တခါတုန်းက မျောက်လေးတကောင်ဟာ ညအခါမှာ ဆော့ကစားရင်း ရေကန်လေး အနားကို ရောက်ခဲ့တာပေါ့။ ရေကန်လေးထဲ ကြည့်မိလိုက်တော့ ရေကန်ထဲက လရိပ်ကို မြင်တာပေါ့ ။ အဲ့ဒီမှာတင် မျောက်လည်း အလန့်တကြား လကြီး ရေနစ်နေတယ် ထင်သွားတာပေါ့ ။ မျောက်လည်း ချက်ခြင်းပဲ တောထဲ အမြန်သွားပြီး လကြီး ရေနစ်နေတဲ့ အကြောင်း လိုက်ပြောတော့တာပေါ့။
အဲဒီမှာပဲ အိပ်စက် အနားယူနေတဲ့ တိရစ္ဆာန်တွေလည်း အလန့်တကြား ဖြစ်ကြရင်း တဆင့်စကား တဆင့်နဲ့ ဒီသတင်းဟာ တတောလုံးပြန့်နှံ့သွားသတဲ့ ။ လကြီး မရှိတော့ရင် ညပိုင်း အလင်းရောင် မရတော့မှာ စိုးကြောက်ကြတဲ့ တိရစ္ဆာန်တွေ ရှိကြသလို၊ တောကြီး ပျက်စီးသွားမယ်၊ ကမ္ဘာကြီး ပျက်စီးသွားတော့မယ်လို့ ကောလာဟာလတွေ ပြောတဲ့ အချို့ တိရစ္ဆာန် ကြောင့် ကြောက်လန့် သူတွေလည်း ရှိကြတာပေါ့ကွယ်။
ဆင်တွေဟာ သူတို့ နှာမောင်းတွေနဲ့ ကန်ထဲကရေကို စုပ်ယူပြီး အပြင်ကို ခပ်ကြတာပေါ့။ မြေခွေးတွေ ဝတ်ဝံတွေကလည်း ရေမြောင်းတွေဖောက်ကြနဲ့ မျောက်အုပ် ကလည်း ကြိုးတွေ ရှာကြတာပေါ့။
အဲ့အချိန်မှာ ညပိုင်း အစာရှာထွက်လေ့ ရှိတဲ့ ဇီးကွက်ကြီးဟာ အစာရှာပြီး ပြန်အလာမှာ တတောလုံး အလုပ်ရှုတ်နေတာကို မြင်တွေ့တော့ အံသြသွားတယ် ။ ဒီအကောင်တွေဟာ ညပိုင်းအိပ်စက်တဲ့ သတ္တဝါ တွေဆိုတာ သူသိတယ်လေ။
အခုမှ ထူးထူးခြားခြား တတောလုံး အလုပ်ရှုတ် နေပုံထောက်ရင် တစ်ခုခုတော့ ထူးခြားနေပြီ သေခြာအောင် စုံစမ်းမှပဲ ဆိုပြီး တောပြောင်းဖို့ ပြင်နေတဲ့ ယုန်လေးကို မေးကြည့်တယ်။
" အဆွေယုန် တောထဲမှာ ဘာတွေ ဖြစ်နေကြတာလဲ ဗျ " အဲ့အခါ ယုန်က " ဒီတောကြီးကို မပျက်စီးအောင် ထိန်းသိမ်း ထားတဲ့ အရာကြီး တောစပ်က ရေကန်ထဲ နစ်နေလို့ တဲ့ ဗျ ။ အဲ့ဒါကြီး အပေါ် ပြန်မရောက်ရင် ဒီတောကြီး ပျက်ပြီဗျ ။ တောကြီး မပျက်စီးခင် သိမ်းစရာ ရှိတာ အမြန် သိမ်းထားဗျို့ " လို့ ဆိုသတဲ့။
