စိတ်ကို ကျွဲလိုထိန်းပါ

တခါတုန်းက မြစ်ဝကျွန်းပေါ် ဒေသ တခုသို့ ဆရာတော်တပါး တရားဟော ကြွလေ၏ ။ ထိုဒေသတွင် မိုးများသည့် အတွက် တောင်ယာသမား အများစုသည် နွားအစား ကျွဲများဖြင့်သာ ထွန်ယက် စိုက်ပျိုးကြရလေသည် ။

ကျွဲများသည် သန်မာ ထွားကျိုင်းပြီး ချိုကြီးများ ကားနေ၏ ။ ဆရာတော်သည် ကျွဲကြီးများကို မြင်သောအခါ ထိုဒေသမှ ဒကာကြီးများကို ယခုကဲ့သို့ မေးကြည့်လေ၏ ။

“ ဒကာကြီးရေ ဒီလောက်သန်မာတဲ့ ကျွဲကြီးတွေက ဒကာကြီးတို့ကို ပြန်ပြီး ရန်မမူကြဘူးလား”

“ တခါတလေတော့ ရန်မူတယ် ဘုရား ၊ တလောက ဟိုဘက်ရွာက တောင်သူတယောက် ကျွဲခတ်လိုက်တာ ဗိုက်ပေါက်ပြီး နေရာမှာတင် ပွဲချင်းပြီး သေပါရောလား ဘုရား”

“ အိုး... ကြောက်စရာ ကောင်းလိုက်တာ ၊ ကျွဲထိန်းရတာလည်း တော်တော် အန္တရာယ်များတာပဲ”

“ ဒါက ဖြစ်ခဲပါတယ် ဘုရား ၊ သူတို့ ကျွဲထိန်းတဲ့ နေရာမှာ ညှာလိုက်လို့ပါ”

“ ဒါဆို ဒကာကြီးက ဘယ်လို ထိန်းလို့လဲ၊ ကြောက်အောင် ရိုက်နှက်ထား လို့လား”

“ သူတို့ကို တချက်မှ ရိုက်နှက်စရာ မလိုဘဲ ထိန်းတဲ့နည်း ရှိတယ် ဘုရား”

“ ဒကာကြီးတို့ နည်းက ဘုန်းကြီးတို့လို မေတ္တာသမားနဲ့ ကိုက်တာပေါ့ ၊ ဘယ်လိုထိန်းတာလဲ”

“ အလုပ်နဲ့ ထိန်းတာပါ ဘုရား လယ်ချိန် လယ်ထွန်တယ် ၊ ယာချိန် ယာထွန်တယ် ၊ လယ်တွေ၊ ယာတွေ မရှိရင် ရေခပ်ခိုင်းတယ်။ ရေစည်ကို လှည်းပေါ်တင်ပြီး မြစ်ရေကို သယ်တယ်။ ရေသယ်စရာ မရှိရင် ထင်းလိုက်တယ် ဘုရား"

“ အဲဒီလို မနားတမ်း ခိုင်းနေမယ် ဆိုရင် ဒီကျွဲဟာ ပင်ပန်းပြီး ညောင်းနေတဲ့ အတွက် နားရတဲ့ အချိန်လေးမှာ ငြိမ်နေတာပေါ့ ဘုရား ။ ဒေါသဖြစ်ချိန်ကို မပေးတော့ဘူး ဘုရား ”

“ အိုး.. ဒကာကြီးတို့ ပြောတဲ့ ကျွဲထိန်းနည်းက ဘုန်းကြီးအတွက်တော့ တရားတပုဒ်ပါပဲ ၊ ကျွဲကြီးကို စိတ်နေရာမှာ ထားပြီး စိတ်ကို အလွတ်မထားဘူး အမြဲခိုင်းနေမယ် ဆိုရင် လောဘ၊ ဒေါသ ၊ မောဟ ဆိုတဲ့ ကိလေသာတွေ မဝင်နိုင်ဘူးပေါ့"

" ဒါကြောင့် ကိုယ်တော်တို့ တတွေလည်း စိတ်ကို အအားမပေးနဲ့ ။ စိတ်ဆိုတာ မကောင်းတဲ့ ဘက်မှာ ပျော်တာ ။ အားနေရင် စာဖတ်၊ စာရေး တရားနာ။ ဟော အဲဒီလို မနားတမ်း လုပ်ကြပါလို့ တိုက်တွန်းပါတယ်”

Crd

Zawgyi

စိတ္ကို ကြၽဲလိုထိန္းပါ

တခါတုန္းက ျမစ္ဝကြၽန္းေပၚ ေဒသ တခုသို႔ ဆရာေတာ္တပါး တရားေဟာ ႂကြေလ၏ ။ ထိုေဒသတြင္ မိုးမ်ားသည့္ အတြက္ ေတာင္ယာသမား အမ်ားစုသည္ ႏြားအစား ကြၽဲမ်ားျဖင့္သာ ထြန္ယက္ စိုက္ပ်ိဳးၾကရေလသည္ ။

