မျောက်အုပ် နှင့် သရက်သီး

တခါတုန်းက ရွာတရွာမှာ အင်မတန်မှ ချိုမြိန် စားကောင်းသော သရက်ပင်ကြီး တပင်ရှိတယ်။ ထိုသရက်ပင်ကြီးဟာ ရွာလယ်ခေါင်မှာ ရှိတယ် ။ ရွာအစွန် တောစပ် တနေရာ မှာတော့ မျောက်တအုပ် ရှိတယ်။ မျောက်တွေဟာ ထိုသရက်သီးတွေ အကြောင်းကို ကြားပြီး အလွန်တရာမှ ခူးယူ စားသောက်ချင်နေ ကြတယ်။

ဘယ်လိုခူးရမလဲ မသိ။ သူတို့ သွားရောက် ခူးစားကြရင်လည်း ရွာသားများက သူတို့ကို ပြန်ပြီး ဖမ်းယူ သတ်ဖြတ် ကြဦးမယ် ။ တရက်မှာတော့ မျောက်တွေက မျောက်မင်းကြီးကို ပြောလိုက်တယ် ။ " ကျွန်တော်တို့ အဲဒီသရက်သီးတွေကို စားသောက်ချင်တယ် " ။ မျောက်မင်းကြီးကလည်း..

" မင်းတို့ တခြား အသီးတွေကို စားကြပါ ။ အဲ့ဒီ သရက်ပင်က ရွာလယ်မှာ ရှိတယ် ။ ငါတို့ သွားခူးရင် လူတွေနဲ့ တွေ့လိမ့်မယ်။ လူတွေဟာ သိပ်ကိုရက်စက်ကြတယ် ။ ငါတို့ကို သတ်ဖြတ်မှာ သေချာတယ် မသွားကြပါနဲ့ " လို့ ပြောတယ် ။

" ဒါဆို ကျွန်တော်တို့ လူတွေ အိပ်မောကျနေတဲ့ အချိန်မှာ ခိုးယူရင် ရနိုင်တယ် " လို့ မျောက်တကောင်က ထပြီး အကြံပြုလိုက် သောအခါ ထိုအကြံကို မျောက်များအားလုံး ထောက်ခံကြ၍ မျောက်မင်းကြီးမှာ ခွင့်ပြုလိုက်ရသည်။

ညအချိန် လူတွေ အိပ်မောကျနေသည့် အချိန်မှာ မျောက်တွေဟာ ကြံစည်ထားသည့် အတိုင်း သရက်ပင်ကြီးပေါ်ကို တက်ပြီး အလွန်တရာမှ အရသာရှိတဲ့ သရက်သီးတွေကို ခူးစားကြတယ် ။

သိပ်မကြာခင်မှာပဲ လူတယောက်ဟာ အပေါ့ပါး စွန့်ရန် အိမ်ပြင်သို့ ထွက်အလာ သစ်ပင်ပေါ်က မျောက်များကို မြင်တွေ့ပြီး ရွာသူရွာသားများအား နှိုးကာ သစ်ပင်အား ဝိုင်း၍ မျောက်များကို သတ်ဖြတ်ဖို့ စောင့်နေကြတယ်။

ထိုအချိန်မှာတော့ မျောက်တွေအားလုံး သရက်သီးများကို ဆက်မစားရဲတော့ ။ ငါတို့ သေရတော့မည် ဟုသာ စိတ်က ကြီးစိုးနေ လေတယ်။ သူတို့အားလုံး အသတ်ခံရတော့မည် သေချာသည် ။ တခြား ပြေးစရာ နေရာမရှိ။ အောက်မှာလည်း လူတွေက တုတ်ကိုယ်စီဖြင့် ဝိုင်းအုံနေကြသည် ။

မျောက်တွေအားလုံးဟာ မျောက်မင်းကြီးနားကို ကပ်ပြီး သနားစရာ မျက်နှာကလေးဖြင့် အစီရီ ရှိနေကြသည်။ ကျွန်တော်တို့ အားလုံး မကြာခင် သေရတော့မယ် ဟူသော ကိုယ်စီအတွေးများနဲ့ မျောက်မင်းကြီးကို ကြည့်နေခြင်းပါ။