ဇီးကွက်လည်း ဘာမှ မရေမရာ သိရကြောင့် တခြားတယောက်ကို မေးမယ်လို့ စဉ်းစားပြီး တောဝက်ကြီးကို သွားမေးသတဲ့ " အဆွေတောဝက် တောထဲမှာ ဘာတွေ ဖြစ်နေကြတာ တုန်းဗျ " ။ တောဝက်က " မကောင်းဆိုးဝါးတွေက ဒီတောကို သိမ်းပိုက်လိုက်လို့ ဒီတောကြီး ညဆို အလင်းရောင် မရတော့ဘူးတဲ့ဗျ ။ တောစပ်က ရေကန်ထဲမှာတော့ မကောင်ဆိုးဝါးကို နိုင်တယ် ဆိုတဲ့သူ ရေနစ်နေတယ်ဆိုလို့ တချို့တွေ သွားဆယ်နေကြ လေရဲ့ " လို့ဆိုပြန်တယ်။
ဇီးကွက် လည်း မတင်မကျ စကားတွေဟာ စစ်မှန်သော နည်းလမ်းကို မပေးနိုင်ဘူး ဆိုတာ သိတာကြောင့် ပြဿနာရဲ့ အရင်းအမြစ် ဖြစ်တဲ့တောစပ်က ရေကန်လေးကို သွားကြည့်မှ သင့်တော်မယ်လို့ တွေးမိသတဲ့ ။ ဒါကြောင့် ရေကန်လေးဆီ ထွက်လာခဲ့တာပေါ့ ။
ရေကန်ဆီ ရောက်တယ်ဆိုရင်ပဲ ရေတွေ ခပ်နေတဲ့ ဆင်ကြီးကို " အဆွေဆင် ရေကန်ထဲက ရေတွေကို ဘာလို့ ခပ်နေတာတုန်းဗျ " လို့ မေးသတဲ့။ ဆင်လည်း " မသိပါဘူးကွာ မျောက်က ရေအကုန် ခပ်ပေးပါ ဆိုလို့ ခပ်နေတာကွ " ပြန်ဖြေသတဲ့ ။ မျောက်ကို သွားမေးတော့မှ လကြီး ရေနစ်နေတဲ့အကြောင်း ဇီးကွက်က သိရတော့တာပေါ့ ။
အဖြစ်မှန်ကို သိရတော့ ဇီးကွက်လေးက အားရပါးရ ရယ်သတဲ့။ " ကျုပ် အစာရှာထွက်တဲ့ တလျှောက်လုံးလက ကျုပ်နဲ့ အတူ လိုက်နေတာဗျ။ ခင်ဗျားတို့ ကောင်းကင်ပေါ်လည်း မော့ကြည့်ကြပါဦး " လို့ ပြောလိုက်တော့မှ အခြား တိရစ္ဆာန် တွေလည်း ကောင်းကင်ပေါ်က လကြီးကို သတိထားမိ ကြတာပေါ့ ။ တိရစ္ဆာန်တွေလည်း အဲ့တော့မှ ရေကန်ထဲက လဟာ အရိပ်ဆိုတာ သိရှိသွားတော့တယ် ။
တကယ်တော့ လောကမှာ လူတော်တော်များဟာ ကိုယ်တိုင်မမြင်၊ မကြုံတွေ့ဘူး ပါပဲ အခြားသူတွေ စကားတွေနဲ့တင် လမ်းဆုံး ရောက်တက်ကြတယ် ။ ကိုယ်တိုင် လေ့လာပြီး ကိုယ်ပိုင်ဉာဏ်နဲ့ ပိုင်းခြားကြည့်ဖို့ ကိုတော့ မေ့လျော့နေတတ် ကြတယ် ။
Nway Min Thit
Zawgyi
ေမ်ာက္ကေလးနဲ႔ ေရကန္ထဲက လ
