ပြည်တွင်းဖြစ်

တခါက နိုင်ငံခြားသား လေ့လာသူ တစ်ဦးဟာ မြန်မာပြည်ရှိ စက်ရုံ တရုံသို့ သုတေသန ပြုရန် ရောက်ရှိလာရာ စက်ရုံရှိ စကားပြန်က ခရီးဦးကြိုသည် ။ နိုင်ငံခြားသားက စက်ရုံရှေ့ ရပ်ထားသော ကားကို မြင်သွားပြီး..

" ဝိုး.. ဟိုကားလေးက သိပ်လှတာပဲ.. ဘယ်သူ့ကားလဲ "

" အဲ့ဒါ စက်ရုံ မန်နေဂျာရဲ့ ကားပါ မစ္စတာ "

" ဘာ made လဲ "

" made in korea ပါ မစ္စတာ "

" oh good "

" စက်ရုံထဲမှာ ခင်းထားတဲ့ ကြွေပြားတွေ ကလည်း မိုက်လှချည်လား.. ဘာ made လဲ "

" made in thailand ပါ မစ္စတာ "

" oh good.. စက်ပစ္စည်းတွေ ကလည်း စပါယ်ရှယ် ပါပဲလား.. ဘာ made လဲ "

" made in japan ပါ မစ္စတာ "

" oh good ဒါပေမယ့် တခုတော့ ရှိတယ်။ ခင်ဗျားတို့ဗျာ.. စက်ရုံတရုံလုံး နိုင်ငံခြားဖြစ် ပစ္စည်းတွေ ချည်းပဲ သုံးနေကြတယ်။ ပြည်တွင်းဖြစ်ကို အားပေးကြပါ ဦးလား "

ဤသို့ဖြင့် လိုက်လံ ကြည့်ရှုရင်း တနေရာသို့ အရောက်တွင်..

" ဟင်.. အခုလို အလုပ်ချိန်ထဲ ဟိုတယောက်က မန်နေဂျာ စားပွဲမှာ ထိုင်ပြီး အိပ်ပျော်နေပါလား.. စည်းကမ်း မရှိလိုက်တာ သူက.. "

" အဲဒါကမှ ပြည်တွင်းဖြစ် စစ်စစ် ၊ made in myanmar ပါ မစ္စတာ "

" Oh My God "

နတ်စောင်း (ကျိုက်ထို)

for zawgyi

ျပည္တြင္းျဖစ္

တခါက ႏိုင္ငံျခားသား ေလ့လာသူ တစ္ဦးဟာ ျမန္မာျပည္ရွိ စက္႐ုံ တ႐ုံသို႔ သုေတသန ျပဳရန္ ေရာက္ရွိလာရာ စက္႐ုံရွိ စကားျပန္က ခရီးဦးႀကိဳသည္ ။ ႏိုင္ငံျခားသားက စက္႐ုံေရွ႕ ရပ္ထားေသာ ကားကို ျမင္သြားၿပီး..

" ဝိုး.. ဟိုကားေလးက သိပ္လွတာပဲ.. ဘယ္သူ႔ကားလဲ "

" အဲ့ဒါ စက္႐ုံ မန္ေနဂ်ာရဲ႕ ကားပါ မစၥတာ "

" ဘာ made လဲ "

" made in korea ပါ မစၥတာ "

" oh good "

" စက္႐ုံထဲမွာ ခင္းထားတဲ့ ေႂကြျပားေတြ ကလည္း မိုက္လွခ်ည္လား.. ဘာ made လဲ "

" made in thailand ပါ မစၥတာ "

" oh good.. စက္ပစၥည္းေတြ ကလည္း စပါယ္ရွယ္ ပါပဲလား.. ဘာ made လဲ "

" made in japan ပါ မစၥတာ "

" oh good ဒါေပမယ့္ တခုေတာ့ ရွိတယ္။ ခင္ဗ်ားတို႔ဗ်ာ.. စက္႐ုံတ႐ုံလုံး ႏိုင္ငံျခားျဖစ္ ပစၥည္းေတြ ခ်ည္းပဲ သုံးေနၾကတယ္။ ျပည္တြင္းျဖစ္ကို အားေပးၾကပါ ဦးလား "

ဤသို႔ျဖင့္ လိုက္လံ ၾကည့္ရႈရင္း တေနရာသို႔ အေရာက္တြင္..

" ဟင္.. အခုလို အလုပ္ခ်ိန္ထဲ ဟိုတေယာက္က မန္ေနဂ်ာ စားပြဲမွာ ထိုင္ၿပီး အိပ္ေပ်ာ္ေနပါလား.. စည္းကမ္း မရွိလိုက္တာ သူက.. "

" အဲဒါကမွ ျပည္တြင္းျဖစ္ စစ္စစ္ ၊ made in myanmar ပါ မစၥတာ "

" Oh My God "

နတ္ေစာင္း (က်ိဳက္ထို)

Post a Comment

0 Comments