မခိုင်မြဲတဲ့ relationship တွေဟာ တစ်နေ့မဟုတ် တစ်နေ့ အဆုံးသတ်ကြမှာပါ။ ကိုယ်ချစ်ရတဲ့သူက ကိုယ့်ကို ချစ်နေသေးလားဆိုတာကို သိဖို့ အရေးကြီးပါတယ်။ ကိုယ့်ကို မချစ်တော့တဲ့ လူတစ်ယောက်နဲ့ ရေရှည်မှာ အဆင်မပြေနိုင်ပါဘူး။ အဲဒါကြောင့် ဒီနေ့မှာတော့ မိန်းကလေးတွေ မချစ်တော့ရင် ပြောင်းလဲသွားတတ်တဲ့ အချက်လေးတွေကို ဖော်ပြပေးပါမယ်နော်။
၁။ သင်နဲ့အတူ အချိန်မဖြုန်းတော့ခြင်း
ချစ်နေတဲ့အခါမှာတော့ တစ်မိနစ်ဆို တစ်မိနစ် အရမ်းကို တန်ဖိုးရှိပါတယ်။ မချစ်တော့တဲ့အခါမှာတော့ သင်နဲ့မတွေ့ချင်လို့ အလုပ်များနေကြောင်း၊ နေမကောင်းကြောင်း စသဖြင့် အကြောင်းအမျိုးမျိုး ပြနေတော့မှာပါ။
၂။ သင့်ကို သဝန်မတိုတော့ခြင်း
အရင်က သင့်ကို အရမ်းသဝန်တိုတတ်တဲ့ မိန်းကလေး တစ်ယောက်က အခုမှ ချက်ချင်းကြီး သဝန်မတိုတော့ရင် ထူးခြားပါတယ်။ သူ သင့်အပေါ် စိတ်ကုန်နေတာကြောင့် သင်ဘယ်သူနဲ့ပြောပြော စိတ်ဝင်စားတော့မှာ မဟုတ်ပါဘူး။
၃။ ဖုန်းဆက်တာ၊ message ပို့တာ နည်းလာခြင်း
လူတစ်ယောက်က အမြဲတမ်း အလုပ်မအားဘူး ဆိုတာ မရှိပါဘူး။ သင့်ကို အချိန်မပေးချင်လို့ မပေးတာပါ။ အေးစက်လာတဲ့ စုံတွဲတွေမှာ ဖုန်းဆက်ရတာ၊ message ပို့ရတာကို အလုပ်ရှုပ်တယ်၊ စိတ်ကုန်တယ်လို့ မြင်လာကြပါတယ်။
၄။ သင့်ရဲ့ဝါသနာတွေကို ရုတ်တရက် စိတ်မဝင်စားတော့ခြင်း
တကယ်ချစ်တဲ့ မိန်းကလေးက သင့်ရဲ့ဝါသနာ၊ အကြိုက်တွေကို လိုက်လုပ်ပေးပါတယ်။ ဒါပေမယ့် သင့်ကို မချစ်တော့ရင်တော့ သင့်ဝါသနာတွေက သူ့အတွက် အလုပ်ရှုပ်စရာဆိုပြီး ငြင်းနေတော့မှာပါ။
၅။ သူ့ရဲ့အနာဂတ်မှာ သင်မပါဝင်တော့ခြင်း
ဒီအချက်ကတော့ အရမ်းကို သတိထားသင့်တဲ့ အချက်ပါ။ သင်နဲ့တစ်သက်လုံး အတူတူရှိနေချင်ရင် သူ့ရဲ့အနာဂတ်အစီအစဉ်တွေမှာ သင်ပါဝင်နေမှာပါ။ သင့်အကြောင်း ချန်လှပ်တာတွေ များနေပြီဆိုရင်တော့ အချိန်မနှောင်းခင် ပြန်လည် တိုင်ပင်သင့်ပါပြီ။
၆။ သင့်ဆီက အကြံဉာဏ် မတောင်းတော့ခြင်း