တခါတုန္းက ေမ်ာက္ေလးတေကာင္ဟာ ညအခါမွာ ေဆာ့ကစားရင္း ေရကန္ေလး အနားကို ေရာက္ခဲ့တာေပါ့။ ေရကန္ေလးထဲ ၾကည့္မိလိုက္ေတာ့ ေရကန္ထဲက လရိပ္ကို ျမင္တာေပါ့ ။ အဲ့ဒီမွာတင္ ေမ်ာက္လည္း အလန႔္တၾကား လႀကီး ေရနစ္ေနတယ္ ထင္သြားတာေပါ့ ။ ေမ်ာက္လည္း ခ်က္ျခင္းပဲ ေတာထဲ အျမန္သြားၿပီး လႀကီး ေရနစ္ေနတဲ့ အေၾကာင္း လိုက္ေျပာေတာ့တာေပါ့။
အဲဒီမွာပဲ အိပ္စက္ အနားယူေနတဲ့ တိရစာၦန္ေတြလည္း အလန႔္တၾကား ျဖစ္ၾကရင္း တဆင့္စကား တဆင့္နဲ႔ ဒီသတင္းဟာ တေတာလုံးျပန႔္ႏွံ႔သြားသတဲ့ ။ လႀကီး မရွိေတာ့ရင္ ညပိုင္း အလင္းေရာင္ မရေတာ့မွာ စိုးေၾကာက္ၾကတဲ့ တိရစာၦန္ေတြ ရွိၾကသလို၊ ေတာႀကီး ပ်က္စီးသြားမယ္၊ ကမာၻႀကီး ပ်က္စီးသြားေတာ့မယ္လို႔ ေကာလာဟာလေတြ ေျပာတဲ့ အခ်ိဳ႕ တိရစာၦန္ ေၾကာင့္ ေၾကာက္လန႔္ သူေတြလည္း ရွိၾကတာေပါ့ကြယ္။
ဆင္ေတြဟာ သူတို႔ ႏွာေမာင္းေတြနဲ႔ ကန္ထဲကေရကို စုပ္ယူၿပီး အျပင္ကို ခပ္ၾကတာေပါ့။ ေျမေခြးေတြ ဝတ္ဝံေတြကလည္း ေရေျမာင္းေတြေဖာက္ၾကနဲ႔ ေမ်ာက္အုပ္ ကလည္း ႀကိဳးေတြ ရွာၾကတာေပါ့။
အဲ့အခ်ိန္မွာ ညပိုင္း အစာရွာထြက္ေလ့ ရွိတဲ့ ဇီးကြက္ႀကီးဟာ အစာရွာၿပီး ျပန္အလာမွာ တေတာလုံး အလုပ္ရႈတ္ေနတာကို ျမင္ေတြ႕ေတာ့ အံၾသသြားတယ္ ။ ဒီအေကာင္ေတြဟာ ညပိုင္းအိပ္စက္တဲ့ သတၱဝါ ေတြဆိုတာ သူသိတယ္ေလ။ အခုမွ ထူးထူးျခားျခား တေတာလုံး အလုပ္ရႈတ္ ေနပုံေထာက္ရင္ တစ္ခုခုေတာ့ ထူးျခားေနၿပီ ေသျခာေအာင္ စုံစမ္းမွပဲ ဆိုၿပီး ေတာေျပာင္းဖို႔ ျပင္ေနတဲ့ ယုန္ေလးကို ေမးၾကည့္တယ္။
" အေဆြယုန္ ေတာထဲမွာ ဘာေတြ ျဖစ္ေနၾကတာလဲ ဗ် " အဲ့အခါ ယုန္က " ဒီေတာႀကီးကို မပ်က္စီးေအာင္ ထိန္းသိမ္း ထားတဲ့ အရာႀကီး ေတာစပ္က ေရကန္ထဲ နစ္ေနလို႔ တဲ့ ဗ် ။ အဲ့ဒါႀကီး အေပၚ ျပန္မေရာက္ရင္ ဒီေတာႀကီး ပ်က္ၿပီဗ် ။ ေတာႀကီး မပ်က္စီးခင္ သိမ္းစရာ ရွိတာ အျမန္ သိမ္းထားဗ်ိဳ႕ " လို႔ ဆိုသတဲ့။