ထိုအချိန်မှာ လူတယောက် ပြေးလာပြီး " မီး မီးလောင်နေပြီ " ဟု အော်ဟစ်ကာ ရောက်လာသည်။ အသံနှင့်အတူ မလှမ်းမကမ်းဆီမှ မီးညွန့်များကို လှမ်းမြင်လိုက်ရသည်။ ဆွမ်းထချက်ရင်း နမော်နမဲ့ ဖြစ်ကာ အိမ်ကို မီးကူးသွားသည် ဟု ဆိုကြသည်။ မီးတောက်များ ကြီးလာသည်။

မျောက်တွေကို သတ်ရန် ဝိုင်းထားသော လူတွေဟာလည်း မီးဆီကို အာရုံရောက်ပြီး ပြေးကုန်ကြသည် ။ လူတွေ မီးလောင်ရာ ပြေးတော့မှ မျောက်မင်းကြီး ဦးဆောင်ပြီး သစ်ပင်ပေါ်မှာ ဆင်းကာ အသက်ဘေးမှ ကင်းလွတ်သွားကြသည်။

တခါတလေ လုံးဝ ထင်မှတ်မထားတဲ့ အရာတွေဆီက ကူညီမှုတွေ ရတတ်ပါတယ်။ အဆုံးထိ စိတ်ဓာတ်ကျနေ စေဦး ဘဝကို အဆုံးမသတ်လိုက်ပါနဲ့။ ထွက်ပေါက် မရှိတော့ဘူး ဆိုပြီးလည်း ကိုယ့်ကိုယ်ကို အရှုံးမပေးလိုက် ပါနဲ့။ အသက်ရှင်နေ သရွေ့ ကြိုးစားခွင့် ရှိပါသေးတယ် ။ မျှော်လက်ချက်တွေ ရှိနေပါသေးတယ် ။

crd

Zawgyi

ေမ်ာက္အုပ္ ႏွင့္ သရက္သီး

တခါတုန္းက ႐ြာတ႐ြာမွာ အင္မတန္မွ ခ်ိဳၿမိန္ စားေကာင္းေသာ သရက္ပင္ႀကီး တပင္ရွိတယ္။ ထိုသရက္ပင္ႀကီးဟာ ႐ြာလယ္ေခါင္မွာ ရွိတယ္ ။ ႐ြာအစြန္ ေတာစပ္ တေနရာ မွာေတာ့ ေမ်ာက္တအုပ္ ရွိတယ္။ ေမ်ာက္ေတြဟာ ထိုသရက္သီးေတြ အေၾကာင္းကို ၾကားၿပီး အလြန္တရာမွ ခူးယူ စားေသာက္ခ်င္ေန ၾကတယ္။

ဘယ္လိုခူးရမလဲ မသိ။ သူတို႔ သြားေရာက္ ခူးစားၾကရင္လည္း ႐ြာသားမ်ားက သူတို႔ကို ျပန္ၿပီး ဖမ္းယူ သတ္ျဖတ္ ၾကဦးမယ္ ။ တရက္မွာေတာ့ ေမ်ာက္ေတြက ေမ်ာက္မင္းႀကီးကို ေျပာလိုက္တယ္ ။ " ကြၽန္ေတာ္တို႔ အဲဒီသရက္သီးေတြကို စားေသာက္ခ်င္တယ္ " ။ ေမ်ာက္မင္းႀကီးကလည္း

" မင္းတို႔ တျခား အသီးေတြကို စားၾကပါ ။ အဲ့ဒီ သရက္ပင္က ႐ြာလယ္မွာ ရွိတယ္ ။ ငါတို႔ သြားခူးရင္ လူေတြနဲ႔ ေတြ႕လိမ့္မယ္။ လူေတြဟာ သိပ္ကိုရက္စက္ၾကတယ္ ။ ငါတို႔ကို သတ္ျဖတ္မွာ ေသခ်ာတယ္ မသြားၾကပါနဲ႔ " လို႔ ေျပာတယ္ ။

" ဒါဆို ကြၽန္ေတာ္တို႔ လူေတြ အိပ္ေမာက်ေနတဲ့ အခ်ိန္မွာ ခိုးယူရင္ ရႏိုင္တယ္ " လို႔ ေမ်ာက္တေကာင္က ထၿပီး အႀကံျပဳလိုက္ ေသာအခါ ထိုအႀကံကို ေမ်ာက္မ်ားအားလုံး ေထာက္ခံၾက၍ ေမ်ာက္မင္းႀကီးမွာ ခြင့္ျပဳလိုက္ရသည္။