တစ်ချိန်က အပြန်အလှန် ရင်ဖွင့်ပြီး သင့်ဆီက အကြံဉာဏ်တွေ တောင်းတတ်တဲ့ ကောင်မလေးက အခုဆို ခပ်တန်းတန်း ဖြစ်သွားပြီ ဆိုရင် ပေါ့ပေါ့ပါးပါးမနေသင့်ပါဘူး။ မိန်းကလေးတွေက သူတို့ချစ်တဲ့သူ အကြံပေးတာကို အရမ်းသဘောကျတတ်ပါတယ်။
၇။ သင့်အကူအညီတွေ မလိုအပ်တော့ခြင်း
တစ်ချိန်က သင့်ဆီက အကူအညီတွေ တောင်းပြီး သင်ဂရုစိုက်ပေးလိုက်ရင် ပျော်သွားတဲ့ မိန်းကလေးက အခုတော့ သင့်အကူအညီကို မလိုဘဲ အမြဲငြင်းနေပါလိမ့်မယ်။ သင့်ကို အကူအညီ မတောင်းတော့တာက သင်နဲ့ ဆက်မပတ်သက်ချင်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
၈။ သင်ပြောတဲ့ ဟာသတွေကို မရယ်တော့ခြင်း
အပြန်အလှန် ချစ်ခဲ့စဉ်က သင်ပြောပြတဲ့ ဟာသတွေကို သူ လွတ်လွတ်လပ်လပ် ရယ်ဖူးပါလိမ့်မယ်။ သင်ပြောပြတဲ့ ပုံပြင်တွေ၊ ဟာသတွေကိုလည်း စိတ်ဝင်စားပါလိမ့်မယ်။ လမ်းခွဲချင်လာတဲ့အခါ သင်ပြောတဲ့ ဟာသတွေက သူ့အတွက် နားငြီးစရာလို့ မြင်သွားပါလိမ့်မယ်။
Zombie (Lovemedia)
for zawgyi
မိန္းကေလးတစ္ေယာက္ လမ္းခြဲခ်င္လာတဲ့အခါ ႐ုတ္တရက္ ေျပာင္းလဲသြားတဲ့ အခ်က္ (၈) ခ်က္
မခိုင္ၿမဲတဲ့ relationship ေတြဟာ တစ္ေန႔မဟုတ္တစ္ေန႔ အဆုံးသတ္ၾကမွာပါ။ ကိုယ္ခ်စ္ရတဲ့သူက ကိုယ့္ကို ခ်စ္ေနေသးလားဆိုတာကို သိဖို႔ အေရးႀကီးပါတယ္။ ကိုယ့္ကို မခ်စ္ေတာ့တဲ့ လူတစ္ေယာက္နဲ႔ ေရရွည္မွာ အဆင္မေျပႏိုင္ပါဘူး။ အဲဒါေၾကာင့္ ဒီေန႔မွာေတာ့ မိန္းကေလးေတြ မခ်စ္ေတာ့ရင္ ေျပာင္းလဲသြားတတ္တဲ့ အခ်က္ေလးေတြကို ေဖာ္ျပေပးပါမယ္ေနာ္။
၁။ သင္နဲ႔အတူ အခ်ိန္မျဖဳန္းေတာ့ျခင္း
ခ်စ္ေနတဲ့အခါမွာေတာ့ တစ္မိနစ္ဆို တစ္မိနစ္ အရမ္းကို တန္ဖိုးရွိပါတယ္။ မခ်စ္ေတာ့တဲ့အခါမွာေတာ့ သင္နဲ႔မေတြ႕ခ်င္လို႔ အလုပ္မ်ားေနေၾကာင္း၊ ေနမေကာင္းေၾကာင္း စသျဖင့္ အေၾကာင္းအမ်ိဳးမ်ိဳး ျပေနေတာ့မွာပါ။
၂။ သင့္ကို သဝန္မတိုေတာ့ျခင္း
အရင္က သင့္ကို အရမ္းသဝန္တိုတတ္တဲ့ မိန္းကေလး တစ္ေယာက္က အခုမွ ခ်က္ခ်င္းႀကီး သဝန္မတိုေတာ့ရင္ ထူးျခားပါတယ္။ သူ သင့္အေပၚ စိတ္ကုန္ေနတာေၾကာင့္ သင္ဘယ္သူနဲ႔ေျပာေျပာ စိတ္ဝင္စားေတာ့မွာ မဟုတ္ပါဘူး။
