ကိုယ့်ကိုယ်ကို အားကိုးပါ

တခါတုန်းက တောအုပ်တခု ထဲမှာ နေထိုင် ကျက်စားတဲ့ ယုန်ကလေး တကောင် ရှိပါတယ်။ ယုန်ကလေးမှာ သူငယ်ချင်းတွေ အများကြီး ရှိပြီး သူ့သူငယ်ချင်းတွေ အတွက်လည်း သူက အမြဲ ဂုဏ်ယူနေ တတ်တဲ့သူ ဖြစ်ပါတယ်။

တနေ့မှာတော့ ယုန်ကလေးဟာ တောခွေးတွေရဲ့ ကျယ်လောင်စွာ အော်ဟစ်သံကို ကြားလိုက်ရ ပါတယ်။ အရမ်းကို ကြောက်လန့်သွားတဲ့ ယုန်ကလေးဟာ တကောင်တည်း မနေရဲ တော့ဘဲ သူ့သူငယ်ချင်း ဖြစ်တဲ့ သမင်လေးဆီ အပြေး သွားပါတယ်။

“ သူငယ်ချင်းရေ ငါတော့ တောခွေးတွေ ဟောင်သံ ကြားလိုက်လို့ မင်းဆီ ပြေးလာတာ။ မင်းရဲ့ ချွန်မြတဲ့ ဦးချိုတွေနဲ့ တောခွေးတွေကို မောင်းထုတ်ပေးပါလား ” လို့ သမင်ကို အကူအညီ တောင်းလိုက် ပါတယ်။

သမင်က “ ဟုတ်တာပေါ့ ၊ ငါလုပ်နိုင်တာပေါ့။ ဒါပေမယ့် ခုတော့ မဟုတ်သေးဘူးကွ။ ငါ မအားသေးဘူး ။ မင်းကလည်း ခြင်္သေ့ကို ပြောကြည့် ပါအုံးလား ” လို့ သမင်က ယုန်ကို ပြန်ပြောလိုက် ပါတယ်။

အဲဒီလိုနဲ့ ယုန်ကလေးက ခြင်္သေ့ဆီ အပြေး သွားလိုက်ပြန် ပါတယ်။ “ သန်မာလှတဲ့ ငါ့သူငယ်ချင်းရေ ငါ့ကို ကူညီပါအုံး။ တောခွေးတွေက ငါ့ကို စားတော့မယ်၊ သူတို့ကို မောင်းထုတ်ပေးဖို့ ကူညီပေး ပါလား ” လို့ ပြောလိုက် ပါတယ်။

ခြင်္သေ့က “ ဟာ ၊ ဆောရီးပါ သူငယ်ချင်းရာ ။ ငါ့မှာ ဗိုက်ဆာလွန်းလို့ အစာ ရှာရမယ်။ ငါ အရမ်း ပင်ပန်းနေပြီ။ မင်းသူငယ်ချင်း မျောက်တွေကို ပြောကြည့်ပါလား ” လို့ ယုန်ကို ပြန်ပြောလိုက် ပြန်ပါတယ်။

ယုန်ကလေးက မျောက်တွေဆီ အပြေး သွားပြန်ပါတယ်။ မရပြန်တဲ့ အခါ ဆင်တွေဆီ ရောက်သွား ပြန်တယ်။ နောက်တော့ ဆိတ်တွေနဲ့ အခြားသော ယုန်ကလေးရဲ့ သူငယ်ချင်းတွေဆီ တလှည့်စီ သွားပြီး အကူအညီ တောင်းကြည့် ပြန်ပါတယ် ။ ဒါပေမယ့် ဘယ်သူကမှ သူ့ကို ကူညီဖို့ အဆင်သင့် မဖြစ်ကြပါဘူး။

ယုန်ကလေးက ဝမ်းနည်းသွား ပေမယ့် နားလည်သွားပါတယ်။ ခြံပုတ်တွေ ကြားထဲကို ပြေးဝင်လိုက်ပြီး ဝပ်နေလိုက်တဲ့ အတွက် ယုန်ကလေးက တောခွေးတွေရဲ့ ရန်ကနေ လွတ်မြောက်သွားခဲ့ ပါတယ်။ အဲဒီအချိန်က စပြီး ယုန်ကလေးက ဘယ်အရာမှာ မဆို ကိုယ့်ကိုယ်ကို အားကိုးဖို့သာ ကြိုးစား ပါတော့တယ်။

တခြားလူတွေ အပေါ် မှီခိုခြင်းက မသေချာဘဲ ကိုယ့်ကိုယ်ကို အားကိုးခြင်းကသာ အကျိုးရှိ နိုင်ကြောင်း ယုန်ကလေးက နားလည် သွားပါတော့တယ်။

crd

Zawgyi

တခါတုန္းက ေတာအုပ္တခုထဲမွာ ေနထိုင္ က်က္စားတဲ့ ယုန္ကေလး တေကာင္ ရွိပါတယ္။ ယုန္ကေလးမွာ သူငယ္ခ်င္းေတြ အမ်ားႀကီး ရွိၿပီးသူ႔သူငယ္ခ်င္းေတြ အတြက္လည္း သူက အၿမဲ ဂုဏ္ယူေန တတ္တဲ့သူ ျဖစ္ပါတယ္။

