ဆယ်ကျော်သက် အရွယ် ကောင်လေးတယောက်ကို အိပ်ယာ မသိမ်းမိလို့ မိခင်ဖြစ်သူက " ထမင်းစားချိန်မှန်းလဲမသိ အပြင်ထွက်လည်း မိဘဆီ ခွင့်မတိုင် ကြည့်စမ်း ဘယ်အချိန်ရှိနေပြီလဲ တနေကုန် ဂိမ်းဆော့နေ " အစရှိသဖြင့် ဆူပူကြိမ်းမောင်းကာ သားဖြစ်သူက သီးမခံနိုင်လို့..
" ဟာဗျာ အမေကလည်း ကျနော်က ကလေး မဟုတ်တော့ဘူး တနေ့လုံး ဗျစ်တောက် ဗျစ်တောက်နဲ့ နားငြီးတယ် ကျနော့ဟာ ကျနော် ကြိုက်သလိုနေပေါ့ အမေ မစပ်စုချင်ပါနဲ့ " လို့ သူ့အမေကို အသံကြီး ဟစ်ကျယ်နဲ့ ပြန်ပြောခဲ့တယ် ။ အမေက တလှည့် သားကတလှည့် စကားများကြရာက အနီးအနားမှာ ထိုင်နေတဲ့ အဖေဖြစ်သူက ကြားပြန်ဖြေတဲ့ အနေနဲ့ သူ့သားကို ခေါ်လိုက်ပါတယ်။
" သားရေ အဖေ့ဆီလာပါဦးကွာ" သားဖြစ်သူက ခြေဆောင့်ရင်း အိမ်ပေါ်ကနေ ဆင်းသွားပြီး အဖေခေါ်ရာကို လိုက်ခဲ့ပါတယ် ။ အဖေဖြစ်သူက သားပခုံးကို လှမ်းဖက်ရင်း အပြင်ဘက်ကို လမ်းလျှောက် ထွက်ခဲ့ပါတယ်။ " သား ဘာဖြစ်လို့ အမေ့ကို ပြန်ပြောနေရ တာလဲ "
" အဖေကလည်း ကျနော်က ကလေးမှ မဟုတ်တော့တာ နေ့တိုင်းလိုလို ကျနော့်ကို အပြစ်မြင်နေတယ် နေ့တိုင်း ဆူပူနေတယ် ကျနော် ဒီအိမ်မှာ မနေချင်တော့ဘူး ဖေဖေရယ် "
" အော် သားက မေမေ့ ဆိုဆုံးမစကားတွေ ဆူတယ်လို့ ထင်နေတာကိုး ။ မေမေ မဆူအောင် မေမေ့ပြောတဲ့ အတိုင်း ငါ့သားနေပေါ့ကွ "
" ဖေဖေလည်း မေမေ့လိုပဲ သားကို မချစ်ဘူးပေါ့ "
" မဟုတ်ပါဘူး သားရယ် ဘယ်မိဘကမှ ကိုယ့်သားသမီးကို လမ်းမှား မရောက်စေချင်ဘူး ကြိုတင်တားဆီးတဲ့ အနေနဲ့ ပြောဆို ဆုံးမနေတာ"
" တော်ပြီ ဖေဖေလည်း မေမေ့လိုပဲ သားကို အကောင်းမမြင်ဘူး ဆူဖို့ပဲ "
" ကဲ ဖေဖေတခုပြောမယ် သေချာနားထောင် "
" ဘာပြောမှာလဲ ဖေဖေ သားနားထောင်နေတယ် "
" သားက မေမေ့ကို တခွန်းမကျန် အာခံပြန်ပြောတယ်နော် သား သေချာစဉ်းစား "
" သား ပြန်ပြောမှာပေါ့ ဖေဖေ နေ့တိုင်း ဗျစ်တောက် ဗျစ်တောက် ဆိုတော့ သား နားငြီးတယ် "
