မျောက်ကလေး နှင့် သစ်သားပန်းသီး

ဟိုးရှေးရှေးတုန်းက တောအုပ်တခုထဲမှာ ပျော်ရွှင်နေတဲ့ မျောက်တကောင်ရှိတယ် ။ သူဗိုက်ဆာလာတဲ့ အခါ အရသာရှိတဲ့ သစ်သီးတွေ စားလို့ သူမောလာတဲ့အခါ အနားယူလို့ အဲဒီ တောအုပ်ထဲမှာပဲ ပျော်မွေ့နေခဲ့တယ် ။ တနေ့တော့ သူဟာ မျက်စိလည် လမ်းမှားရင်း အိမ်တလုံးဆီ ရောက်လာခဲ့တယ် ။

အဲဒီမှာ သူမြင်လိုက်ရတာက အရမ်းကို လှပတဲ့ ပန်းသီးတွေ ထည့်ထားတဲ့ ပန်းကန်လုံးကြီးကို ပေါ့ ။ မျောက်ကလေးဟာ အိမ်ရှင်တွေ အလစ်မှာ လက်တဖက်ကို ပန်းသီးတလုံးစီ ယူပြီး တောအုပ်ထဲ ပြန်ပြေးလာခဲ့တယ် ။

မျောက်လေးဟာက ပန်းသီးကို နှာခေါင်းရှုံ့ပြီး အနံ့ခံတယ် ။ ဒါပေမယ့် ဘာအနံ့မှ မရဘူး ။ ပြီးတော့ ပန်းသီးကို စားဖို့ ကြိုးစားတယ် ။ ဒါပေမယ့် သူ့သွားတွေ နာကျင်ပြီး စားမရလောက်အောင် မာကြောနေတယ် ။ ပန်းသီးတွေဟာ တကယ်တော့ သစ်သားနဲ့ ပြုလုပ်ထားတာ ဖြစ်တယ် ။ ဒါပေမယ့် သူတို့က အရမ်းလှတယ် ။

တခြားမျောက်တွေကလည်း အဲဒီပန်းသီးတွေ မြင်တဲ့အခါ အလုအယက် ပြေးယူဖို့ လာကြတယ် ။ အဲဒီအခါ ပန်းသီးပိုင်ရှင် မျောက်ကလေးက သူ့ပန်းသီးတွေကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်တယ် ။ ပြီးတော့ သူဟာ ဒီတောထဲမှာ သူ့ရဲ့ ပန်းသီး ပိုင်ဆိုင်မှုအတွက် ဂုဏ်ယူဝင့်ကြွား နေခဲ့တယ် ။

ပန်းသီးတွေက နေရောင်နဲ့ ကြည့်တဲ့အခါ နီရဲ တောက်ပြောင်နေပြီး သူ့ကို ပြည့်စုံအောင် လုပ်ပေးနေတယ်လို့ မျောက်ကလေး ခံစားနေရတယ် ။ ပန်းသီတွေကိုပဲ သူဂရုတစိုက် ကြည့်နေပြီး ပထမဆုံး သူဆာလောင်နေတာ ကိုတောင် မေ့လျော့သွား ခဲ့တယ် ။

သစ်သီးပင် တပင်က မျောက်ကို သတိပေးတယ် ။ ဒါပေမယ့် သူ့လက်ထဲက ပန်းသီးတွေက လွဲလို့ မျောက်ကလေးဟာ ဘာကိုမှ ဂရုမစိုက်ဘူး ။ သူစားဖို့ သစ်သီးခူးဖို့ အတွက် သူ့လက်ထဲက ပန်းသီးတွေကို မြေပြင်ပေါ် ခဏချရမှာ ကိုတောင် သူမချနိုင် ဖြစ်နေခဲ့တယ် ။

တကယ်တော့ သူ နားလည်း မနားရသလို သူ့ပန်းသီးတွေကို တခြားမျောက်တွေ လာလုယူမှာ စိုးတဲ့အတွက် အချိန်တိုင်း ကာကွယ်နေ ရတယ် ။ ဂုဏ်ယူဝင့်ကြွားမှု တခုအတွက် အရင်က ပျော်ရွှင်နေတဲ့ မျောက်ဟာ ပျော်ရွှင်မှုတွေ နည်းလာပြီး သစ်တော တလျှောက်မှာ လျှောက်သွားနေ ခဲ့ရတယ် ။

ပန်းသီးတွေဟာ တဖြည်းဖြည်း လေးပင်လာသလို ခံစားလာရတယ် ။ သနားစရာကောင်းတဲ့ မျောက်ဟာ ပန်းသီးတွေကို လွှတ်ချလိုက်ဖို့ အတွက် စဉ်းစားတယ် ။ သူ မောနေပြီ သူ ဆာနေပြီ နောက်ဆုံး သစ်သီးပင်ပေါ် တက်လို့ သစ်သီးတွေ သူ မခူးနိုင်တော့ဘူး ။ သူ့လက်ထဲမှာ စားလို့မရတဲ့ ပန်းသီးတွေနဲ့ပဲ ပြည့်နေခဲ့တယ် ။

