလေး တခုပါ ဆောက်ပေးပြီး ပစ္စည်းလေးပါး ဒါယကာ ခံယူကြသတဲ့ ။

ဒီလိုနဲ့ တနေ့မှာ ရသေ့လေးရဲ့ ခါးပမ်းကြိုးကို ကြွက်ကိုက် သွားပါလေရော တဲ့ ။ ဒါကို ရွာသူရွာသားတွေက မြင်တော့ ရသေ့လေးရဲ့ ကျောင်းမှာ ကြွက်တွေ ပေါနေတယ် ထင်ပါရဲ့ ၊ ကြွက်တွေ ပြေးအောင် ဆိုပြီး ကြောင်တကောင်ကို လှူလိုက်ကြသတဲ့။

ရသေ့လေးမှာ ကြွက် ရန်က အေးသွားသော်လည်း ကြောင်က အမ ဆိုတော့ ကြောင်ပေါက်စလေးတွေ မွေးပါလေရော ။ ဖြစ်ချင်တော့ ကြောင် အမေကြီးက နို့မထွက်ဘူးတဲ့ ။ ဒါနဲ့ ရွာထဲကို နွားနို့ အလှူခံရပြန်တယ် ။ ကြောင်ပေါက်စလေးတွေ သောက်ဖို့ အတွက်လေ ။ ဒီတော့ ရွာသားတွေကလည်း ရသေ့လေး အဆင်ပြေအောင် ဆိုပြီး နွားမလေး တကောင်ကို လှူပြန်သတဲ့ ။

ဒီလိုနဲ့ နွေရောက်တော့ နွားအတွက် ကောက်ရိုးက လိုလာ ပြန်ရော ။ ရွာသားတွေကလည်း ကောက်ရိုးအတွက် အဆင်ပြေအောင် ဆိုပြီး ကျောင်းရှေ့မှာ စပါးခင်လေး စိုက်ပေးကြသတဲ့။ ပြီးတော့ ကောက်စိုက်ဖို့ နွားစာကြွေးဖို့ အတွက် ဆိုပြီး ရွာထဲက လုံမပျို တဦးကို လစာနဲ့ ငှားပေထားကြသတဲ့ ။

ဒီလိုနဲ့ ၅ နှစ် ပြည့်လို့ ရသေ့ကြီး ရောက်လာတဲ့အခါ အလွန်ပဲ အံ့သြသွားခဲ့ ရတယ် ။ ဘာလို့လဲ ဆိုတော့ သူ့ရဲ့ ရသေ့လေးမှာ ကြောင်မိသားစုက တအုပ် နွားအုပ်ကြီးက တအုပ် လယ်ကွင်းပြင်ကြီး နဲ့ ကလေး ငိုသံတွေကလည်း ဆူလို့ ညံလို့ ရသေ့ကြီးက..

" ဒါက ဘယ်လိုဖြစ်တာလဲ " လို့ မေးတဲ့အခါ သူ့တပည့် ဖြေလိုက်ပုံက

" ခါးပမ်းကြိုး ကြွက်ကိုက်ရာက စတာပါ ဘုရား " ဟူသတည်း ။

crd

Zawgyi

ႂကြက္မကိုက္ပါေစနဲ႔

တခါတုန္းက ႐ြာတ႐ြာကို ရေသ့ႀကီးတပါး ေရာက္လာၿပီး တရားေဟာသတဲ့ ။ ဒီေတာ့ ႐ြာသားတေယာက္ဟာ ရေသ့ႀကီး အေပၚ ၾကည္ညိဳေလးစားၿပီး ရေသ့ဝတ္ခြင့္ ေတာင္းသတဲ့ ။ ရေသ့ႀကီးကလည္း

" ေအး ငါကေတာ့ ဟိမဝႏၲာကို သြားၿပီး ၅ ႏွစ္ တရား အားထုတ္လိုက္ဦးမယ္ ၊ မင္းက ရေသ့ေလး ဝတ္ၿပီး ဒီ႐ြာမွာ ေစာင့္ေန ၅ ႏွစ္ျပည့္ရင္ ငါ လာေခၚလိုက္မယ္ " လို႔မွာၿပီး ဟိမဝႏၲာကို ထြက္သြားခဲ့သတဲ့ ။ ဒီလိုနဲ႔ ရေသ့ေလးဟာ ဆရာအလာကို ေစာင့္ေမွ်ာ္ၿပီး ေနသတဲ့ ။