" ကဲ ဒါဆိုဖေဖေ အချက် ၁၀ ချက် ပြောပြမယ် အဲဒီအချက် ၁၀ ချက်လုံး သားလိုက်နာနိုင်ရင် သားမေ့မေ့ကို ကြိုက်သလို အာခံပြီး ပြန်ပြောလို့ရပြီ "
" ပြောပါ ဖေဖေ သားနားထောင်ပါ့မယ် "
" ဒါဆိုသေချာနားထောင်
၁။ သုံးလတိတိ သား ထမင်းစားပြီးတိုင်း အန်နိုင်မလား
၂ ။ သားရဲ့ ဝမ်းဗိုက်ထဲ ဘောလုံးထည့်ပြီး ကြီးမားလာအောင် တလတခါ ရေထိုးသွင်းမယ် ဆယ်လ တိုင်တိုင် သားအလေးခံပြီး သယ်ထားနိုင်မလား
၃။ ကော်ဖီ ၊ လက်ဖက်ရည် ၊ ကိုယ်ကြိုက်တဲ့မုန့် အစားအစာတွေ မစားပဲ ခြောက်လတိုင်တိုင် အငတ်ခံ နေနိုင်မလား
၄။ ညညအိပ်ရင်လည်း ဗယ်ညာ မစောင်းပဲ ငြိမ်ငြိမ်လေးနဲ့ ၅ လတိုင်တိုင် အိပ်နိုင်မလား
၅။ ၈ လတိုင်တိုင် ဆော့ကစားတာတို့ လျှောက်လည်တာတို့ ကခုန်တာတို့ မလုပ်ပဲ အိမ်ထဲမှာပဲ နေနိုင်မလား
၆။ နာဖျားလို့ မရှိအောင် ကိုယ့်ကို ဂရုစိုက်နေရလို့ ကြိုက်တဲ့ အစားအသောက်တွေ မစားပဲနေမယ် နာဖျားခဲ့ရင်တောင် ဆေးတွေ စိတ်ကြိုက်စားခွင့်မရှိပဲ ၁၀ လအထိ သားနေနိုင်လား
၇။ ၁၄ နာရီအကြာ အသက်နဲ့ ရင်းပြီး နာကျင် ကိုက်ခဲတဲ့ ဝေဒနာ သားခံနိုင်မလား
၈။ ကိုယ့်နို့သီးခေါင်းကို ကိုက်ရင် နာပေမယ့် ၁၀ လအထိ အောင့်အည်း သီးခံနိူင်မလား
၉။ ချီးတွေ ၊ သေးတွေ ၊ အန်ဖတ်တွေ ၂ နှစ် တိုင်တိုင် သားက ကြုံးနိုင်မလား
၁၀။ ညညဆိုရင်လည်း နှစ်နာရီ တခါ တနှစ်လုံးလုံး အိပ်ရေးပျက်ခံပြီး ထနိုင်မလား ။ ကဲ သား အဲဒီအချက် ၁၀ ချက် လိုက်နာလို့ နိုင်မလား တကယ်လို့ သားက တချက်မကျန် လိုက်နာနိုင်ရင် မေမေ့ကို ကြိုက်သလို အာခံပြီး ပြန်ပြောလို့နိုင်ပြီ "
သားဖြစ်သူက ခေတ္တမှိုင်ပြီး အတွေးတခုဝင်လာကာ " ဟုတ်ကဲ့ဖေဖေ သားနားလည်ပါပြီ နောက်ဘယ်တော့မှ မေမေ့ကိုရော ဖေဖေ့ကိုပါ သားပြန်မပြောတော့ ပါဘူးလို့ သားကတိပေးပါတယ် ဖေဖေ "
" ကဲ သားလိမ္မာလေး မေမေ့ကို ဝန်ချတောင်းပန်ပြီး ကန်တော့လိုက်နော် " သားလိမ်မာ သမီးလိမ္မာလေး ဖြစ်ကြပါစေ ။
crd
Zawgyi