အကယ်၍ သူ့လက်ထဲက ပန်းသီးတွေကို လွှတ်ချလိုက်ရင် သူ ဘာဆက်ဖြစ်မလဲ ? သူ့လက်ထဲ သယ်ဆောင်ထားတဲ့ ပန်းသီးတွေက ရူးသွပ်မှုတွေပဲလို့ သူမြင်လာတယ် ။ သူ အရမ်းလည်း ပင်ပန်းနေခဲ့ပြီး နောက်ဆုံး အသီးပင်နား ရောက်တဲ့အခါ အဲဒီအပင်က သစ်သီးရနံ့တွေကို သူ ရှုရှိုက်ရင်း သူအရာရာကို နားလည် သဘောပေါက်သွားတယ် ။

သူ့လက်ထဲက သစ်သားနဲ့ လုပ်ထားတဲ့ ပန်းသီးတွေကို သူ မြေပြင်ပေါ် ပစ်ချလိုက်ပြီး သူ့အစာအတွက် သစ်သီးပင်ပေါ် တက်သွားတယ် ။ သူ အခု ပြန်ပြီး ပြုံးပျော်နိုင်ပါပြီ ။

မျောက်ကလေးလိုပဲ ကျွန်တော်တို့ဟာ တန်ဖိုးရှိတယ်လို့ ထင်မိတဲ့ အရာတွေကို ကျွန်တော်တို့ ဘဝတလျှောက်လုံး သယ်ဆောင်ထား ကြတယ် ။

ဒီပုံပြင်လေးရဲ့ အဆုံးက ၂ ခု ဖြစ်နိုင်တယ် ။ မျောက်ဟာ နောက်ဆုံး သစ်သီးပင် အောက်မှာ သူ့ပန်းသီးတွေကို မစွန့်ပယ်နိုင်လို့ ရင်မှာ ပိုက်ရင်း သေပွဲဝင်သွား ခဲ့တယ် ။ နောက်တခု ကတော့ ကျွန်တော်အပေါ် မှာရေးခဲ့သလို ပန်းသီးတွေကို လွှတ်ချလို့ ကိုယ့်ရဲ့ ရှင်သန်မှုနဲ့ ပျော်ရွှင်မှုကို ရွေးချယ်လိုက်တယ် ။

ကဲ ကိုယ်မစားနိုင်တဲ့ ကိုယ်နဲ့ အသုံးမဝင်တဲ့ သစ်သားပန်းသီးကို ရင်မှာ ပိုက်ပြီး တကယ် စားနိုင်တဲ့ သစ်သီးပင်အောက်မှာ သေပွဲဝင်တယ် ဆိုတာ တကယ်တော့ မဖြစ်သင့်ဘူး မဟုတ်လား ။ ဒါဆို ကျွန်တော်တို့ ဘဝမှာရော မျောက်ကလေးလိုပဲ ဘာတွေကို သယ်ဆောင်ထား မိကြပါလိမ့် ။

စည်းစိမ် ဥစ္စာတွေလား ၊ စိုးရိမ် ကြောင့်ကျမှုတွေလား ၊ စိတ်ပျက် ဝမ်းနည်းစရာတွေလား ၊ မာန်မာနတွေလား ၊ ဘွဲ့ထူး ဂုဏ်သိမ်တွေလား တခုခုကိုတော့ သယ်ဆောင်ပြီး တောအုပ်ထဲ ကျွန်တော်တို့ လျှောက်သွားနေမိ ကြတယ်။

လွှတ်ချသင့်တဲ့ အရာကို လွှတ်ချသင့်တဲ့ အချိန်မှာ လွှတ်ချနိုင်မှ သာလျှင် တကယ့် ပျော်ရွှင်မှုကို ကျွန်တော်တို့ ခံစားနိုင်လိမ့်မယ် ။

crd

Zawgyi

ေမ်ာက္ကေလး ႏွင့္ သစ္သားပန္းသီး

ဟိုးေရွးေရွးတုန္းက ေတာအုပ္တခုထဲမွာ ေပ်ာ္႐ႊင္ေနတဲ့ ေမ်ာက္တေကာင္ရွိတယ္ ။ သူဗိုက္ဆာလာတဲ့ အခါ အရသာရွိတဲ့ သစ္သီးေတြ စားလို႔ သူေမာလာတဲ့အခါ အနားယူလို႔ အဲဒီ ေတာအုပ္ထဲမွာပဲ ေပ်ာ္ေမြ႕ေနခဲ့တယ္ ။ တေန႔ေတာ့ သူဟာ မ်က္စိလည္ လမ္းမွားရင္း အိမ္တလုံးဆီ ေရာက္လာခဲ့တယ္ ။