ေနာက္တေန႔မွာ ႐ြာထဲကို ဆြမ္းခံ ထြက္တဲ့အခါ ႐ြာသူ ႐ြာသားေတြက စားစရာေတြ သာမကပဲ ရေသ့ေလး သီတင္းသုံးဖို႔ ဆိုၿပီး သစ္ခက္တဲေက်ာင္းေလး တခုပါ ေဆာက္ေပးၿပီး ပစၥည္းေလးပါး ဒါယကာ ခံယူၾကသတဲ့ ။

ဒီလိုနဲ႔ တေန႔မွာ ရေသ့ေလးရဲ႕ ခါးပမ္းႀကိဳးကို ႂကြက္ကိုက္ သြားပါေလေရာ တဲ့ ။ ဒါကို ႐ြာသူ႐ြာသားေတြက ျမင္ေတာ့ ရေသ့ေလးရဲ႕ ေက်ာင္းမွာ ႂကြက္ေတြ ေပါေနတယ္ ထင္ပါရဲ႕ ၊ ႂကြက္ေတြ ေျပးေအာင္ ဆိုၿပီး ေၾကာင္တေကာင္ကို လႉလိုက္ၾကသတဲ့။

ရေသ့ေလးမွာ ႂကြက္ ရန္က ေအးသြားေသာ္လည္း ေၾကာင္က အမ ဆိုေတာ့ ေၾကာင္ေပါက္စေလးေတြ ေမြးပါေလေရာ ။ ျဖစ္ခ်င္ေတာ့ ေၾကာင္ အေမႀကီးက ႏို႔မထြက္ဘူးတဲ့ ။ ဒါနဲ႔ ႐ြာထဲကို ႏြားႏို႔ အလႉခံရျပန္တယ္ ။ ေၾကာင္ေပါက္စေလးေတြ ေသာက္ဖို႔ အတြက္ေလ ။ ဒီေတာ့ ႐ြာသားေတြကလည္း ရေသ့ေလး အဆင္ေျပေအာင္ ဆိုၿပီး ႏြားမေလး တေကာင္ကို လႉျပန္သတဲ့ ။

ဒီလိုနဲ႔ ေႏြေရာက္ေတာ့ ႏြားအတြက္ ေကာက္႐ိုးက လိုလာ ျပန္ေရာ ။ ႐ြာသားေတြကလည္း ေကာက္႐ိုးအတြက္ အဆင္ေျပေအာင္ ဆိုၿပီး ေက်ာင္းေရွ႕မွာ စပါးခင္ေလး စိုက္ေပးၾကသတဲ့။ ၿပီးေတာ့ ေကာက္စိုက္ဖို႔ ႏြားစာေႂကြးဖို႔ အတြက္ ဆိုၿပီး ႐ြာထဲက လုံမပ်ိဳ တဦးကို လစာနဲ႔ ငွားေပထားၾကသတဲ့ ။

ဒီလိုနဲ႔ ၅ ႏွစ္ ျပည့္လို႔ ရေသ့ႀကီး ေရာက္လာတဲ့အခါ အလြန္ပဲ အံ့ၾသသြားခဲ့ ရတယ္ ။ ဘာလို႔လဲ ဆိုေတာ့ သူ႔ရဲ႕ ရေသ့ေလးမွာ ေၾကာင္မိသားစုက တအုပ္ ႏြားအုပ္ႀကီးက တအုပ္ လယ္ကြင္းျပင္ႀကီး နဲ႔ ကေလး ငိုသံေတြကလည္း ဆူလို႔ ညံလို႔ ရေသ့ႀကီးက

" ဒါက ဘယ္လိုျဖစ္တာလဲ " လို႔ ေမးတဲ့အခါ သူ႔တပည့္ ေျဖလိုက္ပုံက

" ခါးပမ္းႀကိဳး ႂကြက္ကိုက္ရာက စတာပါ ဘုရား " ဟူသတည္း ။

crd

Post a Comment

0 Comments