တေန႔မွာေတာ့ ယုန္ကေလးဟာ ေတာေခြးေတြရဲ႕ က်ယ္ေလာင္စြာ ေအာ္ဟစ္သံကို ၾကားလိုက္ရ ပါတယ္။ အရမ္းကို ေၾကာက္လန႔္သြားတဲ့ ယုန္ကေလးဟာ တေကာင္တည္း မေနရဲေတာ့ဘဲ သူ႔သူငယ္ခ်င္း ျဖစ္တဲ့ သမင္ေလးဆီ အေျပး သြားပါတယ္။

“ သူငယ္ခ်င္းေရ ငါေတာ့ ေတာေခြးေတြ ေဟာင္သံ ၾကားလိုက္လို႔ မင္းဆီ ေျပးလာတာ။ မင္းရဲ႕ ခြၽန္ျမတဲ့ ဦးခ်ိဳေတြနဲ႔ ေတာေခြးေတြကို ေမာင္းထုတ္ေပးပါလား ” လို႔ သမင္ကို အကူအညီ ေတာင္းလိုက္ ပါတယ္။

သမင္က “ ဟုတ္တာေပါ့ ၊ ငါလုပ္ႏိုင္တာေပါ့။ ဒါေပမယ့္ ခုေတာ့ မဟုတ္ေသးဘူးကြ။ ငါ မအားေသးဘူး ။ မင္းကလည္း ျခေသၤ့ကို ေျပာၾကည့္ပါအုံးလား ” လို႔ သမင္က ယုန္ကို ျပန္ေျပာလိုက္ ပါတယ္။

အဲဒီလိုနဲ႔ ယုန္ကေလးက ျခေသၤ့ဆီ အေျပး သြားလိုက္ျပန္ ပါတယ္။ “ သန္မာလွတဲ့ ငါ့သူငယ္ခ်င္းေရ ငါ့ကို ကူညီပါအုံး။ ေတာေခြးေတြက ငါ့ကို စားေတာ့မယ္၊ သူတို႔ကို ေမာင္းထုတ္ေပးဖို႔ ကူညီေပး ပါလား ” လို႔ ေျပာလိုက္ ပါတယ္။

ျခေသၤ့က “ ဟာ ၊ ေဆာရီးပါ သူငယ္ခ်င္းရာ ။ ငါ့မွာ ဗိုက္ဆာလြန္းလို႔ အစာ ရွာရမယ္။ ငါ အရမ္း ပင္ပန္းေနၿပီ။ မင္းသူငယ္ခ်င္း ေမ်ာက္ေတြကို ေျပာၾကည့္ပါလား ” လို႔ ယုန္ကို ျပန္ေျပာလိုက္ ျပန္ပါတယ္။

ယုန္ကေလးက ေမ်ာက္ေတြဆီ အေျပး သြားျပန္ပါတယ္။ မရျပန္တဲ့ အခါ ဆင္ေတြဆီ ေရာက္သြား ျပန္တယ္။ ေနာက္ေတာ့ ဆိတ္ေတြနဲ႔ အျခားေသာ ယုန္ကေလးရဲ႕ သူငယ္ခ်င္းေတြဆီ တလွည့္စီ သြားၿပီး အကူအညီ ေတာင္းၾကည့္ ျပန္ပါတယ္ ။ ဒါေပမယ့္ ဘယ္သူကမွ သူ႔ကို ကူညီဖို႔ အဆင္သင့္ မျဖစ္ၾကပါဘူး။

ယုန္ကေလးက ဝမ္းနည္းသြား ေပမယ့္ နားလည္သြားပါတယ္။ ၿခံပုတ္ေတြ ၾကားထဲကို ေျပးဝင္လိုက္ၿပီး ဝပ္ေနလိုက္တဲ့ အတြက္ ယုန္ကေလးက ေတာေခြးေတြရဲ႕ ရန္ကေန လြတ္ေျမာက္သြားခဲ့ ပါတယ္။ အဲဒီအခ်ိန္က စၿပီး ယုန္ကေလးက ဘယ္အရာမွာ မဆို ကိုယ့္ကိုယ္ကို အားကိုးဖို႔သာ ႀကိဳးစား ပါေတာ့တယ္။

တျခားလူေတြ အေပၚ မွီခိုျခင္းက မေသခ်ာဘဲ ကိုယ့္ကိုယ္ကို အားကိုးျခင္းကသာ အက်ိဳးရွိ ႏိုင္ေၾကာင္း ယုန္ကေလးက နားလည္ သြားပါေတာ့တယ္။

crd

Post a Comment

0 Comments