အဲဒီမွာ သူျမင္လိုက္ရတာက အရမ္းကို လွပတဲ့ ပန္းသီးေတြ ထည့္ထားတဲ့ ပန္းကန္လုံးႀကီးကို ေပါ့ ။ ေမ်ာက္ကေလးဟာ အိမ္ရွင္ေတြ အလစ္မွာ လက္တဖက္ကို ပန္းသီးတလုံးစီ ယူၿပီး ေတာအုပ္ထဲ ျပန္ေျပးလာခဲ့တယ္ ။

ေမ်ာက္ေလးဟာက ပန္းသီးကို ႏွာေခါင္းရႈံ႕ၿပီး အနံ႔ခံတယ္ ။ ဒါေပမယ့္ ဘာအနံ႔မွ မရဘူး ။ ၿပီးေတာ့ ပန္းသီးကို စားဖို႔ ႀကိဳးစားတယ္ ။ ဒါေပမယ့္ သူ႔သြားေတြ နာက်င္ၿပီး စားမရေလာက္ေအာင္ မာေၾကာေနတယ္ ။ ပန္းသီးေတြဟာ တကယ္ေတာ့ သစ္သားနဲ႔ ျပဳလုပ္ထားတာ ျဖစ္တယ္ ။ ဒါေပမယ့္ သူတို႔က အရမ္းလွတယ္ ။

တျခားေမ်ာက္ေတြကလည္း အဲဒီပန္းသီးေတြ ျမင္တဲ့အခါ အလုအယက္ ေျပးယူဖို႔ လာၾကတယ္ ။ အဲဒီအခါ ပန္းသီးပိုင္ရွင္ ေမ်ာက္ကေလးက သူ႔ပန္းသီးေတြကို တင္းၾကပ္စြာ ေပြ႕ဖက္ထားလိုက္တယ္ ။ ၿပီးေတာ့ သူဟာ ဒီေတာထဲမွာ သူ႔ရဲ႕ ပန္းသီး ပိုင္ဆိုင္မႈအတြက္ ဂုဏ္ယူဝင့္ႂကြား ေနခဲ့တယ္ ။

ပန္းသီးေတြက ေနေရာင္နဲ႔ ၾကည့္တဲ့အခါ နီရဲ ေတာက္ေျပာင္ေနၿပီး သူ႔ကို ျပည့္စုံေအာင္ လုပ္ေပးေနတယ္လို႔ ေမ်ာက္ကေလး ခံစားေနရတယ္ ။ ပန္းသီေတြကိုပဲ သူဂ႐ုတစိုက္ ၾကည့္ေနၿပီး ပထမဆုံး သူဆာေလာင္ေနတာ ကိုေတာင္ ေမ့ေလ်ာ့သြား ခဲ့တယ္ ။

သစ္သီးပင္ တပင္က ေမ်ာက္ကို သတိေပးတယ္ ။ ဒါေပမယ့္ သူ႔လက္ထဲက ပန္းသီးေတြက လြဲလို႔ ေမ်ာက္ကေလးဟာ ဘာကိုမွ ဂ႐ုမစိုက္ဘူး ။ သူစားဖို႔ သစ္သီးခူးဖို႔ အတြက္ သူ႔လက္ထဲက ပန္းသီးေတြကို ေျမျပင္ေပၚ ခဏခ်ရမွာ ကိုေတာင္ သူမခ်ႏိုင္ ျဖစ္ေနခဲ့တယ္ ။

တကယ္ေတာ့ သူ နားလည္း မနားရသလို သူ႔ပန္းသီးေတြကို တျခားေမ်ာက္ေတြ လာလုယူမွာ စိုးတဲ့အတြက္ အခ်ိန္တိုင္း ကာကြယ္ေန ရတယ္ ။ ဂုဏ္ယူဝင့္ႂကြားမႈ တခုအတြက္ အရင္က ေပ်ာ္႐ႊင္ေနတဲ့ ေမ်ာက္ဟာ ေပ်ာ္႐ႊင္မႈေတြ နည္းလာၿပီး သစ္ေတာ တေလွ်ာက္မွာ ေလွ်ာက္သြားေန ခဲ့ရတယ္ ။