ကြၽဲမ်ားသည္ သန္မာ ထြားက်ိဳင္းၿပီး ခ်ိဳႀကီးမ်ား ကားေန၏ ။ ဆရာေတာ္သည္ ကြၽဲႀကီးမ်ားကို ျမင္ေသာအခါ ထိုေဒသမွ ဒကာႀကီးမ်ားကို ယခုကဲ့သို႔ ေမးၾကည့္ေလ၏ ။

“ ဒကာႀကီးေရ ဒီေလာက္သန္မာတဲ့ ကြၽဲႀကီးေတြက ဒကာႀကီးတို႔ကို ျပန္ၿပီး ရန္မမူၾကဘူးလား”

“ တခါတေလေတာ့ ရန္မူတယ္ ဘုရား ၊ တေလာက ဟိုဘက္႐ြာက ေတာင္သူတေယာက္ ကြၽဲခတ္လိုက္တာ ဗိုက္ေပါက္ၿပီး ေနရာမွာတင္ ပြဲခ်င္းၿပီး ေသပါေရာလား ဘုရား”

“ အိုး... ေၾကာက္စရာ ေကာင္းလိုက္တာ ၊ ကြၽဲထိန္းရတာလည္း ေတာ္ေတာ္ အႏၲရာယ္မ်ားတာပဲ”

“ ဒါက ျဖစ္ခဲပါတယ္ ဘုရား ၊ သူတို႔ ကြၽဲထိန္းတဲ့ ေနရာမွာ ညႇာလိုက္လို႔ပါ”

“ ဒါဆို ဒကာႀကီးက ဘယ္လို ထိန္းလို႔လဲ၊ ေၾကာက္ေအာင္ ႐ိုက္ႏွက္ထား လို႔လား”

“ သူတို႔ကို တခ်က္မွ ႐ိုက္ႏွက္စရာ မလိုဘဲ ထိန္းတဲ့နည္း ရွိတယ္ ဘုရား”

“ ဒကာႀကီးတို႔ နည္းက ဘုန္းႀကီးတို႔လို ေမတၱာသမားနဲ႔ ကိုက္တာေပါ့ ၊ ဘယ္လိုထိန္းတာလဲ”

“ အလုပ္နဲ႔ ထိန္းတာပါ ဘုရား လယ္ခ်ိန္ လယ္ထြန္တယ္ ၊ ယာခ်ိန္ ယာထြန္တယ္ ၊ လယ္ေတြ၊ ယာေတြ မရွိရင္ ေရခပ္ခိုင္းတယ္။ ေရစည္ကို လွည္းေပၚတင္ၿပီး ျမစ္ေရကို သယ္တယ္။ ေရသယ္စရာ မရွိရင္ ထင္းလိုက္တယ္ ဘုရား"

“ အဲဒီလို မနားတမ္း ခိုင္းေနမယ္ ဆိုရင္ ဒီကြၽဲဟာ ပင္ပန္းၿပီး ေညာင္းေနတဲ့ အတြက္ နားရတဲ့ အခ်ိန္ေလးမွာ ၿငိမ္ေနတာေပါ့ ဘုရား ။ ေဒါသျဖစ္ခ်ိန္ကို မေပးေတာ့ဘူး ဘုရား ”

“ အိုး.. ဒကာႀကီးတို႔ ေျပာတဲ့ ကြၽဲထိန္းနည္းက ဘုန္းႀကီးအတြက္ေတာ့ တရားတပုဒ္ပါပဲ ၊ ကြၽဲႀကီးကို စိတ္ေနရာမွာ ထားၿပီး စိတ္ကို အလြတ္မထားဘူး အၿမဲခိုင္းေနမယ္ ဆိုရင္ ေလာဘ၊ ေဒါသ ၊ ေမာဟ ဆိုတဲ့ ကိေလသာေတြ မဝင္ႏိုင္ဘူးေပါ့"

" ဒါေၾကာင့္ ကိုယ္ေတာ္တို႔ တေတြလည္း စိတ္ကို အအားမေပးနဲ႔ ။ စိတ္ဆိုတာ မေကာင္းတဲ့ ဘက္မွာ ေပ်ာ္တာ ။ အားေနရင္ စာဖတ္၊ စာေရး တရားနာ။ ေဟာ အဲဒီလို မနားတမ္း လုပ္ၾကပါလို႔ တိုက္တြန္းပါတယ္”

Crd

Post a Comment

0 Comments