ဇီးကြက္လည္း ဘာမွ မေရမရာ သိရေၾကာင့္ တျခားတေယာက္ကို ေမးမယ္လို႔ စဥ္းစားၿပီး ေတာဝက္ႀကီးကို သြားေမးသတဲ့ " အေဆြေတာဝက္ ေတာထဲမွာ ဘာေတြ ျဖစ္ေနၾကတာ တုန္းဗ် " ။ ေတာဝက္က " မေကာင္းဆိုးဝါးေတြက ဒီေတာကို သိမ္းပိုက္လိုက္လို႔ ဒီေတာႀကီး ညဆို အလင္းေရာင္ မရေတာ့ဘူးတဲ့ဗ် ။ ေတာစပ္က ေရကန္ထဲမွာေတာ့ မေကာင္ဆိုးဝါးကို ႏိုင္တယ္ ဆိုတဲ့သူ ေရနစ္ေနတယ္ဆိုလို႔ တခ်ိဳ႕ေတြ သြားဆယ္ေနၾက ေလရဲ႕ " လို႔ဆိုျပန္တယ္။
ဇီးကြက္ လည္း မတင္မက် စကားေတြဟာ စစ္မွန္ေသာ နည္းလမ္းကို မေပးႏိုင္ဘူး ဆိုတာ သိတာေၾကာင့္ ျပႆနာရဲ႕ အရင္းအျမစ္ ျဖစ္တဲ့ေတာစပ္က ေရကန္ေလးကို သြားၾကည့္မွ သင့္ေတာ္မယ္လို႔ ေတြးမိသတဲ့ ။ ဒါေၾကာင့္ ေရကန္ေလးဆီ ထြက္လာခဲ့တာေပါ့ ။
ေရကန္ဆီ ေရာက္တယ္ဆိုရင္ပဲ ေရေတြ ခပ္ေနတဲ့ ဆင္ႀကီးကို " အေဆြဆင္ ေရကန္ထဲက ေရေတြကို ဘာလို႔ ခပ္ေနတာတုန္းဗ် " လို႔ ေမးသတဲ့။ ဆင္လည္း " မသိပါဘူးကြာ ေမ်ာက္က ေရအကုန္ ခပ္ေပးပါ ဆိုလို႔ ခပ္ေနတာကြ " ျပန္ေျဖသတဲ့ ။ ေမ်ာက္ကို သြားေမးေတာ့မွ လႀကီး ေရနစ္ေနတဲ့အေၾကာင္း ဇီးကြက္က သိရေတာ့တာေပါ့ ။
အျဖစ္မွန္ကို သိရေတာ့ ဇီးကြက္ေလးက အားရပါးရ ရယ္သတဲ့။ " က်ဳပ္ အစာရွာထြက္တဲ့ တေလွ်ာက္လုံးလက က်ဳပ္နဲ႔ အတူ လိုက္ေနတာဗ်။ ခင္ဗ်ားတို႔ ေကာင္းကင္ေပၚလည္း ေမာ့ၾကည့္ၾကပါဦး " လို႔ ေျပာလိုက္ေတာ့မွ အျခား တိရစာၦန္ ေတြလည္း ေကာင္းကင္ေပၚက လႀကီးကို သတိထားမိ ၾကတာေပါ့ ။ တိရစာၦန္ေတြလည္း အဲ့ေတာ့မွ ေရကန္ထဲက လဟာ အရိပ္ဆိုတာ သိရွိသြားေတာ့တယ္ ။
တကယ္ေတာ့ ေလာကမွာ လူေတာ္ေတာ္မ်ားဟာ ကိုယ္တိုင္မျမင္၊ မႀကဳံေတြ႕ဘူး ပါပဲ အျခားသူေတြ စကားေတြနဲ႔တင္ လမ္းဆုံး ေရာက္တက္ၾကတယ္ ။ ကိုယ္တိုင္ ေလ့လာၿပီး ကိုယ္ပိုင္ဉာဏ္နဲ႔ ပိုင္းျခားၾကည့္ဖို႔ ကိုေတာ့ ေမ့ေလ်ာ့ေနတတ္ ၾကတယ္ ။
Nway Min Thit
1 Comments
သတ်ပုံမှန်တဲ့တင်တဲ့စာ။ ကွန်ဂရက်ကျူလေးရှင်း။
ReplyDelete