ပန္းသီးေတြဟာ တျဖည္းျဖည္း ေလးပင္လာသလို ခံစားလာရတယ္ ။ သနားစရာေကာင္းတဲ့ ေမ်ာက္ဟာ ပန္းသီးေတြကို လႊတ္ခ်လိုက္ဖို႔ အတြက္ စဥ္းစားတယ္ ။ သူ ေမာေနၿပီ သူ ဆာေနၿပီ ေနာက္ဆုံး သစ္သီးပင္ေပၚ တက္လို႔ သစ္သီးေတြ သူ မခူးႏိုင္ေတာ့ဘူး ။ သူ႔လက္ထဲမွာ စားလို႔မရတဲ့ ပန္းသီးေတြနဲ႔ပဲ ျပည့္ေနခဲ့တယ္ ။

အကယ္၍ သူ႔လက္ထဲက ပန္းသီးေတြကို လႊတ္ခ်လိုက္ရင္ သူ ဘာဆက္ျဖစ္မလဲ ? သူ႔လက္ထဲ သယ္ေဆာင္ထားတဲ့ ပန္းသီးေတြက ႐ူးသြပ္မႈေတြပဲလို႔ သူျမင္လာတယ္ ။ သူ အရမ္းလည္း ပင္ပန္းေနခဲ့ၿပီး ေနာက္ဆုံး အသီးပင္နား ေရာက္တဲ့အခါ အဲဒီအပင္က သစ္သီးရနံ႔ေတြကို သူ ရႈရႈိက္ရင္း သူအရာရာကို နားလည္ သေဘာေပါက္သြားတယ္ ။

သူ႔လက္ထဲက သစ္သားနဲ႔ လုပ္ထားတဲ့ ပန္းသီးေတြကို သူ ေျမျပင္ေပၚ ပစ္ခ်လိုက္ၿပီး သူ႔အစာအတြက္ သစ္သီးပင္ေပၚ တက္သြားတယ္ ။ သူ အခု ျပန္ၿပီး ၿပဳံးေပ်ာ္ႏိုင္ပါၿပီ ။

ေမ်ာက္ကေလးလိုပဲ ကြၽန္ေတာ္တို႔ဟာ တန္ဖိုးရွိတယ္လို႔ ထင္မိတဲ့ အရာေတြကို ကြၽန္ေတာ္တို႔ ဘဝတေလွ်ာက္လုံး သယ္ေဆာင္ထား ၾကတယ္ ။

ဒီပုံျပင္ေလးရဲ႕ အဆုံးက ၂ ခု ျဖစ္ႏိုင္တယ္ ။ ေမ်ာက္ဟာ ေနာက္ဆုံး သစ္သီးပင္ ေအာက္မွာ သူ႔ပန္းသီးေတြကို မစြန႔္ပယ္ႏိုင္လို႔ ရင္မွာ ပိုက္ရင္း ေသပြဲဝင္သြား ခဲ့တယ္ ။ ေနာက္တခု ကေတာ့ ကြၽန္ေတာ္အေပၚ မွာေရးခဲ့သလို ပန္းသီးေတြကို လႊတ္ခ်လို႔ ကိုယ့္ရဲ႕ ရွင္သန္မႈနဲ႔ ေပ်ာ္႐ႊင္မႈကို ေ႐ြးခ်ယ္လိုက္တယ္ ။

ကဲ ကိုယ္မစားႏိုင္တဲ့ ကိုယ္နဲ႔ အသုံးမဝင္တဲ့ သစ္သားပန္းသီးကို ရင္မွာ ပိုက္ၿပီး တကယ္ စားႏိုင္တဲ့ သစ္သီးပင္ေအာက္မွာ ေသပြဲဝင္တယ္ ဆိုတာ တကယ္ေတာ့ မျဖစ္သင့္ဘူး မဟုတ္လား ။ ဒါဆို ကြၽန္ေတာ္တို႔ ဘဝမွာေရာ ေမ်ာက္ကေလးလိုပဲ ဘာေတြကို သယ္ေဆာင္ထား မိၾကပါလိမ့္ ။

စည္းစိမ္ ဥစၥာေတြလား ၊ စိုးရိမ္ ေၾကာင့္က်မႈေတြလား ၊ စိတ္ပ်က္ ဝမ္းနည္းစရာေတြလား ၊ မာန္မာနေတြလား ၊ ဘြဲ႕ထူး ဂုဏ္သိမ္ေတြလား တခုခုကိုေတာ့ သယ္ေဆာင္ၿပီး ေတာအုပ္ထဲ ကြၽန္ေတာ္တို႔ ေလွ်ာက္သြားေနမိ ၾကတယ္။

လႊတ္ခ်သင့္တဲ့ အရာကို လႊတ္ခ်သင့္တဲ့ အခ်ိန္မွာ လႊတ္ခ်ႏိုင္မွ သာလွ်င္ တကယ့္ ေပ်ာ္႐ႊင္မႈကို ကြၽန္ေတာ္တို႔ ခံစားႏိုင္လိမ့္မယ္ ။

crd

Post a Comment

0 Comments