အေမ့ကို ျပန္မေျပာခင္ ဒါေလးဖတ္ႀကည့္ပါ
ဆယ္ေက်ာ္သက္ အ႐ြယ္ ေကာင္ေလးတေယာက္ကို အိပ္ယာ မသိမ္းမိလို႔ မိခင္ျဖစ္သူက " ထမင္းစားခ်ိန္မွန္းလဲမသိ အျပင္ထြက္လည္း မိဘဆီ ခြင့္မတိုင္ ၾကည့္စမ္း ဘယ္အခ်ိန္ရွိေနၿပီလဲ တေနကုန္ ဂိမ္းေဆာ့ေန " အစရွိသျဖင့္ ဆူပူႀကိမ္းေမာင္းကာ သားျဖစ္သူက သီးမခံႏိုင္လို႔
" ဟာဗ်ာ အေမကလည္း က်ေနာ္က ကေလး မဟုတ္ေတာ့ဘူး တေန႔လုံး ဗ်စ္ေတာက္ ဗ်စ္ေတာက္နဲ႔ နားၿငီးတယ္ က်ေနာ့ဟာ က်ေနာ္ ႀကိဳက္သလိုေနေပါ့ အေမ မစပ္စုခ်င္ပါနဲ႔ " လို႔ သူ႔အေမကို အသံႀကီး ဟစ္က်ယ္နဲ႔ ျပန္ေျပာခဲ့တယ္ ။ အေမက တလွည့္ သားကတလွည့္ စကားမ်ားၾကရာက အနီးအနားမွာ ထိုင္ေနတဲ့ အေဖျဖစ္သူက ၾကားျပန္ေျဖတဲ့ အေနနဲ႔ သူ႔သားကို ေခၚလိုက္ပါတယ္။
" သားေရ အေဖ့ဆီလာပါဦးကြာ" သားျဖစ္သူက ေျခေဆာင့္ရင္း အိမ္ေပၚကေန ဆင္းသြားၿပီး အေဖေခၚရာကို လိုက္ခဲ့ပါတယ္ ။ အေဖျဖစ္သူက သားပခုံးကို လွမ္းဖက္ရင္း အျပင္ဘက္ကို လမ္းေလွ်ာက္ ထြက္ခဲ့ပါတယ္။ " သား ဘာျဖစ္လို႔ အေမ့ကို ျပန္ေျပာေနရ တာလဲ "
" အေဖကလည္း က်ေနာ္က ကေလးမွ မဟုတ္ေတာ့တာ ေန႔တိုင္းလိုလို က်ေနာ့္ကို အျပစ္ျမင္ေနတယ္ ေန႔တိုင္း ဆူပူေနတယ္ က်ေနာ္ ဒီအိမ္မွာ မေနခ်င္ေတာ့ဘူး ေဖေဖရယ္ "
" ေအာ္ သားက ေမေမ့ ဆိုဆုံးမစကားေတြ ဆူတယ္လို႔ ထင္ေနတာကိုး ။ ေမေမ မဆူေအာင္ ေမေမ့ေျပာတဲ့ အတိုင္း ငါ့သားေနေပါ့ကြ "
" ေဖေဖလည္း ေမေမ့လိုပဲ သားကို မခ်စ္ဘူးေပါ့ "
" မဟုတ္ပါဘူး သားရယ္ ဘယ္မိဘကမွ ကိုယ့္သားသမီးကို လမ္းမွား မေရာက္ေစခ်င္ဘူး ႀကိဳတင္တားဆီးတဲ့ အေနနဲ႔ ေျပာဆို ဆုံးမေနတာ"
" ေတာ္ၿပီ ေဖေဖလည္း ေမေမ့လိုပဲ သားကို အေကာင္းမျမင္ဘူး ဆူဖို႔ပဲ "
" ကဲ ေဖေဖတခုေျပာမယ္ ေသခ်ာနားေထာင္ "
" ဘာေျပာမွာလဲ ေဖေဖ သားနားေထာင္ေနတယ္ "
" သားက ေမေမ့ကို တခြန္းမက်န္ အာခံျပန္ေျပာတယ္ေနာ္ သား ေသခ်ာစဥ္းစား "
" သား ျပန္ေျပာမွာေပါ့ ေဖေဖ ေန႔တိုင္း ဗ်စ္ေတာက္ ဗ်စ္ေတာက္ ဆိုေတာ့ သား နားၿငီးတယ္ "