၃။ ဖုန္းဆက္တာ၊ message ပို႔တာ နည္းလာျခင္း
လူတစ္ေယာက္က အၿမဲတမ္း အလုပ္မအားဘူး ဆိုတာ မရွိပါဘူး။ သင့္ကို အခ်ိန္မေပးခ်င္လို႔ မေပးတာပါ။ ေအးစက္လာတဲ့ စုံတြဲေတြမွာ ဖုန္းဆက္ရတာ၊ message ပို႔ရတာကို အလုပ္ရႈပ္တယ္၊ စိတ္ကုန္တယ္လို႔ ျမင္လာၾကပါတယ္။
၄။ သင့္ရဲ႕ဝါသနာေတြကို ႐ုတ္တရက္ စိတ္မဝင္စားေတာ့ျခင္း
တကယ္ခ်စ္တဲ့ မိန္းကေလးက သင့္ရဲ႕ဝါသနာ၊ အႀကိဳက္ေတြကို လိုက္လုပ္ေပးပါတယ္။ ဒါေပမယ့္ သင့္ကို မခ်စ္ေတာ့ရင္ေတာ့ သင့္ဝါသနာေတြက သူ႔အတြက္ အလုပ္ရႈပ္စရာဆိုၿပီး ျငင္းေနေတာ့မွာပါ။
၅။ သူ႔ရဲ႕အနာဂတ္မွာ သင္မပါဝင္ေတာ့ျခင္း
ဒီအခ်က္ကေတာ့ အရမ္းကို သတိထားသင့္တဲ့ အခ်က္ပါ။ သင္နဲ႔တစ္သက္လုံး အတူတူရွိေနခ်င္ရင္ သူ႔ရဲ႕အနာဂတ္အစီအစဥ္ေတြမွာ သင္ပါဝင္ေနမွာပါ။ သင့္အေၾကာင္း ခ်န္လွပ္တာေတြ မ်ားေနၿပီဆိုရင္ေတာ့ အခ်ိန္မေႏွာင္းခင္ ျပန္လည္ တိုင္ပင္သင့္ပါၿပီ။
၆။ သင့္ဆီက အႀကံဉာဏ္ မေတာင္းေတာ့ျခင္း
တစ္ခ်ိန္က အျပန္အလွန္ ရင္ဖြင့္ၿပီး သင့္ဆီက အႀကံဉာဏ္ေတြ ေတာင္းတတ္တဲ့ ေကာင္မေလးက အခုဆို ခပ္တန္းတန္း ျဖစ္သြားၿပီ ဆိုရင္ ေပါ့ေပါ့ပါးပါးမေနသင့္ပါဘူး။ မိန္းကေလးေတြက သူတို႔ခ်စ္တဲ့သူ အႀကံေပးတာကို အရမ္းသေဘာက်တတ္ပါတယ္။
၇။ သင့္အကူအညီေတြ မလိုအပ္ေတာ့ျခင္း
တစ္ခ်ိန္က သင့္ဆီက အကူအညီေတြ ေတာင္းၿပီး သင္ဂ႐ုစိုက္ေပးလိုက္ရင္ ေပ်ာ္သြားတဲ့ မိန္းကေလးက အခုေတာ့ သင့္အကူအညီကို မလိုဘဲ အၿမဲျငင္းေနပါလိမ့္မယ္။ သင့္ကို အကူအညီ မေတာင္းေတာ့တာက သင္နဲ႔ ဆက္မပတ္သက္ခ်င္တာေၾကာင့္လည္း ျဖစ္ႏိုင္ပါတယ္။
၈။ သင္ေျပာတဲ့ ဟာသေတြကို မရယ္ေတာ့ျခင္း
အျပန္အလွန္ ခ်စ္ခဲ့စဥ္က သင္ေျပာျပတဲ့ ဟာသေတြကို သူ လြတ္လြတ္လပ္လပ္ ရယ္ဖူးပါလိမ့္မယ္။ သင္ေျပာျပတဲ့ ပုံျပင္ေတြ၊ ဟာသေတြကိုလည္း စိတ္ဝင္စားပါလိမ့္မယ္။ လမ္းခြဲခ်င္လာတဲ့အခါ သင္ေျပာတဲ့ ဟာသေတြက သူ႔အတြက္ နားၿငီးစရာလို႔ ျမင္သြားပါလိမ့္မယ္။
Zombie (Lovemedia)
0 Comments