ညအခ်ိန္ လူေတြ အိပ္ေမာက်ေနသည့္ အခ်ိန္မွာ ေမ်ာက္ေတြဟာ ႀကံစည္ထားသည့္ အတိုင္း သရက္ပင္ႀကီးေပၚကို တက္ၿပီး အလြန္တရာမွ အရသာရွိတဲ့ သရက္သီးေတြကို ခူးစားၾကတယ္ ။

သိပ္မၾကာခင္မွာပဲ လူတေယာက္ဟာ အေပါ့ပါး စြန႔္ရန္ အိမ္ျပင္သို႔ ထြက္အလာ သစ္ပင္ေပၚက ေမ်ာက္မ်ားကို ျမင္ေတြ႕ၿပီး ႐ြာသူ႐ြာသားမ်ားအား ႏႈိးကာ သစ္ပင္အား ဝိုင္း၍ ေမ်ာက္မ်ားကို သတ္ျဖတ္ဖို႔ ေစာင့္ေနၾကတယ္။

ထိုအခ်ိန္မွာေတာ့ ေမ်ာက္ေတြအားလုံး သရက္သီးမ်ားကို ဆက္မစားရဲေတာ့ ။ ငါတို႔ ေသရေတာ့မည္ ဟုသာ စိတ္က ႀကီးစိုးေန ေလတယ္။ သူတို႔အားလုံး အသတ္ခံရေတာ့မည္ ေသခ်ာသည္ ။ တျခား ေျပးစရာ ေနရာမရွိ။ ေအာက္မွာလည္း လူေတြက တုတ္ကိုယ္စီျဖင့္ ဝိုင္းအုံေနၾကသည္ ။

ေမ်ာက္ေတြအားလုံးဟာ ေမ်ာက္မင္းႀကီးနားကို ကပ္ၿပီး သနားစရာ မ်က္ႏွာကေလးျဖင့္ အစီရီ ရွိေနၾကသည္။ ကြၽန္ေတာ္တို႔ အားလုံး မၾကာခင္ ေသရေတာ့မယ္ ဟူေသာ ကိုယ္စီအေတြးမ်ားနဲ႔ ေမ်ာက္မင္းႀကီးကို ၾကည့္ေနျခင္းပါ။

ထိုအခ်ိန္မွာ လူတေယာက္ ေျပးလာၿပီး " မီး မီးေလာင္ေနၿပီ " ဟု ေအာ္ဟစ္ကာ ေရာက္လာသည္။ အသံႏွင့္အတူ မလွမ္းမကမ္းဆီမွ မီးၫြန႔္မ်ားကို လွမ္းျမင္လိုက္ရသည္။ ဆြမ္းထခ်က္ရင္း နေမာ္နမဲ့ ျဖစ္ကာ အိမ္ကို မီးကူးသြားသည္ ဟု ဆိုၾကသည္။ မီးေတာက္မ်ား ႀကီးလာသည္။

ေမ်ာက္ေတြကို သတ္ရန္ ဝိုင္းထားေသာ လူေတြဟာလည္း မီးဆီကို အာ႐ုံေရာက္ၿပီး ေျပးကုန္ၾကသည္ ။ လူေတြ မီးေလာင္ရာ ေျပးေတာ့မွ ေမ်ာက္မင္းႀကီး ဦးေဆာင္ၿပီး သစ္ပင္ေပၚမွာ ဆင္းကာ အသက္ေဘးမွ ကင္းလြတ္သြားၾကသည္။

တခါတေလ လုံးဝ ထင္မွတ္မထားတဲ့ အရာေတြဆီက ကူညီမႈေတြ ရတတ္ပါတယ္။ အဆုံးထိ စိတ္ဓာတ္က်ေန ေစဦး ဘဝကို အဆုံးမသတ္လိုက္ပါနဲ႔။ ထြက္ေပါက္ မရွိေတာ့ဘူး ဆိုၿပီးလည္း ကိုယ့္ကိုယ္ကို အရႈံးမေပးလိုက္ ပါနဲ႔။ အသက္ရွင္ေန သေ႐ြ႕ ႀကိဳးစားခြင့္ ရွိပါေသးတယ္ ။ ေမွ်ာ္လက္ခ်က္ေတြ ရွိေနပါေသးတယ္ ။

crd

Post a Comment

0 Comments