" ကဲ ဒါဆိုေဖေဖ အခ်က္ ၁၀ ခ်က္ ေျပာျပမယ္ အဲဒီအခ်က္ ၁၀ ခ်က္လုံး သားလိုက္နာႏိုင္ရင္ သားေမ့ေမ့ကို ႀကိဳက္သလို အာခံၿပီး ျပန္ေျပာလို႔ရၿပီ "
" ေျပာပါ ေဖေဖ သားနားေထာင္ပါ့မယ္ "
" ဒါဆိုေသခ်ာနားေထာင္
၁။ သုံးလတိတိ သား ထမင္းစားၿပီးတိုင္း အန္ႏိုင္မလား
၂ ။ သားရဲ႕ ဝမ္းဗိုက္ထဲ ေဘာလုံးထည့္ၿပီး ႀကီးမားလာေအာင္ တလတခါ ေရထိုးသြင္းမယ္ ဆယ္လ တိုင္တိုင္ သားအေလးခံၿပီး သယ္ထားႏိုင္မလား
၃။ ေကာ္ဖီ ၊ လက္ဖက္ရည္ ၊ ကိုယ္ႀကိဳက္တဲ့မုန႔္ အစားအစာေတြ မစားပဲ ေျခာက္လတိုင္တိုင္ အငတ္ခံ ေနႏိုင္မလား
၄။ ညညအိပ္ရင္လည္း ဗယ္ညာ မေစာင္းပဲ ၿငိမ္ၿငိမ္ေလးနဲ႔ ၅ လတိုင္တိုင္ အိပ္ႏိုင္မလား
၅။ ၈ လတိုင္တိုင္ ေဆာ့ကစားတာတို႔ ေလွ်ာက္လည္တာတို႔ ကခုန္တာတို႔ မလုပ္ပဲ အိမ္ထဲမွာပဲ ေနႏိုင္မလား
၆။ နာဖ်ားလို႔ မရွိေအာင္ ကိုယ့္ကို ဂ႐ုစိုက္ေနရလို႔ ႀကိဳက္တဲ့ အစားအေသာက္ေတြ မစားပဲေနမယ္ နာဖ်ားခဲ့ရင္ေတာင္ ေဆးေတြ စိတ္ႀကိဳက္စားခြင့္မရွိပဲ ၁၀ လအထိ သားေနႏိုင္လား
၇။ ၁၄ နာရီအၾကာ အသက္နဲ႔ ရင္းၿပီး နာက်င္ ကိုက္ခဲတဲ့ ေဝဒနာ သားခံႏိုင္မလား
၈။ ကိုယ့္ႏို႔သီးေခါင္းကို ကိုက္ရင္ နာေပမယ့္ ၁၀ လအထိ ေအာင့္အည္း သီးခံႏိူင္မလား
၉။ ခ်ီးေတြ ၊ ေသးေတြ ၊ အန္ဖတ္ေတြ ၂ ႏွစ္ တိုင္တိုင္ သားက ႀကဳံးႏိုင္မလား
၁၀။ ညညဆိုရင္လည္း ႏွစ္နာရီ တခါ တႏွစ္လုံးလုံး အိပ္ေရးပ်က္ခံၿပီး ထႏိုင္မလား ။ ကဲ သား အဲဒီအခ်က္ ၁၀ ခ်က္ လိုက္နာလို႔ ႏိုင္မလား တကယ္လို႔ သားက တခ်က္မက်န္ လိုက္နာႏိုင္ရင္ ေမေမ့ကို ႀကိဳက္သလို အာခံၿပီး ျပန္ေျပာလို႔ႏိုင္ၿပီ "
သားျဖစ္သူက ေခတၱမႈိင္ၿပီး အေတြးတခုဝင္လာကာ " ဟုတ္ကဲ့ေဖေဖ သားနားလည္ပါၿပီ ေနာက္ဘယ္ေတာ့မွ ေမေမ့ကိုေရာ ေဖေဖ့ကိုပါ သားျပန္မေျပာေတာ့ ပါဘူးလို႔ သားကတိေပးပါတယ္ ေဖေဖ "
" ကဲ သားလိမၼာေလး ေမေမ့ကို ဝန္ခ်ေတာင္းပန္ၿပီး ကန္ေတာ့လိုက္ေနာ္ " သားလိမ္မာ သမီးလိမၼာေလး ျဖစ္ၾကပါေစ ။
crd
0 Comments